Transparency Myanmar

transparency.myanmar@gmail.com

International Media (1)

Snapshot of the item below:
International Media (1)

နိုင်ငံတကာသတင်းများ

မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးသည် အာရှကို အသွင်ပြောင်းနိုင်

(22 Nov 2013 ရက်စွဲပါ Financial Times မှ Than Myint-U ၏ Peace in Myanmar can transform Asia ကိုသာ သာပြန်ဆိုသည်။)

ကမ္ဘာပေါ်တွင် အရှည်ကြာဆုံးစစ်ပွဲတစ်ခုသည် ပြီးဆုံးကာနီးပြီဖြစ်သည်။ မြန်မာနိုင်ငံမှ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် အရေးကြီးသော အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပါသည်။ အကယ်၍သာ အောင်မြင်ခဲ့ပါက နောက်ထပ် ဒီမိုကရေစီပြုပြင် ပြောင်းလဲရေး အလားအလာများသည် ပိုမိုအားကောင်းလာနိုင်ပြီး စီးပွားရေးအလားအလာကောင်းများအတွက် တံခါးသော့ ပွင့်သွားမည်ဖြစ်သည်။ အာရှတိုက်၏ မြေပုံသည်လည်း လုံးဝပြောင်းလဲသွားတော့မည်ဖြစ်သည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မအောင်မြင်ခဲ့ပါက အကျိုးဆက်မှာ အန္တရာယ်များလှပြီး မြန်မာနိုင်ငံတွင်သာမက အခြားနိုƚ