Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၂.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. အင်ဒိုနီးရှား ဘိလပ်မြေ Semen Gresik က ၂၀၁၃ တွင် မြန်မာနိုင်ငံ၌ စက်ရုံသစ်တည်မည်

(The Jakarta Post မှ Jan 2013 ရက်စွဲပါ Semen Gresik to build factory in Myanmar in 2013 သတင်းကို ဘာသာပြန်ဆိုသည်)

  1. မလေးရှားသို့ မြန်မာရိုဟင်ဂျာ ၅၀၀ ရေကူးရောက်ရှိလာ

( The Nation မှ 2 Jan 2012 ရက်စွဲပါ “500 Myanmar swim into  Malaysia” သတင်းကိုဘာသာပြန်ဆိုသည်)

  1. ကေအိုင်အေပြဿနာပြေလည်ရေးအတွက် အိန္ဒိယအကူအညီရရန် မြန်မာကြိုးပမ်း

(The Indian Express သတင်းစာမှ 1 Jan 2013 ရက်စွဲပါ Myanmar seeks help to reign in rebels ကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

အင်ဒိုနီးရှား ဘိလပ်မြေ Semen Gresik က ၂၀၁၃ တွင် မြန်မာနိုင်ငံ၌ စက်ရုံသစ်တည်မည်

(The Jakarta Post မှ Jan 2013 ရက်စွဲပါ Semen Gresik to build factory in Myanmar in 2013 သတင်းကို ဘာသာပြန်ဆိုသည်)

အင်ဒိုနီးရှား နိုင်ငံ၏ ဘိလပ်မြေထုတ်လုပ်သူ PT Semen Gresik SMGK ကုမ္ပဏီသည် Thang Long ဘိလပ်မြေ လုပ်ငန်းကို  ဗီယက်နမ်ပိုင်ရှင်များလက်ထက်မှ ရယူပြီးနောက်တွင် မြန်မာနိုင်ငံ၌ ၂၀၁၃ နှစ်ကုန်တွင် စက်ရုံသစ်တည်ရန် စီစဉ်လျက် ရှိသည်။

SMGR ကုမ္ပဏီသည် ၂၀၁၃ခုနှစ် နှစ်ကုန်တွင် ပြီးစီးရမည့် မြန်မာနိုင်ငံမှ စက်ရုံသစ်ကို ဖက်စပ်လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံမှ ဒေသခံစီးပွားဖက်များကို ချဉ်းကပ်နေသည်ဟု SMGR ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Dwi Soetjipto က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

လက်ရှိတွင် ကုမ္ပဏီသည် ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်မှုကို ၂၀၁၃တွင် တန်ချိန် ၂.၃ သန်းသို့ တိုးမြှင့်ရန် ရည်ရွယ်ထားသည်။ Thang Long ဘိလပ်မြေ လုပ်ငန်းသည် လောလောဆယ် တစ်နှစ်လျှင် တန်ချိန်၁.၃ သန်း ထုတ်လုပ်နေသည်။

ယခုနှစ်တွင် Thang Long ဘိလပ်မြေလုပ်ငန်းမှ တန်ချိန် ၂.၃သန်း အပါအဝင် စုစုပေါင်း ဘိလပ်မြေတန်ချိန် ၂၈.၃သန်း ထုတ်လုပ်ရန် မျှော်မှန်းထားသည်ဟု SMGR အကြီးအကဲက ပြောကြားသည်။

PT Semen Gresik၊ PT Semen Tonasa နှင့် PT Semen Padang တို့ပါဝင်သော SGMR အုပ်စုသည် ၂၀၁၂တွင် ဘိလပ်မြေ တန်ချိန် ၂၂.၆ သန်းခန့် ထုတ်လုပ်နိုင်ခဲ့ပြီး၊ ယခုနှစ်တွင် တန်ချိန် ၂၆ သန်းသို့ တိုးမြှင့်လိမ့်မည်ဟု မျှော်လင့်ရသည်။

SEMR အုပ်စုသည် ဘိလပ်မြေ ထုတ်လုပ်မှုကို တိုးမြှင့်သွားမည့်အပြင် နှစ်စုပေါင်း တန်ချိန် ၂.၅သန်း ထုတ်လုပ်နိုင်စွမ်းရှိမည့် ပြည်တွင်း စက်ရုံသစ် နှစ်ခုကို အရှေ့ဂျဗားကျွန်း ရမ်ဘန်းနှင့် အနောက်ဆူမားတြားကျွန်း ပါဒန်းတို့တွင် တည်ဆောက်ရန် စီစဉ်ထားသည်။

---------------------------------------------------------------------------------------------------------

မလေးရှားသို့ မြန်မာရိုဟင်ဂျာ ၅၀၀ ရေကူးရောက်ရှိလာ

( The Nation မှ 2 Jan 2012 ရက်စွဲပါ “500 Myanmar swim into  Malaysia” သတင်းကိုဘာသာပြန်ဆိုသည်)

၁၅ ရက်ကြာ စက်လှေခရီးအပြီး သီတင်းပတ်ကုန်ရက်တွင် မြန်မာနိုင်ငံသား (ရိုဟင်ဂျာ) ၅၀၀ခန့်သည် မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန်အတွက် နောက်ဆုံး မီတာ ၅၀၀ ကမ်းခြေအပိုင်းကိုရေကူးလာခဲ့ကြရာ တစ်ဦးသေဆုံးခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့က အင်္ဂါနေ့တွင် ပြောကြားသည်။

မီတာ ၃၀ အရှည်စက်လှေ၏ မာလိန်မှုးအပါအဝင်လှေစီးခရီးသည် ၄၈၂ဦးကို မလက္ကာရေလက်ကြားရှိ လန်ကာဝီကျွန်း အနောက်မြောက်ပိုင်းတွင် တွေ့ရှိခဲ့ပြီး ပုန်းအောင်းနေဆဲ ခရီးသည်လက်တစ်ဆုပ်စာခန့်ကို မိမိတို့ရှာဖွေနေကြသည်ဟု ရဲတပ်ဖွဲ့က AFP သို့ပြောကြားသည်။

ယခုတွေ့ရှိထားသူများသည် ၄င်းတို့၏နေရပ် ရခိုင်ပြည်နယ်မှ လူမျိုးစုအဓိကရုဏ်းကြောင့်ထွက်ပြေးကာ မလေးရှားနိုင်ငံသို့ရောက်ရှိလာကြသူ ရိုဟင်ဂျာအုပ်စုကြီးထဲမှ တစ်ဖွဲ့ဖြစ်လိမ့်မည်ဟု ယုံကြည်ရသည်။

အချို့သူများမှာ ဆေးရုံတက်ကုသရန်လိုအပ်နေပြီး အများစု ဖျားနာခဲ့ကြသော ပင်လယ်ဖြတ်ကျော် စက်လှေခရီးအတွက် တစ်ဦးလျှင် ဒေါ်လာ ၃၀၀ စီ ရခိုင်ပြည်နယ်မှ အေးဂျင့်ထံပေးခဲ့ရသည်ဟု လှေစီးဝင်ရောက်လာသူများက ပြောဆိုကြောင်းရဲတပ်ဖွဲ့ကပြောကြားသည်။

------------------------------------------------------------------------------------------------------------  

ကေအိုင်အေပြဿနာပြေလည်ရေးအတွက် အိန္ဒိယအကူအညီရရန် မြန်မာကြိုးပမ်း

(The Indian Express သတင်းစာမှ 1 Jan 2013 ရက်စွဲပါ Myanmar seeks help to reign in rebels ကိုဘာသာပြန်ဆိုသည်)

ကချင်ပြည်နယ်တွင်း ကေအိုင်အေ တို့၏စစ်ရေးလှုပ်ရှားမှုများတွင်NSCN(khaplang) လက်နက်ကိုင်သူပုန်အုပ်စု ပါဝင်ပတ်သက်နေမှုကို ဖြေရှင်းရာ၌ အိန္ဒိယနိုင်ငံ၏ အကူအညီကို ရယူရန် မြန်မာနိုင်ငံကနည်းလမ်းရှာဖွေလျက်ရှိသည်။ ကေအိုင်အို(KIO) ၏ စစ်ရေးတပ်ဖွဲ့ဖြစ်သော ကေအိုင်အေသည် ကချင်ပြည်နယ်တွင်းလှုပ်ရှားလျက်ရှိသော S.S Khaplang ဦးဆောင်သော NSCN သူပုန်အုပ်စုနှင့် ပတ်သက်မှုများရှိကြောင်း သိရသည်။ ယင်း NSCN မှာ နာဂသူပုန်တပ်ဖွဲ့ဖြစ်သည်။

မြန်မာနိုင်ငံက ကေအိုင်အေတို့နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်ရာတွင် NSCN(K) အဖွဲ့ပူးပေါင်းပါဝင်အဆိုပြုထားသည်ဟု ဆိုသည်။

သတင်းရင်းမြစ်များအဆိုအရ ပြီးခဲ့သည့် ဧပြီလက မြန်မာအစိုးရနှင့်နာဂအင်အားစုတို့ နိုင်ငံတော်အဆင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု လက်မှတ်ရေးထိုးမှုပြုလုပ်ပြီးနောက် NSCN အုပ်စုအနေဖြင့် နောက်ထပ် စေ့စပ်ညှိနှိုင်းမှုများ သို့မဟုတ် စာချုပ်လက်မှတ်ရေးထိုးမှုများမပြုလုပ်မီ သဘောတူညီမှုတစ်ရပ်ကိုရယူရန် ကေအိုင်အေတို့ကပြောဆိုခဲ့ဟန်ရှိသည်။

ကေအိုင်အေတို့နှင့်ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်ကို ကချင်ပြည်နယ်တွင်း မိတ်ဆွေအဖွဲ့အစည်းများရှိသည်ဟုယူဆရသော အိန္ဒိယလုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မြန်မာအစိုးရက မျှော်လင့်ထားသည်။

မြန်မာဘက်မှအဆိုပြုချက်ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့် ဦးဆောင်သော အဖွဲ့ဝင် ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့က ကုန်ခဲ့သည့် ရက်သတ္တပတ်အတွင်းကျင်းပပြုလုပ်သော ၁၈ ကြိမ်မြောက် အိန္ဒိယ-မြန်မာ အမျိုးသားအဆင့်တွေ့ဆုံဆွေးနွေးပွဲ၌ ပြုလုပ်ခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် အိန္ဒိယနယ်စပ်ဒေသစီမံခန့်ခွဲရေးအဖွဲ့နှင့် အရေးကိစ္စမျိုးစုံကိုဆွေးနွေးခဲ့ကြောင်းသိရသည်။

 လတ်တလောအနေအထားတွင် ကေအိုင်အေနှင့် မြန်မာအစိုးရစစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နှစ်ဖက်ဆက်ဆံရေးမှာ အနိမ့်ကျဆုံးအနေအထားသို့ရောက်ရှိနေသည်။ မြန်မာအစိုးရသည် ပင်မလက်နက်ကိုင်အုပ်စု ၁၀ ခုနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ် ရေးထိုးခဲ့သော်လည်း ကေအိုင်အေနှင့် သဘောတူညီချက်မရရှိနိုင်သေးပေ။ ပြီးခဲ့သည့်အောက်တိုဘာလအတွင်း အလွတ်သဘောမျိုးဖြင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့သော်လည်း အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရသည့်အဆင့်သို့ရောက်အောင် မပြုလုပ်နိုင်ခဲ့ပေ။

သတင်းပေးပို့ချက်များအရ တွေ့ဆုံမှုတွင် ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေးထိန်းသိမ်း ရာတွင် အိန္ဒိယနိုင်ငံ၏ အကူအညီသည်လွန်စွာအရေးကြီးကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာစီမံခန့်ခွဲရေး အကြီးအကဲ AK Mangotra ကိုပြောဆိုခဲ့သည်။

NSCN(K) အဖွဲ့သည် မဏိပူရနှင့် အာသံပြည်နယ်တို့တွင် အခြေစိုက်နေထိုင်သည်။ အဖွဲ့၏ထင်ရှားသောခေါင်းဆောင်မှာ အမျိုးသား ဒီမိုကရက်တစ်တပ်ဦးမှ IK Songbijit ဖြစ်သည်။ အိန္ဒိယအရာရှိကြီးများအဆိုအရ မြန်မာနိုင်ငံတွင်း အိန္ဒိယခွဲထွက်ရေးသူပုန်များလှုပ်ရှားမှုနှင့်ပတ်သက်၍ ငြင်းဆန်ရမည့်ကိစ္စမရှိဟုဆိုသည်။

အိန္ဒိယသည် ယခုအခါ သမ္မတကြီးဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ပေါ်ထွန်းလာမှု၊ ဒေါ်အောင်ဆန်းစုကြည် နေရာရရှိလာမှု တို့ကြောင့် မြန်မာနိုင်ငံနှင့် စေ့စပ်ညှိနှိုင်းမှုများကို သိသိသာသာပြုလုပ်လာသည်။ နှစ်နိုင်ငံကိုယ်စားလှယ်များတွေ့ဆုံရာတွင် လက်နက်မှောင်ခိုမှုများ၊ နယ်စပ်ဒေသစီမံခန့်ခွဲမှုများ၊ မူးယစ်ဆေးဝါးကိစ္စများ၊ အိန္ဒိယရှိမြန်မာအကျဉ်းသားများနှင့် မြန်မာရှိအိန္ဒိယအကျဉ်းသားများကိစ္စ အစရှိသည်တို့ကို ဆွေးနွေးခဲ့သည်။

           **********************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment