Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ဦးဝီရသူအား အမျိုးသားရေးတော့စိတ်အားထက်သန်တာရှိပါတယ်။ တချို့ကိစ္စတွေမှာ အမျိုးသားရေးကို ဦးစားပေးတာ တွေလဲရှိနိုင်ပါတယ်။သူလုပ်တဲ့ဟာတွေ ဥပမာ မိတ္ထီလာဖြစ်တဲ့ ဟာမျိုးတွေမှာဆို မွတ်ဆလင်တွေကို ကာကွယ်စောင့်ရှောက် ပေးတာာတွေ အများကြီးပါ။ ဒါတွေကိုကြည့်ရင်တော့ သူဟာမွတ်ဆလင်တွေကို မုန်းတီးတယ်ဆိုတာမျိုးတော့ မဟုတ်ဘူး ထင်တယ်။ ဒါပေမယ့် အခုတိုင်းမ် မဂ္ဂဇင်း မှာ ဦးဝီရသူရဲ့လုပ်ရပ်က ဘယ်ဟာကို အခြေခံပြီးတော့ Terrp (အကြမ်းဖက်) ဆိုတာမျိုးနဲ့ စွပ်စွဲလိုက်လည်း ဆိုတာကို နက်နက်ရှိုင်းရှိုင်းစဉ်းစားဖို့ လိုတယ် ဒီလိုဖော်ပြခြင်းဟာ ဦးဝီရသူတစ်ပါးတည်း ဆိုတာထက် ဗုဒ္ဓဘာသာ ကိုရောထိုးနှက် တိုက်ခိုက်ဖို့တွေပါနေတယ်လို့ ယူဆရတယ်။နောက်ကွယ်မှာ မမြင်ရတဲ့ အရာတွေ ရှိနေတယ်လို့ ဦးပဇင်းတို့ အနေနဲ့ယူဆတယ် 

ဇွန်လ ၂၃ ရက်နေ့ထုတ် ပြည်မြန်မာ နေ့စဉ်ထုတ်သတင်းစာတွင်ပါရှိသော “တိုင်းမ်မဂ္ဂဇင်းမှ ပြည်မြန်မာမှ သံဃာတစ်ရပ်လုံးကို တောင်းပန်သင့်ကြောင်း ပြည်ပရောက် သံဃာများမိန့်ကြား” သတင်းမှ ဆရာတော် ဦးပညာဇောတ၏ မိန့်ကြားချက်အားကောက်နှုတ်ချက်။

“ဂျပန်တွေထားဝယ်ကိုလာပြီး ရင်းနှီးမြှုပ်နှံရင်ပိုကောင်းမယ်ဆိုတာကို ပညာရှင်သုတေသီ မဟုတ်ဘူး။ သာမန်လူ တောင်သိ တယ်။ဂျပန်က လက်ရှိမှာ ဘယ်လိုစီးပွားရေးလုပ်ပြီး ရပ်တည်နေတဲ့ နိုင်ငံလဲ။ ဒါကိုကြည့် တာနဲ့သိသာပါတယ် ဒါကြောင့် ဂျပန်လာရင်ကောင်းတယ်လို့ သုံးသပ်လို့ရတယ်။ ကနဦးသတင်းတွေအရတော့ စက်ပစ္စည်း ကိရိယာများ၊ စက်ရုံးမျိုးတွေ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွေမှာ ဆိုတော့ နည်းပညာသိပ်မြင့်တဲ့ လုပ်ငန်းတွေတော့ ချက်ချင်းလာနိုင်သေးတဲ့ပုံမရှိဘူး။ ဘာပဲဖြစ်ဖြစ်ပြာပုံဘဝကနေ မတ်မတ်ထလာနိုင်တဲ့ အ တွေးအခေါ်တော့ ဂျပန်ကနေ ကျွန်တော်တို့ မြန်မာတွေရယူနိုင်မယ် လိုထင်တယ်”

ဇွန်လ ၂၅ ရက်နေ့ထုတ် The Flower News Journal အတွဲ(၉) အမှတ်(၂၄) တွင်ပါရှိသော “ထားဝယ်အထူး စီပွားရေးဇုန်တွင် ဂျပန်ကိုဖိတ်ခေါ်ခြင်းက မြန်မာစီးပွားရေး တိုးတက်မှု လမ်းစဟုဆို” သတင်းမှ စီးပွားရေး သုတေသီဆရာ ဦးစောနိုင် (အသုံးချဘောဂဗေဒ)၏ ပြောကြားချက်အားကောက်နှုတ်ချက်။

“အကျိုးစီးပွားခံစားခွင့်က ဘက်စုံဒေသဖွံ့ဖြိုးရေးဆိုသည့်အတွက် ထားဝယ်ဒေသခံပြည်သူတွေပါ အပြည့်အဝခံ စားနိုင်ခွင့် ဆိုတာ ဖြစ်အောင်လုပ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိနေတာဖြစ်တဲ့အပြင် ထိုင်းနိုင်ငံကလဲ မျှဝေခံစား ပြီး အတူတူပူးပေါင်း လုပ်ဆောင်ဖို့ မျှော်လင့်တယ်”

ဇွန်လ ၂၅ ရက်နေ့ထုတ် The Flower News Journal အတွဲ(၉) အမှတ်(၂၄) တွင်ပါရှိသော “ထားဝယ်အထူး စီမံကိန်းက ဒေသခံများ အကျိုးစီးပွားမပျောက်ရန် အကောင်အထည်ဖော်သူများတွင် တာဝန်ရှိဟု ဒုသမ္မတဆို” သတင်းမှ နိုင်ငံတော် ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။

“တရားစီရင်ရေး ကိစ္စတွေမှာ အားနည်းမှုတွေရှိနေတယ်။ တချို့တရားသူကြီးတွေက အဂတိလိုက်စားမှုတွေရှိ လုပ်နေကြ တယ်။ ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်နိုင်ရေးအတွက် လွှတ်တော်မှာ ဆွေးနွေးမှု လုပ်သွားမှာပါ”

ဇွန်လ ၂၅ ရက်နေ့ထုတ် The Flower News Journal အတွဲ(၉) အမှတ်(၂၄) တွင်ပါရှိသော “မှားယွင်းစွာ ဆောင် ရွက်နေသော တရားစီရင်ရေး ကိစ္စများကို စုံစမ်းပေးရန် NDF လွှတ်တော်တင်မည်” NDF ဥက္ကဋ္ဌ ဦးခင်မောင်ဆွေ ၏ ပြောကြားချက်အားကောက်နှုတ်ချက်။

“ကျွန်မတို့နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှု မရှိဘူးလို့နားလည်တယ်။ အထူးသဖြင့် ဒါဟာတရားတော်ထဲမှာ မပါဘူးဆိုရင် ကိုယ့် နိုင်ငံရဲ့ဥပဒေနဲ့ ကိုက်ညီသလား၊ မညီသလားကြည့်ရမှာ တစ်ဖက်၊ နောက်တစ်ဖက်ကလည်း ဒေါ်ဇင်မာအောင်တို့ ပြောသလို အမျိုးသမီးအခွင့်အရေး လူ့အခွင့်အရေး ဘက်ကကြည့်ရမှာပေါ့”

ဇွန်လ ၂၁ ရက်နေ့ထုတ် စံတော်ချိန်နေ့စဉ်သတင်းစာမျက်နှာဖုံးပါ  “မျိုးစောင့်ဥပဒေဒေါ်အောင်ဆန်းစုကြည် ဝေဖန်ပြောကြား သတင်းမှ” ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။

သတင်းတိုများ

နိုင်ငံတကာဆက်ဆံရေး

မြန်မာနိုင်ငံရှိ ဒုက္ခသည်များအား ကုလသမဂ္ဂမှ အတတ်နိုင်ဆုံးအကူအညီအထောက်အပံ့များ ပေးအပ်သွားမည် ဖြစ်ကြောင်း ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Mr.Hans Ten Feld ၏ပြောကြားချက်မှသိရသည်။ ၎င်းတို့ UNHCR အနေဖြင့် ရခိုင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်များကို အဓိကထား အကူအညီပေးသွားမည် ဖြစ်ပြီး ယခုအခါတွင် အဆိုပါ ကိစ္စရပ်များ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံတော် အစိုးရနှင့်လည်း ဆက်သွယ် ဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ စိုက်ပျိုရေးကဏ္ဍဖွံ့ဖြိုးရေးကဏ္ဍအကူအညီပေးရန်အတွက် အမေရိကန် နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ နှင့် အမေရိကန်သံအမတ်ကြီးတို့သည် ဇွန်လ ၂၄ ရက်တွင် နေပြည်တော်သို့ လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အဆိုပါအမေရိကန်အဖွဲ့အနေဖြင့် ဇွန်လ ၂၄ ရက်နေ့ နံနက် ၇ နာရီတွင် နေပြည်တော် ရှိ စိုက်ခင်းများသို့ လေ့လာကြည့်ရှုမည်ဖြစ်ပြီး ၈ နာရီခွဲခန့်တွင် လယ်ယာစိုက် ပျိုးရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနတွင် ကျင်းပမည့်အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံမှ လယ်/ ဆည်ဝန်ကြီးအပါအဝင် သမ္မတရုံးမှ ပြည်ထောင်စုဝန်ကြီးနှစ်ဦးလည်း တက်ရောက်ဆွေးနွေး မည်ဖြစ်ကြောင်းသိရသည်။

အုပ်ချုပ်ရေး

ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ဆောက်လျက်ရှိသော ခုံးကျော်တံတား စီမံကိန်းများ ပြီးစီးသွားပါက မြစ်ကူး တံတား သုံးစင်းကိုလည်း တည်ဆောက်သွားရန် အစီအစဉ်ရှိကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ သိရသည်။ အဆိုပါ မြစ်ကူး တံတား စီမံကိန်းများကို ယခုနှစ် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွင်း နိုင်ငံတော် အစိုးရ အစီအစဉ် ဖြင့်အကောင်အထည် ဖော်နိုင် ရန် စီစဉ်လျက်ရှိပြီး ကုန်ကျစရိတ်ကိုမူ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ တင်ပြသွား မည်ဖြစ် ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေကြီးအတွင်း တည် ဆောက်လျက်ရှိသည့် ခုံးကျော်တံတား များအနက် လှည်းတန်းကုန်းကျော်တံတားတစ်ခုသာ ပြီးစီးသေးပြီး ရွှေဂုံတိုင်ခုံးကျော်တံတားနှင့် ဘုရင့်နောင်ခုံးကျော်တံတား စီမံကိန်း များအား ယခုနှစ်အတွင်း အပြီးသတ်ဆောင် ရွက်နိုင်ရန် ညွှန်ကြားထားကြောင်း ရန်ကုန်မြို့တော်စည်ပင်သာရာရေး ကော်မ တီမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ဥက္ကမြို့တွင် ဧပြီလပိုင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ပျက်စီး ဆုံးရှုံးခဲ့ရသော နေအိမ်များကို ပြန်လည်ပြုပြင်တည်ဆောက်ပေးလျက်ရှိရာ မကြာမီ အချိန်အတွင်း ပြီးစီးတော့ မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။ ထိုပဋိပက္ခကြောင့် ပျက်စီးခဲ့သော လူနေ အိမ် ၈၁ လုံးအား ပြန် လည်တည်ဆောက်ခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ဘာသာပေါင်းစုံချစ်ကြည်ရေး အသင်းတို့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်အတွင်း နိုင်ငံခြားသားဧည့်သည်များ ဝင်ရောက်မှုမြင့်မားလာသည့်အလျောက် ဟိုတယ် အခန်းများနည်းပါးသည့် ပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ အဆိုပါ ကိစ္စကို ဖြေရှင်း နိုင်ရန်အလို့ငှာ ကမ္ဘာလှည့်ခရီးသည်များ သာမန်ပြည်သူများ၏ နေအိမ်များတွင် တည်းခိုနိုင်သည့်စနစ် (Home Stay)ကို မြန်မာနိုင်ငံတွင် တရားဝင်ခွင့်ပြုနိုင်ရန်အတွက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဆွေးနွေးမှု များ ပြုလုပ်လျက်ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဦးမြင့်ထွန်းဦး၏ ပြောကြားချက်မှ သိရသည်။ အဆိုပါ Home Stay စနစ် အကောင်အ ထည်ပေါ်ပါက နိုင်ငံခြားသားဧည့်သည်များနှင့် အိမ်ရှင်များ အကြား လူမှုရေးပြဿနာများ ရှိလာနိုင်ကြောင်း သိရသည်။

နိုင်ငံတစ်နိုင်ငံတွင် လူဦးရေပေါ်လစီမှာ အရေးကြီးသည့်အတွက် လူဦးရေပေါ်လစီနှင့် ပတ်သက်ပြီး လွှတ်တော် သို့ တင်သွင်းသွားမည် ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေ၏ ပြောကြား ချက်မှ သတင်း ရရှိသည်။ နိုင်ငံတစ်နိုင်ငံတွင် လူဦးရေပေါ်လစီမှာ အရေးကြီးပြီး လူဦးရေပေါ်လစီအတွက် သန်းခေါင်စာရင်း ကောက် ယူရာ တွင် နိုင်ငံသားတို့၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည်တို့ကို တစ်ပါတည်းစစ်တမ်းကောက်ယူပြီး လူဦးရေ ပေါ်လစီ ကို သေချာရေးဆွဲသင့်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် လျှပ်စစ်မီတာဘေလ်များကို အွန်လိုင်းမှဖြစ်စေ ပြည်တွင်းရှိဘဏ်များ၏ ဝန်ဆောင် မှုမှဖြစ်စေ ပေးဆောင်နိုင်တော့မည် ဖြစ်ကြောင်း ရတနာပုံတယ်လီပို့မှ သတင်းရရှိသည်။ တစ်လတာသုံးစွဲသည့် လျှပ်စစ်မီတာ ခများကို www.ebilling.ypay.com.mm တွင်ဝင်ရောက်ပေးဆောင်နိုင်မည်ဖြစ်ပြီး ကနဦးအနေ ဖြင့် ရန်ကုန်အရှေ့ပိုင်းနှင့် အနောက်ပိုင်းခရိုင်တိုတွင် ယခုနှစ်အတွင်း စတင်အသုံးပြုနိုင်ရန်အတွက် စီစဉ်လျက် ရှိကြောင်း သိရသည်။ လျှပ်စစ်မီတာခကို ဘဏ်ဝန်ဆောင်မှုများမှ တဆင့်ပေးချေလိုသူများ အနေဖြင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်၊ မြန်မာရှေ့တိုင်းဘဏ်၊ ကမ္ဘောဇဘဏ်၊ CB ဘဏ်နှင့် မြန်မာနိုင်ငံသားများဘဏ်စသော ဘဏ် ခုနှစ်ခုတို့မှ လစဉ် ၁၈ ရက်နေ့မှ ၂၅ ရက်အထိဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှု

မြန်မာနိုင်ငံ၌ အင်တာနက် Broad Band ဝန်ဆောင်မှုပေးနိုင်ရန်အတွက် ဗီယက်နမ်နိုင်ငံမှ ဆော့ဖ်ဝဲကုမ္ပဏီ ဖြစ် သော FPT ကော်ပိုရေးရှင်းသည်ကုမဏီ ရုံးခန်းတစ်ခုကို မကြာမီဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် FTP ကော် ပိုရေးရှင်းမှ တာဝန်ရှိသူများနှင့် မြန်မာအစိုးရတို့မှာ စီမံကိန်းများအတွက် ညှိနှိုင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုမှု နှုန်းမှာ ၅ ရာခိုင်နှုန်း အောက်သာရှိသဖြင့် အိမ်နီးချင်း နိုင်ငံများနှင့်ယှဉ်လျှင် များစွာနည်းပါးလျက်ရှိသေးကြောင်း သိရသည်။

Google Drive: create, share, and keep all your stuff in one place. Logo for Google Drive