Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2013
Document yangonchronicle 2013

Snapshot of the item below:
yangonchronicle 2013

 

*

*

၂၃.၂.၂၀၁၃

နေ့စဉ်ထုတ်သတင်းလွှာ

  1. မြန်မာ့ရေငန်ပုဇွန်များ အမေရိကသို့ ပထမဆုံးအကြိမ် စတင်တင်ပို့
  2. ကုမ္ပဏီလုပ်ငန်းအမျိုးအစား(၈)မျိုးသတ်မှတ်၍ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေး
  3. ယခင် ဒဏ်ခတ်စာရင်းဝင်ဘဏ်လေးဘဏ်နှင့် ပူးပေါင်းလုပ်ကိုင်ရန် အမေရိကန်ငွေလွှဲခွင့်ပေး
  4. NLD အမျိုးသားကျန်းမာရေးကွန်ရက် မတ်လတွင် စတင်ဆောင်ရွက်မည်

**********************************************************************************

နေ့စဉ်ထုတ်သတင်းလွှာ

မြန်မာ့ရေငန်ပုဇွန်များ အမေရိကသို့ ပထမဆုံးအကြိမ် စတင်တင်ပို့

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံသို့ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေငန်ပုစွန်များ ပထမဆုံးအကြိမ် စတင်တင်ပို့နေပြီဖြစ်ကြောင်း မြောက်ဥက္ကလာပစက်မှုဇုန်မှ အိုးရှင်းပာားဗက်(မြန်မာ)ကုမ္ပဏီလီမီတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြတ်အောင်ညွှန့်က ပြောကြားခဲ့သည်။

ထိုသို့ မြန်မာနိုင်ငံထွက် ရေငန်ပုစွန်များတင်ပို့ခွင့်ရရှိနိုင်စေရန် အမေရိကန်နိုင်ငံမှ ကမ်းလှမ်းခဲ့သည့်အတွက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ရက်နေ့တွင် အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ရှိ Red Chamber ကုမ္ပဏီသို့တင်ပို့ခဲ့ရာတွင် ငါးလုပ်ငန်းဦးစီးဌာနမှ ကူညီပံ့ပိုးမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသို့တင်ပို့ခဲ့သည့် ရေငန်ငါးပုစွန်များကို ငါးလုပ်ငန်းဦးစီးဌာနမှ ပို့ကုန်အရည်အသွေးစစ်ဆေးမှုများ၊ စက်ရုံစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့သည့်အပြင် အိုးရှင်းပာားဗက်(မြန်မာ) ကုမ္ပဏီမှ ဝန်ထမ်းများကိုလည်း သင်တန်းပို့ချမှုများပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှထွက်ရှိသည့် ရေငန်ပုစွန်များကို စိစစ်ရွေးချယ်၍ အမေရိကန်နိုင်ငံ သို့တင်ပို့နိုင်ရန် ဝယ်ယူစုဆောင်းခဲ့ခြင်းဖြစ်ပြီး စင်္ကာနိုင်ငံမှတစ်ဆင့် အအေးခန်းပါသင်္ဘောဖြင့် တင်ပို့ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ရေငန်ပုစွန်များကိုသာမက ကင်းမွန်၊ တီလားဗီးယားအသားလွှာများကို ဆက်လက်တင်ပို့ခွင့်ရရှိနိုင်ရေးအတွက် ကြိုးစားသွားမည်ဖြစ်သည့်အပြင် ပြည်တွင်းရေထွက်ကုန်ပစ္စည်းများ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ထိုးဖောက်ခွင့်ရရှိနိုင်စေရန်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရသည်။

YC

                            ******************************************************************

ကုမ္ပဏီလုပ်ငန်းအမျိုးအစား(၈)မျိုးသတ်မှတ်၍ မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေး

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ လုပ်ငန်းအမျိုးအစား(၈)မျိုးသတ်မှတ်၍ ကုမ္ပဏီများမှတ်ပုံတင်သက်တမ်းကို ယခင် ၂၀၁၁ ခုနှစ်တွင် စာအမှတ် ၅၃၂/၃၁၂ သက်တမ်းတိုး/အဖရ အရ ၂ နှစ်မှ ၃ နှစ်သို့ သက်တမ်းတိုးမြှင့်သတ်မှတ်ပေးခဲ့ရာမှ ယခုအခါ သက်တမ်း ၃ နှစ်မှ ၅ နှစ်သို့ထပ်မံ သက်တမ်းတိုးမြှင့်ပေးတော့မည်ဖြစ်ကြောင်း ကြေညာချက်အမှတ် ၁ /၂၀၁၃ ကို ထုတ်ပြန်ကြေညာခဲ့သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ခွဲခြားသတ်မှတ်ပေးခဲ့သည့် လုပ်ငန်းအမျိုးအစား(၈)မျိုးမှာ ရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ စက်မှုလက်မှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ပာိုတယ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း၊ ဆောက်လုပ်ငန်းလုပ်ငန်းနှင့် ဘဏ်လုပ်ငန်း တို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ ပိုမိုလွယ်ကူချောမွေ့စွာဆောင်ရွက်နိုင်ရေး၊ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အပိုကုန်ကျမှုများ လျော့နည်းစေရန်နှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုမ္ပဏီများ မှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပြင်ဆင်သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

ကုမ္ပဏီများမှတ်ပုံတင်ရာတွင် လုပ်ငန်းအမျိုးအစားခွဲခြားခြင်းမပြုလုပ်ဘဲ မိမိတို့သင်းဖွဲ့မှတ်တမ်းတွင် လုပ်ကိုင်ဆောင်ရွက်မည့် လုပ်ငန်းများကိုသာ တိတိကျကျထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ပြန်လည်စိစစ်၍ လုပ်ငန်းအမျိုးအစားအလိုက် ခွဲခြားသတ်မှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘဏ်လုပ်ငန်းဆောင်ရွက်နေသူများအနေဖြင့် မြန်မာနိုင်ငံ ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၃(က)နှင့် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ အခန်း ၁၀-က၊ ပုဒ်မ ၂၇၇ နှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

YC

                                                              *********************************************************************

ယခင် ဒဏ်ခတ်စာရင်းဝင်ဘဏ်လေးဘဏ်နှင့် ပူးပေါင်းလုပ်ကိုင်ရန် အမေရိကန်ငွေလွှဲခွင့်ပေး

ယခင် မြန်မာနိုင်ငံအား အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့အရေးယူမှုတွင် ဒဏ်ခတ်ထားခဲ့သည့် မြန်မာအစိုးရပိုင် မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုဘဏ်၊ ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် ဦးတေဇပိုင် အာရှစိမ်းလန်းရေး ဘဏ်တို့အား အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ငွေအလွှဲအပြောင်၊ အခြေားငွေကြေးဆိုင်ရာဝန်ဆောင်မှု လုပ်မည့်ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် ဘဏ်များအား ငွေလွှဲပို့ခွင့် အထွေထွေလိုင်စင်ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ အမေရိကန်နိုင်ငံမှ မြန်မာ့ဘဏ်လေးခုအား ငွေလွှဲပို့ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် အမေရိကန်ကုမ္ပဏီများနှင့် NGO လုပ်ငန်းများမှ မြန်မာနိုင်ငံရှိအကြီးဆုံဘဏ်ကြီးများနှင့် ဆက်သွယ်ဆောင်ရွက်ခွင့်ရရှိလာနိုင်မည်ဖြစ်သည့်အပြင် မြန်မာ-အမေရိကန် နှစ်နိုင်ငံ၏ ငွေကြေးစနစ်များလည်း ချိတ်ဆက်ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသည် မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့ပြီးနောက် မြန်မာနိုင်ငံအစိုးရသစ် လက်ထက်တွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် နိုင်ငံရေးအကျဉ်းသား အများအပြားကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့်အတွက် အမေရိကန်နိုင်ငံမှ ၂၀၁၂ ဇူလိုင်လတွင် ဒဏ်ခတ်ပိတ်ဆို့မှု လျှော့ချရေးနှင့် ရင်းနှီးပြန်လည်ခွင့်ပြုခြင်းများကို ပြုလုပ်ပေးခဲ့သည်။

မြန်မာနိုင်ငံအတွင်း ကူးသန်းရောင်းဝယ်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများကို ရှာဖွေလေ့လာနိုင်ရန် ဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း အမေရိကန်နိုင်ငံ၏ စိုက်ပျိုးရေး၊ ကားထုတ်လုပ်ရေး၊ အီလက်ထရောနစ်လျှပ်စစ်ပစ္စည်း၊ စွမ်းအင်၊ ကုန်လက်လီအရောင်း၊ တယ်လီဖုန်းဆက်သွယ်ရေးနှင့် အခြားကဏ္ဍ အသီးသီးရှိ စီးပွားရေးလုပ်ငန်းရှင်ကိုယ်စားလှယ်အဖွဲ့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။

YC

************************************************************************************

NLD အမျိုးသားကျန်းမာရေးကွန်ရက် မတ်လတွင် စတင်ဆောင်ရွက်မည်

မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ် ပိုမိုတိုးတက်ကောင်းမွန်လာနိုင်စေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီ၏ အမျိုးသားကျန်းမာရေးကွန်ရက် လုပ်ငန်းစဉ်များကို လာမည့်မတ်လမှစတင်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်အဖွဲ့ဝင် ဒေါက်တာကျော်စွာဦးက ပြောကြားခဲ့သည်။

NLD ပါတီ၏ အမျိုးသားကျန်းမာရေးကွန်ရက်ကို ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်းရှိ ဆရာဝန်များအတွက် စဉ်ဆက်မပျက် ဆေးပညာသင်ကြားရေးသင်တန်းများ၊ အထွေထွေရောဂါကု ဆရာဝန်များအတွက် လိုအပ်သည့်သင်တန်းများ၊ အလုပ်နှင့်ပူးတွဲ သင်ကြားနိုင်သည့် Job Training သင်တန်းများကို ဖွင့်လှစ်သင်ကြားနိုင်ရန် ပြည်တွင်း၊ ပြည်ပမှ ဆရာဝန်ကြီးများနှင့်လည်း ဆွေးနွေးထားပြီးဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထိုသို့ နိုင်ငံတကာက ဆရာဝန်ကြီးများ လာရောက်သင်ကြားပေးပါက မြန်မာနိုင်ငံ၏ ကျန်းမာရေးစနစ်ကို အပြည့်အဝနားလည်နိုင်ရန် ခက်ခဲမည်ဖြစ်သည့်အတွက် ပြည်သူ့ဆေးရုံကြီးများတွင် တာဝန်ထမ်းဆောင်နေသော ဆရာဝန်ကြီးများ သင်ကြားပေးမည်ဆိုပါက ပိုမိုအဆင်ပြေ စေနိုင်မည်ဖြစ်ကြောင်း အသက် ၂၆ နှစ်အရွယ်ရှိ ဆရာဝန်တစ်ဦးက ၎င်း၏ထင်မြင်ချင်ကို ပြောကြားခဲ့သည်။

အမျိုးသားကျန်းမာရေးကွန်ရက်မှ အရေးပေါ်ဆေးကုသမှုအတွက် Mobile Team (ရွှေ့ပြောင်းကုသရေးအဖွဲ့)များ ဖွဲ့စည်းခြင်းနှင့် အရေးပေါ်ကုသရေးဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်သည့်နည်းပညာပိုင်းအကူအညီများရနိုင်စေရန် ကျွမ်းကျင်ပညာရှင်တို့က သင်တန်းများ လာရောက်သင်ကြားပေးရန်ရှိကြောင်း NLD အမျိုးသားရေးကွန်ရက်မှ ထုတ်ပြန်ကြေညာခဲ့သည်။

 YC

*********************************************************************************

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment