Transparency Myanmar

transparency.myanmar@gmail.com

Yangon Chronicle(Quotes & Comments)
Document Yangon Chronicle(Quotes & Comments)

Snapshot of the item below:
Yangon Chronicle(Quotes & Comments)

 

*

*

၉.၂.၂၀၁၃

သတင်းနှင့်ဆောင်းပါးကောက်နှုတ်ချက်များ

“စစ်ပွဲတွေရပ်ထားရမှာတော့ သေချာပါတယ်။ ညှိနှိုင်းမှုတွေ လိုဦးမှာပါ။ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ကြမယ်လို့ သဘောတူကြတဲ့အတွက် လက်တွေ့ အကောင်အထည်ဖော်နိုင်ရင် ငြိမ်းချမ်းရေးဖြစ်သွားနိုင်ပါတယ်။”

ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၅) တွင်ပါရှိသော “ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှသည် ပြည်ထောင်စုစနစ်ဆီသို့” သတင်းမှ ကေအိုင်အေမှ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                                 ************************************************************

“နောင်မှာသက်သာတဲ့ အတိုးနှုန်းချေးငွေတွေကို ဦးစားပေးပြီးတော့ ပြည်သူကို တိုက်ရိုက်အကျိုးပြုစီမံကိန်း ဦးစားပေးဆောင်ရွက်ပါ့မယ်။ အခုလို ကြွေးမြီ ပြဿနာမတင်အောင် ဆောင်ရွက်ပါ့မယ်။ တစ်ချိန်အကြွေးယူနိုင်ငံကနေ အကြွေးရှင်နိုင်ငံ ဖြစ်လာအောင် ကြိုးစားမယ်။”

ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၅)တွင်ပါရှိသော “တိုင်းပြည် အကျပ်အတည်းမဖြစ်အောင် အကြွေးသစ်တွေထပ်မတင်ဖို့ ထည့်သွင်းစဉ်းစားပေးပါ”သတင်းမှ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

***************************************************************

“ဝန်ကြီးဦးအောင်မင်းကတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ UNFC ကို ဒီလဖေဖော်ဝါရီ ၉ ရက်မှာ ဆွေးနွေးဖို့ တရားဝင် စာပို့ပြီးတောင်းဆိုထားတယ်။ ဒါပေမယ့် ဟိုဘက်ကလည်း သူတို့ပြန်ပြီး ဆွေးနွေးဖို့ အချိန်တွေကြည့်ပြီးတော့ ၁၆ ရက်၊ ၁၇ ရက်နောက်ပိုင်းမှသာ ဆွေးနွေးနိုင်မယ့် အကြောင်းကြားစာပြန်ပို့တယ်။ အဲဒါကိုကြည့်ရင် လာမယ့် ၁၉ ရက်၊ ၂၀ ရက်လောက်မှာတော့ Political Dialogue လုပ်ဖို့အတွက် ပထမ Frame Work တစ်ခုစပြီး ဆွေးနွေးနိုင်မယ်လို့ ထင်တယ်”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၂) အမှတ် (၆)တွင်ပါရှိသော “ပြည်တွင်း ငြိမ်းချမ်းရေးအတွက် UNFC နှင့် နိုင်ငံရေးဆွေးနွေးမှု ပြုလုပ်နိုင်တော့မည်”သတင်းမှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

*******************************************************************

“လွှတ်တော်ကိုထိခိုက်လို့ ထင်ပါတယ်။ ပုဂ္ဂိုလ်ရေးအရတော့ အကြောင်းမဟုတ်ပါဘူး။ သဘောထားတွေကတော့ ကွဲလွဲပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် ဝေဖန်တာတွေ၊ ထောက်ပြတာတွေ လုပ်လို့ရပါတယ်။ အပြစ်ပြောတာလည်း လုပ်နိုင်ပါတယ်။ ဒါပေမဲ့ မစော်ကားသင့်ပါဘူး။ ဒီမိုကရေစီဆိုပြီး ရပ်ကွက်ကို အော်ဆဲလို့ရမလား၊ ပုဂ္ဂိုလ်တစ်ဦးချင်းက အကြောင်းမဟုတ်ပေမယ့် အဖွဲ့အစည်းတစ်ခုကို ကျုးလွန်စော်ကားတာမျိုးတော့ လူသားတွေရဲ့ လိုက်နာရမယ့် စည်းတော့စောင့်ထိန်းသင့်ပါတယ်။”

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Street View ဂျာနယ် အတွဲ (၂) အမှတ် (၆)တွင်ပါရှိသော “ဒေါက်တာဆိတ်ဖွားအတွက် စုံစမ်းရေးကော်မတီ အဖွဲ့ဝင်စာရင်း တရားဝင်ထုတ်ပြန်” သတင်းမှ ဦးမျိုးသန့် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၏ ပြောကြားချက်အား ကောက်နှုတ်ချက်။        

                                *********************************************************************************

 “ကျွန်တော်တို့မှာ ဒီနေ့တွေ့နေရတဲ့ ဟာကတော့ စီမံကိန်းတွေအများကြီးပဲ၊ အသစ်လုပ်မယ့် စီမံကိန်းတွေလည်း အများကြီးပဲ၊ အဟောင်းတွေအများကြီး ဖြစ်ပြီးတော့ ဘယ်စီမံကိန်းဟာ ဘယ်နှစ်မှာပြီးမယ်ဆိုတဲ့ သတ်မှတ်ချက်မရှိပါဘူး။ ဘယ်စီမံကိန်းကို ဘယ်နှစ်မှာ ဘယ်လောက်သုံးမယ်ဆိုတဲ့ သတ်မှတ် ချက်လဲ မရှိတဲ့အတွက် အခက်အခဲရှိသလို စီမံကိန်းတစ်ခု တင်ပြလာပြီဆိုရင် ဒီစီမံကိန်းကို ဆောင်ရွက်တဲ့အခါမှာ အကျိုးသက်ရောက်မှု ဘယ်လောက် ကောင်း၊မကောင်း ။ ပြီးတဲ့အခါ ဒီစီမံကိန်းကပေါ်လာမယ့် အကျိုးအမြတ်ရှိ၊ မရှိစသဖြင့် ဒီဟာတွေတွက်ဆပြီးတော့ ဒီစီမံကိန်းတွေ မရှိမဖြစ်၊ မလုပ်မဖြစ် လုပ်ရမယ်ဆိုရင် ဘယ်နှစ်ကစမယ်၊ ဘယ်နှစ်မှာပြီးမယ်၊ ဘယ်နှစ်မှာ ဘယ်လောက်သုံးမယ်ဆိုတာက အစနောက်ပိုင်းမှာ ဆောင်ရွက်ရမယ့် ကိစ္စများဖြစ်ပါ တယ် ။”

ဖေဖော်ဝါရီလ ၈ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၄၅) တွင်ပါရှိသော “စီမံကိန်းတွေနဲ့ ပတ်သက်ပြီး သတ်မှတ်ချက်တွေမရှိပါ” သတင်းမှ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

                                 *****************************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment