Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးအတွက် မောင်းနှင်မှု

(3 November 2013 ရက်စွဲပါ New York Times မှ Maung Zarni ရေးသားသော Myanmar’s Drive for Peace ကို ဘာသာပြန်ဆိုပါသည်)

(မောင်ဇာနည်သည် London School of Economics မှ ဧည့်ဖဲလိုးဖြစ်ပြီး မလေးရှားတက္ကသိုလ်၏ တွဲဖက် ဖဲလိုးဖြစ်ပါသည်)

မြန်မာနိုင်ငံသည် ဆယ်စုနှစ်ငါးခုခန့်စစ်အုပ်ချုပ်ရေး အောက်မှ ထွက်လာခဲ့ပြီးနောက် သမ္မတဦးသိန်းစိန်နှင့် ၎င်း၏ လူများသည် ကမ္ဘာကြီးအား ၎င်းတို့သည် နိုင်ငံရေးအရပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရာတွင် တိုးတက်မှုများရှိကြောင်း ပြသရနစိတ်အားထက်သန်လျက် ရှိပါသည်။ အစိုးရ၏ နောက်ဆုံးအကွက်ချမှုမှာ တိုင်းရင်းသားလူနည်းစုအုပ်စုများကို ( တိုင်းရင်းသားလူနည်းစုများ ထိန်းချုပ်သောနယ်မြေများတွင် အစိုးရ စစ်တပ်များတိုး၍ချထားခြင်းမှတဆင့်) နေပြည်တော်တွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး နိုင်ရန် ဖိအားပေးခြင်း ဖြစ်ပါသည်။

တိုင်းရင်းသားခေါင်းဆောင်များသည် ယခုအပတ် အစိုးရနှင့်ဆွေးနွေးရာတွင် အများစုက အဆိုပြုချက်ကို သံသယရှိနေကြပါသည်။ အစိုးရတပ်များသည် အတိတ်က သဘောတူညီမှုများကို လိုက်နာရန်ပျက်ကွက်ခဲ့ကြ ပါသည်။ နေပြည်တော်မှ ညှိနှိုင်းရေးခေါင်းဆောင် (ဦးအောင်မင်းကို ဆိုလိုသည်- အယ်ဒီတာ) နှင့် ၎င်း၏ အဖွဲ့ သည် စစ်တပ်အပေါ်ထိန်းချုပ်နိုင်ခြင်းမရှိသည်မှာ အလွယ်တကူ သိနိုင်ပါသည်။ သူပုန်ခေါင်းဆောင်များ သတိ ရှိနေသည့်အချက်မှာ မြန်မာစစ်တပ်သည် ၎င်း၏ မဟာဗျူဟာအောင်မြင်ရေးအတွက် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းနေချိန် ငြိမ်သက်နေခြင်းကို အခွင့်ကောင်းယူ၍ တိုက်ခိုက်မှုများလုပ်ခဲ့သည်ဟူသော အချက်ဖြစ်ပါသည်။

သို့သော် နေပြည်တော်၏ ငြိမ်းချမ်းရေးကို ချဉ်းကပ်ခြင်းတွင် အဓိကပြဿနာမှာ အစိုးရခေါင်းဆောင်များနှင့် စစ်တပ်သည်ဗဟိုချုပ်ကိုင်မှုများသော အစိုးရ- ဖက်ဒရယ်ကို ဆန့်ကျင်သော အဖြစ်သာ အမြင်ရှိပြီး၊ တိုင်းရင်းသား များက လည်း ဤအချက်ကို လက်မခံနိုင်ခြင်းပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူနည်းစုများသည် တိုင်းပြည်လူဦးရေ၏ သုံးပုံတစ်ပုံရှိပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်စပ်များတွင် သဘာဝသယံဇာတ အကြွယ်ဝဆုံး နယ်မြေများ၌ နေထိုင် ကြပါသည်။ ၎င်းတို့တွင် အဓိကတိုင်းရင်းသားအုပ်စု လက်တစ်ဆုတ်စာနှင့် အုပ်စုသေးဒါဇင်များစွာရှိပြီး သီးသန့် ဖြစ်သော ယဉ်ကျေးမှုနှင့် ဘာသာဗေဒအမွေအနှစ်များ ရှိပါသည်။ ၁၉၄၈ ခုနှစ်ဗြိတိသျှထံမှ လွတ်လပ်ရေးရရှိ ပြီးနောက် တိုင်းရင်းသားအများစု၏ မူလရည်ရွယ်ချက်မှာ လွတ်လပ်သောပြည်နယ်ထူထောင်ရေး ဖြစ်သော် လည်း၊ အများစုက ဖက်ဒရယ်အစိုးရစနစ်အတွက် လမ်းကြောင်းကိုသာ ရွေး၍တိုက်ပွဲဝင်ခဲ့ကြပါသည်။ အဆိုပါ အိုင်ဒီယာကို မြန်မာဗိုလ်ချုပ်များက လက်မခံခဲ့ပဲ ၁၉၆၂ ကတည်းက အာဏာသိမ်းခဲ့ပါသည်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်က မြန်မာနိုင်ငံမှ  ထိပ်ဆုံးပိုင်းဗိုလ်ချုပ်ကြီးတစ်ဦးက စာရေးသူအား တိုင်းရင်းသား များ ဖက်ဒရယ်စနစ်တောင်းဆိုနေမှုအပေါ် ဝေဖန်ပြောကြားဖူးပါသည်။ ၎င်းက ဖက်ဒရယ်စနစ် သည် မြန်မာနိုင်ငံကို အစိတ်စိတ်အမြွှာမြွှာခွဲရန် ပထမခြေလှမ်း ဖြစ်ကြောင်း ပြောကြားခဲ့ရာ နေပြည်တော် ခေါင်းဆောင်မှုသည်လည်း ထိုအတိုင်း ပင် ရှုမြင်နိုင်ပါသည်။

တိုင်းရင်းသားဒေသများတွင် အစိုးရစစ်တပ်များရှိနေခြင်းသည်လည်း အများသဘောမတူ၍ အငြင်းပွားနိုင်သည့် အချက်တစ်ခုဖြစ်ပါသည်။ တိုင်းရင်းသားအဖွဲ့အစည်းအားလုံးက အစိုးရတပ်များလျော့ချရေးကို လိုလားကြပါ သည်။ တိုက်ပွဲဖြစ်နေသော နယ်မြေများတွင် စစ်တပ်၏ အောက်တန်းကျလှသော လူ့အခွင့်အရေးမှတ်တမ်းများ သည် ပဋိပက္ခကို ဆယ်စုနှစ်များစွာပိုမိုကြာရှည်စေပြီး၊ ခုခံရန်လည်းခက်ခဲလှပါသည်။

ယခုငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများ စတင်လာသောအခါ စစ်တပ်သည် န