Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (1)
Document

Snapshot of the item below:
INTERNATIONAL MEDIA (1)

ဘာသာပြန်သတင်းများ

 

  1. သံသယရှိ မူးယစ်ဆေးဝါးတရားခံကို မြန်မာနိုင်ငံသို့ ထိုင်းပြန်ပို့

(The National News မှ 21 Jun 2013 ရက်စွဲပါ “Thailand deports Suspected drug trafficker to Myanmar ”သတင်းကို ဘာသာပြန်ဆိုသည်)

  1.  Aircel  ဖုန်းကဒ်သုံးစွဲသူများကို မြန်မာနိုင်ငံတွင်  International Roaming Services ပေး

(The Economic Times မှ 20 Jun 2013 ရက်စွဲပါ  “Aircel offers International roaming Services for Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)

  1. သဘောတူလက်မှတ်ရေးထိုးမှုများရှိသော်လည်း မြန်မာစစ်တပ်နှင့် ကေအိုင်အေအကြား ရင်ဆိုင်တိုက်ခိုက်မှုများ ရှိနေဆဲ

(AP သတင်းဌာနမှ 23 June 2013 ရက်စွဲပါ Clashes between troops, ethnic army continue despite agreement to scale back fighting ကိုဘာသာပြန်ဆိုသည်)


သံသယရှိ မူးယစ်ဆေးဝါးတရားခံကို မြန်မာနိုင်ငံသို့ ထိုင်းပြန်ပို့

(The National News မှ 21 Jun 2013 ရက်စွဲပါ “Thailand deports Suspected drug trafficker to Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)

ထိုင်းအာဏာပိုင်များသည် ရှားရှားပါးပါး နယ်စပ်ဖြတ်ကူး ရဲတပ်ဖွဲ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံသို့ ရောက်လျှင် ဖမ်းဆီးခံရမည့် သံသယရှိ မူးယစ်ဆေးဝါးကုန်သည်တစ်ဦးကို သောကြာနေ့က မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပါ သည်။

မြန်မာ့မူးယစ်ရဲတပ်ဖွဲ့၏တောင်းဆိုမှုကြောင့် ဇွန် ၂ ရက်က ဘန်ကောက်တွင် ဖမ်းဆီးခံရသူ ရွှေနု(၄၆ နှစ်)သည် ယခင်နှစ်က ရှမ်းပြည်နယ်ရှိ ၎င်း၏နေအိမ်တွင် မီသိုင်းအင်ဖက်တာမင်း ဆေးပြား(၁၇၁,၀၀၀)ကို ရဲတပ်ဖွဲ့က ရှာဖွေသိမ်းဆည်း ရမိပြီးနောက် ၎င်းအားဖမ်းဆီးရန် ဝရမ်းထုတ်ပြန်ခြင်း ခံရသူဖြစ်သည်။

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးဘုတ်အဖွဲ့ အကြီးအကဲရဲချုပ် ပေါင်ဆာပတ်ပေါင်ချာရွန်က “ရွှေနုပာာ ထိုင်းနိုင်ငံ က မြန်မာအလုပ်သမားတွေအတွက် မီသိုင်းအင်ဖက်တာမင်း ဆေးပြားတွေ အဓိကဖြန့်ချီပေးနေသူဖြစ်တယ်လို့ ယုံကြည်ရပါ တယ်”ပာု ပြောကြားသည်။

ရွှေနုသည် လတ်တလောနှစ်များအတွင်း ထိုင်းနိုင်ငံသို့ လေကြောင်းခရီးဖြင့် ၁၉ ကြိမ်ဝင်ရောက်ခဲ့သည်ပာု လူဝင်မှု စစ်ဆေးရေး မှတ်တမ်းများတွင် တွေ့ရှိရသည်။

ရွှေနုသည် ထိုင်းနိုင်ငံတွင် ရာဇဝတ်မှုဖြင့် တရားစွဲဆိုခြင်းခံရမည်ဖြစ်သော်လည်း ပထမဦးစွာမြန်မာနိုင်ငံ၌ အမှုရင် ဆိုင်ရန်အတွက် ၎င်းအားပြန်ပို့ရန် ထိုင်းရဲတပ်ဖွဲ့က သဘောတူခဲ့ခြင်းဖြစ်သည်။

“တကယ်လို့ သူ့ကိုထောင်ဒဏ် အနှစ် ၂၀ ပဲချမှတ်မယ်ဆိုရင် နောက်ထပ်တရားစွဲဆိုဖို့အတွက် ထိုင်းနိုင်ငံကိုပို့ဖို့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ တကယ်လို့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျသွားတယ်ဆိုရင်တော့ ဒီကိစ္စကို ကျွန်တော် တို့ မေ့ထားလိုက်တော့မှာပေါ့”ပာု ရဲချုပ် ပေါင်ဆာပတ်ကပြောကြားသည်။


 Aircel  ဖုန်းကဒ်သုံးစွဲသူများကို မြန်မာနိုင်ငံတွင်  International Roaming Services ပေး

(The Economic Times မှ 20 Jun 2013 ရက်စွဲပါ  “Aircel offers International roaming Services for Myanmar ” သတင်းကို ဘာသာပြန်ဆိုသည်)

အိန္ဒိယ တယ်လီကွန်းအော်ပရာတာ  Aircel  က မြန်မာနိုင်ငံသို့ခရီးသွားသော ၄င်းတို့၏ ဖုန်းကဒ်သုံးစွဲသူ ဖောက် သည်များအတွက် International Roarning Services ဝန်ဆောင်မှုပေးရန် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း  MPT  နှင့် ပူးပေါင်း လုပ်ဆောင်ထားသည်ဟု ယနေ့ပြောကြားသည်။

“မြန်မာနိုင်ငံကို လုပ်ငန်းနဲ့ အလည်အပတ်အတွက် ခရီးသွားကြတဲ့ ကျွန်တော်တို့ရဲ့ ဖောက်သည်တွေကို  နေရာတွေ အားလုံးကို Roaming ဝန်ဆောင်မှုတွေကို ကျွန်တော်တို့ ဖောက်သည်တွေ ရရှိသုံးစွဲနိုင်တော့မှာ ဖြစ်ပါတယ်”ဟု Aircel ၏ ဈေးကွက်ဌာန အကြီးအကဲ အာနူပန်ဗာဆူဒက်က ကြေငြာချက်ထုတ်ပြန်သည်။

ယခုပူးပေါင်းမှုကြောင့် Aircel သည် မြန်မာနိုင်ငံရောက် ဖောက်သည်များအား roaming ဝန်ဆောင်မှုပေးနိုင်သည့် ပထမဦးဆုံး အိန္ဒိယတယ်လီဖုန်း အော်ပရာတာ ကုမ္ပဏီဖြစ်လာပါသည်။

မြန်မာ့ဆက်သွယ်ရေး MPTသည် မြန်မာနိုင်ငံမှ အစိုးရပိုင် တယ်လီဖုန်းအော်ပရာတာလုပ်ငန်းဖြစ်သည်။

မြန်မာနိုင်ငံရောက် Aircel ဖောက်သည်များသည် မြန်မာနိုင်ငံတွင်း အထွက်ဖုန်းတစ်မိနစ်လျှင် ၅၅ ရူပီး၊ မြန်မာနိုင်ငံ တွင်းမှ အိန္ဒိယနှင့် နိုင်ငံတကာသို့ အထွက်ဖုန်းတစ်မိနစ်လျှင် ၈၀ ရူပီး၊ အဝင်ဖုန်းတစ်မိနစ်လျှင် ၆၀ ရူပီး အသီးသီးပေး ချေရ မည်ဟုသိရှိ ရသည်။

Aircel သည် အိန္ဒိယတစ်လွှား မိုဘိုင်းဝန်ဆောင်မှုများ ပေးနေသော ကုမ္ပဏီဖြစ်ပြီး အိန္ဒိယနိုင်ငံတွင်း 3G ဝန်ဆောင် မှု ပေးသော ဧရိယာ ၁၃ ခုနှင့် ဝါယာလက်  Broadband ဝန်ဆောင်မှုပေးသော ဧရိယာ ၈ ခုအတွက် ခွင့်ပြုချက် ရရှိထား သည်။


သဘောတူလက်မှတ်ရေးထိုးမှုများရှိသော်လည်း မြန်မာစစ်တပ်နှင့် ကေအိုင်အေအကြား ရင်ဆိုင်တိုက်ခိုက်မှုများ ရှိနေဆဲ

(AP သတင်းဌာနမှ 23 June 2013 ရက်စွဲပါ Clashes between troops, ethnic army continue despite agreement to scale back fighting ကိုဘာသာပြန်ဆိုသည်)

မြန်မာအစိုးရနှင့် ကေအိုင်အေ အကြား တိုက်ခိုက်မှုများလျှော့ချရန် ပြီးခဲ့သည့် မေလအတွင်း သဘောတူ လက်မှတ် ရေးထိုး မှုပြုလုပ်ပြီးနောက် ကချင်လက်နက်ကိုင်များနှင့်မြန်မာစစ်တပ်အကြား ရင်ဆိုင်တိုက်ခိုက်မှု အကြိမ် ၂၀ ကျော်ဖြစ်ပွား ခဲ့ကြောင်းကချင်လက်နက်ကိုင်တပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့တွင်ထုတ်ဖော်ပြောဆိုပြီး ငြိမ်းချမ်းရေးဖော်ဆောင် ပါမည်ဟူသော မြန်မာအစိုးရ၏ကတိကဝတ်နှင့် ပတ်သက်၍ မေးခွန်းထုတ်လိုက်သည်။

“ဆွေးနွေးပွဲ ကျင်းပရုံလောက်နဲ့ ကျွန်တော်တို့ ယုံကြည်မှု မတည်ဆောက်နိုင်ပါဘူး။ နိုင်ငံရေးအရ ဒိုင်ယာလော့ခ်တွေ လုပ်ပြီး ဖြေရှင်းနိုင်ဖို့အတွက် ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေရှိထားဖို့ လိုအပ်ပါတယ်” ဟု ကေအိုင်အေအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် La Nan က AP သတင်းဌာန၏ မေးမြန်းချက်ကို အီးမေးလ်မှတစ်ဆင့်ပြန်လည်ဖြေကြားသည်။ အဆိုပါကိစ္စနှင့်ပတ်သက်၍ မြန်မာ အစိုးရဘက်က လောလောဆယ် တုံ့ပြန်မှုမရှိသေးပေ။ မြန်မာအစိုးရသည် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရယူရန်ကြိုးပမ်းလျက်ရှိသည့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများ၏ပုန်ကန်ထကြွမှုများကို ရင်ဆိုင်ခဲ့ရသည်။ သမ္မတဦး သိန်းစိန်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်သူပုန်တပ်ဖွဲ့ အများစုနှင့်အပစ်အခတ်ရပ်စဲရေး သဘော တူညီ ချက်ရရှိခဲ့သော်လည်း ကေအိုင်အေတို့နှင့်ရယူနိုင်ခြင်းမရှိပေ။

ပြီးခဲ့သည့် မေလအတွင်း နောက်ဆုံးပြုလုပ်ခဲ့သော ဆွေးနွေးပွဲ၌ကချင်လက်နက်ကိုင်များနှင့် မြန်မာအစိုးရတို့သည် ငြိမ်းချမ်းရေးဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် အချက် ၇ ချက်ပါ သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေး ထိုးခဲ့ကြ သည်။ယခု ဇွန်လတစ်လတည်းအတွင်း၌ပင် အစိုးရစစ်တပ်နှင့် ရင်ဆိုင်တိုက်ခိုက်မှု ၂၁ ကြိမ်ဖြစ်ပေါ်ခဲ့သည်ဟု La Nan က ပြောကြားသည်။

ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချရေးသဘောတူညီချက်ကြောင့် အစိုးရစစ်တပ်အနေဖြင့် ကေအိုင်အေစခန်းများနှင့် ပိုမိုနီးကပ်လာအောင်ပြုလုပ်နိုင်သလိုတပ်များပြန်လည်ဖြန့်ကြက်ထားနိုင်ကြောင်း ၎င်းကဆိုသည်။ “နောက်ထပ် တိုက်ခိုက်မှုပြု လုပ်နိုင်ရေးအတွက် အစိုးရကယခုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို အခွင့်အလမ်းတစ်ရပ်အနေနဲ့ အသုံးပြုနိုင်အောင် တိုက်ခိုက် မှုလျှော့ချရေးသဘောတူညီချက်က ဖန်တီးပေးလိုက်တယ်လို့ ပြောရင်မှန်ပါလိမ့်မယ်” ဟု La Nan ကဆိုသည်။

မြန်မာအစိုးရနှင့် ကေအိုင်အေအကြား ဆွေးနွေးပွဲပြုလုပ်ခဲ့သည်မှာ ၁၅ကြိမ်ရှိသွားပြီဖြစ်သည်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment