Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၃.၁.၂၀၁၃

ဘာသာပြန်သတင်းများ

  1. ကချင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရကို ကုလသတိပေး

(VOA News မှ 2 Jan 2012 ရက်စွဲပါ "UN warns Burma on airstrikes in Kachin"သတင်းကိုဘာသာပြန်ဆိုသည်)

  1. မြန်မာအိမ်ယာဈေးကွက်ကို ဗီယက်နမ် GAGL စိတ်ဝင်စား

(Thanh Nien News မှ 25 Dec 2012 ရက်စွဲပါ “HAGL eyes Myanmar housing market” တတင်းကိုဘာသာပြန်ဆိုသည်)

***************************************************************************************

ဘာသာပြန်သတင်းများ

ကချင်ပြည်နယ်လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ မြန်မာအစိုးရကို ကုလသတိပေး

(VOA News မှ 2 Jan 2012 ရက်စွဲပါ "UN warns Burma on airstrikes in Kachin"သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အရပ်သားများ၏ အသက်အန္တရာယ်ကို အန္တရာယ်ဖြစ်စေနိုင်သော(သို့) ကချင်ပြည်နယ်တွင် ပဋိပက္ခ ဆက်လက်ဖြစ်ပွားအောင် အားပေးရာရောက်သော လုပ်ဆောင်မှုမှန်သမျှကို ရှောင်ရှားရန် မြန်မာအာဏာပိုင်များအား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုလိုက်ပါသည်။

နိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်အနီး ကချင်ဒေသမှ တိုင်းရင်းသားလက်နက်ကိုင်များအား ယခုသီတင်းပတ်အတွင်း လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း မြန်မာအစိုးရက အတည်ပြုပြောဆိုပြီးနောက် နာရီပိုင်းအကြာတွင် ဗုဒ္ဓပာူးနေ့က ဘန်ကီမွန်း၏ မေတ္တာရပ်ခံချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

အစိုးရတပ်များနှင့် KIA တပ်ဖွဲ့အကြားဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အရပ်သားမြောက်များစွာကို အိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့ပြီးသည့်အပြင် လူသားချင်းစာနာမှု အကူအညီလိုအပ်မှုကိုလည်း ဆက်လက်ဖြစ်ပေါ်စေသည်ပာု ကုလသမဂ္ဂကြေညာချက်တွင် ဖော်ပြထားသည်။ ဂရုဏာသက်ဖွယ် ဒုက္ခသည်ပြည်သူများကို ကယ်ဆယ်ရေးအထောက်အပံ့ပေးရန်အတွက် အချိန်ကိုက် အကဲဖြတ်ခြင်းကို အာမခံချက်ပေးရန် လွန်စွာအရေးကြီးသည်ပာု ဘန်ကီမွန်းက ပြောကြားသည်။

ပြီးခဲ့သောအပတ်က စတင်ခဲ့သောတိုက်ပွဲတွင် သူပုန်စခန်းနေရာများကို အမောင်းသင်ဂျက်လေယာဉ်များအသုံးပြုတိုက်ခိုက်ခဲ့သည်ပာု အစိုးရ ပြောရေးဆိုခွင့်ရှိသူက ဗုဒ္ဓပာူးနေ့အစောပိုင်းတွင် ဝန်ခံပြောကြားခဲ့သည်။ အခြားတာဝန်ရှိသူများကမူ ယင်းသို့တိုက်ခိုက်မှုကို အစပိုင်းတွင် ငြင်းဆိုထား ခဲ့ကြသည်။

ထိုသို့ ကချင်ပြည်နယ်တွင် အစိုးရစစ်တပ်နှင့် ကချင်တပ်ဖွဲ့အကြား ၁၇ နှစ်ကြာ အပစ်ရပ်စဲထားမှု ကျိုးပေါက်သွားခဲ့သော ၂၀၁၁ ဇွန်လ နောက်ပိုင်းတွင် ဒေသခံပြည်သူထောင်ပေါင်းများစွာ နေစရာပျောက်ကာ အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။

နိုင်ငံမြောက်ပိုင်းမှ တိုင်းရင်းသားအုပ်စုများက အစိုးရ၏စနစ်တကျ ဖိနှိပ်ချုပ်ချယ်နှိပ်ကွပ်မှုကို အမြဲတစေပြစ်တင်ပြောဆိုခဲ့ကြပြီး ၎င်းတို့၏ ဓားမဦးချနေရာဒေသတွင် ပိုမိုလွတ်လပ်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအောင် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့ကြသည်။

ကချင်အဖွဲ့သည် သမ္မတဦးသိန်းစိန် အစိုးရနှင့် အပစ်ရပ်သဘောတူညီမှုမရသေးသည့် တစ်ခုတည်းသော အဓိကတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ်တွင် ရွေးချယ်တင်မြှောက်ခံရသောသမ္မတသစ်သည် အာဏာရလာပြီးနောက်ပိုင်းတွင် ပြုပြင်ပြောင်းလဲမှုများကို တစ်သီတသန်း ပြုလုပ်လာခဲ့သူဖြစ်သည်။

သို့သော်လည်း ကချင်ပြည်နယ်တွင် တိုက်ပွဲပြန်လည်ဖြစ်ပွားမှုနှင့် ရခိုင်ပြည်နယ်မှဖြစ်ပွားဆဲ လူမျိုးရေးအဓိကရုဏ်းသည် သေးသိမ်၊ မှေးမှိန် အောင် ခြိမ်းခြောက်နေကြောင်း အနောက်နိုင်ငံ အကဲခတ်လေ့လာသူများက သတိပေးပြောဆိုထားသည်။

                                                    ---------------------------------------------------------------------------------------------------

မြန်မာအိမ်ယာဈေးကွက်ကို ဗီယက်နမ် GAGL စိတ်ဝင်စား

(Thanh Nien News မှ 25 Dec 2012 ရက်စွဲပါ “HAGL eyes Myanmar housing market” သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံ၏ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ရင်းနှီးမြုပ်နှံသော ပထမဆုံးဗီယက်နမ် ကုမ္မဏီ HAGL သည်မိခင်နိုင်ငံအိမ်ခြံမြေဈေးနှုန်း ကျဆင်းမူ အချိန်ကြာရှည်နေခြင်းကြောင့်မြန်မာနိုင်ငံ၏ အိမ်ခြံမြေ ဈေးကွက်တွင် ရင်းနှီးမြုပ်နှံရေးကိုလည်းစိတ်ပါဝင်စားလျှက်ရှိသည်။

HAGL အုပ်စု၏အမူဆောင် ဒါရိုက်တာလီဟန်းက “မြန်မာဈေးကွက်သည် အသစ်ဖြစ်သည့် အားလျှော်စွာ မိမိတို့အုပ်စုအတွက်ရင်းနှီးမြုပ်နှံရန် အချိန်ကောင်းဖြစ်သည်” ဟုVm Express သတင်းသို့ ပြောကြားသည်။

ဗီယက်နမ် HAGL အုပ်စုကအဆိုပြုထားသော ကြယ်ငါးပွင့်ဟိုတယ် ဈေးဝယ်စင်တာ၊ ရုံးခန်းများနှင့် လူနေ အိမ်ခန်း တာဝါများ ပါဝင်သည့် အမေရိကန်ဒေါ်လာ သန်း၃၀၀ တန် ဟောင်အန်းဂျီလိုင် မြန်မာစင်တာကို မြန်မာအစိုးရက ယခုလအစောပိုင်းတွင် ခွင့်ပြုခဲ့သည်။

၎င်းစီမံကိန်းသည် မြန်မာနိုင်ငံ၏ အကြီးဆုံးကူးသန်းရောင်းဝယ်ရေးအချက်အခြာ ရန်ကုန်မြို့တော်တွင် တည်ရှိသည်။

ယခုအခါ ကုမ္မဏီသည်ဗီယက်နမ် ရင်းနှီးမြုပ်နှံမူနှင့်စီမံကိန်း ဝန်ကြီးဌာန၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေသည်ဟု လီဟန်းက ဆိုပါသည်။

အဆိုပါထားသော ဟောင်အန်းဂျီလိုင် မြန်မာစင်တာ သည်၂၀၁၈ တွင်ပြီးစီးမည်ဟု မျှော်လင့်ရသည်။

HAGL သည် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းတွင် အကြီးဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံသူဖြစ်သည်ဟု မြန်မာဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီး ဦးဌေးအောင်က ပြောကြားကြောင်း Vm Express သတင်းကဖေါ်ပြထားသည်။

ဟိုတယ်/ခရီး ဝန်ကြီးဌာန အဆိုအရ ၁၉၈၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံသို့ဝင်ရန် နိုင်ငံခြားရင်းနှီးမြုပ်နှံသူများစွာ စိတ်ဝင်စားခဲ့ကြသော်လည်း အမေရိကန်ကုန်သွယ်ရေး ပိတ်ဆို့မူရုတ်သိမ်းပေးသည့် ပြီးခဲ့သော နိုဝင်ဘာလအထိ ရင်းနှီးမြုပ်နှံမူများသိသိသာသာ စီးဝင်လာမူမရှိခဲ့ ဟုသိရှိရသည်။

စင်ကာပူသည် မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းတွင် အကြီးဆုံးရင်းနှီးမြုပ်နှံထားသူဖြစ်ပြီး၊ ၎င်း၏နောက်တွင် ထိုင်း၊ ဂျပန်၊ ဟောင်ကောင်တို့ ရှိနေကြ သည်။

မြန်မာနိုင်ငံသည် ယခုအချိန်ထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမူ ဟိုတယ်စီမံကိန်း စုစုပေါင်း ၃၅ ခုခန့် ခွင့်ပြုထားပြီဖြစ်ကြောင်း သိရှိရသည်။

********************************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment