Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

  1. မန်မာသို့သုတ်ခြေတင်ရာ လမ်းပေါ်မှာ အရှိန်လျှော့မီးဝါ

(Bangkok Post မှ 22 Jun 2013 ရက်စွဲပါ “Yellow Light Myanmar gold rush”သတင်းကိုဘာသာပြန်ဆိုသည်)

  1. ဘာသာမတူ ထိမ်းမြားမှု ချုပ်ချယ်မည့် ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ပြစ်တင်ဝေဖန်

(AFP မှ 21 Jun 2013 ရက်စွဲပါ “ Suu Kyi Slams Marriage Law”သတင်းကို ဘာသာပြန်ဆိုသည် )


မြန်မာသို့သုတ်ခြေတင်ရာ လမ်းပေါ်မှာ အရှိန်လျှော့မီးဝါ

(Bangkok Post မှ 22 Jun 2013 ရက်စွဲပါ “Yellow Light Myanmar gold rush”သတင်းကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင်ပြည့်စုံသောဥပဒေနှင့် အခြေခံအဆောက်အဦးစနစ်မရှိခြင်းကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ အနေ ဖြင့် ဒုတိယအကြံအစည်ရှိဖို့လိုသည်ပာု UN Conference on Trade and Development မှ အထွေထွေအတွင်းရေး မှူးချုပ် ဆူပါချိုင်းပန်နစ်ပတ်ဒီက ပြောကြားလိုက်ပါသည်။

ယခုအခါ ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှုများသည် သယံဇာတကြွယ်ဝသော သုံးနိုင်ငံဖြစ်သည့် မြန်မာ Myanmar၊ မိုဂိုလီးယား Mongolia၊ မိုဇစ်ဘစ် Mozambique အပေါ်အာရုံကျနေကြပြီး M3 ပာု ရည်ညွှန်းကြသည်။

သို့သော် မြန်မာနိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် အဆင်သင့်မဖြစ်သေးသောကြောင့် ငွေပုံမအောမှီ သတိထားကြရန် ဆူပါချိုင်းက တိုက်တွန်းသည်။

“ထိုင်းနိုင်ငံရှေ့ရေး(သို့) အာဆီယံ နယ်မြေသစ်များတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကို မည်သို့ဦးဆောင်မလဲ”ပာု ခေါင်းစဉ် ပေးထားသော ထိုင်းကုန်သည်ကြီးများအသင်းဖိုရမ်တွင် ဆူပါချိုင်းက “မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကျွန်တော့်ကိုမေး လာရင် သံသယရှိတယ်လို့ ဖြေမှာပါ။ မြန်မာနိုင်ငံပာာ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ၊ အခြေခံအဆောက်အဦး စနစ် တွေမှာ တိုးတက်ဖို့အများကြီး လိုအပ်နေသေးတဲ့အတွက် ကုမ္ပဏီတွေ သတိထားကြဖို့လိုပါတယ်”ပာု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယတို့နှင့်လည်း၊ ပထဝီနိုင်ငံရေးကိစ္စရပ်များ ရှိနေသည်ပာု ၎င်းကဆိုသည်။ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းမပြုမီ ဂရုတစိုက်လေ့လာကြရန် ၎င်းကအကြံပြုသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှ သယံဇာတထုတ်၊ အစိုးရနဲ့ ပိုက်ဆံခွဲယူ၊ ပြီးတော့ ထားပစ်ခဲ့တာမျိုး မလုပ်ပဲနဲ့ စဉ်ဆက် မပြတ် ရင်းနှီးမြှုပ်နှံမှုများကို ဖြည်းဆည်းပေးဖို့လိုပါတယ်။ သယံဇာတတွေ ကုန်သွားရင်တောင် ရင်းနှီးမြှုပ်နှံထား နည်းပညာ လွှဲပြောင်းပေးထားစွမ်းရည်မြှင့်ပေးတာတွေ လုပ်ပေးဖို့လိုပါတယ်”ပာု ဆူပါချိုင်းက ပြောကြားသည်။

ထားဝယ်စီမံကိန်းနှင့်ပတ်သက်၍ ပြောကြားရာတွင် ဆူပါချိုင်းက လောလောဆယ်ဂျပန်နှင့် အခြားနိုင်ငံများပါဝင်ရန် မရေရာသော်ငြားလည်း ထိုင်းနိုင်ငံအတွက် ကြီးမားစွာအကျိုးဖြစ်ထွန်းစေလိမ့်မည်ပာုဆိုပါသည်။

မိုဇစ်ဘစ်မှာမူ ဘရာဇီးမှ ရင်းနှီးမြှုပ်နှံမှုများကိုဆွဲယူနေသည့် စိတ်ဝင်စားဖွယ်ရွေးချယ်စရာ နိုင်ငံတစ်ခုဖြစ်ပြီးနှစ် နိုင်ငံစလုံး ပေါ်တူဂီစကားကို သုံးစွဲကြသည်ပာု ၎င်းကဆိုသည်။

မစ္စတာဆူပါချိုင်းကအာဆီယံနိုင်ငံများအား တိုင်းပြည်အုပ်ချုပ်ရာတွင် နိုင်ငံရေးနှင့် စီးပွားရေးကိုခွဲခြားထားရန် အကြံ ပြုသည်။ သို့မပာုတ်ပါက စီးပွားရေးခန့်ခွဲမှုအပေါ် မမှန်ကန်သော နိုင်ငံရေးစွက်ဖက်မှုများ ရှိလာလိမ့်မည်ပာု သတိပေးသည်။


 ဘာသာမတူ ထိမ်းမြားမှု ချုပ်ချယ်မည့် ဥပဒေကို ဒေါ်အောင်ဆန်းစုကြည် ပြစ်တင်ဝေဖန်

(AFP မှ 21 Jun 2013 ရက်စွဲပါ “ Suu Kyi Slams Marriage Law”သတင်းကို ဘာသာပြန်ဆိုသည် )

ဗုဒ္ဓဘာသာဝင်အမျိုးသမီးများနှင့် အခြားဘာသာဝင် အမျိုးသားများအကြား လက်ထပ်ထိမ်းမြားမှုကို ချုပ်ချယ်တင်း ကြပ်ရန် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီးများက အဆိုပြုနေခြင်းကို အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြစ်တင်ဝေဖန်လိုက်ပြီး လူအခွင့်အရေး ချိုးဖောက်မှုတစ်ခု ဖြစ်သည်ဟု ပြောကြားလိုက်ကြောင်း သတင်းများက ဆို ပါသည်။

ဒါက တစ်ဖက်သတ်ဆန်လွန်းပါတယ်။ ဘာကြောင့်အမျိုးသမီးတွေကိုပဲ ချုပ်ချယ်ရသလဲ။အမျိုးသမီးတွေကို မမျှမတ ဆက်ဆံလို့မရပါဘူး” ဟု အင်တာဗျူးတွင် သူမပြောကြားသည့်အတိုင်း  Radio Free Asia  ကသတင်းဖော်ပြသည်။

“ဒီကိစ္စက မြန်မာနိုင်ငံရဲ့ ဥပဒေတွေနဲ့ကိုယ်ညီမှုမရှိဘူးလို့ ကျွန်မနားလည်ထားပါတယ်။အထူးသဖြင့် ဗုဒ္ဓဘာသာမှာ ဒီလိုတားမြစ်မှုတွေ မရှိပါဘူး။ဒါဟာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တာပါပဲ”ဟု ဒေါ်အောင်ဆန်းစု ကြည်က ပြောကြားခဲ့သည်။

ဘာသာရေးအမျိုးသားရေး အစွန်းရောက်အယူအဆများကြောင့် လူသိများနေသော မန္တလေးမှဘုန်းတော်ကြီး ဦးဝီရ သူစည်းရုံးလှုပ်ရှားနေသော အဆိုပြုချက်အရ ဗုဒ္ဓဘာသာဝင်အမျိုးသမီးကို လက်ထပ်လို့သည် အခြားဘာသာဝင် အမျိုးသား သည် လက်မထပ်မှီဘာသာပြောင်းခြင်း၊ မိဘများနှင့်ဒေသအာဏာပိုင်များထံ ခွင့်ပြုချက်တောင်းခြင်းတို့  ပြုလုပ်ရန်လိုအပ် ပြီး၊ ၄င်းစည်းကမ်းကို ချိုးဖောက်ပါက ထောင်ဒဏ် ၁၀ နှစ်အထိနှင့် ပစ္စည်းဥစ္စာ သိမ်းယူခြင်း ခံရဖွယ်ရှိသည်ဟု ဆိုသည်။

ယခင်စစ်ဖက်က အုပ်ချုပ်ခဲ့သောနိုင်ငံတွင် ဗုဒ္ဓဘာသာမွတ်ဆလင် အဓိကရုဏ်း ထကြွလာမှုနှင့်ပတ်သက်၍ သံဃာ တော် ၂၀၀ ကျော်မကြာသေးမှီက တွေဆုံစည်းဝေးကြစဉ် ဦးဝီရသူက ၄င်းအယူအဆကိုတင်ပြခဲ့ခြင်းဖြစ်သည်။

“ဗုဒ္ဓဘာသာဝငအမျိုးသမီးတွေက မွတ်ဆလင်အမျိုးသားတွေကို လက်ထပ်တဲ့အခါ သူတို့ရဲ့လွတ်လပ်စွာ ကိုးကွယ် ခွင့် ဆုံးရှုံးနေတဲ့ အတွက်ကြောင့် ဒီလိုဥပဒေမျိုး လိုအပ်ပါတယ်”ဟု ဦးဝီရသူက ရှင်းလင်းပြောကြားသည်။

ဝါရင့်အကြီးတန်းဘုန်းတော်ကြီးများက ၄င်းအဆိုပြုချက်ကိုဆွေးနွေးရန် ငြင်းပယ်ခဲ့ကြပြီး၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသော အုပ်စုများလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

လွန့်ခဲ့သောနှစ်နှစ်က စစ်အုပ်ချုပ်ရေး ပြည်ဖုံးကားချခဲ့သော မြန်မာနိုင်ငံတွင် ကုလားဗမာ အဓိကရုဏ်းများ၊ တရုတ် - ဗမာအဓိကရုဏ်းများ၊ ယခင်ကတည်းက ဖြစ်ပွားခဲ့ဘူးပြီး၊ ယခုနှစ်ပိုင်းတွင် ရခိုင် - ရိုဟင်ဂျာအဓိကရုဏ်းနှင့် ဗုဒ္ဓဘာသာ မွတ်ဆလင်အဓိကရုဏ်းများ ဆက်တိုက်ဖြစ်ပွားလျှက် ရှိသည်။ အဆိုပါဖြစ်စဉ်များတွင် နိုင်ငံရေးပယောဂဆရာများ၏ ကြိုး ကိုင်မှုများ၊ လူမျိုးရေးဘာသာရေး အစွန်းရောက်များ၏ အမျှော်အမြင်မဲ့ လုပ်ရပ်များ၊ ပြည်ပ အစ္စလာမ်အဖွဲ့အစည်း အချို့၏ ပတ်သက်မှုများ ရောယှက်ရှုပ်ထွေးနေသည့်ဟု အကဲခတ်လေ့လာမှုများက သုံးသပ်ကြသည်။ ထို့အပြင် မြန်မာ့ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် နောက်ပြန်လှည့်စရာ အကြောင်းမရှိဟူသောပြောကြားချက်မှာမှန်ကန်ဖွယ်ရှိသော်လည်း၊ အရှိန် မမြန်ပဲနှေးကွေးအောင် အကွက်ချကြံစည်သူများရှိနေသည်ဟု ပြည်တွင်းမှစောင့်ကြည့်သူအချို့က မှတ်ချက်ပေးကြ သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment