Transparency Myanmar

transparency.myanmar@gmail.com

International Media (1)
Document

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ (၁)

(Bangkok Post မှ 18 Sept 2013 ရက်စွဲပါ “Focus on Mae sot, Mae Sai for new border trade zone”  သတင်းကို ဘာသာပြန်ဆိုပါသည်)

(AFP မှ 19 sept 2013 ရက်စွဲပါ “Myanmar monks urge peace on uprising anniversary ” သတင်းကို ဘာသာပြန်ဆိုသည်)


နယ်ခြားစီးပွားရေးဇုံသစ် တည်ရန် မဲဆောက်နှင့်မယ်ဆိုင်ကို စဉ်းစားနေ

(Bangkok Post မှ 18 Sept 2013 ရက်စွဲပါ “Focus on Mae sot, Mae Sai for new border trade zone”  သတင်းကို ဘာသာပြန်ဆိုပါသည်)

မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတိုးမြှင့်ရာတွင် မြောက်ပိုင်းနယ်စပ်၌ အထူးစီးပွားရေးဇုံတည်ဆောက်ရန် အတွက် မဲဆောက် နှင့် မဲဆိုင်ကို ထိုင်းအစိုးရကစဉ်းစားနေသည်ဟု သိရှိရသည်။

အထက်ပါ အဆိုပြုချက်ကို အမျိုးသား စီးပွား၊လူမှုဖွင့်ဖြိုးရေးဘုတ်အဖွဲ့ NESDB က လေ့လာမှုပြုလုပ်သွားမည် ဟု ဝန်ကြီး ချာရူပေါင်ရာဆူဝမ် က ဗုဒ္ဓဟူးနေ့က ဘုတ်အဖွဲ့အစည်းအဝေးအပြီးတွင် ပြောကြားသည်။

သုံးသပ်မှု အစီရင်ခံစာကို ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြမည်ဟုလည်း သိရှိရသည်။

တပ်စ်ခရိုင်မဲဆောက် ဒီစတြိတ် နှင့် ချင်းရိုင်ခရိုင် မယ်ဆိုင် ဒီစတြိတ် တို့ကို ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာ ဦးဆောင်သော ကော်မတီက ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ယင်လပ် သည် ထိုင်းနိုင်ငံရောက် မြန်မာ၏ တပ်အကြီးအကဲဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် လည်း အင်္ဂါနေ့က တွေ့ဆုံခဲ့ပြီး၊ နယ်စပ်ကုန်သွယ်ရေး၏ အရေးပါပုံနှင့် နှစ်နိုင်ငံကုန်သွယ်မှုတွင် အဓိက ကဏ္ဍမှ ပါဝင်မည့် အလားအလာတို့ကို ဆွေးနွေးခဲ့သည်။

မဲဆောက်နှင့် မယ်ဆိုင် တို့သည် ထိုင်းနှင့်မြန်မာအကြား အဓိက ကုန်သွယ်ရေးစခန်းမြို့များဖြစ်သည်။ ယခု ဘဏ္ဍာရေးနှစ် ပထမနှစ်ဝက်တွင် မဲဆောက်-မြဝတီ အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး ဘတ်ငွေ ၂၅၀ ဘီလီယံ ရှိခဲ့ပြီး၊ မယ်ဆိုင်၊ တာချီလိတ် အပြန်အလှန် ကုန်သွယ်မှု တန်ဖိုးဘတ်ငွေ ၆.၈ ဘီလီယံရှိခဲ့သည်ဟု ကုန်သွယ်ရေးဝန်ကြီးဌာန ကိန်းဂဏန်းများအရ သိရှိရသည်။

မဲဆောက်မှတဆင့် တင်ပို့သော ထိုင်းကုန်စည်များသည် ရန်ကုန်ဈေးကွက်သို့ ဦးတည်ခြင်းဖြစ်သော်လည်း မယ်ဆိုင်မှ တင်ပို့သော ကုန်စည်အချို့မှာမူ မြန်မာနိုင်ငံအရှေ့မြောက်ဒေသကိုဖြတ်၍ တရုတ်နိုင်ငံဖက်သို့ ရောက်ရှိ သည်ဟု လည်း သိရှိရသည်။

အဆိုပါ စီးပွားရေးဇုံများတွင် ရင်းနှီးမြှုပ်နှံသူများ အကျိုးဖြစ်ထွန်းနိုင်မည့် စည်းမျဉ်း၊ စည်းကမ်းများ ရေးဆွဲရာတွင် မြန်မာအစိုးရနှင့်လည်း တိုင်ပင်ညှိနှိုင်းဖို့လိုသည်ဟု ဝန်ကြီးချာဂူပွန် ကဆိုပါသည်။

ထို့အပြင် စက်မှုလုပ်ငန်းများကို ဆွဲဆောင်ရန်အတွက် အခွန်ကင်းလွတ်ခွင့်နှင့် အခြားမက်လုံးများလည်း ပေးဦး မည်ဟုဆိုသည်။

အထူးစီးပွားရေးဇုံများတည်ဆောက်ရန်အတွက် အထက်ပါ နှစ်နေရာအပြင်၊ ကန်ချနာဘူရီခရိုင်မှ ဆောင်စလာဘူရီ၊ လာအိုနယ်စပ်နှင့် မျက်နှာချင်းဆိုင် မူဒါဟန်၊ ကမ္ဘောဒီးယားနယ်စပ်နှင့် မျက်နှာချင်းဆိုင် အရာနီယာ ပရာသက် ဒီစတြိတ် စသောနေရာများကိုလည်း Thailand Development Research Institute က ထောက်ခံချက်ပေးထားပြီး ဖြစ်သည်ဟု သိရှိရသည်။


ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် အခမ်းအနားတွင် သံဃာတော်များက ငြိမ်းချမ်းရေး တောင်းဆို

(AFP မှ 19 sept 2013 ရက်စွဲပါ “Myanmar monks urge peace on uprising anniversary ” သတင်းကို ဘာသာပြန်ဆို သည်)

ယခင်တပ်မတော်အစိုးရလက်ထက် ရွှေဝါရောင်တော်လှန်ရေးကို  ဦးဆောင်ခဲ့ကြသော  အကြီးတန်း သံဃာတော် များက မအောင်မြင်ခဲ့သော အုံကြွမှု ၆ နှစ်မြောက်အခမ်းအနားကို ဗုဒ္ဓဟူးနေ့က ကျင်းပရာတွင် လက်ရှိ ဘာသာရေး အကြမ်းဖက်မှုများ အဆုံးသတ်ရန် မေတ္တာရပ်ခံ တောင်းဆိုလိုက်ကြသည်။

ရန်ကုန်မြို့ ဘုန်းကြီးကျောင်းတစ်ခုတွင် ကျင်းပသော အခမ်းအနားသို့ တက်ရောက်လာကြသော သံဃာတော် ၁၀၀ ခန့်နှင့်  ဧည့်သည်များအား ဘုန်းတော်ကြီး ဦးစန္ဒာသီရိက “’ဒီမိုကရေစီကို သွားမယ့်လမ်းဟာ အခုမှ ပေါ်လာ ကာစဘဲ ရှိပါသေးတယ်။ ဒီလမ်းကြောင်း ပျက်စီးမသွားစေဖို့အတွက် လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ရှောင်ရှားကြဖို့ တိုက်တွန်းပါတယ် ” ဟု ပြောကြားခဲ့သည်။

ဗုဒ္ဓဘာသာလူများစု မြန်မာနိုင်ငံတွင် မွတ်ဆလင်လူနည်းစုကို  အဓိကပစ်မှတ်ထားသော ဘာသာရေးအကြမ်း ဖက်မှု များကြောင့်  နက်ရှိုင်းသော သဘောထားကွဲမှု၊ သွေးကွဲမှုများ ဖြစ်ပေါ်စေပြီး စစ်အုပ်ချုပ်ရေး အလွန် ပေါ်ထွက်လာ သော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အရှိန်လျော့သွားအောင် လောင်းရိပ်မိုး လျက်ရှိသည်။

မနှစ်က ဇွန်လတွင် ရခိုင်ပြည်နယ်၌ ဆက်တိုက်ဖြစ်ပွားခဲ့သော အကြမ်းဖက် အဓိကရုဏ်းများကြောင့် လူ ၂၀၀ ကျော် သေဆုံး၍ လူပေါင်း ၁၄၀၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

             ထို့အပြင် လူနည်းစု မွတ်ဆလင်တို့သည် ဗုဒ္ဓအစွန်းရောက် ဘုန်းတော်ကြီးအချို့ ဦးဆောင်လှုပ်ရှားနေသော အမျိုးသားရေး အစွန်းရောက် လှုပ်ရှားမှု၏ ပစ်မှတ်ဖြစ်နေသည်။

၂၀၀၇ ခုနှစ်က လောင်စာဆီ ဈေးနှုန်းတက်မှုကြောင့် ဆန္ဒပြရာမှ တပ်မတော်အစိုးရ (သို့) စစ်အစိုးရအပေါ် ကြီးမားသော ငြိမ်းခြောက်မှုတစ်ခုအဖြစ် ကြီးထွားလာခဲ့သော ရွှေဝါရောင်တော်လှန်ရေး ဖြစ်စဉ်တွင် အနည်းဆုံး ၃၁ ဦးခန့် သေဆုံးခဲ့ရပြီး ရာပေါင်းများစွာသော သံဃာတော်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရသည်။

သို့ရာတွင် ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးဖြစ်သူ ဦးသိန်းစိန်အစိုးရလက်ထက် ပြုပြင်ပြောင်းလဲမှုများ ထွက်ပေါ်လာ ပြီးနောက်ပိုင်း ရွှေဝါရောင် တော်လှန်ရေး အထိမ်းအမှတ် ပထမဆုံးလမ်းလျှောက်ချီတက်ပွဲကို မနှစ်က စတင်ဆင်နွှဲ ခဲ့ကြသည်။

ဗုဒ္ဓဟူးနေ့က ရန်ကုန်မြို့တွင်  ကျင်းပသော အခမ်းအနား၌  ဦးစန္ဒာသီရိက “နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး နှင့် အထွေထွေကဏ္ဍတွေကို  လေ့လာကြည့်တဲ့အခါမှာ ဘာမှမပြောင်းလဲဘူးလို့ ပြောလို့မရပါ ဘူး။ ဒါပေမယ့်လည်း  ပြည်သူတွေရဲ့ ဘဝတွေ တိုးတက်သွားစေတဲ့ ပြောင်းလဲမှုမျိုး မရှိပါဘူး ” ဟု သုံးသပ်ပြောကြား သည်။ ထို့အပြင် ၂၀၀၇ ခုနှစ်က သံဃာတော် ထောင်ပေါင်းများစွာ လမ်းများပေါ်ထွက်ကာ ဆန္ဒပြခဲ့ကြသော ရွှေဝါရောင် တော်လှန်ရေးကို သွေးမြေကျ နှိမ်နင်းခဲ့မှုအပေါ် အစိုးရက တရားဝင် တောင်းပန်မှု ပြုလုပ်ရန်  ဦးစန္ဒာသီရိက တောင်းဆို လိုက်ပါသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment