Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၁.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. ကချင်ငြိမ်းချမ်ရေး လမ်းလျောက်သူ ပြင်သစ်နိုင်ငံသား ပြည်နှင်ဒဏ်ပေးမည် သတင်း မဟုတ်မှန်
  2. စစ်မလိုလားကြောင်း KIO မှသဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာ
  3. ဝန်ကြီးဌာနအပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင်များ လယ်သိမ်းယူရာတွင် ဥပဒေလိုက်နာခြင်းမရှိ
  4. မြန်မာ့မီးရထားလမ်းများ အဆင့်မြှင့်တင်ရာ၌ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များရှိနေ

***********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

ကချင်ငြိမ်းချမ်ရေး လမ်းလျောက်သူ ပြင်သစ်နိုင်ငံသား ပြည်နှင်ဒဏ်ပေးမည် သတင်း မဟုတ်မှန်

ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသော စစ်ပွဲများ ရပ်ဆိုင်းရန်အတွက် ရန်ကုန်မြို့မှ ကချင်ပြည်နယ် လိုင်ဇာအထိ လမ်းလျောက်သူများထဲတွင် ပါဝင် သည့်ပြင်သစ်နိုင်ငံသား တစ်ဦးကို ပြည်နှင်ဒဏ်ပေးမည် ဟူသောသတင်းသည် မှန်ကန်မှု မရှိကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးဦးရဲထွဋ်က ပြေကြားလိုက်ကြောင်းသိရသည်။

အသက် ၄၄ နှစ်ရှိသူ  ပြင်သစ်နိုင်ငံသား ခရစ်တိုဖာကို တောင်ငူအရောက်တွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် လဝက အဖွဲ့ဝင်များက ဇန်နဝါရီလ ၃၀ ရက်နေ့ တောင်ငူမြို့အရောက်တွင် စစ်ဆေးရာ အလည်အပတ်ဗီဇာသာ ဖြစ်သည့် အတွက် ရန်ကုန်သို့ပြန်ပို့ကာ သက်ဆိုင်ရာ ပြင်သစ်သံရုံး မှတာဝန်ရှိသူများနှင့် တွေ့ဆုံပေးခဲ့ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

အဆိုပါ နိုင်ငံခြားသားကို ပြည်နှင်ဒဏ်ပေးမည်ဟူသော သတင်းမီဒီယာအချို့၏ဖော်ပြမှုသည် မှန်ကန်မှု မရှိကြောင်းကို လှုဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

အဆိုပါငြိမ်းချမ်းရေးလမ်းလျောက်သူများသည် ဇန်နဝါရိလ ၂၁ ရက်နေ့မနက် ၇ နာရီမှစတင်ကာ သံဃာ ခုနှစ်ပါး နှင့် လူအယောက် လေးဆယ် ခန့်သည် ရန်ကုန်မြို့တော်ခန်းမ မှစတင် ကချင်ပြည်နယ် လိုင်ဇာမြို့ထိ မိုင်ပေါင်း ၈၀၀ ကျော် လမ်းလျောက်ထွက်ခွာလာခြင်းဖြစ်သည်။

YC

---------------------------------------------------------------

စစ်မလိုလားကြောင်း KIO မှသဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ကြေညာ

မြန်မာ့တပ်မတော်အနေဖြင့် ထိုးစစ်ဆင်နွဲခြင်းများကို ရပ်ဆိုင်းလိုက်ပါက KIO/KIA ဘက်မှလည်း ပဋိပက္ခဖြစ်ပွား နိုင်မည့် စစ်ရေးလှုပ်ရှားမှုများကို ပြုလုပ်မည် မပာုတ်တော့သည့် အပြင် KIO အနေဖြင့်နိုင်ငံရေး ပြဿနာများကို ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ပာု ယုံကြည်သည့်အတွက် လိုအပ် သောဆွေးနွေးမှု လုပ်ငန်းစဉ်များကို နိုင်ငံတကာရှိ အကူအညီ ပေးနိုင်မည့် အဖွဲ့အစည်းများ၊နိုင်ငံများထံတွင် အကူအညီတောင်းခံပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း KIO မှ ၂၀၁၃ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် သဘောထားကြေညာချက် တစ်စောင်ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့မှ ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်ခဲ့သော ထုတ်ပြန်ကြေညာချက်တွင် “တစ်ဘက်လက်နက် ကိုင် အဖွဲ့အစည်း ဖြစ်သည့် KIO/KIA မှ လာရောက်ခြင်းမရှိဘဲ နိုင်ငံတော် အစိုးရမှကမ်းလှမ်းချက်ကို ပယ်ချခဲ့ခြင်းနှင့် ရွှေလီဆွေးနွေးပွဲကို ပျက်ပြားစေခဲ့”ပာူ၍ KIO အားတစ်ဖက်သတ် အပြစ်ပုံချထားသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် KIO အနေဖြင့် သတင်းထုတ်ပြန်ချက်များ ထုတ်ပြန်ကြေညာခြင်း မပြုသည်မှာ မလိုလားအပ်သော သဘောထား တင်းမာမှုများကို ရှောင်လွှဲ လိုသောကြောင့်ဖြစ်ကြောင်း သိရသည်။

အဆိုပါ KIO ၏သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ထုတ်ပြန်ချက် အပိုဒ် ၁၊ ၂၊ ၃၊ ၄ နှင့် ပတ်သက်၍ သီးခြားမှတ်ချက်ပေးရန်မရှိသော်လည်း အပိုဒ် ၅၊ ၆၊ ၇ ပါအချက်များမှာမူ နိုင်ငံတော် အစိုးရနှင့် တပ်မတော်ဘက်မှ ယခင်ကတည်းပင် ကြိုးပမ်းဆောင်ရွက် နေသည့် ကိစ္စရပ်များဖြစ်သည့်အတွက် ယခုကဲ့သို့ ထုတ်ပြန်ကြေညာမှုကို ကြိုဆိုကြောင်း ၎င်း၏ ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထား သည်။

YC

 ---------------------------------------------------------------

ဝန်ကြီးဌာနအပါအဝင် ပုဂ္ဂလိကလုပ်ငန်းရှင်များ လယ်သိမ်းယူရာတွင် ဥပဒေလိုက်နာခြင်းမရှိ

မြန်မာနိုင်ငံရှိ တောင်သူ လယ်သမားများထံမှ ဝန်ကြီးဌာနအပါအဝင် ပုဂ္ဂလိက ကုမ္ပဏီများမှ လယ်ယာမြေ သိမ်းယူရာတွင် ခေတ်အဆက်ဆက် ပြဋ္ဌာန်းထားသည့် ဥပဒေများကို လိုက်နာခြင်းမရှိကြောင်း လယ်ယာမြေ အမှုကိစ္စများ တွင် လယ်သမားများဘက်မှ လိုက်ပါဆောင်ရွက်နေသူ ရှေ့နေ ဦးမြင့်သွင်က ပြောကြားကြောင်း သိရသည်။

လယ်ယာမြေနှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းပေးရန်အတွက် ပြည်သူ့လွှတ်တော်မှ လယ်ယာမြေ စုံစမ်းရေးကော်မရှင် ဖွဲ့စည်း ပေးထားသော်လည်း အဖွဲ့အနေဖြင့် လယ်ယာမြေများ သိမ်းယူသည့် ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် အခက်အခဲများစွာရှိကြောင်း အဆိုပါအဖွဲ့ဝင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က ပြောကြားသည်။

၁၉၉၈ ခုနှစ်နောက်ပိုင်းတွင် တပ်မတော်နှင့် အစိုးရဝန်ကြီးဌာနများမှ နိုင်ငံတော်လိုအပ်ချက်အနေဖြင့် သိမ်းယူ ခဲ့သည့် လယ်ယာမြေ ဧကများမှာ သိန်းချီ၍ ရှိကြောင်းသိရသည်။ အဆိုပါ နိုင်ငံတော်လိုအပ်ချက်ဖြင့် သိမ်းယူခဲ့သည့် စီမံကိန်းမြေများကို ယခုအခါတွင် မှုလပိုင်ရှင်များ လက်ထဲ ပြန်လည်လွှဲ ပြောင်းပေးရန် စီစဉ်လျက်ရှိကြောင်းကို လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင် တစ်ဦးမှ ပြောကြားသည်။

လယ်ယာမြေ အငြင်းပွားမှုပြဿနာများကြောင့် သိမ်းဆည့်းခံ လယ်သမားများနှင့် သိမ်းယူသူ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိက ကုမ္ပဏီများသည် တစ်ဦး နှင့် တစ်ဦး အပြန်အလှန် တရားစွဲဆိုလျက်ရှိကြောင်းသိရသည်။

၁၉၅၃ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သော လယ်ယာမြေဥပဒေအရ လယ်ယာမြေများကို လျော်ကြေးပေးပြီး သက်ဆိုင်ရာဌာနများသို့ အဆင့်ဆင့် အစီရင်ခံ ခွင့်ပြုချက်ရမှသာ လယ်ယာမြေများကို သိမ်းယူခွင့်ရှိကြောင်းနှင့် ယခု ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းထားသော လယ်ယာမြေ ဥပေဒေတွင်လည်း လျော်ကြေးပေးပြီး မှသာ သိမ်းယူခွင့်ရှိကြောင်း ပါရှိသည်။

YC

---------------------------------------------------------------

မြန်မာ့မီးရထားလမ်းများ အဆင့်မြှင့်တင်ရာ၌ နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များရှိနေ

မြန်မာ၊ တရုတ်၊ ထိုင်း၊ အိန္ဒိယ နိုင်ငံများသို့ ချိတ်ဆက်ထားသည့် အာရှရထားလမ်းမကြီးများကွန်ယက် TAR (Trans- Asian Railway Network) ဆိုင်ရာ သဘောတူညီချက်အရ သတ်မှတ်ထားသည့် စည်းကမ်း အတိုင်း မြန်မာနိုင်ငံ၏ မီးရထားလမ်းများ အဆင့်အတန်း ပြည့်မီအောင်ပြုလုပ်နိုင်ရန် အတွက် နည်းပညာနှင့် ငွေကြေးလိုအပ်ချက်များ ရှိနေသည်ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ သိရသည်။

ယင်းစီမံကိန်းအရ ရထားလမ်းကွန်ယက်ကြီး တစ်ခုလုံးကို အဆင့်မြှင့်တင်ရမည်ဖြစ်သောကြောင့် လိုအပ်သော ငွေကြေးပမာဏမှာ အလွန် ကြီးမားပြီး အချိန်ယူ ဆောင်ရွက်ရမည်ဖြစ်သောကြောင့် လောလော ဆယ်အချိန်တွင် TAR နှင့် သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယခုအချိန်တွင် ယင်းကွန်ယက်အတွက် မန္တလေး-ရန်ကုန်လမ်းပိုင်း၊ မန္တလေး-လားရှိုးလမ်းပိုင်းများ ရှိနေပြီး မန္တလေး-ကလေး လမ်းပိုင်းကတော့ ဖောက်လုပ်ပြီးဖြစ်ကြောင်း၊ အခြားဆက်သွယ်ရမည့် လမ်းပိုင်းများ၊ လျာထားဆဲဖြစ်သည့် လမ်းများလည်းရှိကြောင်း၊ သံဖြူဇရပ်-ဘုရားသုံးဆူ (မြန်မာ)- နန့်ထောက် (ထိုင်း) လမ်းကြောင်း လျာထားချက်အား ကိုရီးယားနိုင်ငံ KOICA အဖွဲ့အကူအညီဖြင့် အကြိုလေ့လာမှုများ ပြုလုပ် နေသော်လည်း ယိုးဒယား ဘက်မှ ဆည်များဆောက်လိုက်သောကြောင့် လက်တွေ့ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရထားလမ်းမှာ ၁၄၃၅ မီလီမီတာ ကျယ်၍ တစ်လမ်းသွား (single line) ပြုလုပ်မည်ဖြစ်ပြီး ၈၁၃.၀၁၅ ကီလိုမီတာရှည်လျားကြောင်း၊ BOT စနစ်ဖြင့် ဆောင်ရွက်ရန် မျှော်မှန်းထား ကြောင်းသိရသည်။

မြန်မာ-အိန္ဒိယ ဆက်သွယ်ရမည့် ရထားလမ်းအခြေအနေမှာ ကလေး-တမူး ကြားတွင် အရှည် ၁၃၅ ကီလိုမီတာ ဆက်သွယ်ရမည်ဖြစ်ကြောင်း၊ RITES (Rail India Technical and Economics Services) ၏ မြေပြင်လေ့လာရေးအဖွဲ့က အကြိုလေ့လာမှုများ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံအကြား ဆက်လက် ဆွေးနွေးရန် စောင့် ဆိုင်းနေကြောင်း သိရသည်။

YC

 *************************************************************************


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment