Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ဆိုင်ကလုန်းမဟာစင် အားပျော့သွားခြင်းကြောင့် ထိခိုက်မှုနည်းသွားကြောင်း ကုလအကဲဖြတ်

(UN News Center မှ 17  May 2013 ရက်စွဲပါ  “UN assesses Law damage from weakened Cyclone Mahason in Bangladesh, Myanmar “ သတင်းကိုဘာသာပြန်ဆိုသည်။ )

  1. တိုက်ခိုက်မှုကြောင့် ပိုက်လိုင်းအစီအစဉ်ကိုမထိခိုက်

(Energy Tribune မှ 17 May 2013 ရက်စွဲပါ “Myanmar pipeline on schedule despite attack” သတင်းကို ဘာသာပြန်သည်။)


ဆိုင်ကလုန်းမဟာစင် အားပျော့သွားခြင်းကြောင့် ထိခိုက်မှုနည်းသွားကြောင်း ကုလအကဲဖြတ်

(UN News Center မှ 17  May 2013 ရက်စွဲပါ  “UN assesses Law damage from weakened Cyclone Mahason in Bangladesh, Myanmar “ သတင်းကိုဘာသာပြန်ဆိုသည်။ )

ယမန်နေ့ အပူပိုင်းဆိုင်ကလုံးမဟာစင် ဝင်ရောက်တိုက်ခတ်သွားပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာဒေသများကို ကုလသမဂ္ဂအေဂျင်စီများနှင့် လုပ်ဖော်ကိုင်ဖက်များက အကဲဖြတ်နေကြပြီဖြစ်ပြီး အားလျော့ပျက်ပျယ်သွားသော ဆိုင်ကလုံး ကြောင့် မူလကစိုးရိမ်ထားသလောက် ထိခိုက်ပျက်စီးမှုမရှိဟု သိရသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက ၆ဦးသေဆုံးပြီး ရေလွှမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရသူအနည်းငယ်ရှိသည်ဟု သတင်း ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံဖက်တွင် အသေအပျောက်မရှိဟု သတင်းထုတ်ပြန်ထားကြောင်း ကုလလူသားချင်း စာနာမှုညှိနှိုင်းရေးဌာန OCHA ကအစီရင်ခံစာထုတ်ပြန်သည်။

OCHA အစီရင်ခံစာတွင် “ အကဲဖြတ်သုံးသပ်မှုများကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ လွန်ခဲ့သော ငါးရက်က ခန့်မှန်းထားသလောက် ပျက်စီးမှုမရှိကြောင်း၊ အိမ်ခြေပျက်စီးမှုအနည်းငယ်သာရှိကြောင်း” ဖော်ပြထားသည်။

မုန်တိုင်းဒဏ်ခံဒေသများပေါ်သို့ လေကြောင်းမှပျံသန်း အကဲဖြတ်ရာတွင် သိသိသာသာပျက်စီးမှု မရှိသော်လည်း နေရာကွက်၍ ရေလွှမ်းမိုးမှုရှိနေပြီး၊ သောက်သုံးရေ အညစ်အကြေးစွန့်ပစ်မှုနှင့် ယာယီခိုလှုံရန်နေရာ အနည်းငယ်သာ ရှိသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံဖက် ရခိုင်ပြည်နယ်တွင်မူ ကုလသမဂ္ဂနှင့် အင်ဂျီအိုအဖွဲ့များက ဒုက္ခသည် ၁၂၀,၀၀၀ခန့်ကို ဘေးကင်းရန် ကုန်းမြင့်နေရာများသို့ ရွှေ့ပြောင်းပေးခြင်းအပါအဝင် ကြိုတင်ပြင်ဆင်မှုများကို မတ်လကတည်းကပင် ဆောင်ရွက်ခဲ့ကြပြီး၊ အာဏာပိုင်များကလည်း အနီးကပ်ကာကွယ်ရေး အစီအမံများဆာင်ရွက်ခဲ့သည်။

ကနဦး အကဲဖြတ်ချက်များအရ မုန်တိုင်းကြောင့် သိသိသာသာထိခိုက်ပျက်စီးမှုမရှိကြောင်း ညွှန်ပြနေသော်ငြားလည်း မုတ်သုံမိုးရာသီ ဆက်လက်ဝင်ရောက်လာမှုကြောင့် အိုးမဲ့အိမ်မဲ့ဒုက္ခကို ဆက်လက်ရင်ဆိုင်နေရမည့် အရပ်သားများကို အကာအကွယ်ပေးရန်အတွက် ၄င်းဒေသမားကို ကုလအေဂျင်စီများနှင့် လုပ်ဖော်ကိုင်ဖက်ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်လေ့လာ စောင့်ကြည့်လျက်ရှိသည်။


 

တိုက်ခိုက်မှုကြောင့် ပိုက်လိုင်းအစီအစဉ်ကိုမထိခိုက်

(Energy Tribune မှ 17 May 2013 ရက်စွဲပါ “Myanmar pipeline on schedule despite attack” သတင်းကို ဘာသာပြန်သည်။)

ယခုနှစ်ကုန်တွင် တရုတ်နိုင်ငံသို့ ပိုက်လိုင်းနှစ်သွယ်ဖြင့် ရေနံနှင့်ဓာတ်ငွေ့စတင်ပို့မည့်ု အစီအစဉ်သည် မြန်မာသူပုန်များ၏ ယခုသတင်းပတ်တိုက်ခိုက်မှုကြောင့် နှောင့်နှေးကြန့်ကြာမည်မဟုတ်ကြောင်း မြန်မာအစိုးရ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်နယ်စပ်မှ တည်ဆောက်ရေးလုပ်ငန်းခွင်ကို သူပုန်များပစ်ခတ်မှုကြောင့် CNPC တရုတ်ရေနံကုမ္ပဏီအတွက် ကန်ထရိုက်လုပ်ငန်းလုပ်ကိုင်နေသူ မြန်မာနိုင်ငံသားနှစ်ဦးသေဆုံးသွားသည်ဟု မြန်မာစွမ်းအင်ဝန်ကြီးဦးဌေးအောင်က ပြောကြားသည်။

“ဒီဖြစ်ရပ်ကြောင့် စီမံကိန်းသတ်မှတ်ကာလကို ထိခိုက်စရာမရှိပါဘူး။ တည်ဆောက်မှုတွေတော့ ပြီးစီးကာနီးနေပါပြီ။ ရေနံစိမ်းပို့လွှတ်ဖို့ရက် မသတ်မှတ်ရသေးပေမယ့် ဇူလိုင်လမှာ ပထမဦးဆုံးဓာတ်ငွေ့ပို့လွှတ်နိုင်တော့မှာပါ။ ရေနံစိမ်းကိုလည်း ဒီနှစ်အတွင်း ပို့လွှတ်နိုင်အောင်ကြိုစားမှာပါ“ ဦးဌေးအောင်ကဆိုပါသည်။

တရုတ် CNPC ကုမ္ပဏီက ရှယ်ယာအများစုထည့်ဝင်ထားသော အဆိုပါပိုက်လိုင်းများကို ဘင်္ဂလားပင်လယ်အော် ကမ်းခြေ ကျောက်ဖြူမှ ယူနန်ပြည်နယ်သို့ သွယ်တန်းထားခြင်းဖြစ်ပြီး၊ တည်ဆောက်မှုပြီးစီးချိန်တွင် တစ်ရက်လျှင် ရေနံစိမ်းစည်ပေါင်း ၄၄၀,၀၀၀ နှင့် တစ်နှစ်လျှင်သဘာဝဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ ပို့လွှတ်ပေးနိုင်မည်ဖြစ်သည်။

သို့သော်လည်း ယခုသတင်းပတ် တိုက်ခိုက်မှုအပါအဝင် အပစ်ရပ်သဘောတူညီမှုရရှိခဲ့သော်လည်း ပြီးခဲ့သောလပိုင်းများအတွင်း တရုတ်နယ်စပ်တွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။

ဒေသခံရွာသား ၂၀၀၀ ကျော် နယ်စပ်ဖြတ်ကျော်ထွက်ပြေးတိမ်းရှောင်ခဲ့ရသော အစိုးရတပ်နှင့်ရှမ်းတပ်ဖွဲ့တို့အကြား တိုက်ပွဲအပြီးတွင် ပြန်လည်အေးချမ်းနေပြီဟု အာဏာပိုင်များကို ကိုးကား၍ ပြည်တွင်းမီဒီယာက သတင်းထုတ်ပြန်ထားသည်။

ပိုက်လိုင်းကာကွယ်ရေးနှင့် ဆက်စပ်နေသည့် လုံခြုံရေးကိစ္စများအပေါ် မှတ်ချက်ပေးရန် ဦးဌေးအောင်က ငြင်းဆိုသည်။

ပိုက်လိုင်းများနှင့် ပထမဆုံးဆက်စပ်နေသည့် တနင်္လာနေ့ကတိုက်ခိုက်မှုနှင့်ပတ်သတ်၍ မည်သည့်အုပ်စုကမှ တာဝန်ခံခြင်းမရှိပေ။ ရှမ်အုပ်စု RCSS ၏ လက်နက်ကိုင်တပ်ဖွဲ့ကလည်း ယင်းတိုက်ခိုက်မှုနှင့် မပတ်သတ်ကြောင်း ငြင်းဆိုသည်။

၎င်းပိုက်လိုင်းများသည် စွမ်းအင်ဖူလုံမှုအတွက် ဘီဂျင်း၏ ကြိုးပမ်းမှုတွင် မဟာဗျူဟာမြောက်အရေးပါသော စီမံကိန်းဖြစ်သည်။

စင်ကာပူအမျိုးသားတက္ကသိုလ်မှ တရုတ်ဧည့်ပါမောက္ခ ဇူဟောင်က ” ဒီတိုက်ခိုက်မှုဟာ တရုတ်ကုမ္မဏီတွေနဲ့ အစိုးရတာဝန်ရှိသူတွေအတွက် ကြီးကြီးမားမားစိုးရိမ်စရာကိစ္စဖြစ်ပါတယ်။ နှစ်နိုင်ငံအကြား နိုင်ငံရေးဆက်ဆံမှု မကောင်းတော့ လို့ မနှစ်ကမြန်မာနိုင်ငံမှာ တရုတ်ရင်းနှီးမြှုပ်နှံမှု သိသိသာသာထိုးကျသွားခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။

ရန်ကုန်မြို့မှ အကဲခတ်များကမူ တရုတ်တို့အနေဖြင့် ၄င်းပိုက်လိုင်းများတည်ငြိမ်လုံခြုံရေးအတွက်  ဝ အုပ်စု UWSA ကို စစ်ရေးထောက်ပံမှုရက်ဆိုင်းခြင်းဖြင့် အလှဲအလှယ်လုပ်ရဖွယ်ရှိသည်ဟု ခန့်မှန်းပြောဆိုကြသည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment