Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“တစ်ဖက်မှာ ဥပဒေကြမ်းကော်မတီက ၀န်ကြီးဌာနနဲ့ သူတို့က ပလဲနံပသင့်စွာနဲ့ လုပ်သွားတာတွေ ၊ သူတို့ချင်း သူတို့ချင်း တိုင်ပင်ထားတာတွေရှိတယ်။ သူုတို့လည်း ပြောတယ်။ ပြစ်မှု ၊ ပြစ်ဒဏ် တော်တော်ပြောထားပြီးပါပြီ။ ညှိထားပါပြီတဲ့။ ဘယ်တုန်းက ညှိထားတာလဲတော့ မသိဘူး။ ကျွန်တော်တို့ လုပ်ပိုင်ခွင့်စာမျက်နှာက စလိုက်တာ တတိယ စာမျက်နှာကို ရောက်နေပြီ။ ရှေ့က ပြန်ပြင်ချင်တယ်ဆိုတာကို ပြင်လို့ မရဘူးတဲ့”

၂၀၁၃ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာပါ “ပုံနှိပ်ထုတ်ဝေရေး ဥပဒေကြမ်းအပေါ် ပြင်ဆင်လိုသည့် အချက်များအားလုံးကို ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ခွင့်မပေးခဲ့ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည် ပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် ဦးခိုင်မောင်ရည်၏ ပြောကြားချက် အား ကောက်နှုတ်ချက်။


“အခုလို နည်းနည်းချင်း လွှတ်ပေးနေတာက မဖြစ်သင့်ပါဘူး။ သမ္မတ အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို မြန်မြန်စိစစ်ပြီး လွှတ်ပေးသင့်ပါတယ်။ အခုလို ဟိုတစ်ယောက်၊ ဒီတစ်ယောက် လွှတ်နေတာက ထောင်ထဲမှာ ကျန်နေတဲ့ လူတွေကိုရော၊ သူတို့ရဲ့ မိသားစုတွေကိုရော စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်စေပါတယ်။ ကျွန်တော်တို့ကတော့ နိုင်ငံတော် အနေနဲ့ ဒီလူတွေကို ခပ်မြန်မြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

၂၀၁၃ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ်သတင်းစာပါ “သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဒသမ အကြိမ်မြောက် အဖြစ် နိုင်ငံရေးအကျဉ်းသား ၇၃ ဦး လွှတ်ပေး”သတင်းမှ နိုင်ငံရေး အကျဉ်းသား ဟောင်းများ အဖွဲ့မှ ဦးရဲအောင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဆွေးနွေးတာ အရင်ထက် ပိုအောင်မြင်မယ်လို့ ယုံကြည်တယ်။ အပစ်အခတ် ရပ်စဲတာထက် ပြဿနာအရင်းခံ နိုင်ငံရေးကို အစိုးရနဲ့ ဆွေးနွေးဖို့ လိုလားတယ်။ ဒါကိုလည်း တင်ပြပြီးဖြစ်တယ်။ ယနေ့အချိန်မှာ အခြား တိုင်းရင်းသားတွေလည်း အပစ်အခတ် ရပ်စဲထားပေမယ့် တိုက်ပွဲတွေ မရပ်စဲသေးတာကို ပြည်သူတွေ မျက်မြင်ပဲ ဖြစ်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၂၄ ရက်နေ့ 7 Day News ဂျာနယ် အတွဲ (၁၂) ၊ အမှတ် (၂၀) ပါ “ကေအိုင်အို ကိုယ်စားလှယ်နှင့် အလုပ်အဖွဲ့ရုံး ဖွင့်လှစ်” သတင်းမှ KIO/KIA ဗဟိုဌာနချုပ်မှ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဦးဆွတ်လွတ်ဂမ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီလည်းပါမှပဲ ရမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ နယ်မြေဒေသတွေထဲမှာ တရားဥပဒေစိုးမိုးမှု ရှိမှလဲ ဒီငြိမ်းချမ်းရေး ဖော်ဆောင်ရေးကလည်း ပိုပြီး ခိုင်မာလာမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါမှာပဲလေ။ ပါအောင်လည်း ဒီနေ့တောင် အစည်းအဝေး လာတက်ပြီးပဲ၊ နောက်ပိုင်း ကာလတွေမှာ ဒီလိုပဲ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၂၅ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ် အတွဲ (၃) ၊ အမှတ် (၁၅၅) ပါ “ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် လွှတ်တော်ကော်မတီ ဥက္ကဋ္ဌ တစ်ဦးအနေဖြင့် ဒေါ်အောင်ဆန်းစုကြည် ပါဝင်နိုင်မည်” သတင်းမှ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အဓိကအားဖြင့် ဆက်သွယ်ရေးဥပဒေကြမ်းမှာ ပြည်သူတွေကို ထိန်းချုပ်ဖို့ ၊ နှိပ်ကွပ်ဖို့ ၊ ဖိနှိပ်ဖို့မရှိပါဘူး။ နိုင်ငံတကာစံနှုန်းနဲ့ အညီ တတ်နိုင်သမျှ ပြစ်မှု ၊ ပြစ်ဒဏ်ရော ခွင့်ပြုချက်တွေ ပါအောင် ဆောင်ရွက် ထားပါတယ်။ ဥပဒေအဖြစ် ထွက်လာရင် နိုင်ငံတော်လုံခြုံရေး၊ ပြည်သူများနဲ့ ပြည်တွင်းကုမ္ပဏီများအတွက် ခိုင်မာတဲ့ အာမခံချက်တွေ ရရှိမှာဖြစ်ပါတယ်”

၂၀၁၃ ဇူလိုင်လ ၂၄ ရက်နေ့ထုတ် စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာပါ “နိုင်ငံလုံခြုံရေး ၊ ပြည်သူများနှင့် ပြည်တွင်း ကုမ္ပဏီများအတွက် ဆက်သွယ်ရေးဥပဒေကြမ်းတွင် ခိုင်မာသည့် အာမခံချက်များ ပါရှိဟုဆို” သတင်းမှ ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment