Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“နိုင်ငံသားတစ်ယောက်အနေနဲ့တော့ ဂုဏ်ယူပါတယ်။ ဒါပေမဲ့ တကယ့်အနေအထားမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အာမခံ ချက်ရှိတဲ့ အနေအထားတစ်ခုတောင် မရောက်သေးပါဘူး။ အခု ရရှိထားတာကလည်း အပစ်အခတ်ရပ်စဲရေး အဆင့်ပဲ။ ဒါတွေ က မနက်ဖြန်၊ သန်ဘက်ခါ ပြန်ပြီးတိုက်ပွဲ ဖြစ်နိုင်တာပဲ။ ကျွန်တော်ကတော့ ထိုက်တန်တယ်၊ မထိုက်တန်တယ်ဆိုတာထက် ဒီဆုဟာ အခုဖြစ်နေတဲ့ အခြေအနေတွေကို ပိုကောင်းအောင်လုပ်ဖို့ တွန်းအားပေးလိုက်တာလို့မြင်တယ်။ ဒါကို သမ္မတကြီးကို လည်း နားလည်စေချင်တယ်”

ဧပြီလ ၂၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၈) တွင်ပါရှိသော “နိုင်ငံတကာ ဝေဖန် မှုများကြား မှ ICG ၏ ငြိမ်းချမ်းရေးဆု သမ္မတဦးသိန်းစိန်ရရှိခဲ့”သတင်းမှ ကချင်လူမျိုး ကိုဂျော်ဂွန်း၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“ပဋိပက္ခဆိုတာ တစ်ဖက်တည်းမဟုတ်ဘူး။ ဘက်ပေါင်းစုံက ကြည့်ရတာ။ ပြည်တွင်းအနေအထားကို အပြင်ကကြည့်တာနဲ့ ပြည်တွင်းကကြည့်တာ မတူပါဘူး။ ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးကာလမှာ အရင်တုန်းက မကျေနပ်ချက်တွေ တောင်းဆိုလာကြတာဟာ အထူးအဆန်းမဟုတ်ပါဘူး။ လွတ်လပ်မှုကြောင်း ထွက်ပေါ်လာတဲ့ ဝေဖန်မှုတွေကိုလည်း ပိတ်ပင် လို့ မရပါဘူး။ ဒီဝေဖန်မှုကနေ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့ ဆောင်ရွက်ချက်တွေ၊ နောက် Change of Commands မှာ ပြဿနာ ရှိနေလားဆိုတာတွေကို ပြန်သုံးသပ်ဖို့ လိုတယ်လို့ထင်တယ်”

ဧပြီလ ၂၆ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၈) တွင်ပါရှိသော “ရခိုင်ကော်မရှင်၏ အစီရင်ခံစာ သမ္မတရုံးသို့ တင်ပြထားပြီးဖြစ်”သတင်းမှ  ဦးအောင်နိုင်ဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“လာမယ့် လွှတ်တော်မှာ လယ်သမားအတွက်ရော၊ လက်ရှိပြောင်းလာတဲ့စနစ်အရရော ခေတ်မမီတော့တဲ့ ၁၈၉၄ မြေသိမ်း အက်ဥပဒေကို ပြင်ဆင်ဖို့ တင်ပြသွားမှာပါ။ ၁၈၉၄ ကတည်းက ဖြစ်တဲ့အတွက် တော်တော့ကိုလည်း ကြာနေပြီ။ ပြီးတော့ အဲဒီ ဥပဒေပြင်ဆင်ရေးအပြင် သောင်ထွန်းလယ်မြေတွေကို မြေအသိမ်းခံလယ်သမားတွေကို အချိုးကျပြန်လည် ခွဲဝေပေးဖို့ ကိစ္စ ကိုလည်း လာမယ့်လွှတ်တော်မှာ ဆက်လက်ကြိုးစား တင်ပြသွားမှာပါ”

ဧပြီလ ၂၅ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၃၇) တွင်ပါရှိသော “ခေတ်မမီတော့သည့် ၁၈၉၄ မြေသိမ်းအက်ဥပဒေပြင်ဆင်ရေးအတွက် လာမည့်လွှတ်တော်တွင် တင်ပြနိုင်ရန်အတွက် ကြိုးပမ်းသွားမည်ဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော် ပြုပြင်ပြောင်းလဲရေးကော်မတီဥက္ကဋ္ဌ ဥိးအောင်သိန်းလင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဖွဲ့စည်းပုံဆိုတာ ပြင်လို့ရပါတယ်။ ဒါပေမယ့် ပြည်သူတွေအတွက် အကျိုးရှိရမယ်။ ပြင်ရုံမက အသစ်တောင် ဆွဲခဲ့သေးတာပဲ။ ခေတ်အဆက်ဆက် နိုင်ငံရေးလမ်းကြောင်း ရွေးတဲ့အခါမှာလည်း ပြည်သူတွေအတွက် နိုင်ငံအတွက် အကျိုးရှိမှာကိုပဲ ရွေးခဲ့ တာ။ တစ်ပါတီစနစ် သွားတုန်းကလည်း ဖွဲ့စည်းပုံအသစ် ဆွဲခဲ့တာပဲ။ အဲဒါက ၁၉၇၄ မှာနောက်ကျတော့ တစ်ပါတီစနစ်သည် မကောင်းဘူး။ အပြန်အလှန် ထိန်းကျောင်းမှုစနစ်အရ တစ်ဦးတစ်ယောက်တည်းမှာ အာဏာအများကြီး ပေးထားရင် မှား တက်တယ်။ ဒါ့ကြောင့် ပါတီစုံစနစ်လို လက်ခံကျင့်သုံးမယ်ဆိုပြီး ၂၀၀၈ မှာ အသစ် ရေးဆွဲခဲ့တာပဲလေ။ ဒီတော့ ဖွဲ့စည်းပုံက ပြင်ရုံမက အသစ်ပါရေးလို့ရတယ်။ ဒါပေမယ့် ဒီလိုပြင်ခြင်းက နိုင်ငံနဲ့ပြည်သူအတွက် အကျိုးရှီမှာလား၊ နောက်ဘာကြောင့် ပြင်မှာလည်းဆိုတဲ့ အကြောင်းပြချက်ကလည်း အရေးကြီးတယ်။ တစ်ဦးတစ်ယောက်အတွက်လား အဖွဲ့အစည်းတစ်ခု အတွက်လားဆိုတာလည်း စဉ်းစားရမယ်။ ဒီအချက်တွေစုံလင်ပြီဆို ဘာကိုပြင်မှာလဲဆိုတာလည်း စဉ်းစားရမယ်”

ဧပြီလ ၂၅ ရက်နေ့ထုတ် Hot News Journal အတွဲ (၃) အမှတ် (၁၃၇) တွင်ပါရှိသော “ဖွဲ့စည်းပုံ ဥပဒေ၌ ပြင်မည့်အချက်များ ပြည်သူလူထု အကျိုးကိုသာ ကိုယ်စားပြုရန်လို” သတင်းမှ ပြည်ခိုင်ဖြိုးပါတီဒုဥက္ကဋ္ဌ ဦးဋ္ဌေးဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံတွင်း ကျနော်တို့ လုပ်ငန်းတွေမှာတော့ ကျနော်တို့အာရုံထားလုပ်ကိုင်တဲ့ ကိစ္စတချို့ရှိပါတယ်။ ပထမတခု ကတော့ ဈေးကွက်ဖွင့်ပြီး စီးပွားရေးအခြေအနေ တိုးတက်ကောင်းမွန်အောင်လုပ်ဖို့၊ နောက် ပြည်သူပိုင်နဲ့ ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေကို အားပေးကူညီဖို့၊ သိပ်မကြာခင်က ကျနော် မြန်မာပြည်ကိုသွားခဲ့တုန်းကလည်း ကျနော် နဲ့အတူ အမေရိကန်က နည်းပညာဆိုင်ရာ ကုမ္ပဏီကြီးတွေလိုက်ပါပြီး အဆင့်မြင့်ပညာရေး လုပ်ငန်းတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့နဲ့ မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ ရှာဖွေဖို့ ကိစ္စတွေကို ဆောင်ရွက်ခဲ့ပါတယ်။"

ဗီအိုအေ သတင်းဌာနတွင်ပါဝင်သော “မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး USAID တိုးမြှင့်ကူညီ” သတင်းမှ USAID အကြီးအကဲ ရာဂျစ်ရှား (Rajiv Shah) ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment