Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ၂၅ နှစ်မြောက် ငွေရတု ၈၈၈၈ အရေးတော်ပုံအခမ်းအနားသို့ ဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး သုံးရက်တိုင်တိုင် ကျင်းပမည်
  2. ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အရေးပေါ် ညီလာခံခေါ်ယူ
  3. ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ကြမ်းအား နိုင်ငံတော်သမ္မတ လက်မှတ်မရေးထိုးကြောင်း ထုတ်ပြန

၂၅ နှစ်မြောက် ငွေရတု ၈၈၈၈ အရေးတော်ပုံအခမ်းအနားသို့ ဝန်ကြီးဦးအောင်မင်းနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး သုံးရက်တိုင်တိုင် ကျင်းပမည်

ငွေရတုအခမ်းအနားကျင်းပရေး ကော်မတီမှ ကြီးမှူးပြုလုပ်သည့် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၅ နှစ်မြောက် အထိမ်းအမှတ် ငွေရတုအခမ်းအနားကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ၌ သြဂုတ်လ ၆ ရက်နေ့မှ ၈ ရက်အထိ သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၆ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် မရမ်းကုန်းမြို့နယ်(MCC)ခန်းမ၌ ကျင်းပပြုလုပ်သော ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနားသို့ လူထုအခြပြုအဖွဲ့ပေါင်းစုံ၊ ပြည်တွင်းပြည်ပအင်အားစုများနှင့် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၊ ပါတီအဖွဲ့အစည်းများ အင်အား ၃၀၀၀ ခန့်ကျော် တက်ရောက်ခဲ့ကြပြီး စည်းကားသိုက်မြိုက်စွာ ဖွင့်လှစ် ခဲ့ကြောင်း သိရသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတုနှစ်ပတ်လည်အခမ်းအနား၏ ဒုတိယမြောက်နေ့သို့  သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်နှင့် အဖွဲ့ဝင်များမှ တက်ရောက်ကာ အားပေး ဂုဏ်ပြုခဲ့ကြောင်း သိရသည်။

“သမိုင်းဆိုတာ ဖျောက်ဖျက်လို့မရဘူးလေ။ ဒါကြောင့် ဒီအခမ်းအနားကို တက်တာပါ။ အားပေးတာပါ”ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းမှ အခမ်းအနားသို့ တက်ရောက်ခဲ့စဉ်  ယင်းသို့ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဝန်ကြီးဦးအောင်မင်းမှ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းစကား၊ အမှတ်တရစကားများ ရေးသားသောနေရာတွင် “ အောင်မြင်ကြပါစေ” ဟု လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံတော်သမ္မတက “ အရေးတော်ပုံ” ဟူသည့် စကား အသုံးပြုခြင်းအပေါ် သဘောတူကြောင်း ပြောကြားသွားခဲ့သည်။

သြဂုတ်လ ၇ ရက်နေ့တွင် ကျင်းပသော ယင်းအခမ်းအနားပွဲ၌ ဝန်ကြီးများနှင့် ၈၈ မျိုးဆက်ကျောင်းသားအချို့တို့ တွေ့ဆုံစဉ် တပ်မတော်အစိုးရလက်ထက်တစ်လျှောက် ရှစ်ဆယ်ရှစ်အရေးအခင်း ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့သည် ရှစ်လေးလုံးလူထုအုံကြွမှုကို ဒီမိုကရေစီ အရေးတော်ပုံ တစ်ခုအဖြစ်  ဝန်ကြီးဦးအောင်မင်းမှ ပြောဆိုခဲ့ကြောင်းဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်မှ ပြောကြားခဲ့သည်။

၂၅ နှစ် ကာလတစ်ခုလုံး ပုံဖျက်ခံခဲ့ရတဲ့ ပြည်သူတွေ ပေးဆပ်ခဲ့ရတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကို မည်သည့်စကား  လုံးတွေနဲ့မှ သေးသိသွားအောင် ပြုလုပ်မခံနိုင်ပါဘူးလို့ ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း)မှ ဦးမင်းကိုနိုင်က ယင်းအခမ်းအနားပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ဝန်ကြီး ဦးအောင်မင်းမှ ကျပ် ၁၀ သိန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ ပြည်ထောင် စုဝန်ကြီး ဦးအုန်းမြင့်မှ  ငွေကျပ် ၅ သိန်း ဖြင့် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါရှစ်လေးလုံး အရေးတော်ပုံ ငွေရတုနှစ်ပတ်လည် အခမ်းအနားတွင် ပြည်တွင်းပြည်ပမှ ရှစ်လေးလုံး အရေးတော်ပုံ လှုပ်ရှားသူများနှင့် တိုင်းရင်းသား အဖွဲ့အစည်းများအပြင် နိုင်ငံရေးနယ်ပယ်နှင့် အစိုးရပိုင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပြီး စာတမ်းများဖတ်ကြားခဲ့ကြသည်။အလားတူပင် တက်ရောက်လာကြသည့် တိုင်းရင်းသားများ အပါအဝင် နိုင်ငံရေး ခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များက တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အနာဂတ်ပြည်ထောင်စု ခေါင်းစဉ်ဖြင့် ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

၈၈ အရေးအခင်းကာလ၊ ရွှေဝါရောင်သံဃာအရေး အခင်းများအပြင် ABSDF အဖွဲ့တို့၏ ဖြစ်ရပ်မှတ်တမ်းဓါတ်ပုံများကို ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံ ငွေရတုအခင်းအနားတွင် အထိမ်းအမှတ်ပြခန်း ၂၄ ခန်းဖြင့် ပြသလျက်ရှိပြီး အများပြည်သူများ အနေဖြင့် လွတ်လပ်စွာ လေ့လာနိုင်ကြောင်း သိရသည်။

ထိုအပြင် အဆိုပါရှစ်လေးလုံး အရေးတော်ပုံ ငွေရတုနှစ်ပတ်လည် အခမ်းအနားသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(NLD)ဥက္ကဋ္ဌ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ  သြဂုတ်လ ၈ ရက်နေ့တွင် တက်ရောက်မိန့်ခွန်း ပြောကြား ခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှစ်လေးလုံး အထိမ်းအမှတ်ပွဲ့သို့ တက်ရောက်ရန် ဂျပန်ရောက် ဒီမိုကရေစီအရေးလှုပ်ရှားသူများအား ဂျပန်နိုင်ငံ မြန်မာသံရုံးက သြဂုတ်၇ရက်နေ့အထိ ဗီဇထုတ်မပေးသဖြင့် တက်ရောက်ခွင့်မရခဲ့ကြောင်း ဂျပန်ရောက် ၈၈ ကျောင်းသား ကိုကိုအောင် မှ ပြောကြားခြင်းဖြင့် သိရသည်။

ယင်းအပြင် ရှစ်လေးလုံး အမှတ်တရပွဲကို ဂုဏ်ပြုသည့်အနေဖြင့် သြဂုတ်လ ၈ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဟံသာဝတီ အဝိုင်းမှ ဆူးလေဘုရားလမ်းအထိ လမ်းလျှောက်မည်ဖြစ်ကြောင်း သိရသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ ၈ ရက်နေ့တွင် မဟာဗန္ဓုလပန်းခြံလမ်းအတွင်း စစ်အာဏာရှင်၏ စေခိုင်းမှုကြောင့် လုံထိန်းတပ်ဖွဲ့ဝင် များ၏ ပစ်ခတ်ခြင်းခံခဲ့ရသဖြင့် ကျဆုံးခဲ့ရသောကျောင်းသား၊ပြည်သူများကို ရည်စူး၍ ဗမာ့တော်လှန်ရေး အင်အားစုတပ်ဦး တပ်ဖွဲ့(BRF) မှ ယင်းလမ်းမပေါ်တွင်သြဂုတ်လ ၈ ရက်နေ့၌  လွမ်းသူပန်းခွေများ ချသွားမည်ဖြစ်ကြောင်း ယင်းအစီအစဉ်ကို ဦးဆောင် မည့်သူ ကိုဆန်းက ပြောကြားခဲ့ကြောင်း သိရသည်။

YC


 

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ အရေးပေါ် ညီလာခံခေါ်ယူ

သြဂုတ်လ ၅ ရက်နှင့် ၆ ရက်နေ့များတွင်  ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ  KNPP ဥက္ကဋ္ဌ အေဘယ်ဒွိစ်က ကယားပြည်နယ် ညာမိုဒေသရှိ KNPP ၏ ဗဟိုဌာနချုပ်တွင် အရေးပေါ်ညီလာခံခေါ်ယူကာ  သူ၏ တပ်မှူးများကို အပစ်အခတ် ရပ်စဲရေးကာလဖြစ်သော်လည်း စစ်ရေးသတိရှိရန်  သတိပေးလိုက်ပြီး ယင်းညီလာခံတွင် လက်ရှိအပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ကိစ္စရပ်များနှင့်  UNFC  ညီလာခံ ဆုံးဖြတ်ချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။

ညီလာခံသို့ ကရင်နီတပ်မတော် အသီးသီးမှ  တပ်ဗိုလ်တပ်မှူးများ  ၁၀၀ ကျော် တက်ရောက်ခဲ့သည်။  KNPP သည် အပစ်အခတ်ရပ်စဲရေးကို ဒုတိယအကြိမ်   ပြုလုပ်ခဲ့သော်လည်း တပ်နေရာချထားရေးနှင့် နယ်မြေသတ်မှတ်ရေး ကိစ္စတို့ကို မပြုလုပ် နိုင်ခဲ့ပေ။ ထို့အပြင် ကယားပြည်နယ် ဖရူးဆိုမြို့နယ်ရှိ  အစိုးရ၏ အမှတ် ၁၄ စစ်ရေး လေ့ကျင့်ရေး ဆောက်လုပ်ခြင်းကိစ္စကိုလည်း KNPP ဘက်မှ ကန့်ကွက်ထားသည်။

KNPP သည် အစိုးရနှင့်  ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲထားသော်လည်း ၃လခန့်သာ ကြာမြင့်ပြီး  ၂၀၁၂ခုနှစ် မတ်လ တွင် ထပ်မံ၍ အပစ်အခတ်ရပ်စဲမှုကို သဘောတူခဲ့သည်။အပစ်အခတ်ရပ်စဲစဉ် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ပြည်နယ် အဆင့်ဖြင့် တစ်ကြိမ်၊ ပြည်ထောင်စုအဆင့်ဖြင့် နှစ်ကြိမ် ဆွေးနွေးခဲ့သည်။ ၆၅ နှစ်မြောက် ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့ အခမ်းအနားကို  သြဂုတ် ၉ရက်တွင် ကျင်းပမည်ဖြစ်သည်။

YC


ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းလိုက်သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ကြမ်းအား နိုင်ငံတော်သမ္မတ လက်မှတ်မရေးထိုးကြောင်း ထုတ်ပြန်

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်မှ အတည်ပြု၍ နိုင်ငံတော် သမ္မတထံပေးပို့ခဲ့သည်။ နိုင်ငံတော်သမ္မတမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ခဲ့သည်။ နိုင်ငံတော်သမ္မ၏ ပြင်ဆင်ချက်များ ကို ပြည်ထောင်စုလွှတ်တော်မှ မပြင်ဆင်ဘဲ အတည်ပြုပြဌာန်းလိုက်သဖြင့် ယင်းဥပဒေကို နိုင်ငံတော် သမ္မတက လက်မှတ်မရေး ထိုးကြောင်းနှင့် ၎င်းပြင်ဆင်သည့် အချက်များကို သြဂုတ် ၈ရက်တွင် နိုင်ငံပိုင်သတင်းစားများက တစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ဥပဒေကြမ်းပါ အချက်ကိုးချက်မှာ အခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ညီညွတ်ရန် လိုအပ်ချက်များ ရှိနေခြင်းကြောင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးနိုင် ခြင်းမရှိကြောင်း ပြည်ထောင်စု လွှတ်တော် နာယကထံ သြဂုတ်လ ၅ရက်နေ့တွင် သဝဏ်လွှာပေးပို့ ထားကြောင်း အစိုးရ သတင်းထုတ်ပြန်ရေး အဖွဲ့မှ သိရသည်။

“သမ္မတ လက်မှတ်မထိုးလည်း ဥပဒေက အတည်ဖြစ်ပါတယ်။ အမေရိကန်မှာလို သမ္မတက ဗီတိုအာဏာနဲ့ ပယ်လို့မရဘူး”ဟု သီပေါမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ဥပဒေကို သမ္မတလက်မှတ် မရေးထိုးနှင့် ပက်သက်၍ ပြောကြားသည်။

ယခုကဲ့သို့ သမ္မတနှင့် လွှတ်တော်သဘောမကိုက်ညီသည့် အခြေအနေတွင် ပြဋ္ဌာန်းပြီး ဥပဒေများ အခြေခံဥပဒေနှင့် ညီညွတ်ရေးစိစစ်ရန်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးတွင် တာဝန်ရှိကြောင်း သတင်းထုတ်ပြန်ရေး အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment