Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2013 (1)
Document yangonchronicle2013 (1)

Snapshot of the item below:
yangonchronicle2013 (1)

၁၃.၂.၂၀၁၃

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရပ်သွားနိုင်သလော

(12 February 2013 ရက်စွဲပါ Aljazeera မှ Dr Kristine Eck ရေးသားသော “Myanmar’s democracy transition: Doomed to stall” ကို ဘာသာပြန်ဆိုသည်)

  1. မြန်မာတွင် နိုင်ငံခြားသတင်းဌာနများကို သတင်းထောက်ဗီဇာပေးတော့မည်

(Bangkok Post မှ 12 February 2013 ရက်စွဲပါ “Myanmar to offer foreign press visas” သတင်းကို ဘာသာပြန်ဆိုပါသည်)

  1. ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံရန် အစိုးရထံမှ Suzuki ခွင့်ပြုချက်ရ

(JCN News မှ 7 February 2013 ရက်စွဲပါ “Suzuki approved by Myanmar Government for 100% invested subsidiary” သတင်းကို ဘာသာပြန်ဆိုပါသည်)

***************************************************************

မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှု ရပ်သွားနိုင်သလော

(12 February 2013 ရက်စွဲပါ Aljazeera မှ Dr Kristine Eck ရေးသားသော “Myanmar’s democracy transition: Doomed to stall” ကို ဘာသာပြန်ဆိုသည်)

Photo Credit by AP

မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးနေကြပါသည်။ ပြီးခဲ့သည့် နိုဝင်ဘာလက အမေရိကန်သမ္မတ Barack Obama ရန်ကုန်သို့လာရောက်စဉ်ကလည်း သမ္မတဦးသိန်းစိန် ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို လူသိရှင်ကြားချီးကျူးခဲ့ပါသည်။ မကြာသေးမီကပင် အလှူရှင်နိုင်ငံများသည် မြန်မာနိုင်ငံမှပေးရန်ရှိသော ကြွေးမြီဒေါ်လာ (၆) ဘီလီယံကို ပယ်ဖျက်ပေးရန် သဘောတူခဲ့ပါသည်။ သို့သော် အနောက်နိုင်ငံအသိုင်းအဝိုင်းမှာမျက်စိလှည့်စားခံနေရပြီလော။

အမှန်တကယ်ပင် မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့်ဆိုင်သော အချို့အသွင်အပြင်များတွင် တိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ပါသည်။ နိုင်ငံရေးတွင် ပါဝင်ခွင့် ကန့်သတ်ထားခြင်းကို ဖြေလျော့ပေးခဲ့ရာ ပြီးခဲ့သည့် ဧပြီလက ကြားဖြတ်ရွေးကော်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်တွင် နေရာရရှိခဲ့ခြင်းက မျက်မြင်ပင်ဖြစ်ပါသည်။

အရပ်သားများ ရပိုင်ခွင့်များအား ကောင်းလာခဲ့ရာ မီဒီယာများပိုမိုလွတ်လပ်ခွင့်ရခြင်း၊ လွတ်လပ်စွာစုဝေးခွင့်နှင့် ပတ်သက်၍ ကန့်သတ်ချက် အနည်းငယ်သာ ကျန်ရှိခြင်းများ တိုးတက်ခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားအများအပြား လွှတ်ပေးခဲ့ပါသည်။ (အချို့ကျန်ရှိနေပါသေးသည်) ။ ပြည်ပရောက် အစိုးရ ဆန့်ကျင်သူများ ဖမ်းဆီးခံရမည်ကို ကြောက်ရွံ့ရန်မလိုပဲ တိုင်းပြည်သို့ ပြန်လာခွင့်ပြုခဲ့ပါသည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီအပြည့်အဝရရှိရေးအတွက် လုပ်ဆောင်စရာများစွာ ကျန်ရှိနေသေးသည့်တိုင် တိုးတက်မှုအများကြီး ရှိခဲ့သည်ဆိုသည်ကိုလည်း ငြင်းမရနိုင်ပေ။

စာရေးသူသည် ပြီးခဲ့သည့်နှစ်က ရန်ကုန်သို့ရောက်ရှိခဲ့ရာ နောက်ဆုံးအကြိမ်ရောက်ရှိခဲ့စဉ်ကနှင့် အခြေအနေများခြားနားသွားခဲ့ရာ  များစွာတုန်လှုပ်ခဲ့ရပါသည်။ ပြည်သူများသည် ၎င်းတို့၏နိုင်ငံရေးအမြင်ကို လွတ်လပ်စွာပြောနေကြပြီး ၊ ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်ကိုဝတ်၍ နိုင်ငံရေးအရစုဝေးမှုများ လုပ်လာနိုင်သည်ကို တွေ့ရပါသည်။ လွန်ခဲ့သည့်နှစ်အနည်းငယ်က ထိုသို့သော ဖြစ်ရပ်မျိုး အိမ်မက်ပင် မက်ဖူးလိမ့်မည် မဟုတ်ပေ။

သို့သော် သမ္မတ၏ လူရွေးချယ်ခန့်ထားမှု သို့မဟုတ် စစ်တပ်အပေါ်အရပ်သားက ထိန်းချုပ်နိုင်မှုသည် ဒီမိုကရေစီ၏ အရေးပါသော အစိတ်အပိုင်းများတွင် မြန်မာနိုင်ငံ၌ တိုးတက်မှု မရှိသေးပေ။ အကြောင်းရင်းမှာ စစ်တပ်ကိုကျော်၍ လုပ်မရသော အခက်အခဲကြောင့် ဖြစ်ပါသည်။ ရှင်းလင်းရလျှင် အခြေခံဥပဒေကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ခေါ်၍ ကိုယ်စားလှယ် ၇၅% ကျော်က သဘောတူရန်လိုအပ်ပါသည်။ လွှတ်တော်တွင် စစ်တပ်မှ ရွေးချယ်စရာမလိုပဲ ၂၅% နေရာရယူထားသဖြင့် အခြေခံဥပဒေကိုပြင်ဆင်ရန် စစ်တပ်ကိုယ်စားလှယ်များ၏ ထောက်ခံမှုရရန်လိုအပ်ပါသည်။ ၎င်းမှာ စစ်တပ်သည် နိုင်ငံရေးစနစ်အပေါ် ခိုင်မာစွာချုပ်ကိုင်မည်ဆိုသည်ကို သေချာစေသည့် အချက်ဖြစ်ပါသည်။

အဆိုပါ ကိစ္စသည် တိုင်းပြည်၏ ဒီမိုကရေစီသို့ နိုင်ငံရေးအရ အသွင်ကူးပြောင်းမှုတွင်သာမက အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုနှင့် ငြိမ်းချမ်းရေးစကားပြောမှုတွင်လည်း အချက်အခြာကျပါသည်။ ကချင်ပြည်နယ်တွင် စစ်ပွဲများ ဖြစ်လျက်ရှိပြီး ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် တိုက်ပွဲများ ပြန်ဖြစ်ရန် ခြိမ်းခြောက်မှုများရှိနေပါသည်။

သမ္မတသည် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် ဦးအောင်မင်းကို အခွင့်အာဏာ ပေးထားသော်လည်း သမ္မတ၏ ကတိကဝတ်များပေးနိုင်မှုအာဏာတွင် အစိုးရက စစ်တပ်အပေါ် ချုပ်ကိုင်နိုင်မှု မရှိသည့်အတွက်များစွာ အကန့်အသတ် ဖြစ်လျက်ရှိပါသည်။

သူပုန်အုပ်စု အတော်များများ၏ ခေါင်းဆောင်များက ထိုအချက်ကို သဘောပေါက်သည့်အတွက် တပ်များဆုတ်ပေးရေး သို့မဟုတ် အစိုးရနှင့် သဘောတူညီမှုပြုလုပ်ရေးတို့အတွက် လက်တွန့်နေကြပါသည်။

အမှန်တကယ်ပင် သူပုန်အုပ်စုများနှင့် အစိုးရကိုယ်စားလှယ်တို့၏ ဆွေးနွေးမှုများကလည်း စစ်တပ်က သဘောတူညီချက်များကို လိုက်နာခြင်းရှိ ၊မရှိ သြဇာမရှိပေ။ အဆိုပါ အချက်ကို ပြီးခဲ့သည့် ရက်သတ္တပတ်များက တွေ့မြင်ရရာ၊ သမ္မတက အပစ်အခတ်ရပ်စဲရေးကို ကျေညာခဲ့သော်လည်း စစ်တပ်က ကချင်ပြည်နယ်လိုင်ဇာတွင် လက်နက်ကြီးများဖြင့် ပစ်နေဆဲကို တွေ့ရပါသည်။

တိုင်းပြည်တွင် လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းရာတွင် အစိုးရသည် စစ်တပ်အပေါ်ထိန်းချုပ် နိုင်ရမည့်အပြင်၊ သူပုန်ခေါင်းဆောင်များအပေါ် ကတိများတည်မြဲအောင် ပေးနိုင်ရမည်ဖြစ်ပါသည်။

နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ရွေးကောက်ပွဲကိုသာ ဒီမိုကရေစီ၏ မူလအခြေခံအချက်အဖြစ် အဆိုပါ အခြေခံဥပဒေဆိုင်ရာ လိပ်ခဲ တည်းလည်း ဖြစ်နေမှု၏ အရေးကြီးပုံကို မျက်စိလျှံနေပုံ ပေါက်ပါသည်။

အကယ်၍ ၂၀၁၅ တွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်၍ ဒီမိုကရေစီပါတီဝင်များ (ဒေါ်အောင်ဆန်းစုကြည်၏ NLD ကဲ့သို့) က အားလုံးအနိုင်ရခဲ့သည့်တိုင် လွှတ်တော်တွင် စစ်တပ်မှ ကိုယ်စားလှယ်များနှင့် ခွဲဝေရမည်ဖြစ်ရာ အခြေခံဥပဒေပြင်ဆင်ရေးအတွက် လုံလောက်သည့်  မဲအရေအတွက် ရရှိနိုင်ဦးမည် မဟုတ်ပေ။

ဒီမိုကရေစီအတွက် အသွင်ကူးပြောင်းရေးကာလ အပြည့်အဝရရှိရန် အခြေခံဥပဒေတွင် အရပ်သားများက ဥပဒေပြုရေးနှင့် စစ်တပ်အပေါ် အပြည့်အဝချုပ်ကိုင်နိုင်ရေးကို ပြင်ဆင်ရမည် ဖြစ်ပါသည်။ ထိုသို့ လုပ်ဆောင်ရန်မှာ စစ်တပ်မှ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ခွင့်ပြုသည်ဟု ဆိုရုံမျှလောက်ဖြင့် လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ စစ်တပ်က လွှတ်တော်တွင် ၎င်းတို့နေရာ ပျောက်ဆုံးသွားသည်အထိ ပြင်ဆင်ခြင်းမျိုးကို လွယ်လွယ် ခွင့်ပြုလိမ့်မည်မဟုတ်ပေ။

နိုင်ငံတကာအသိုင်းအဝိုင်းသည် မုန့်လည်းဝေ၊ တုတ်လည်းဝေမည့် အစီအစဉ်များပြ၍ စစ်တပ်ကို အထက်ပါ အခြေခံဥပဒေ ပြင်ဆင်ရေး မျိုးအတွက် တွန်းအားပေးရမည်ဖြစ်ပါသည်။ စစ်တပ်သည် နိုင်ငံတကာချစ်ကြည်ရေး ရရှိရန် စိတ်အားထက်သန်နေရာ ရင်းနှီးမြှုပ်နှံမှုများ၊ ဖွံ့ဖြိုး တိုးတက်ရေးအကူအညီများ မှသည် ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ခရိုနီများ အိတ်ဖောင်းစေမည့် မက်လုံးများ ပေးရပါမည်။

အထက်ပါ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရေးအတွက် နိုင်ငံတကာ၏ ဖိအားများအပေါ် စစ်တပ်မှ တုန့်ပြန်မှုများ ပြုလုပ်လာရန်  အကြောင်းပြချက်ကောင်းများ ရှိပါသည်။ မြန်မာ့ခေါင်းဆောင်များသည် ကစားပွဲကို ကောင်းစွာကစားနိုင်ပါသည်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများ နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အောင်မြင်ပါက မက်လုံးပေးမည့် အစီအစဉ်များမရှိသော်လည်း မြန်မာနိုင်ငံက လုပ်ဆောင်နေပါသည်။ အဆုံးတွင် အောင်မြင်မှုရမည် မရမည် မသေချာသော်လည်း လောလောဆယ် နိုင်ငံတကာ အသိုင်းအဝိုင်းက ဆုလာဒ်များတော့ ပေးနေပြီ ဖြစ်ပါသည်။

(Dr Kristine Eck သည် Uppsala တက္ကသိုလ် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခလေ့လာရေးဌာန လက်ထောက်ပါမောက္ခဖြစ်ပြီး၊ အော်စလြို)