Transparency Myanmar

transparency.myanmar@gmail.com

Q & C

Snapshot of the item below:
Q & C

 

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“လူ့အခွင့်အရေးလေးစားမှုက နေပြည်တော်က လွှတ်တော်နဲ့ သမ္မတရုံးလောက်နဲ့ မလုံလောက်ဘူး။ အောက်ခြေမှာ ရှိတဲ့ ရပ်/ကျေးတွေကအစ ဒါကိုနားလည်ဖို့လိုပါတယ်။ ပြည်သူလူထုကို အမြဲတမ်းကူညီပါရစေ လို့ပြောနေတဲ့ ပြည်သူ့ရဲတွေလည်း လေးစားဖို့ လိုသလို စစ်တပ်ကပါ တစ်ပြေးညီလေးစားမှု လိုပါတယ်။ အဲဒါတွေမရှိရင် ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှုတွေ ရှိနေပါမယ်”

ဒီဇင်ဘာ ၁၃ ရက်နေ့ထုတ် မော်ဒန် ဂျာနယ် အမှတ် (၃၈၇) တွင်ပါရှိသော “အသွင်ကူးပြောင်းလာတဲ့ လူ့အခွင့် အရေးချိုးဖောက်မှု ပုံစံသစ် သတိပြုမိဖို့လို” သတင်းမှ Equality Myanmar မှ ဦးအောင်မျိုးမင်း ၏ ပြောကြား ချက်အား ကောက်နှုတ်ချက်။


“Mobile Banking နဲ့ ကတ်သုံးစွဲမှုတွေ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးဖို့ လိုပါတယ်။ Private Sector Reform ကိုမဖြစ်မနေ လုပ်ဆောင်ဖို့ လိုပါတယ်။ အစိုးရ၊ ပုဂ္ဂလိက ယှဉ်ရင်အစိုးရက ၁၀ ရာခိုင်နှုန်းပဲ ရှိပြီးတော့ ပုဂ္ဂလိကက ၉၀ ရာခိုင်နှုန်း ရှိနေပါတယ်။ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးဖို့အတွက် ငွေကြေးနဲ့ နည်းပညာပိုင်းတွေ ပံ့ပိုးဖို့လိုပါတယ်”

ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် မွန်းတည့်နေ ဂျာနယ် အတွဲ (၁) အမှတ် (၅၁) တွင် ပါရှိသော “ပုဂ္ဂလိကဘဏ်များ နည်းပညာပိုင်းတိုးတက်ရန် လိုအပ်ဟု ဝန်ကြီးဦးစိုးသိန်း ထောက်ပြ” သတင်းမှ သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“စာမေးပွဲအောင်ချက်ရာခိုင်နှုန်း ဘယ်လောက်ရှိလည်းဆိုပြီး ခုထိတောင်းနေတုန်းပဲ။ ဘာ့ကြောင့်လဲလို့ အထက်ကို မေးကြည့်တော့ သတ်မှတ်ထားတဲ့ အောင်ချက်ရာခိုင်နှုန်း မပြည့်လို့လို့ ပြောတယ်။ ပညာရေး ပြုပြင်ပြောင်းလဲဖို့ မူဝါဒတွေ၊ ဘတ်ဂျတ်တွေချပေးပေမယ့် အောက်ခြေမှာ ယိုယွင်းနေတဲ့ စနစ်တွေ၊ မူတွေကို ပြင်မှရမယ်”

ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာ တွင်ပါရှိသော “စာမေးပွဲအောင်ချက်ကို ရာခိုင်နှုန်းဖြင့် ထိန်းချုပ်နေပါက ပညာရေးပြုပြင်ပြောင်းလဲမှု ထိရောက်မည် မဟုတ်” သတင်းမှ တက္ကသိုလ် ဆရာ၊ဆရာမများ သမဂ္ဂဗဟိုကော်မတီဝင် ဒေါက်တာအာကာမိုးသူ ၏ ပြောကြားချက် အားကောက်နှုတ်ချက်။

 


“နိုင်ငံရေးမိုးလေဝသကလည်း ကြည့်ရသေးတာကိုး။ ၁၀၉ ဦးကော်မတီက လွှတ်တော်မှာတင်ပြီးတော့ တင်တဲ့ဟာပဲ ရှိတယ်။ ပြင်တဲ့ဟာရှိလား၊မရှိလား မသိသေးဘူး။ နောက်တစ်ခါ ပြည်တွင်းမှာ ဖြစ်နေတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးလှုပ်ရှားမှုတွေရဲ့ အရှိန်လည်း ရှိသေးတာကိုးဗျ။ အဲဒါတွေကိုလည်း သွားပြီးတော့ ကိုးလိုးကန့်လန့် မဖြစ်စေချင်ဘူးလေ။ အထောက်အကူ ဖြစ်စေချင်တာပေါ့”

ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် Daily Eleven နေ့စဉ်ထုတ် သတင်းစာ တွင်ပါရှိသော “လွှတ်တော်ကော်မတီ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ပြင်ဆင်နိုင်သည့် အနေအထားကို စောင့်ကြည့် ပြီးမှသာ UNFC နှင့် UNA  တို့၏ ဖွဲ့စည်းပုံမူကြမ်း အပြီးသတ်ရေး” သတင်းမှ ဗိုလ်မှူးကြီးခွန်ဥက္ကာ ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


“EITI အဖွဲ့ဝင်ဖြစ်ဖို့ဆိုရင် အစိုးရကနေ သယံဇာတ၊ ဓါတ်သတ္တုတွေကရတဲ့ အခွန်အခကို ကြေညာရမယ်။ ပြီးရင် နိုင်ငံတော် မှာ ဘယ်လိုသုံးနေတယ်ဆိုတာကို ဖော်ပြနိုင်ရမယ်”

ဒီဇင်ဘာလ ၁၃ ရက်နေ့ထုတ် ပြည်ထောင်စုနေ့စဉ် သတင်းစာတွင် ပါရှိသော “မြန်မာနိုင်ငံက EITI အဖွဲ့ဝင် အဖြစ် ဇန်နဝါရီလတွင် လျှောက်လွှာတင်မည်” သတင်းမှ မြန်မာအစိမ်းရောင် ကွန်ရက်မှ ဦးစောမိုးမြင့် ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment