Transparency Myanmar

transparency.myanmar@gmail.com

Q & C
Document

Snapshot of the item below:
Q & C

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ 

“ကျွန်တော်တို့နိုင်ငံမှာ သဘာဝသယံဇာတတွေ ပေါများတဲ့အတွက် နိုင်ငံခြားသားတွေက လိုချင်မက်မောလို့ လာချင်တာ များပါတယ်။ ကျွန်တော်တို့ကလည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးတယ်။ လာလည်း လာစေချင်တယ်။ ဒါပေမယ့် နောင်လာနောက်သားတွေအတွက် လိုအပ်တာလေးတွေကို ထိန်းသိမ်းဖို့ဆိုတဲ့အချက်ကလည်း ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံအချို့မှာဆိုရင် တကယ့်အရေးကြီးတဲ့ သစ်တောလုပ်ငန်းတို့ သတ္တု လုပ်ငန်းတွေကို လုံးဝပေးမလုပ်ဘူး။ ထိန်းသိမ်းထားပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ၁၁ ရက်နေ့ထုတ်  မွန်းတည့်နေ ဂျာနယ် အတွဲ(၁)အမှတ် ( ၃၃) တွင် “နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လိုတာထက် ပိုမပေးသင့်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဦးဆို”သတင်းမှ  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းဦး၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့က ရန်ကုန်ကဆိုပေမယ့် လယ်သမားတွေရဲ့ သိမ်းဆည်းခံထားရတဲ့ လယ်တွေ အမြန်ပြန်ရရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့ ခရီးဆန့်နေကြရပါတယ်။ လယ်သမားထုအနေနဲ့ကလည်း တပြည်လုံးအတိုင်းအတာနဲ့ လယ်သမားကိစ္စ အရေးဖြေရှင်းပေးနေရတာဆိုတော့ အချိန်ကြန့်ကြာမှုကို နားလည်ပေးပြီးစိတ်ရှည်သည်းခံစွာနဲ့ စောင့်ဆိုင်း ပေးလိုပါတယ်။ ဒီနေ့လယ်သမားတွေရဲ့ လယ်ယာမြေပြဿနာကို ဖြေရှင်းတဲ့နေရာမှာ တိုက်ပွဲဝင်စရာမလိုအောင် ဖြေရှင်းပေး သွားမှာပါ။ လယ်သမားတွေ ဘက်ကလည်းပိုင်ဆိုင်မှု အနေအထားကို မှန်မှန်ကန်ကန်တိတိကျကျပြောကြားဖို့လိုပါတယ်။ လယ်သမားထု တင်ပြတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ကိုယ်တိုင် ကွင်းဆင်းဆွေးနွေး ညှိနှိုင်းပေးမယ့်အပြင် လိုအပ်ရင် ပြည်သူ့လွှတ်တော်အထိ ရောက်အောင်တင်ပြပြီး လယ်သမားထုအကျိုးကို သယ်ပိုးသွားမယ်လို့ ကတိပေးပါတယ် ”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၁ ရက် မွန်တည့်နေ ဂျာနယ် အတွဲ(၁)အမှတ် ( ၃၃) တွင် ပါရှိသော  “လယ်သမားအရေး ဖြေရှင်းရာတွင် အချိန်ကြန့်ကြာမှုအား နားလည်ပေးရန် ဦးအောင်သိန်းလင်းပြောကြား” သတင်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ အမျိုးသားရင်ကြားစေ့ရေးဆိုတာ တစ်ယောက်နဲ့ တစ်ယောက်နားလည်ပုံချင်းတူချင်မှ တူမှာ။ ပြည်သူပြည်သားအားလုံးနဲ့ သက်ဆိုင်ပါတယ် ၂၀၁၂ ခုနှစ်ကဆိုရင် ကျွန်မတို့ ချမှတ်ထားတဲ့ မူက ၃ ချက်ပါပဲ။ ၂၀၁၂ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်ရတဲ့ မုတွေကပါ။ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးစတဲ့မူတွေက ဆက်စပ်နေလို့ ကျွန်မတို့ချမှတ်ခဲ့တာပါ။ ကျွန်မတို့ မူတွေအတိုင်း ဆက်သွားဖို့လိုပါတယ်။ ယခုအခါ ဥပဒေစိုးမိုးရေး ရှိနေပြီလားဆိုတော့ မရှိသေးဘူး။ တကယ်ပဲပြည်တွင်းငြိမ်းချမ်းရေးရှိနေပြီလားဆိုတာကလည်း မရှိသးပါဘူး။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပြီလားဆိုတော့ စတောင်မစရသေးပါဘူး။ ဒါကြောင့် ကျွန်မတို့ ဒီပန်းတိုင်တွေကို ရောက်အောင် သွားရပါမယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူတွေက လုပ်ထားတာပါ။ ဒါကိုမထိရဲဘူး။ မကိုင်ရဲဘူးဆိုရင် ကျွန်မတို့အသက်ရှိပြည်သူပြည်သားတွေက သက်မဲ့စာတမ်းတစ်ခုကို ကြောက်နေရာမရောက်ဘူးလား မေးချင်ပါတယ်”

 

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၀ ရက်နေ့ထုတ် မြန်မာသံတော်ဆင့် ဂျာနယ်အတွဲ (၂) အမှတ် (၂၂) တွင် ပါရှိသော “NLD ရွေးကောက်ပွဲဝင်ခဲ့ရသည့် အဓိက မူသုံးရပ် ယခုအထိဖော်ဆောင်နိုင်ခြင်းမရှိသေးဟု ရှစ်လေးလုံးအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားလိုက်ခြင်း” သတင်းမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ဒီမိုကရေစီဆိုတာနဲ့ ပတ်သက်ပြီး ခွဲခြားသိဖို့လိုတယ်။ “ Democrazy is not the end. This is the mean” ဒီမိုကရေစီဆိုတာကြီးကို အဆုံးသတ်ပန်းတိုင်အနေနဲ့ သဘောထားလို့မရဘူး။ ဒါကြီးရလာတိုင်းလည်းပဲ အားလုံးကအဆင် ပြေနိုင်မှာမဟုတ်ဘူး။ အရေးကြီးတာက ဒီမိုကရေစီဆိုတာ အဆုံးသတ်မဟုတ်ဘူးဆိုတာသိရမယ်။ ပြောင်းလဲမှုမှာ ကွာခြားချက်တွေရှိတယ်။ ဥပမာ ဗီိယက်နမ်ဆိုရင် သူ့ပြောင်းလဲမှုမှာ စီးပွားရေးကို ဦးစားပေးတယ်။ ဆရာတို့ဆီမှာတော့ နိုင်ငံရေးကို ဦးစားပေးတယ်။ တချို့တွေက နိုင်ငံရေးကို ဦးစားပေးသူတွေရှိတယ်။ တချို့က စီးပွားရေးကို ဦးစားပေးတဲ့သူတွေ ရှိတယ်။ ဆရာအနေနဲ့ကတော့ နိုင်ငံရေး၊ စီးပွားရေး နှစ်ခုစလုံးကို ဦးစားပေးလုပ်စေချင်တယ်။ တစ်ခုချင်းလုပ်နေလို့မရဘူး”

၂၀၁၃ ခုနှစ် သြဂုတ်လ ၈ ရက်နေ့ထုတ်         ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ တွင် အတွဲ(၁)အမှတ်(၅၆) ပါရှိသော “ဒီမိုကရေစီကို အဆုံးသတ်ပန်းတိုင်အနေဖြင့် သဘာထား၍ မရကြောင်း ပြောင်းလဲမှု၌ စီးပွားရေး နိုင်ငံရေးနှစ်ခုစလုံး ဦးစားပေးရန်လိုဟု နိုင်ငံတော်သမ္မတအကြံပေး ပြော” သတင်းမှ နိုင်ငံတော်သမ္မတအကြံပေး ဦးမြင့်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 

“ကျွန်တော်တို့လွတ်လပ်ပြီးနောက် နိုင်ငံရေးပါတီဖွဲ့ပြီး လွှတ်တော်ထဲဝင်ရေး၊ မဝင်ရေး ဆွေးနွေးခဲ့ကြတယ်။ ကျွန်တော်တို့ အစိုးရကိုတချိန်လုံး မယုံဘူး။ ဒါကြောင့် အရပ်ဘက်အဖွဲ့အစည်းတစ်ခုအဖြစ်သွားကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ နိုင်ငံရေးအပေါ် မျက်ခြေပြတ်မခံဘူး။ အခုအခါ လမ်းပေါ်ထွက်ဆန္ဒပြမဲ့အချိန်မဟုတ်ဘူး။ လွှတ်တော်ဆိုင်ရာ နိုင်ငံရေးလုပ်ရမဲ. အချိန်ဖြစ်တယ်။ ၂၀၁၅ လွှတ်တော်မှာ ကျွန်တော်တို့ထဲမှ အချို့ကို မြင်တွေ့ရမှာ သေချာပါတယ်”

၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့ထုတ်           News Watch  ဂျာနယ် အတွဲ (၈) အမှတ် (၁၀)တွင် ပါရှိသော “၈၈ မျိုးဆက်ခေါင်းဆောင်အချို့ ၂၀၁၅၌ လွှတ်တော်ဝင်မည်” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment