Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၅.၁၂.၂၀၁၂

ဘာသာပြန်သတင်းများ

  1. အိန္ဒိယသမုဒ္ဒရာတွင် တရုတ်ရေတပ်နယ်ချဲ့မှုကို သီရိလင်္ကာကာကွယ်ပြောဆို

(AFP News မှ 15 Dec 2012 ရက်စွဲပါ "Sri lanka defends china's expansion in Indian Ocean"သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဘေးဒဏ်သင့် ရခိုင်ပြည်နယ်သို့ ဒေါ်လာ တစ်သန်းကူညီရန် အိန္ဒိယကြေညာ

(IANS News မှ 15 Dec 2012 ရက်စွဲပါ "Delhi announces $1m for Myanmar's trobled state"သတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

အိန္ဒိယသမုဒ္ဒရာတွင် တရုတ်ရေတပ်နယ်ချဲ့မှုကို သီရိလင်္ကာကာကွယ်ပြောဆို

(AFP News မှ 15 Dec 2012 ရက်စွဲပါ "Sri lanka defends china's expansion in Indian Ocean"သတင်းကိုဘာသာပြန်ဆိုသည်)

အိန္ဒိယသမုဒ္ဒရာတွင် တရုတ်ရေတပ်အင်အားတိုးချဲ့မှုကိုသီရိလင်္ကာနိုင်ငံကကာကွယ်ပြောဆိုလိုက်ပြီး၊ ဒေသတွင်းအင်အားကြီးအိန္ဒိယနိုင်ငံအပေါ် ခြိမ်းခြောက်မှုဖြစ်သည်ပာူသော စောဒကတက်မှုများကို ပယ်ချလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သောကြာနေ့တွင် ထုတ်ပြန်ပြောဆိုသည်။

ကာကွယ်ရေးဝန်ကြီး ဂိုတာဘာယာ ရာဂျာပတ်စီက ဒေသတွင်း၌ တရုတ်အကျိုးစီးပွားကြီးထွားလာခြင်းကို ကိုလံဘိုက နားလည်သဘောပေါက် ကြောင်း၊ မိမိတို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးသက်သက်သာဖြစ်ကြောင်း ကာကွယ်ပြောဆိုခဲ့ခြင်းကို သီရိလင်္ကာံကာကွယ်ရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်ခြင်းဖြစ်သည်။

ကြာသပတေးနေ့က သီပာိုကျွန်းတောင်ပိုင်း ဆိပ်ကမ်းမြို့တော် ဂါလီ၌ပြုလုပ်သည့် ပင်လယ်ရေကြောင်းဆိုင်ရာဆွေးနွေးပွဲတွင် ရာဂျာပတ်စီက "အိန္ဒိယသမုဒ္ဒရာလုံခြုံမှုနှင့် တည်ငြိမ်မှုသည် တရုတ်စွမ်းအင်လုံခြုံရေးအတွက် အရေးပါသည်မှာ ထင်ရှားကြောင်း၊ ထို့အတွက် စိတ်ဝင်စားမှု ပိုလာပြီး၊ ရေတပ်အင်အားတိုးချဲ့လာခြင်းသည် လုံးဝနားလည်ပေးနိုင်စရာကောင်းသော ကိစ္စသာဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ မော်လဒိုက်၊ ပါကစ္စတန်နှင့် သီရိလင်္ကာပာမ်ဘန်တိုတာ ဆိပ်ကမ်းတို့တွင် အဓိကအခြေခံအဆောက်အဦး စီမံကိန်းများကို လုပ်ဆောင်နေကြောင်း" ရှင်းလင်းပြောကြား သည်။

အကဲခတ်လေ့လာသူများကမူ ၎င်းလုပ်ဆောင်မှုများသည် တရုတ်တို့၏ ပုလဲကုံးမပာာဗျူပာာ(သို့)အိန္ဒိယနိုင်ငံကို ထိန်းချုပ်ရေးမူဝါဒ၏ အစီအစဉ် တစ်ရပ်ဖြစ်သည်ပာု မှတ်ချက်ပေးထားကြသည်။ သတင်းမီဒီယာများသို့ မိတ္တူပေးပို့သောကြေညာချက်တွင် သမ္မတ မာပာင်ဒရာ၏ညီဖြစ်သူ ကာကွယ်ရေး ဝန်ကြီး ရာဂျာပတ်ဆီက "ပုလဲကုံးသီအိုရီ အယူအဆထဲကို ကျွန်တော်တို့ရဲ့ ပာမ်ဘန်တိုတာဆိပ်ကမ်းကို ဆွဲထည့်တာပာာ မမှန်ကန်ပါဘူး"ပာု ဆက်လက် ငြင်းချက်ထုတ်သည်။

"မြန်ဆန်တဲ့စီးပွားရေး ဖွံ့ဖြိုးမှုနဲ့အတူ တရုတ်နိုင်ငံရဲ့ စီးပွာရေးသြဇာတက်လာတာပာာ သဘာဝကျပါတယ်။ တရုတ်နိုင်ငံပာာ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုကိုယုံကြည်စွာ လုပ်ကိုင်ခဲ့တဲ့နိုင်ငံပါ။ ဒါ့အပြင် သီရိလင်္ကာံအပါအဝင် ဒေသတွင်းနိုင်ငံ အများစုနဲ့ ရင်းနှီးမှုခိုင်မာတဲ့ မိတ်ဆွေနိုင်ငံဖြစ်ပါတယ်" ပာု ၎င်းကဆက်လက်ပြောဆိုသည်။

ယခုသီတင်းပတ်အစောပိုင်းတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးသစ် ဆာလမန်ခါရှစ်က "အိန္ဒိယနိုင်ငံပာာ မိမိရဲ့အိမ်နီးချင်းတိုင်းပြည်တွေမှာ တရုတ်တွေရောက်ရှိနေတဲ့ အမှန်တရားအသစ်ကို လက်သင့်ခံရမှာပါ"ပာု ပြောကြား၍ နယူးဒေလီ၏ ပိုမိုအပြုသဘောဆောင်သော သုံးသပ်ချက်ကို ထုတ်ဖော်ပြသခဲ့သည်။

                                        -----------------------------------------------------------------

ဘေးဒဏ်သင့် ရခိုင်ပြည်နယ်သို့ ဒေါ်လာ တစ်သန်းကူညီရန် အိန္ဒိယကြေညာ

(IANS News မှ 15 Dec 2012 ရက်စွဲပါ "Delhi announces $1m for Myanmar's trobled state"သတင်းကိုဘာသာပြန်ဆိုသည်)

လူထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သော လူမျိုးစုပဋိပက္ခ ဘေးဒဏ်သင့် ရခိုင်ပြည်နယ်မှ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ဒေါ်လာ တစ်သန်းကူညီမည်ပာု အိန္ဒိယနိုင်ငံက မနေ့ကကြေညာသည်။

မြန်မာနိုင်ငံသို့ ပထမဆုံး ပြည်ပခရီးထွက်လာသူ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဆာလမွန်ခါရှစ်က ကယ်ဆယ်ရေးရန်ပုံငွေ ကူညီမှုကိုကြေညာခဲ့ ခြင်းဖြစ်သည်။ ထိုနေ့အစောပိုင်းကရောက်ရှိလာခဲ့သော ဝန်ကြီးခါရှစ်သည် မြန်မာသမ္မတ ဦးသိန်းစိန်ထံသို့လည်း သွားရောက်ဂါဝရပြုတွေ့ဆုံခဲ့သည်။

အိန္ဒိယနိုင်ငံသည် မြန်မာအနောက်ဖက် ကမ်းရိုးတန်း စစ်တွေမြို့၌လည်း ကောင်စစ်ဝန်ရုံးဖွင့်လှစ်ဦးမည်ဖြစ်သည်။ ၂၀၁၃ ဇွန်လတွင်လုပ်ငန်း စ တင်လည်ပတ်ရန် စီစဉ်ထားသော ဒေါ်လာ သန်း ၁၂၀ တန် စစ်တွေရေနက်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယနိုင်ငံက ပါဝင်အကောင်အထည်ဖော်နေသည့် ၎င်း ဆိပ်ကမ်းသည် အိန္ဒိယကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်မှ ကုန်သင်္ဘောများကို ကုလားတန်မြစ်ကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှသို့ ဆက်သွယ်ပေးမည်ဖြစ်သည်။

ရခိုင်နှင့် ရိုပာင်ဂျာများအကြားဖြစ်ပွားသော ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်တွင် ယခင်လက လူပေါင်း ၃၅,၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး၊ ဇွန်လ နောက်ပိုင်း အိုးမဲ့အိမ်မဲ့ ဒုက္ခသည် ၁၁၀,၀၀၀ ခန့်ရှိနေပြီဖြစ်သောကြောင့် အိန္ဒိယနိုင်ငံက ယင်းကဲ့သို့ ရန်ပုံငွေလှူဒါန်းကူညီခြင်းဖြစ်သည်။

ဝန်ကြီးခါရှစ်သည် ယခင်လက အိန္ဒိယနိုင်ငံသို့ လာရောက်လည်ပတ်သွားခဲ့သူ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံမည့်အပြင် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်လည်း တွေ့ဆုံဦးမည်ဖြစ်သည်။

ထို့အပြင် ဆာလမန်ခါရှစ်သည် ရန်ကုန်မြို့တော်တွင် အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ပူးပေါင်းစီစဉ်သော ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ နိုင်ငံတကာညီလာခံကိုလည်း ယနေ့တက်ရောက်ဖွင့်လှစ်မည်ဖြစ်သည်။

ဆက်လက်၍ အိန္ဒိယဝန်ကြီးသည် ရန်ကုန်မြို့တော် ရွှေတိဂုံစေတီတော် ပရဂုဏ်ရှိ ဉာဏ်တော် ၁၅ ပေမြင့်သော ဗုဒ္ဓရုပ်ပွားတော်ကိုလည်း သွားရောက် ဖူးမျှော်ဖွင့်လှစ်ပေးရန် စီစဉ်ထားသည်။ အဆိုပါ ဗုဒ္ဓရုပ်ပွားတော်ကို အိန္ဒိယဝန်ကြီးချုပ် မန်မိုပာန်ဆင်းက ယခုနှစ် မေလ မြန်မာနိုင်ငံခရီးစဉ်တွင် လက်ဆောင် အဖြစ်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment