Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

ကုလအထွေထွေညီလာခံက မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာက ရိုဟင်ဂျာနှင့် အခြားမွတ်ဆလင်များအပေါ် တိုက်ခိုက်ခြင်းကို ရပ်ဆိုင်းရန် ပြောကြား

(19 November 2013 ရက်စွဲပါ Washington Post မှ AFP ၏ UN General Assembly tells Myanmar to quell Buddhist attacks on Rohingya and other Muslims ကိုဘာသာပြန်ဆိုပါသည်)

ကုလသမဂ္ဂအထွေထွေညီလာခံ၏ လူ့အခွင့်အရေးကော်မတီသည် အင်္ဂါနေ့က ဆုံးဖြတ်ချက်တစ်ခု သဘောတူခဲ့ ရာမြန်မာနိုင်ငံအား နိုင်ငံမဲ့ရိုဟင်ဂျာ လူနည်းစုအား နိုင်ငံသားပြုခွင့်တန်းတူ အခွင့်အရေးရရန်၊ ၎င်းတို့အပေါ် နှင့် အခြား မွတ်ဆလင်များအပေါ် အကြမ်းဖက်သော ဗုဒ္ဓဘာသာများကို နှိမ်နှင်းပေးရန်တို့ကို တိုက်တွန်းခဲ့ပါသည်။

ထိုဆုံးဖြတ်ချက်ကို အများသဘောတူညီချက်ဖြင့် ကော်မတီက သဘောတူခဲ့ရာ အထွေထွေညီလာခံ၏ စည်းမျဉ်း များအရ ကော်မတီသည် ယခုနှစ်နှောင်းပိုင်းတွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးကာလ၌ အဆိုပါအကြမ်းဖက်မှုများသည် နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်မှုများရှိနေပါသည်။ အချို့က ပြောကြားရာတွင် အဆိုပါ ပြည်တွင်းလူမျိုးရေး အကြမ်းဖက်မှုများသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများကို ခြိမ်းခြောက်နေသည်ဟု ဆိုပါသည်။ အဘယ့်ကြောင့်ဆိုသော် လုံခြုံရေးတပ်ဖွဲ့များ သည် အာဏာအတွက် ပြန်လည်ထိန်းချုပ် လာနိုင်ခြင်းကြောင့်ဟု ဆိုပါသည်။

၁၉၈၂ ခုနှစ်က မြန်မာနိုင်ငံသည် နိုင်ငံသားဥပဒေကို ပြဌာန်းခဲ့ရာ မျိုးနွယ်စု (၈) ခုနှင့် တိုင်းရင်းသားအုပ်စု (၁၃၀) ကို အသိအမှတ်ပြုပြီး လူဦးရေ (၈) သိန်းရှိ ရိုဟင်ဂျာများကို ချန်လှပ်ခဲ့ပါသည်။  ဗုဒ္ဓဘာသာများက ရိုဟင်ဂျာများသည် ဗြိတိသျှကိုလိုနီက ယနေ့ ဘင်္ဂလားဒေ့ရှ်ဟု ခေါ်သော ဒေသမှ ခေါ်သွင်းလာသူများအဖြစ် မြင်ကြပါသည်။ သို့သော် ရိုဟင်ဂျာ များက မြန်မာနိုင်ငံတွင် နေထိုင်သ