Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၂၄.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. လူ့ယဉ်ကျေးမှုမြင့်မားဖို့

*****************************************

ဆောင်းပါးကဏ္ဍ

လူ့ယဉ်ကျေးမှုမြင့်မားဖို့

မိုးမြင့်ငြိမ်း

နိုင်ငံတစ်နိုင်ငံသည် ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် လျှောက်လှမ်းလာသည်နှင့်အမျှ ပြောင်းလဲလာသည့်အရွေ့ကို agent အဖြစ် တာဝန်ယူဆောင်ရွက် ပေးနိုင်သော အတတ်ပညာ၊ အသိပညာရှင်များ ပိုမို လိုအပ်လာလေဖြစ်သည်။ လူ့အဖွဲ့အစည်းတခု တိုးတက်မှု၊ ဆိုးယုတ်မှုဆိုသည်မှာလည်း ယင်းလူ့အဖွဲ့ အစည်း ပုံမှန်လည်ပတ်ရန် ထမ်းဆောင်နေသည့် ကျွမ်းကျင်သူ (professional)များ၏ အရည်အသွေးပေါ်တွင် အဓိက မူတည်သည်။ ထိုအတွက်ကြောင့် နိုင်ငံတစ်နိုင်ငံ၏ ရုပ်ပိုင်းဘဝ ဖွံ့ဖြိုးတိုးတက်မှုများသာမက စိတ်ပိုင်းဘဝဖွံ့ဖြိုးမှုများကို ပြောဆိုဆွေးနွေးမှုများ ပြုလုပ်ရာ၌ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး အခန်းကဏ္ဍမှာ အလေးထား ပြောကြားရမြဲပင် ဖြစ်သည်။

သာမန်နှင့်ကွဲပြားစွာ

လူ့အဖွဲ့အစည်းတစ်ခု ပုံမှန်လည်ပတ်နိုင်ရေးအတွက် မရှိမဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ တရားဥပဒေစိုးမိုးရေးအစရှိသည့် ကဏ္ဍအသီးသီး တွင် ပါဝင်ကြမည့် (professional)များ၏ အရည်အသွေး အစဉ်မြင့်မားနေဖို့ လိုအပ်သည်။ သို့နှင့် professional ဟူသော စကားလုံးအရင်းအမြစ် လိုက်ကြည့်ရာ Oxford Advanced Learner’s Dictionary မှ connected with a job that needs special training or skill, especially one that needs a high level of education ဟု အဓိပ္ပါယ်ဖွင့်ဆိုထားလေသည်။ ဤအဓိပ္ပါယ်ဖွင့်ဆိုချက်ကိုကြည့်လျှင် professional တစ်ယောက်ဟု ယေဘုယျ သတ်မှတ်နိုင်နိုင်ဖို့ရာမှာ ပညာရည်မြင့်မားရမည့်သဘော ပါဝင်သည်။ ထို့အပြင် အထူးသင်တန်းများဖြင့် တက်မြောက်လာသည့်အတွက်ကြောင့်လည်း professional မှန်လျှင် ခပ်ညံ့ညံ့လက်ရာမျိုးကို မထုတ်။ လက်ရာညံ့ခဲ့လျှင်လည်း အကြင်ပုဂ္ဂိုလ်အား professional ဟုမသတ်မှတ်နိုင်၊ professional ဖြစ် အောင် ကြိုးစားနေသည့် ဝါသနာရှင် (amateur) သာဖြစ်သည်ဟု ဆိုရပေမည်။

ပညာသည်၏ ကြန်အင်လက္ခဏာ

ကွယ်လွန်သွားပြီဖြစ်သည့် နိုင်ငံရေးသိပ္ပံပညာရှင်ရှင် Samuel P. Huntington ၏ ကမ္ဘာကျော်စာအုပ်တစ်အုပ်ဖြစ်သည့် “THE SOLDIER AND THE STATE”စာအုပ်တွင် profession ၏ သဘောတရားကို ယေဘုယျ သုံးသပ်ထားလေသည်။ Huntington က professional ဟု သတ်မှတ်ဖို့ရာမှာ ကျွမ်းကျင်မှု (expertise)၊ တာဝန်ယူမှု (responsibility) နှင့် ပူးပေါင်းဆောင်ရွက်မှု (corporateness) တို့ ရှိရမည်ဟု ဆိုသည်။ ကျွမ်းကျင်မှုတွင် professional Knowledge ကိုက သဘာဝအားဖြင့် intellectual ဖြစ်ပြီး အရေးအသားကောင်းရမည်။ ထိုသို့ professional knowledge ရရှိဖို့ရာမှာလည်း အပိုင်းနှစ်ပိုင်းပါဝင်သည့် professional education ကို သင်ယူဖြတ်သန်းဖို့ လိုသည်။ ပထမပိုင်းမှာ ကျယ်ပြန့်ပြီး လွတ်လွတ်လပ်လပ် စဉ်းစားတွေးခေါ်မှု ကို အထူးပြုသည့် လစ်ဘရယ်ပညာရေးကို သင်ယူဖို့လိုအပ်ပြီး ဒုတိယပိုင်းမှာ မိမိအထူးပြုမည့် Professional အတွက် နည်းစနစ်ပိုင်းဆိုင်ရာ (technical phase) လေ့လာသင်ယူမှု ဖြစ်သည်။

တာဝန်ခံမှုဆိုသည်မှာ Professional တစ်ယောက်ထားအပ်သည့် ကျင့်ဝတ်သိက္ခာများ (codes of conduct) များကို ဆိုလိုခြင်းပင် ဖြစ်သည်။ Professional တစ်ဦးသည် သူ၏ ကျွမ်းကျင်မှုကို အသုံးချ၍ လူ့အဖွဲ့အစည်းဘေးဥပါဒ်ဖြစ်စေမည့် ကိစ္စရပ်ကို ဆောင်ရွက်ခဲ့သည့်ရှိသော် အကြင်ပုဂ္ဂိုလ် အား Professional မဟုတ်ဟု သတ်မှတ်ရမည်ဖြစ်သည်။ သို့ဆိုလျှင် ယုတ္တိအရ လူ့အဖွဲ့အစည်းကောင်းကျိုးကို ဆောင်ရွက်မှသာလျှင် Professional ဟု သတ်မှတ်ရမည့်သဘောပင် ဖြစ်သည်။ ထို့အပြင် တာဝန်ခံမှုအပိုင်း၌ Professional တစ်ဦးမှာ ငွေကြေးအကျိုးအမြတ်သာ အလုပ်လုပ်နေလျှင် လူအများ လေးစားသည့် ကျွမ်းကျင်အဆင့်ပုဂ္ဂိုလ်မဟုတ်တော့ဘဲ ကြေးစားသက်သက်သာ ဖြစ်သွားနိုင်ခြင်းကြောင့် ကျင့်ဝတ်သက္ခာဖြင့် ထိန်းသိမ်းဖို့ လိုအပ်သည်။ ပူးပေါင်းဆောင်ရွက်မှုအပိုင်း၌ Professional များသည် သာမန်လူများနှင့် ကွဲပြားစွာ မိမိရွေးချယ်သည့် ကဏ္ဍများကို ကျွမ်းကျင် တက်မြောက်လာသည့် နည်းတူ ထိုသို့ ကဏ္ဍတူ Professional များကြားတွင် စည်းလုံးညီညွတ်မှု ရှိရမည်သာ ဖြစ်သည်။ လူ့အဖွဲ့အစည်းတစ်ခု ပုံမှန်လည်ပတ်နိုင်ရေးအတွက် Professional အချင်းချင်း ရိုင်းပင်းကူညီရင်း ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်သည်။ ထို့အပြင် ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အုပ်စုဖွဲ့ လိမ်ညာ ခြင်းမျိုး မဖြစ်အောင်လည်း အချင်းချင်း ထိန်းကျောင်းသွားရမည်ဖြစ်သည်။ ပူးပေါင်းဆောင်ရွက်မှုအပိုင်း၌ ဆေးနှင့် ဥပဒေလို လွတ်လွတ်လပ်လပ် လှုပ် ရှားနိုင်သည့် Associational Professions များလည်း ရှိသလို diplomatic service, organizational management အစရှိသည့် တာဝန်ခံမှုနှင့် အလုပ် အထူးပြုမှု ပိုမိုလိုအပ်သည့် Bureaucratic Professionals များလည်း ရှိသည်။

Professional ယဉ်ကျေးမှု

မြန်မာနိုင်ငံ၏ ခေတ်သစ်စနစ်သစ် တည်ဆောက်ရေးဖြစ်စဉ်တွင် ကဏ္ဍအလိုက် ကျွမ်းကျင်တက်မြောက်သည့် ပညာရည်ပြည့်ဝပြီး ကျင့်ဝတ်သိ က္ခာရှိသည့် Professional များ ရှိလာဖို့ တနည်း Professional ယဉ်ကျေးမှု ထွန်းကားလာဖို့ စာရေးသူအနေဖြင့် အထူးမျှော်လင့်မိပါသည်။ မြန်မာနိုင်ငံ တွင် တပ်မတော်ကဲ့သို့သော ခိုင်မာသည့် အင်စတီကျူးရှင်းမှာ အနည်းငယ်သာရှိသည့်အပြင် အဆိုပါအင်စတီကျူးရှင်းများရှိ professional များ၏ အရည် အသွေးများသည်လည်း နိုင်ငံတကာစံနှုန်းများနှင့် ယှဉ်လျှင် များစွာ ခေတ်နောက်ကျနေပြီ ဖြစ်သည်။ အသစ်ပေါ်ထွန်းလာသည့် နိုင်ငံရေး အင်စတီကျူး ရှင်းများတွင်လည်း နိုင်ငံတည်ဆောက်ရေးနှင့် အမျိုးသား သွေးစည်းညီညွတ်ရေးအတွက် အသိဉာဏ်မြင့်မားမှုနှင့် စိတ်စေတနာကောင်းရှိသည့် နိုင်ငံရေး သမားများ လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံ၏ ဈေးကွက်စီးပွားရေးစနစ်မှာလည်း ပီပီပြင်ပြင် မဖြစ်ထွန်းလာသေးသည့်အတွက် အလုပ်ခွဲခြား လုပ်ကိုင်မှု နည်းပါးပြီး Professional များကို အသုံးပြုမှု နည်းပါးသေးသည်။ ဈေးကွက်စီးပွားရေး ပီပြင်လာဖို့မှာလည်း ပူးပေါင်းဆောင်ရွက်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင် စွမ်း ရှိသည့် Professional ယဉ်ကျေးမှုကို အလေးထားမွေးထုတ်ဖို့ လိုအပ်သည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်သိက္ခာ အပြည့် ရှိသော Professional များရှိလေ လူ့ယဉ်ကျေးမှု မြင့်မားလာလေ ဖြစ်ပါကြောင်း…။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၂၄.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. မြောင်းမြမှလယ်သမားများ ဦးပိုင်တရားစွဲ
  2. မြန်မာ့လယ်ယာကဏ္ဍ၌ အမေရိကန်စတင်ဝင်ရောက်ပြီ
  3. အလုပ်ရှင်များ ခြိမ်းခြောက်မှု ထိရောက်စွာအရေးယူမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

  1. အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ ဥပဒေချိုးဖောက်မှုအပေါ် အရေးယူရန် အဆိုတင်သွင်း
  2. ဆန္ဒပြမှုများအတွက် NLD ပါတီ ဗပာိုစုံစမ်းရေးကော်မရှင်ဖွဲ့ပြီ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

***********************

ပြည်တွင်းသတင်းများ

မြောင်းမြမှလယ်သမားများ ဦးပိုင်တရားစွဲ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မှ တောင်သူလယ်သမားများအား စိုက်ပျိုးစရိတ်ချေးငွေများ ပြန်မဆပ်သည့်အတွက် ဦးပိုင်လီမိတက်မှ တရားစွဲဆိုနေသည့် အမှုပေါင်း  ၂၀ခန့်ရှိပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

မြောင်းမြမြို့နယ်တစ်ခုလုံး၌ တရားစွဲဆိုခံရမည့် တောင်သူလယ်သမားဦးရေမှာ လေးငါးရာခန့်ရှိနိုင်ကြောင်း မြောင်းမြမြို့နယ် တောင်သူလယ် သမားသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ကိုထွန်းထွန်းဝင်း၏ ပြောကြားချက်အရ သိရသည်။

ဇူလိုင်လ ၈ရက်နေ့တွင် မြောင်းမြမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဘဏ်မန်နေဂျာတို့မှ တောင်သူလယ်သမားများအား ဘဏ်ချေးငွေ ချေးယူရန် ခေါ်ယူပြောကြားခဲ့ကြောင်း၊ ဦးပိုင်မှ စိုက်ပျိုးစရိတ်ချေးငွေများကို ပြန်ဆပ်ရမည် ဖြစ်ကြောင်း၊ ပြန်မဆပ်ပါက ၂၀၁၂ခုနှစ်တွင်  ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေပုဒ်မ ၄၃ဖြင့် အရေးယူမည်ဖြစ်ကြောင်း မြောင်းမြမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုလတ်မှ ပြောကြားခဲ့ကြောင်း မြောင်းမြမြို့ နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ခင်ဗျားတို့ ဦးပိုင်လီမိတက်က ချေးထားတဲ့ငွေတွေကို ဘယ်လိုနည်းနဲ့မှ ပြန်မဆပ်လို့မရဘူး။ အဲဒီငွေဟာ တပ်မတော်မှ အရာရှိအကြီးအကဲများနဲ့ တကွ တပ်မတော်မှ ဝန်ထမ်းတွေရဲ့ငွေတွေဖြစ်လို့ မဆပ်လို့မရဘူး။ တကယ်လို့ မဆပ်ရင် အခုအသစ်ထွက်လာတဲ့ လယ်ယာမြေဥပဒေနဲ့အညီ ခင်ဗျားတို့ လယ်မြေတွေကို သိမ်းယူရပါမယ်”ဟု မြောင်းမြမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုလတ်က ပြောကြားသည်။

မြောင်းမြတွင် စိုက်ပျိုးဧက တစ်သိန်းရှစ်သောင်းကျော်ရှိကြောင်း၊ မြောင်းမြမြို့ရှိစိုက်ပျိုးရေးဘဏ်မှ ဧကခြောက်သောင်းကျော်ကိုသာ စိုက်ပျိုး စရိတ်ချေးငွေများ ထုတ်ချေးကြောင်း၊ ကျန်သည့် စိုက်ပျိုးဧကတစ်သိန်းနှစ်သောင်းကျော်မှာ စိုက်ပျိုးစရိတ်မရရှိကြောင်း သိရသည်။

ယင်းသို့ စိုက်ပျိုးရေးဘဏ်မှ ငွေချေး၍မရသည့်အတွက် မြောင်းမြမြို့ရှိ အဓိပတိ ဦးပိုင် ဆန်စပါးရောင်းဝယ်ရေးလီမိတက်မှ စိုက်ပျိုးစရိတ် ချေးငွေများ ချေးယူနေရသည်မှာ သုံးနှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ဦးပိုင်မှ ငွေချေးရာတွင် လယ်တစ်ဧကကို ငွေငါးသောင်းကျပ်ချေးကြောင်း သိရသည်။

“တကယ် လယ်သမားတွေဘက်က မှန်မှန်ကန်ကန် ချေးတာလည်းပါတယ်။ တချို့ကြတော့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေက အမည်ပြောင်းလဲပြီး ချေးယူတာတွေလည်းပါတယ်။ အဲဒီလို ချေးယူတဲ့အပေါ်မှာ  နွေစပါးလည်းရှုံး၊ မိုးစပါးလည်း ရှုံးတဲ့အခါ အကြွေးမကြေတာဖြစ်ပါတယ်”ဟု မြောင်းမြမြို့နယ် တောင်သူလယ်သမားသမဂ္ဂအဖွဲ့ဝင်  ကိုသန့်ဇော်ဦး၏ ပြော ကြားသည်။

၁၉၅၂ခုနှစ် သီးစားချထားရေးဥပဒေ၊ ၁၉၆၃ခုနှစ်ကိုယ်ပိုင်လယ်မြေ ပြုလုပ်ရေးဥပဒေ၊ ၁၉၆၃ခုနှစ် လယ်သမားအခွင့်အရေး ကာကွယ်စောင့် ရှောက်ရေးဥပဒေတို့အား ၂၀၁၂ခုနှစ်တွင်  ပြဋ္ဌာန်းခဲ့သည့် လယ်ယာမြေဥပဒေပုဒ်မ ၄၃ဖြင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ဆီမှာတကယ် အဲဒီဥပဒေနဲ့အညီ လယ်သမားတွေ ဒုက္ခရောက်နေပါတယ်” ဟု ကိုသန့်ဇော်ဦးက ဆိုသည်။

ထို့ပြင် အဆိုပါမြောင်းမြမြို့နယ်၌ တောင်သူလယ်သမားသမဂ္ဂအား ဧပြီလ ၁၉ရက်နေ့၌ ကော်မတီအဖွဲ့ ၃၅ခုဖြင့် ဖွဲ့စည်း၍ မြို့နယ်အုပ်ချုပ် ရေးမှူးသို့ တင်ပြထားကြောင်း သိရှိရပြီး ယင်းသို့တင်ပြထားမှုသည် ယခု သြဂုတ်လအချိန်အထိ တစုံတရာအကြောင်းပြန်ခြင်းမျိုး မရှိသေးကြောင်း သိရှိရ သည်။

"ကျွန်တော်တို့မြောင်းမြမှာ တောင်သူလယ်သမားတွေ အခက်အခဲဆင်းရဲတာတွေ မတရားတာတွေနဲ့ ကြုံနေတဲ့အတွက် ဖြေရှင်းလို့ရအောင်ဆိုပြီး တောင်သူလယ်သမားသမဂ္ဂအဖွဲ့ကို ဧပြီ ၁၉ရက်နေ့မှာ မြို့နယ်အုပ်ချုပ်ရေးမှူးကို စာတင်ပါတယ်။ စာတင်ပြီး ၃ရက်အကြာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး ဆီပြန်သွားတော့ မြို့နယ်အုပ်ချုပ်ရေးမှူးက အထက်ကို တင်ပြထားပါတယ်လို့ ပြောတယ်။ အထက်ကခွင့်ပြုတာနဲ့ အကြောင်းပြန်မှာပါဆိုပြီး ပြောလိုက် ပါတယ်။ ဒါပေမယ့် အခု သြဂုတ်လဆိုတော့ ဧပြီလထဲက တင်ထားတာ လေးလကျော်ပါပြီ။ သူတို့ဆီက တစုံတရာ အကြောင်းပြန်တာ မရှိသေးပါ ဘူး"ဟု တောင်သူလယ်သမားသမဂ္ဂ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ကိုထွန်းထွန်းဝင်းက ဆိုသည်။

ထို့နောက် ယင်းသမဂ္ဂအဖွဲ့အား နယ်မြေအသီးသီးမှ အဖွဲ့ဝင်ကြရန်အတွက် လိုက်လံစုဆောင်းလျက်ရှိပြီး အဖွဲ့ဝင်စုဆောင်းရာ၌ ကံကြီးတိုက် နယ်နှင့် ကျေလာတိုက်နယ် အပါအဝင် ကျေးရွာတို့ဖြစ်ကြောင်းသိရှိရပြီး  အဆိုပါသမဂ္ဂအဖွဲ့၏ ယာယီဌာနချုပ်အား မြောင်းမြမြို့နယ် ကွယ်လွယ်ကျေးရွာ တွင် ဖွင့်လှစ်ထားကြောင်း ၎င်း၏ ထပ်မံပြောပြချက်အရ သိရသည်။

Moe Z

-------------------------------------------------------------------------------------------------------------

မြန်မာ့လယ်ယာကဏ္ဍ၌ အမေရိကန်စတင်ဝင်ရောက်ပြီ

မြန်မာ့လယ်ယာကဏ္ဍတွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန် လက်ရှိအချိန်တွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာနမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးနေပြီဖြစ်ကြောင်း လယ်/ဆည်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာ့လယ်ယာကဏ္ဍမှာ အမေရိကန်နိုင်ငံက ရင်းနှီးမြှုပ်နှံနိုင်ဖို့အတွက် အခုစပြီး ဆွေးနွေးနေပါတယ်။ အစိုးရရဲ့ ခွင့်ပြုမှုပုံစံအတိုင်းသာသွား မှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့လူဦးရေရဲ့ လေးပုံတစ်ပုံလောက်က လယ်ယာကဏ္ဍဖြစ်နေတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် သူတို့အတွက် အကာ အကွယ်ပေးနိုင်မယ့် ဥပဒေမျိုးလည်းလိုအပ်ပါတယ်”ပာု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် အမေရိကန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်း ၂၀ ခုမှ ကိုယ်စားလှယ်များသည် ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ လာရောက်၍ နေပြည်တော်၌ သမ္မတဦးသိန်းစိန်နှင့်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများအပြင် ကုန်သည်/စက်မှု အသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့တွင်လည်း ကိုကာကိုလာနှင့် ဂူဂဲလ်အပါအဝင် အမေရိကန်စီးပွားရေးလုပ်ငန်း ၃၈ ခုမှ စီးပွားရေးလုပ်ငန်းရှင်များမှ ဆီဒိုးနားပိာုတယ်၌ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

“မြန်မာနိုင်ငံထဲကို ရင်းနှီးမြှုပ်နှံဖို့အတွက် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေအများကြီး ဝင်လာပါတယ်။ အခုလောလောဆယ်မှာလည်း မြန်မာ့ လယ်ယာကဏ္ဍ အမေရိကန်ဝင်ဖို့အတွက် ဆွေးနွေးနေတယ်။ ဆွေးနွေးမှုအောင်မြင်သွားမယ်ဆိုရင်တော့ အကောင်းဆုံးပေါ့။ သူတို့ဆီက ပြည်တွင်း အတွက်လိုအပ်တဲ့ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး၊ ဆောက်လုပ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာတွေကို ရရှိနိုင်မှာပါ”ပာု မြန်မာ့ရင်းနှီးမြှုပ်နှံ ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အတွက် မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးများ ပိုမိုအဆင်ပြေလာခဲ့သည့်အြ့ပင် နှစ်နိုင်ငံဆက်ဆံရေးကို သံအမတ်ကြီးအဆင့်သို့တိုးမြှင့်ခဲ့ပြီး အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ် ဆို့အရေးယူမှုများကိုလည်း ဖြေလျော့ပေးခဲ့ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------

အလုပ်ရှင်များခြိမ်းခြောက်မှု ထိရောက်စွာအရေးယူမည်

၂၀၁၁ အောက်တိုဘာလ ၁၁ ရက်နေ့တွင် အလုပ်သမားအဖွဲ့အစည်းများ ဥပဒေနှင့် နည်းဥပဒေများကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည့်အတွက် အလုပ်ချိန် ပြင်ပ၌ အလုပ်သမားအဖွဲ့အစည်းများပေါ်ပေါက်ရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့သည့် အလုပ်သမားများအား အလုပ်ရှင်များမှ ခြိမ်းခြောက်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အခု အလုပ်သမားဥပဒေတွေအရ အလုပ်သမားအဖွဲ့အစည်းပေါ်ပေါက်ရေး လုပ်ဆောင်နေတဲ့သူတွေကို အလုပ်ရှင်တွေက အလုပ်ထုတ်တာတို့၊ ခြိမ်းခြောက်တာတို့တွေကို လုပ်ဆောင်နေပါတယ်။ ဒါကြောင့် ဒီအလုပ်ရှင်မျိုးကို အရေးယူမှာပါ။ အလုပ်ချိန်ပြင်ပမှာ အလုပ်သမားအသင်းအဖွဲ့ ပေါ်ပေါက် ရေးအတွက် လုပ်ဆောင်နေတဲ့ မည်သည့်အာဏာပိုင်အဖွဲ့အစည်းကိုမဆို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က  ပြောကြား သည်။

ပြည်တွင်းရှိ အလုပ်သမားတို့၏ အခွင့်အရေးရပိုင်ခွင့်များအတွက် အလုပ်သမားဥပဒေများ၊ နည်းဥပဒေများကို ပြဋ္ဌာန်းပေးခဲ့သော်လည်း ဥပဒေ အားနည်းမှုများကြောင့် မြန်မာနိုင်ငံအတွင်း လက်ရှိအချိန်ထိတိုင် အလုပ်သမားအခွင့်အရေး ရပိုင်ခွင့်များ၊ နစ်နာဆုံးရှုံးမှုများနှင့် လုပ်ခလစာပြဿနာ များနှင့် ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများမှ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မြန်မာနိုင်ငံထဲမှာ ခုချိန်ထိကို အလုပ်သမားတွေပာာ ဆင်းရဲဒုက္ခရောက်နေတုန်းပါပဲ။ လုပ်ခလစာနည်းပါးမှုတွေ၊ လုပ်သားတွေရဲ့ အခွင့်အရေး မရရှိမှုတွေက ခုချိန်ထိကို ဖြစ်နေတုန်းပါပဲ။ ပြီးတော့ အလုပ်သမားအငြင်းပွားမှုတွေဖြစ်ပြီလို့ သဘောတူစာချူပ်ပါ အချက်အလက်တွေကို ဖောက်ဖျက်တာ တွေ၊ အလုပ်သမားအဖွဲ့အစည်းဖွဲ့ဖို့ကြိုးစားတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်ပယ်ပစ်တယ်ဆိုတာ တကယ်ကို ဒီမိုကရေစီမဆန်တဲ့လုပ်ရပ်တွေပါပဲ”ပာု လှိုင်သာယာအလုပ်သမားကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

အလုပ်သမားအခွင့်အရေး အပြည့်အဝရရှိနိုင်စေရေးအတွက် သြဂုတ်လ ၁၉ ရက်နေ့တွင် လှိုင်သာယာမြို့နယ်၊ နဝဒေးဥယျာဉ်အိမ်ရာ၌ စက်ရုံ ပေါင်း ၁၇ခုမှ အလုပ်သမားကိုယ်စားလှယ်များက သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။

                YC

***************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ ဥပဒေချိုးဖောက်မှုအပေါ် အရေးယူရန် အဆိုတင်သွင်း

၂၀၁၂ သြဂုတ်လ ၂၂ ရက်နေ့တွင်ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာနှင့် အသနားခံစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းက သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေး ဖြစ်ပေါ်စေ ရေးအတွက် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများအား ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်း တိကျစွာ လုပ်ကိုင်ဆောင်ရွက်ရန်နှင့် ဥပဒေချိုးဖောက်မှုများအပေါ် ထိရောက်စွာ အရေးယူဆောင်ရွက်ရေးအဆိုကို တင်သွင်းခဲ့သည်။

ယင်းအဆိုအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးမှ ထောက်ခံဆွေးနွေးခဲ့ပြီး လွှတ်တော်မှလည်း လက်ခံဆွေးနွေးရန် သဘောတူ ကြောင်း ဆုံးဖြတ်ခဲ့သည့်အတွက် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်းတင်သွင်းလိုကြောင်း ကြေညာခဲ့သည်။

“အခုလက်ရှိ အစိုးရပိုင်းဆိုရင် အခြေခံအုပ်ချုပ်ရေးကအစ လာဘ်စားမှုတွေ၊ ဥပဒေမဲ့လုပ်ရပ်တွေ အများကြီးရှိနေတုန်းပါပဲ။ ဒီလို အုပ်ချုပ်ရေး ပိုင်း တာဝန်ရှိသူတွေကို အရေးယူသင့်ပါတယ်။ ဒီလိုမှ အရေးယူမှုတွေမလုပ်ဘူးဆိုရင် လာဘ်စားမှုတွေ အုပ်ချုပ်ရေးပိုင်းဆိုင်ရာပုဂ္ဂိုလ်တွေရဲ့ ဥပဒေမဲ့လုပ် ရပ်တွေပာာ ပိုပြီးကြီးမားလာတော့မှာပါ”ပာု မြန်မာ့အရေးလေ့လာနေသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ ပြုပြင်ပြောင်းလဲမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာများအတွင်းမှ လာဘ် ပေးလာဘ်ယူမှုနှင့် ဥပဒေမဲ့လုပ်ရပ်များပြုလုပ်လျက်ရှိသော ဝန်ထမ်းအချို့ကို ထိရောက်စွာ အရေးယူဆောင်ရွက်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

-------------------------------------------------------------------------------------------------------------

ဆန္ဒပြမှုများအတွက် NLD ပါတီ ဗပာိုစုံစမ်းရေးကော်မရှင်ဖွဲ့ပြီ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ မြို့နယ်ရုံးခွဲများတွင် ဖြစ်ပွားနေသော ပါတီတွင်း မကျေနပ်မှု ဆန္ဒပြမှုများအပေါ် ဗပိာုစုံစမ်းရေး ကော်မရှင်ဖွဲ့၍ ယခုလကုန်ပိုင်းတွင် စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း အမျိုသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြော ကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ နိုင်ငံလုံးဆိုင်ရာညီလာခံ ကျင်းပရေးကော်မရှင်များ ဖွဲ့စည်းရာတွင် ခန့်အပ်ထားသည့် ညီလာခံ ကျင်းပရေးကော်မရှင်မှ အဖွဲ့ဝင်များအား မကျေနပ်သည့်အတွက် မြောင်းမြ၊ ကော့ကရိတ်နှင့် ကော့သောင်းရှိ NLD ပါတီဝင်များမှ NLD ပါတီအား ဆန္ဒပြ တောင်းဆိုလျက်ရှိပြီး ယင်းဖြစ်ပွားမှုများမှာ နိုင်ငံရေးပယောကများထက် ပါတီဝင်များ၏ စည်းလုံးညီညွတ်အားနည်းခြင်းသာဖြစ်နိုင်ကြောင်း ၎င်းက ပြော ကြားခဲ့သည်။

“ဒီဆန္ဒပြမှုတွေပာာ NLD ပါတီတွင်းမှဆန္ဒပြမှုတွေ လျော့နည်းနေလို့ပါပဲ။ ဒီကိစ္စကို ဗပိာုကော်မတီတွေ အဆင့်ဆင့်ဖွဲ့ပြီး စစ်ဆေးသွားမှာပါ။ မြောင်းမြမှာဖြစ်ခဲ့တဲ့ပြဿနာမျိုးဆိုရင် ညီလာခံကျင်းပရေး ကော်မရှင်ကမှားတာလား။ ဆန္ဒပြတဲ့လူတွေကပဲ မှားတာလားဆိုတာ ခုချိန်ထိ မဝေခွဲနိုင်သေး ပါဘူး။ ဘယ်သူပဲမှားမှား NLD ပါတီရဲ့ စည်းလုံးမှုကတော့ တစတစပြိုကွဲနေပါပြီ”ပာု NLD ပါတီဝင်တစ်ဦးက ပြောကြားသည်။

“ဒီလို လူအများစုနဲ့ ဆန္ဒပြအကြပ်ကိုင်တောင်းဆိုကြတာပာာ သိပ်ကို အောက်တန်းကျလွန်းတယ်”ပာု ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)ပါတီ ညီလာခံကျင်းပရေးကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာအေးကြူက သြဂုတ်လ ၁၂ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဧရာဝတီတိုင်း ဒေသကြီး ညီလာခံကော်မရှင်၊ မြောင်းမြခရိုင်နှင့် မြို့နယ်ကော်မရှင်များ ပူးပေါင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယင်းကိစ္စရပ်နဲ့ပတ်သက်၍ တစ်ကျော့ပြန် NLD Founder ဗပိာုခန့် ဧရာဝတီတိုင်းဒေသကြီး ကော်မရှင်အဖွဲ့ဝင် ခင်ဇော်လင်းက “ခရိုင်ကော်မရှင်၊ မြို့နယ်ကော်ရှင်တွေကို ကျွန်တော်တို့ကြိုက်တဲ့လူ ခန့်လို့ရတယ်။ အစည်းအဝေးလုပ်စရာမလိုဘူး။ ဘယ်သူမှ တိုင်ပင်စရာမလိုဘူး။ ဒီမိုကရေစီမလိုဘူး”ပာု ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Unity စာစောင်တွင် ဖော်ပြထားသည်။

ထို့ပြင် မြောင်းမြ ပါတီတာဝန်ခံများနှင့် ဗပိာုကော်မတီဝင်များ၏ ပါတီတွင်း ဒီမိုကရေစီမဲ့လုပ်ရပ်ဖြင့် အာဏာရှင်ဆန်ဆန် ပြုမူဆက်ဆံမှုများ ကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်မှ NLD ပါတီဝင်အင်အား(၁၀၀)ခန့်သည် ပြီးခဲ့သည့် သြဂုတ်လ ၁၂ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် မြောင်မြခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခရိုင်ညီလာခံကျင်းပရေးကော်မရှင်ရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး ယခုသြဂုတ်လပိုင်းတွင် ကော့ ကရိတ်မြို့နယ်ရှိ NLD ပါတီဝင်အချို့မှ ပါတီတွင်းဒီမိုကရေစီပျောက်ဆုံးမှုများအတွက် NLD ပါတီဝင်အဖြစ်မှ နှုတ်ထွက်ခဲ့သည့်အပြင် သြဂုတ်လ ဒုတိယ ပတ်အတွင်း ကော့သောင်းမြို့နယ်ရှိ NLD ပါတီဝင်များမှ ညီလာခံကျင်းပရေးကော်မရှင်အား မကျေနပ်မှုများအပေါ် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သည်။

YC

***************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“တရားရေးမဏ္ဍိုင်ကို စပြင်မယ်ဆိုရင်တော့ ဗျူရိုကရေစီစနစ်တစ်ခုလုံး ပြင်မှရမယ်။ အရင်ကရှိတဲ့ရဲတွေက ပြည်သူတွေဘက်က ရပ်တည်တဲ့ ပြည်သူ့ ရဲတပ်ဖွဲ့ အခုပြောင်းလဲသွားပြီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဖြစ်သွားပြီ။ သူတို့ရဲတွေက အခု နိုင်ငံအတွက် အလုပ်လုပ်နေကြတယ်။ ပြည်သူတွေအတွက် အလုပ်မ လုပ်ကြတော့ဘူး”

သြဂုတ်လ ၂၄ရက်နေ့ထုတ် Unity ဂျာနယ် အတွဲ (၁) အမှတ် (၂၂) တွင်ပါရှိသည့် “တရားစီရင်ရေးမဏ္ဍိုင်အပေါ် အမြင်သဘောထားများ” သတင်းမှ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“စိစစ်ရေးရှိတာထက်စာရင် မရှိတာက ပိုကောင်းတာပေါ့။ ဒါပေမယ့် စိစစ်တာတစ်ခုတည်း ဖြတ်လိုက်ရုံနဲ့ မီဒီယာလွတ်လပ်ခွင့်ရပြီလို့ ပြောဖို့ စောသေး လွန်းတယ်။ ဒါ ကနဦးခြေလှမ်းပဲ ရှိသေးတယ်။ တကယ်တမ်းရေးတဲ့အခါ ရေးနိုင်ခွင့်အပြင် သတင်းရယူနိုင်မှု ဘယ်လောက်အတိုင်းအတာရမလဲဆိုတာ မသိသေးဘူး”

သြဂုတ် ၂၄ရက်နေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ် အတွဲ (၃၀) အမှတ် (၅၈၃) တွင်ပါရှိသည့် “စာပေစိစစ်ရေးအဆုံးသတ်မှုအလွန် မျှော်လင့်ချက်နှင့် မေးခွန်း များ” မှ အေပီသတင်းဌာနမှ မြန်မာနိုင်ငံဆိုင်ရာဌာန သတင်းထောက် ဒေါ်အေးအေးဝင်း၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

*********************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive