Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၉.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံမှ ပဋိပက္ခဘေးဒဏ်သင့်သူများထံသွားရောက်နိုင်ရန် ကုလကြိုးပမ်း

(AFP သတင်းမှ 8 Dec 2012 ရက်စွဲပါ "UN seeks access to Myanmar Conflict displaced"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာပြည်တွင် ယုံကြည်မှု ပျောက်ဆုံးလျက်ရှိဟုကုလသမဂ္ဂသုံးသပ်

(UPI သတင်းဌာနမှ 6 Dec 2012 ရက်စွဲပါ Amos sees lack of trust in Myanmar ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံမှ ပဋိပက္ခဘေးဒဏ်သင့်သူများထံသွားရောက်နိုင်ရန် ကုလကြိုးပမ်း

(AFP သတင်းမှ 8 Dec 2012 ရက်စွဲပါ "UN seeks access to Myanmar Conflict displaced"သတင်းကိုဘာသာပြန်ဆိုသည်)

နိုင်ငံမြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခကြောင့် နေစရာမရှိသောအိုးအိမ်မဲ့ ဒုက္ခသည်ထောင်ပေါင်းများစွာထံ ကယ်ဆယ် ထောက်ပံ့မှုပိတ်ဆို့ထားခြင်းကို ရပ်ဆိုင်းပေးရန်ကုလလူသားချင်း စာနာကူညီမှုဆိုင်ရာ အကြီးအကဲက မြန်မာအစိုးရကို တောင်းဆိုလိုက်ပြီး ဆောင်းရာသီ ကျရောက်လာခြင်းကြောင့် ဒုက္ခသည်များနေထိုင်မှုအပေါ် စိုးရိမ်ပူပန်ကြောင်းထုတ်ဖော်တင်ပြလိုက်ပါသည်။ "မြန်မာစစ်တပ်နှင့် ကချင်သူပုန် တို့အကြား တိုက်ပွဲကြောင့် နေအိမ်စွန့်ခွာထွက်ပြေးရသူ ၇၅,၀၀၀ ခန့်အနက် တစ်ဝက်ကျော်ထံသို့ ကုလအကူအညီမရောက်နိုင်ဘဲ တားဆီးခံနေရသည်" ပာု ဖယ်လာရီအေမို့စ် ကထိုဒေသသို့သွားရောက်ပြီးနောက် ကြာသပတေးနေ့တွင် ကြေညာချက် ထုတ်ပြန်သည်။

"၂၀၁၂ ဇူလိုင်လထဲကကုလသမဂ္ဂပာာ အစိုးရထိန်းချုပ်ဧရိယာအပြင်ဖက်က ဆိုးဆိုးဝါးဝါး အကူအညီလိုအပ်နေတဲ့ ဒုက္ခသည် ၃၉,၀၀၀ ထံအကူ အညီပေးဖို့ သွားရောက်ခွင့်မရတော့ပါဘူး" ပာုကုလလူသားချင်း စာနာကူညီမှုရေးရာနှင့် အရေးပေါ်ကယ်ဆယ်မှုဆိုင်ရာ ညှိနှိုင်းရေးတာဝန်ခံ အေမို့စ်က ဆိုပါသည်။

"ဒေသခံလုပ်ဖော်ကိုင်ဖက်များက အစားအစာနှင့် အခြားအကူအညီများ ထောက်ပံ့ဖြန့်ဖြူးပေးနေသော်လည်း ၎င်းတို့၏ သိုလှောင်မှုလျော့နည်း နေပြီဖြစ်ပြီး၊ ဆောင်းရာသီဝင်လာသောကြောင့် ပိုမိုကူညီထောက်ပံ့ရန် အရေးကြီးနေပြီ"ပာုသူမကပြောကြားသည်။ မြန်မာ့တပ်မတော်နှင့် ကချင် KIA တပ်ဖွဲ့တို့အကြား ၁၇ နှစ်ကြာအပစ်ရပ်စဲထားမှု ၂၀၁၁ ဇွန်လတွင် ကျိုးပေါက်သွားပြီးနောက်ပိုင်းယခုကဲ့သို့ စစ်ဘေးရှောင် ဒုက္ခသည်များ ပေါ်ပေါက် လာခြင်းဖြစ်သည်။

ကုလလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးဌာန OCHA ပြောရေးဆိုခွင့်ရှိသူကအစိုးရသည် လုံခြုံရေးကိုအာမခံနိုင်ခြင်းမရှိသောကြောင့် သူပုန် ထိန်းချုပ်နယ်မြေများသို့ သွားရောက်ခွင့်မပေးခြင်းဖြစ်သည်ပာုပြောကြားသည်။ ကုလသမဂ္ဂကိုယ်စားလှယ် မြန်မာသမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီးအစိုးရ ထိန်းချုပ်နယ်မြေနှင့် သူပုန်ထိန်းချုပ်နယ်မြေနှစ်ခုစလုံးသို့ သွားရောက်ခွင့် မရခြင်းကြောင့် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်တင်ပြခဲ့သည်ပာု ကြေညာချက်တွင် ဖော်ပြထားသည်။

၁၉၄၈ လွတ်လပ်ရေးရပြီးနောက်ပိုင်း ပြည်တွင်းစစ်နှင့် အချိန်ကုန်ခဲ့သော မြန်မာအစိုးရသည် ယခုအခါ အဓိကတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များစွာနှင့် အပစ်ရပ်သဘောတူညီမှုများ လက်မှတ်ထိုးထားသော်လည်း ကချင် KIA တပ်ဖွဲ့နှင့် အပစ်ရပ်ရန်ကိစ္စမှာမူ နှစ်ဖက်စလုံး အယုံကြည်ပျက်မှု ကြောင့် ကြန့်ကြာလျက်ရှိသည်။

ထို့အပြင် အနောက်ဖက် ကမ်းရိုးတန်းဒေသတွင် ရခိုင်နှင့် ရိုပာင်ဂျာများအကြားပဋိပက္ခဖြစ်ပွားနေမှုသည် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်း ပေါ်မှအတားအဆီးအခက်အခဲများဖြစ်သည်ပာု နိုင်ငံတကာကမှတ်ချက်ပေးထားသည်။ မြန်မာနိုင်ငံ ၄ ရက်ခရီးစဉ်အတွင်းကချင်နှင့် ရခိုင်ဒေသနှစ်ခုစလုံးသို့ သွားရောက်လေ့လာခဲ့သူအေမို့စ်က နိုင်ငံမဲ့ရိုပာင်ဂျာများ၏ အခက်အခဲကိုဆွေးနွေးခဲ့ပြီးရခိုင်ဒေသမှ ဒုက္ခသည် ၁၁၅,၀၀၀ ခန့်၏ ဆင်းရဲဒုက္ခကိုလည်းစိုးရိမ်ပူပန်ကြောင်းပြောကြားခဲ့သည်။

                                                    ****************************************************************

 မြန်မာပြည်တွင် ယုံကြည်မှု ပျောက်ဆုံးလျက်ရှိဟုကုလသမဂ္ဂသုံးသပ်

(UPI သတင်းဌာနမှ 6 Dec 2012 ရက်စွဲပါ Amos sees lack of trust in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံမှအာဏာပိုင်များအနေဖြင့် ကုလသမဂ္ဂ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးသည့်အဖွဲ့အစည်းများနှင့် အနီးကပ် ပူးပေါင်းကာရခိုင်ပြည်နယ်တွင်းဆူပူအုံကြွမှုများကြောင့် ဒုက္ခရောက်နေသူများကိုအကူအညီပေးရန် အထူးလိုအပ်ကြောင်း ကုလသမဂ္ဂထိပ်တန်း အရာရှိကြီး တစ်ဦးကပြောကြားသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့ အကြီးအကဲ Valerie Amos က မြန်မာနိုင်ငံသို့သွားရောက်လည်ပတ်ပြီး အာဏာပိုင်ခေါင်းဆောင်များ နှင့်တွေ့ဆုံကာရခိုင်ပြည်နယ် ပဋိပက္ခကြောင့် ဒုက္ခရောက်သူများကိုထောက်ပံ့နိုင်ရန် တိုက်တွန်းပြောဆိုခဲ့သည်။" ရခိုင်ပြည်နယ်ထဲမှာယုံကြည်မှု ပျောက်ဆုံး နေတယ်။ ကုလသမဂ္ဂနဲ့ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့အစည်းတွေလုပ်ကိုင်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေကို မြန်မာနိုင်ငံရေး ခေါင်း ဆောင်တွေကျောထောက်နောက်ခံပြုပေးဖို့ လိုအပ်ပါတယ်" ဟု ၎င်းကပြောကြားသည်။

ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သောလူစုဖွဲ့ဆူပူအကြမ်းဖက်မှုများနှင့် လူမျိုးရေးဆိုင်ရာပဋိပက္ခတွင် လူပေါင်းဒါဇင်နှင့် ချီကာသေဆုံးခဲ့ပြီးထောင် ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။ မြန်မာသမ္မတဦးသိန်းစိန်ကကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောဆိုရာ၌ ၎င်းတို့အစိုးရသည် လက်နက် ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိနိုင်ရေးအတွက် လက်တွဲလုပ်ကိုင်လျက်ရှိကြောင်းပြောဆိုသည်။

"မြန်မာပြည်မှာမတူညီတဲ့ တိုင်းရင်းသားလူမျိုးတွေကြားမှာတင်းမာမှုတွေ အင်မတန်ဖြစ်ပေါ်နေပါတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးတကြီးလုပ်ဆောင်ဖို့အထူးလိုအပ်နေပါတယ်" ဟု Amos ကပြောသည်။ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ပဋိပက္ခ၌ လူပေါင်း ၈၉ ဦးသေဆုံးပြီး ၃၆၀၀၀ ခန့်နေရာရွှေ့ပြောင်းခံလိုက်ရသည်။

*************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment