Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. ရန်ကုန်မြို့ ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားတင်ဒါများခေါ်မည်

(16 June 2013 ရက်စွဲပါ Bangkok Post မှ Myanmar to take foreign tenders ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာ့ရေနံလုပ်ကွက်သစ်များအတွက် အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီများ တင်ဒါဝင်ဆွဲကြမည်

(Natural Gas Asia မှ 14 Jun 2013 ရက်စွဲပါ “Indian State firms to bid for Myanmar oil, gas blocks”သတင်းကို ဘာသာပြန်ဆိုသည်)

  1. မကြာမီ တရုတ်သို့ ရေနံနှင့် ဓာတ်ငွေ့များ မြန်မာစတင်ပို့လွှတ်ဖွယ်ရှိ

(The Gulf Today မှ 17 Jun 2013 ရက်စွဲပါ “Myanmar may start pumping oil,gas to China”သတင်းကို ဘာသာပြန်ဆိုသည်)


ရန်ကုန်မြို့ ဖွံ့ဖြိုးမှုအတွက် နိုင်ငံခြားတင်ဒါများခေါ်မည်

(16 June 2013 ရက်စွဲပါ Bangkok Post မှ Myanmar to take foreign tenders ကိုဘာသာပြန်ဆိုသည်)

ရန်ကုန်မြောက်ပိုင်းတွင် မြို့ကြီးတစ်မြို့ဖြစ်ရန် ရည်ရွယ်သော ပရောဂျက်အတွက် နိုင်ငံခြားကုမ္ပဏီများကို တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

“ပြည်တွင်းကုမ္ပဏီတွေဆီကရော နိုင်ငံခြားကုမ္ပဏီတွေဆီကပါ တင်ဒါတွေမကြာခင် ခေါ်ယူသွားမှာဖြစ်ပါတယ်”ပာု ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“အဲဒီတင်ဒါတွေဆီမှာ ပာိုတယ်၊ ဈေးဝယ်စင်တာနဲ့ နေအိမ်တွေအပါအဝင် အဆောက်အဦးဆောက်လုပ်မှုတွေ ပါဝင် ပါမယ်။ မရမ်းကုန်းမြို့နယ်မှာ သုံးနှစ်အတွင်းဆောက်ရပါမယ်”ပာု အမည်မဖော်လိုသူ အဆိုပါတာဝန်ရှိသူကဆိုပါသည်။

မရမ်းကုန်းမြို့နယ်တွင်(၁၆၂)ပာက်တာ အကျယ်အဝန်းရှိ ဖွံ့ဖြိုးမှုစီမံကိန်းသည် မြန်မာအစိုးရ၏ မပာာရန်ကုန်ဖွံ့ဖြိုး တိုးတက်မှု မပာာဗျူပာာစီမံကိန်း၏အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂျပန်နိုင်ငံတကာ ကော်ပိုရေးရှင်းအေဂျင်စီထံမှနည်းပညာကူညီ မှုများ ရယူလျက်ရှိပါသည်။

စီမံကိန်းတွင် လမ်းသစ်များ၊ ရထားလမ်းများ၊ လေယာဉ်ကွင်းများနှင့် စိမ်းလန်းရေးဇုန်နှင့် အိမ်ယာစီမံကိန်းကြီးများ ပါဝင်ပါသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေယာဌာနက ပြီးခဲ့သည့်လက ကြေညာခဲ့ရာတွင် ရန်ကုန် သည် ၂၀၄၀ တွင် မြို့တော်ကြီးတစ်ခုဖြစ်ပြီး လူဦးရေ(၁၀)သန်းကျော် နေထိုင်နိုင်ရန် ဖြစ်လာမည်ဖြစ်ပြီး၊ ယခုလက်ရှိ (၅.၁၄) သန်း နေထိုင်နေသည်ပာုဆိုပါသည်။


မြန်မာ့ရေနံလုပ်ကွက်သစ်များအတွက် အိန္ဒိယနိုင်ငံပိုင်ကုမ္ပဏီများ တင်ဒါဝင်ဆွဲကြမည်

(Natural Gas Asia မှ 14 Jun 2013 ရက်စွဲပါ “Indian State firms to bid for Myanmar oil, gas blocks”သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယနိုင်ငံပိုင် ရေနံကုမ္ပဏီများဖြစ်ကြသော ONGC Videsh Ltd. Indian Oil Corp နှင့် GAIL တို့သည် မြန်မာ နိုင်ငံမှ ရေနံဓာတ်ငွေ့လုပ်ကွက်(၈)ခုကို တင်ဒါဆွဲကြလိမ့်မည်ပာု Dow Jones Newswire က ရေနံဝန်ကြီး ဗီရာပါမွိုင်လီ၏ စကားကို ကိုးကား၍သတင်းထုတ်ပြန်သည်။

ကုမ္ပဏီသုံးခုသည် ကုမ္ပဏီတစ်ခုတည်းဖြစ်စေ၊ ပူးတွဲဖြစ်စေ တင်ဒါဆွဲကြလိမ့်မည်ပာု ဝန်ကြီးမွိုင်လီက ဆိုပါသည်။

မြန်မာကမ်းလွန်ရှိ ရေနံနှင့် ဓာတ်ငွေ့လုပ်ကွက်သစ် ၃၀ ကိုလုပ်ကိုင်ရန်တင်ဒါခေါ်ခြင်းကို သောကြာနေ့က ပိတ်သွား ပြီးနောက် မွိုင်လီက မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်ပာု Dow Jones News wire ကဆိုပါသည်။

ရေနက်ပိုင်းလုပ်ကွက် ၁၉ ခုအတွက်တင်ဒါအောင်သော ကုမ္ပဏီများသည်နိုင်ငံပိုင် မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း MOGE နှင့် ထုတ်လုပ်ခွဲဝေရေးဆိုင်ရာ စာချုပ်များချုပ်ဆိုရမည်ဖြစ်ပြီး၊ ကမ်းလွန်ရေတိမ်ပိုင်းလုပ်ကွက်(၁၁)ကွက်အတွက် တင်ဒါအောင်သော ကုမ္ပဏီများမှာမူ ပြည်တွင်းကုမ္ပဏီများ(မြန်မာကုမ္ပဏီများ)နှင့် ဖက်စပ်လုပ်ကိုင်ကြရမည်ပာု Dow Jones သတင်းတွင် ပါရှိသည်။

ရေနံဓာတ်ငွေ့ နယ်ပယ်တွင် ပြည်ပကုမ္ပဏီနှင့် မြန်မာနိုင်ငံပိုင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်ခြင်းမှာ သဘာဝကျသော် လည်း၊အရင်းအနှီးနှင့် နည်းပညာနှစ်မျိုးစလုံးချို့တဲ့သည့် ပြည်တွင်းကုမ္ပဏီများကအကျိုးအမြတ်ဝင်ယူသည့် ကိစ္စမှာမူအငြင်း ပွားစရာ မူဝါဒတစ်ခုဖြစ်နေကြောင်း ပြည်တွင်းမှ အကဲခတ်လေ့လာသူများက သုံးသပ်ပြောကြားသည်။


 

မကြာမီ တရုတ်သို့ ရေနံနှင့် ဓာတ်ငွေ့များ မြန်မာစတင်ပို့လွှတ်ဖွယ်ရှိ

(The Gulf Today မှ 17 Jun 2013 ရက်စွဲပါ “Myanmar may start pumping oil,gas to China”သတင်းကို ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံသည်တစ်ရက်လျှင်အကြမ်းဖျင်း ဒေါ်လာ ၄၅ သန်းတန်ဖိုးရှိသောရေနံနှင့်ဓာတ်ငွေ့များကို တရုတ်နိုင်ငံ သို့ပိုက်လိုင်းဖြင့်လာမည့်လအနည်းငယ်အတွင်း စတင်ပို့လွှတ်ရန်စီစဉ်နေပါသည်။ တရုတ်နိုင်ငံ၏ကြီးထွားနေသောစီးပွားရေး ကဏ္ဍအတွက်အသက် သွေးကြောသဖွယ် အရေးပါသော စွမ်းအင်ရင်းမြစ်များသည် ရေကြောင်းကြပ်ညှပ် ပိတ်ဆို့နေသော မလက္ကာရေလက်ကြားနှင့် စင်္ကာပူတို့ကို ရှောင်ကွင်းနိုင်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံကမ်းလွန်မှ ရေနံနှင့်ဓာတ်ငွေ့များကို ရှာဖွေတူးဖော်ရန် စိတ်ဝင်စားနေသော ပြည်ပနိုင်ငံများသည် စီးပွား ဖက်အဖြစ် ဆွေးနွေးရမည့်အစား ဝယ်ယူမည့်ဖောက်သည်အဖြစ် မြန်မာနိုင်ငံနှင့် ညှိနှိုင်းကြရတော့မည်ဖြစ်သည်။ မြန်မာနိုင်ငံ ၏ ဖောက်သည်ပောာင်းများဖြစ်သော တရုတ်နှင့် ထိုင်းနိုင်ငံတို့မှာမူ ယခင်လက်မှတ်ရေးထိုးပြီးသား အရောင်းအဝယ် သဘော တူစာချုပ်ပောာင်းများကို ပြန်လည်ပြင်ဆင်ချုပ်ဆိုထားကြပြီဖြစ်သည်။

တပ်မတော်အစိုးရ လက်ထက်တွင် ဘက်ပေါင်းစုံ ယိုယွင်းပြိုလဲသွားခဲ့သော မြန်မာနိုင်ငံသည် သယံဇာတ ရင်းမြစ် များကြွယ်ဝသော်ငြားလည် နိုင်ငံဖွံ့ဖြိုးရေးအတွက် သယံဇာတများကိုအသုံးချနိုင်စွမ်း အနည်းငယ်သာရှိသည်။ တပ်မတော် အစိုးရ ခေါင်းဆောင်များသည် ပြည်တွင်းထွက်သဘာဝဓာတ်ငွေ့ကို နိုင်ငံစီးပွားရေးဖွံ့ဖြိုးအောင် အသုံးချရမည့်အစား ၎င်းတို့ မက်မောသော နိုင်ငံခြားငွေရရှိအောင် ရောင်းချခဲ့ကြသည်။

အာဏာရှင်အကြီးအကဲ၏ညံ့ဖျင်းသော စီမံခန့်ခွဲမှုများကြောင့် ဒေသတွင်းနိုင်ငံများအကြား ဆိုးဆိုးဝါးဝါးနိမ့်ကျ ကျန် ရစ်ခဲ့သော မြန်မာနိုင်ငံသည် ၂၀၁၃ ဆီးဂိမ်းအိမ်ရှင်တာဝန်နှင့် ၂၀၁၄ အာဆီယံဥက္ကဋ္ဌတာဝန်တို့ကို လက်ခံထားသော်လည်း လူဦးရေသန်း ၆၀ ၏လေးပုံတစ်ပုံ(သို့) နိုင်ငံသားလေးဦးလျှင် တစ်ဦးသာ လျှပ်စစ်မီးသုံးစွဲနိုင်သည့် အဆင့်တွင်ရှိသည်။

နိုင်ငံတကာရေနံကုမ္ပဏီများအနေဖြင့် ကမ်းလွန်ရေနက်ပိုင်းလုပ်ကွက်များတွင် ပြည်တွင်းကုမ္ပဏီနှင့် လက်တွဲရန် မလိုသော်လည်း ရေတိမ်ပိုင်းနှင့် ကုန်းတွင်းလုပ်ကွက်များ၌ ပြည်တွင်းကုမ္ပဏီ(မြန်မာကုမ္ပဏီ)နှင့် လက်တွဲရန် အစိုးရက စည်းကမ်းသတ်မှတ်ထားခြင်းကို ယခုအခါပြန်လည်သုံးသပ်ပြင်ဆင်ရန်လိုကြောင်းနှင့် အရင်းအနှီးကော၊ နည်းပညာပါ နှစ်မျိုး လုံးချို့တဲ့သည့် ပြည်တွင်းကုမ္ပဏီများအားရေနံဓာတ်ငွေ့ကဏ္ဍ၌ အခွင့်ထူးပေးထားခြင်းသည် နောက်ထပ်ခရိုနီနယ်ပယ်သစ် တစ်ခုကို ဖန်တီးရာရောက်ကြောင်း ရန်ကုန်မြို့မှ အကဲခတ်များက မှတ်ချက်ပေးထားသည်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment