Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂၆.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံသို့ပို့မည့် မြောက်ကိုရီးယား အလူမီနီယံချောင်းများဖမ်းမိ

(The Chosunllbo မှ 26 Nov 2012 ရက်စွဲပါ “N-Korean aluminium shipment to Burma foiled”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ထားဝယ်စီမံကိန်းအတွက် ဖက်စပ်ကုမ္ပဏီများကို ITD ထူထောင်

(World Highways မှ 26 Nov 2012 ရက်စွဲပါ “Joint ventures planned by ITD Myanmar Dawei Project”သတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံသို့ပို့မည့် မြောက်ကိုရီးယား အလူမီနီယံချောင်းများဖမ်းမိ

(The Chosunllbo မှ 26 Nov 2012 ရက်စွဲပါ “N-Korean aluminium shipment to Burma foiled”သတင်းကိုဘာသာပြန်ဆိုသည်)

စင်္ကာပူကုန်သင်္ဘောတစ်စင်းပေါ်မှ မြောက်ကိုရီးယားပစ္စည်းဖြစ်ဖွယ်ရှိသော အလူမီနီယံစပ်သတ္တုချောင်းများကို သြဂုတ်လကုန်တွင် ဂျပန်အစိုးရက သိမ်းဆည်းရမိခဲ့သည်ပာု အဆာပိာရှင်ဘွန်းသတင်းဌာနက စနေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အလူမီနီယံသန့်စင်ရာတွင် အသုံးပြုသော ၎င်းသတ္တု ချောင်းများကို မြန်မာနိုင်ငံသို့ပို့ဆောင်မည့် လက္ခဏာရှိသည်ပာုဆိုသည်။

ထိုင်ဝမ်သင်္ဘောကုမ္ပဏီပိုင် WanHai 313 သင်္ဘောကို တိုကျိုဆိပ်ကမ်းတွင် ကျောက်ချထားသည်။ မြောက်ကိုရီးယား DPRK အမှတ်တံဆိပ် ပါသော သတ္တုပိုက် ၅၀ နှင့် သိပ်သည်းဆနှုန်းမြင့်သော အလူမီနီယံသတ္တုချောင်း ၁၅ ချောင်းကို အာဏာပိုင်များက သိမ်းဆည်းခဲ့ကြပြီး ယင်းပစ္စည်းများကို နျူကလီးယားလက်နက် အစီအစဉ်အတွက် ယူရေနီယမ်သန့်စင်ရာတွင် လိုအပ်သော စွမ်းအားမြင့်ပစ္စည်းများ ဖြစ်သည်ပာုသိရှိရသည်။

မြန်မာအစိုးရသည် အိုဘားမား၏ ရန်ကုန်ခရီးစဉ်မတိုင်မီတွင် ပြုံးယမ်းနှင့် စစ်ဖက်ဆက်ဆံရေး အဆက်ဖြတ်ရန်ကတိပြုခဲ့ပြီး၊ နျူကလီးယား အစီအစဉ်ကို စစ်ဆေးခွင့်ပြုတော့မည်ပာု ထုတ်ပြန်ကြေညာခဲ့သည်။ မြောက်ကိုရီးယားတို့သည် အာဏာရှင်နိုင်ငံများသို့ လက်နက်ရောင်းချမှုမှ နှစ်စဉ် ဒေါ်လာသန်း ရာနှင့်ချီ၍ ရရှိနေသည်။

၎င်းပစ္စည်းများသည် မူလက ဒါလီယဉ်းရှိ အခြားသင်္ဘောတစ်စင်းပေါ်တွင် ရှိခဲ့ပြီး ရှိနုဆိပ်ကမ်းမှ WanHai 313 သင်္ဘောပေါ်သို့ သြဂုတ်လ ၉ ရက်တွင် ပြောင်းရွှေ့ခဲ့သည်။ ယင်းသင်္ဘောသည် မလေးရှားမှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်မည်ဖြစ်သည်။ သို့သော် အမေရိကန်အစိုးရ၏ တောင်းဆိုမှု ကြောင့် သင်္ဘောသည် တိုကျိုဆိပ်ကမ်းသို့ သြဂုတ်လ ၂၂ တွင်ဝင်ရောက် ရပ်နားခဲ့သည်။

၎င်းအလူမီနီယံစပ် သတ္တုချောင်းများကို အခြားကုမ္ပဏီတစ်ခု၏မှာယူမှုဖြင့် ဒါလီယန်အခြေစိုက်ကုမ္ပဏီတစ်ခုက တင်ပို့ခဲ့ခြင်းဖြစ်သည်။ သတ္တု ချောင်းများတွင် DPRK အမှတ်တံဆိပ်ပါသောကြောင့် မြောက်ကိုရီးယားမှ လာသော ပစ္စည်းဖြစ်ကြောင်း အာဏာပိုင်များက မှတ်ချက်ပေးထားသော်လည်း သင်္ဘောအမှုထမ်းများထံမှ ရရှိသော ကုန်ပစ္စည်းပို့ဆောင်မှု အထောက်အထားများဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပာု သတင်းများကဆိုသည်။

***********************************************

ထားဝယ်စီမံကိန်းအတွက် ဖက်စပ်ကုမ္ပဏီများကို ITD ထူထောင်

(World Highways မှ 26 Nov 2012 ရက်စွဲပါ “Joint ventures planned by ITD Myanmar Dawei Project”သတင်းကိုဘာသာပြန်ဆိုသည်)

ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန်၏ လမ်းစီမံခန့်ခွဲမှုနှင့်အခြားကိစ္စရပ်များအတွက် ဖက်စပ်ကုမ္ပဏီများ ထူထောင်ခြင်းကို ကန်ထရိုက်တာ အီတာလျံ-ထိုင်းကုမ္ပဏီ ITD ကဆောက်လုပ်လျက်ရှိသည်။

စီမံကိန်းနှင့်ပတ်သက်သည့် ကားလမ်း၊ ရေလမ်း၊ မီးရထားလမ်း၊ လျှပ်စစ်ဓာတ်အား၊ စက်မှုဇုန်များ၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးလုက်ငန်းများ၊ ဆိပ်ကမ်းနှင့် ထားဝယ်ဒေသခံများ ပြန်လည်နေရာချထားရေးကိစ္စများ လုပ်ဆောင်ရန်အတွက် ဖက်စပ်ကုမ္ပဏီက ၈ ခုထူထောင်သွားမည်ပာု သိရှိရသည်။ သီးခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တစ်ခုစီတွင် ITD ကရှယ်ယာ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း အထိသာ ပိုင်ဆိုင်မည်ပာု ဆိုသည်။

ဒေါ်လာ ၈.၅ ဘီလျံကုန်ကျမည့် စီမံကိန်းပထမဆင့်အတွက် ကန်ချနာဘူရီ ခရိုင်၊ ဘန်ဖိုင်နာမရွန်မှ ထားဝယ်သို့ လေးလမ်းသွားဖောက်လုပ်ခြင်ူကို ITD က စတင်နေပြီ ဖြစ်သည်။ စီမံကိန်းတွင်ပါဝင်ရန် စိတ်ဝင်စားကြောင်း၊ ထုတ်ဖော်ပြောကြားထားသော ကုမ္ပဏီများတွင် တောင်ကိုရီးယား၊ ထိုင်း၊ ဥရောပ၊ ဂျပန်၊ တရုတ်နိုင်ငံများမှ ကုမ္ပဏီများပါဝင်ကြသည်။

                                        ***********************************************************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment