Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

 “၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေဆိုတာ အမည်နာမကိုက မကောင်းပါဘူး။ အဲဒီကနေ ပြည့်တန်ဆာပပျောက်ရေး ဥပဒေဆိုတာ ပြည့်တန်ဆာကို ပပျောက်အောင်လုပ်လို့မရဘူး။ အစိုးရကပြည့်တန်ဆာကို ပပျောက်အောင် လုပ်ချင်ပေမယ့် အခုချိန်မှ ပပျောက်မှု မရှိသလို လျော့လည်းမလျော့ပါဘူး။ ဒါကြောင့် ဥပဒေနာမည်က အစပြောင်းဖို့ လိုအပ်တယ်။ လိင်အလုပ်သမ(Sex Worker)ဆိုတာလူထဲကလူပဲ။ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုရစေချင်တယ်။  ၁၉၄၉ ခုနှစ် ပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေကို ပြင်ဆင်ဖို့ ပြည်သူလွှတ်တော်မှာ မေးခွန်းမေးခဲ့ပေမယ့် ပြင်ဆင်မှုမရှိပါဘူးလို့ ဖြေခဲ့တယ်။ ဒီဥပဒေက တစ်ဖက်သတ်ရေးဆွဲထားတာလို့ မြင်တယ်။ လက်ရှိ ဥပဒေကိုပြင်ဖို့ ယဉ်ကျေးမှုအရ လက်မခံနိုင်သေးတာ။ ယဉ်ကျေးမှုကို ပြောင်းလဲရမှာမဟုတ်ဘူး ခေတ်နဲ့ လျော်ညီတဲ့ တွေးခေါ်မှုပြောင်းလဲရမှာ”

 ၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ်        ရွှေနိုင်ငံသစ် နေ့စဉ်ထုတ်သတင်းစာ အတွဲ(၂) အမှတ် ( ၀၁၆) တွင် “ပြည့်တန်ဆာပပျောက်ရေးနဲ့ နှိပ်ကွပ်ရေးဥပဒေသည် ခေတ်နဲ့မဆီလျော်တော့၍ ပြင်ဖို့လို ဥပဒေပြင်ဆင်ရေး ရည်ရွယ်ချက်သည် ဈေးကွက်လိုင်စင်ရဖို့ မဟုတ်” သတင်းမှ ပြည်သူလွှတ်တော်ကိုယ်စားလှယ်  ဒေါ်စ္ဒာမင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့ RCSS က သတင်းမီဒီယာကို ခြိမ်းခြောက်တာ မရှိဘူး။ ကြားထဲက အမြင်စောင်းတဲ့လူလုပ်ရင်လုပ်မယ်။ RCSS အနေနဲ့ ခြိမ်းခြောက်တာလုံးဝ မလုပ်ခဲ့ဘူး။  မီဒီယာနဲ့ အပြန်အလှန်တိုက်ခိုက်နေရင် ရလဒ်ကလည်း ထူးလာမှာမဟုတ်ဘူးလေ။ ကျွန်တော်တို့ အဲဒီကပြန်လာပြီး ရောက်တာနဲ့ အဲဒီကိစ္စကို သိတယ်။ ပြန်ရှင်းတာတို့ ထုတ်ပြန်ကြေငြာတာတို့လည်း လုံးဝမရှိခဲ့ပါဘူး။ မီဒီယာအနေနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးနေချိန်မှာ ပုတ်ခတ်ပြီး မရေးသင့်ဘူး ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၂ ရက်  လူထုပုံရိပ်  ဂျာနယ် အတွဲ(၁) အမှတ်(၄၄)တွင် ပါရှိ   “မြန်မာသံတော်ဆင့်အား ခြိမ်းခြောက်မှုလုံးဝမရှိခဲ့ဟု RCSS ဆို ” သတင်းမှ RCSS မှခေါင်းဆောင်ဦးရွက်ဆစ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းမုန်းလ်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“အရင်က စိုးမိုးခဲ့ရတယ်။ ဘဏ်အကြောင်း မသိနားမလည်တဲ့ စစ်တပ်က တပ်ဦးဦး လာမှာကိုပဲ။  လက်ရှိဖွဲ့စည်းပုံအနေအထားအရ တော်တော်ကောင်းတယ်လို့မြင်တယ်။ ကျွန်တော်တို့ ဘဏ်လောကကြီး တိုးတက်လာ နိုင်တယ်လို့ မြင်တယ်။  ဥက္ကဋ္ဌဦးကျော်ကျော်မောင်က အရင်က ဗဟိုဘဏ်ဥက္ကဋ္ဌလုပ်ဖူးတော့ လုပ်ငန်းပိုင်းမှာ မခက်ခဲနိုင်ဘူး။ လက်ရှိဥက္ကဋ္ဌဦးသန်းငြိမ်းက ဒုဥက္ကဋ္ဌအနေနဲ့ ပြန်ပါလာတော့ လက်ရှိကျွန်တော်တို့ လုပ်နေတဲ့လုပ်ငန်းတွေက သိပြီးသား ဖြစ်တဲ့အတွက် အဆက်မပြတ်တော့ဘူး။ နောက်ကိုဆက်အောင်က နိုင်ငံတကာ အတွေ့အကြုံရှိတဲ့အတွက် နိုင်ငံခြားဘဏ် တွေရဲ့ ဝန်ဆောင်မှုအသစ်အဆန်းတွေ၊ ပရောဂျက်တွေကို လုပ်ချင်ရင်သူကနေတစ်ဆင့် လက်ခံဆွေးနွေးပေးလို့ရတယ်။ ဒေါ်ခင်စောဦးကျတော့လဲ လက်ရှိဘဏ်စည်းမျဉ်းစည်းကမ်းတွေ တော်တော်များများ လက်ခံကိုင်တွယ် ဆောင်ရွက်ခဲ့တဲ့ အတွက် နည်းပညာပိုင်းအရ ကျွမ်းကျင်ရှိပြီးသားဖြစ်လို့ ကောင်းပါတယ်”

၂၀၁၃ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထုတ်       Yangon Times နေ့စဉ်ထုတ်သတင်းစာ အတွဲ (၁ ) အမှတ် (၄၉) တွင် ပါရှိ သော “သမ္မတရွေးချယ်သော ဗဟိုဘဏ်ဥက္ကဋ္ဌအမည်စာရင်းများ လွှတ်တော်အတည်ပြု” သတင်းမှ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရဲမင်းဦး၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုက ရေနံနှင့် သဘာဝဓာတ်ငွေ့၊ သဘာဝသယံဇာတပစ္စည်းတွေနဲ့ ပတ်သက်ရင်တော့ ပဋိပက္ခ ဖြစ်ပွားနေတဲ့ တိုင်းပြည်တွေကို ပိုပြီး ရင်းနှီးမြှုပ်နှံချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီးတော့ အမြတ်ထုတ်ချင်တဲ့အတွက် ဖြစ်ပါတယ်။ နှစ်ဖက်စလုံး ပြည်တွင်းစစ်ကိုပဲ အာရုံစိုက်နေတာကို အခွင့်ကောင်းယူပြီး ပြည်ပက ကျောက်မျက်ရတနာတူးဖော်တဲ့လုပ်ငန်းတွေ၊ သစ်တောထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ဝင်ရောက်မြှုပ်နှံပြီး တိုင်းးပြည်ရဲ့ သယံဇာတတွေကို ဈေးချိုချိုနဲ့ အချောင်ရယူသွားတဲ့ နိုင်ငံတွေရဲ့ သာဓကတွေလည်း ရှိပါတယ်”

၂၀၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့ထုတ်         စံတော်ချိန် နေ့စဉ်ထုတ်သတင်းစာ အတွဲ(၁)အမှတ်(၁၀၉) တွင် ပါရှိသော “ပဋိပက္ခဖြစ်ပွားလေ့ရှိသည့် တိုင်းပြည်များ သဘာဝသဃံဇာတများ အမြတ်ထုတ်ခံရလေ့ရှိ” သတင်းမှ နိုင်ငံရေးနှင့် ပဋိပက္ခရေးရာလေ့လာသူ ဒေါ်ခင်မမမျိုး၏  ပြောကြားချက်အား ကောက်နှုတ်ချက်။


 “ မေး။        ။ဟိုတလောက သူရဦးရွှေမန်းကလည်း သမ္မတလုပ်လိုကြောင်း ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်အတွက် အလုပ်အကျွေးပြုဖို့ သမ္မတဖြစ်လို့တယ်ဆိုပြီး ပြောခဲ့တယ်။ အာဏာရှိမှသာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ချင်ရာလုပ်နိုင်မယ့် အဓိပ္ပာယ်ပေါ့။ ၈၈ မျိုးဆက်အနေနဲ့ နိုင်ငံရေးသမားတစ်ယောက်ရဲ့ အာဏာရရှိမှ ဖြစ်မယ်ဆိုတဲ့ အမြင်အပေါ် ဘယ်လို့နားလည်ထားပါသလဲ။

ဖြေ။           ။ဒီအာဏာဆိုတဲ့ အသုံးအနှုန်းကြီးဟာ ကျွန်တော်တို့လူအဖွဲ့အစည်းမှာ မကောင်းတဲ့အဓိပ္ပာယ်မျိုးနဲ့ နားလည်နေ တယ်လို့ မြင်တယ်။တကယ်ကတော့ ကိုယ့်လူအဖွဲ့အစည်းအတွက်၊ ကိုယ့်နိုင်ငံအတွက် လုပ်ချင်ကိုင်ချင်တဲ့ စိတ်ကောင်း စေတနာရှိတယ်။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်းလည်းရှိတယ် ဆိုတဲ့သူတွေရဲ့ လက်ထဲမှာ လုပ်ပိုင်ခွင့်ရှိဖို့လိုတယ်။ အဲဒါဟာ လူထုလက်ထဲကနေ ပြီးတော့ လူထုရဲ့ ကိုယ်စားပြုမှုကို မှန်မှန်ကန်ကန် ရယူတောင်းဆိုပြီးတော့ လူထုကို အကျိုးပြု နိုင်ဖို့အတွက်  ကျွန်တော်တို့ခင်ဗျားတို့ကိုယ်စား လုပ်ပိုင်ခွင့်ပေးပါလို့ တောင်းတာဟာဒီမိုကရေစီပဲ။ အဲဒီတော့ ဒီလုပ်ပိုင်ခွင့်ကို အာဏာလို့ဆို့ပြီး သုံးနှုန်းလိုက်တဲ့အခါကျတော့ အဓိပ္ပာယ်က လမ်းလွဲသွားတယ်။ အဲဒီတော့ ကျွန်တော်ကတော့ ဒီမိုကရေစီရဲ့ အနှစ်သာရဟာ လူထုကိုယ်စား ကျွန်တော်မှာ  ဒီစိတ်ကူးစိတ်သန်းတွေရှိတယ်။ ကျွန်တော်ကို ခင်ဗျားတို့ ကိုယ်စားလုပ်ပိုင်ခွင့် ပေးပါလို့ တောင်းတဲ့ဟာကိုဒါဟာ အာဏာနိုင်ငံရေးမဟုတ်ဘူး။ အမှန်ကဒီမိုကရေစီနိုင်ငံရေးပဲ။ ကျွန်တော်ကတော့ လုပ်နိုင် ကိုင်နိုင်တဲ့သူတွေ၊ တိုင်းပြည်အတွက် တကယ်ကို ပိုင်းဖြတ်မှုအပြည့်နဲ့ရှိတဲ့သူတွေ လုပ်ပိုင်ခွင့်ရဖို့လိုတယ်လို့ ကျွန်တော်ဒီလိုပဲ မြင်တယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ထုတ်           Popular News ဂျာနယ် အတွဲ (၃၀ ) အမှတ် (၅) တွင် ပါရှိသော “၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီးနှင့်တွေ့ဆုံခြင်း”သတင်းမှ ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 

 

 

 

 

 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment