Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာနိုင်ငံအပေါ် အကောင်းမြင်မှုများကြားမှ ငွေကြေးဆိုင်ရာ စိုးရိမ်ရမှုများ

(8 January 2014 ရက်စွဲပါ Asia Times မှ Josh Word ရေးသားသော Fiscal cloud taxes Myanmar Optimism ကို ဘာသာပြန်ဆိုသည်)

အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများမှာစိတ်ဝင်စားဖွယ်ကောင်းချင်မှ ကောင်းလိမ့်မည်။ သို့သော် မြန်မာနိုင်ငံ၏ အပျံသင်စ ဈေးကွက်စီးပွားရေးတွင် ငွေကြေးဆိုင်ရာအားကောင်းစေရန် မရှိမဖြစ်လိုအပ်ချက် ဖြစ်ပါသည်။ ယခု အသေအချာ ရည်ရွယ်ပြီး လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲမှုများတွင် ယခင်စစ်အစိုးရ၏ အမွေဆိုးအချို့ ရှိနေခြင်း ကြောင့် အများပြည်သူနှင့် ဆိုင်သော ငွေကြေးအခြေအနေမှာ အန္တရာယ်ရှိသော အနေအထားတွင် ရှိနေပါသည်။ ယခု လက်ရှိ အများပြည်သူနှင့်ဆိုင်သော ငွေကြေးကိစ္စရပ်များကို အလျင်အမြန်ပြန်လည် ပြုပြင်ဖွဲ့စည်းခြင်း မရှိပါက၊ ကြွေးမြီ ပြဿနာမှာ အမှန်တကယ်ဖြစ်လာနိုင်ပါသည်။

လက်ရှိအားဖြင့် မြန်မာနိုင်ငံ၏ အများပြည်သူကြွေးမြီများမှာ GDP ၏ ရာခိုင်နှုန်းဖြင့် ဆိုရမည်ဆိုပါက ၄၅.၇% ရှိရာ ကမ္ဘာလုံးဆိုင်ရာ အဆင့်သတ်မှတ်ချက်ဖြင့် ချိန်ထိုးပါက အလွန်ကောင်းမွန်သော ကိန်းဂဏန်း ဖြစ်သည်ဟုတော့ မဆိုနိုင်သေးပေ။ မတည်ငြိမ်မှုနှင့် စီးပွားရေးအရ မှားယွင်းစွာ စီမံခန့်ခွဲမှုများအတွက် ရှည်လျားသော သမိုင်းကြောင်း ရှိသည့် မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံတွင်ပင် အကယ်၍ အများပြည်သူကြွေးမြီကို ဤအလယ်အလတ်အဆင့်တွင် ထိန်းထားနိုင်မည်ဆိုပါက ကမ္ဘာ့ငွေအရင်းအနှီးဈေးကွက်၏ ကောင်းမွန်သော လက္ခဏာများကို ထိန်းသိမ်းထားနိုင် လိမ့်မည် ဖြစ်ပါသည်။

သို့သော် အနာဂတ်တွင် မျှော်မှန်းထားသော အစိုးရဝင်ငွေလမ်းကြောင်းနှင့် ၃.၂၂% သာရှိသော GDP ရှိ အခွန်အချိုးအစား (သဘာဝသယံဇာတဓါတ်ငွေ့မပါ) နှင့် ပတ်သက်၍ ရန်ကုန်အခြေစိုက် ရင်းနှီးမြှုပ်နှံသူများက ငွေကြေးအနာဂတ်ကို စိုးရိမ်မှု များရှိနေပါသည်။ အများပြည်သူ ကြွေးမြီများနှင့် ပတ်သက်၍ အတိုးငွေများ (rent) ကို လက်ရှိ ပြဿနာမဖြစ်အောင် ထိန်းထားသော်လည်း ယခုအတိုင်းဆက်ထိန်းနိုင်ပါ့မလားဟူသော စိုးရိမ်မှုများကြီးထွား လာပါသည်။ အခွန်ငွေနှင့် ပြန်လည် သုံးစွဲခြင်းဆိုင်ရာ လက်ရှိစနစ်များကို ပြန်လည်ပြုပြင်ပြီး အသက်ဝင်စေမှုကို မပြုလုပ်ပါက မြန်မာနိုင်ငံတွင် ချေးငွေပြန်လည် ပေးဆပ်မှု (credit rating) မှာ ပြဿနာပေါ်တော့မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးနှင့် ပတ်သက်ပြီး အကြီးမားဆုံးသော စိုးရိမ်ရမှုမှာ သဘာဝသယံဇာတမှ ရရှိသော ဝင်ငွေအပေါ် ကြီးစွာမှီခိုနေရခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် သဘာဝဓါတ်ငွေ့၊ ရေနံ၊ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ကျွန်း စသည်တို့ ပေါများလှသည်ကိုပင် ကျေးဇူးတင်နေရတော့သည်။ အစိုးရ ဘတ်ဂျတ်သည် ၎င်းသယံဇာတ အပေါ် နိုင်ငံခြားသို့ တင်ပို့ရသော ဝင်ငွေအပေါ် တိုး၍မှီခိုလာနေပါသည်။

ဓါတ်ငွေ့ရောင်းချရသော ဝင်ငွေတစ်ခုတည်းကပင် GDP ၏ ၁၅% ရှိသည်ဟု ခန့်မှန်းရပါသည်။ လောလောဆယ် ဝင်ငွေလမ်းကြောင်းဖြောင့်နေပြီး ယင်းဝင်ငွေက အများပြည်သူ ကြွေးမြီပမာဏ တက်မလာအောင်မူ ယာယီသာထိန်းသိမ်း ထားနိုင်မည် ဖြစ်ပါသည်။ သယံဇာတဝင်ငွေများ၏ ပြောင်းလဲနေသော အခြေအနေများနှင့် ၎င်းတို့၏ သဘာဝအရ အကန့် အသတ်နှင့်သာ ရှိနေခြင်းတို့ကြောင့် အခွန်ကောက်ခံခြင်းနှင့် အများပြည်သူနှင့်ဆိုင်သော ဘဏ္ဍာငွေ အခြေအနေနှင့် ပတ်သက်သော မဟာဗျူဟာများကို ပြန်လည်စဉ်းစားရန် အခြေအနေက တောင်းဆိုလာနေပါသည်။

သို့ဆိုလျှင် ရင်းနှီးမြှုပ်နှံသူများ၏ ကြောက်စိတ်များ လျော့ပါးအောင်နှင့် အများပြည်သူဆိုင်ရာ ဘဏ္ဍာရေး ကိစ္စများ ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်အောင် မည်သို့ပြုလုပ်မည်နည်း။ ထိုမေးခွန်းအတွက် အဖြေများစွာရှိပါသည်။ အဖြေအနည်း ငယ်ကသာ အလွယ်တကူရှိမည် ဖြစ်ပြီး၊ လူကြိုက်များမည့် အဖြေဟုတော့ ဆိုရန်ခက်ပါလိမ့်မည်။ သို့သော် သမ္မတဦးသိန်းစိန်နှင့် သူ၏ ဝန်ကြီးများမှာမူ အဖြေကို စောင့်နေရန်ပင် အချိန်မရှိတော့ပေ။ ကြွေးမြီပြဿနာဖြစ်တော့မည် ဟူသော အနံကလေးရသည်နှင့် လက်ရှိစီးဆင်းနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းက အမြန်ဆုံးရပ်သွားတော့ မည်ဖြစ်ပါသည်။

ဦးသိန်းစိန်အနေဖြင့် အစိုးရသက်တမ်း ၁၈ လသာ ကျန်တော့သည့်အချိန်တွင် အလယ်အလတ်အဆင့်အားဖြင့် ငွေကြေးဆိုင်ရာ တည်ငြိမ်မှု သေချာစေမည့် အောင်မြင်နိုင်သော၊ကျိုးကြောင်းဆီလျှော်ေ