Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

မြန်မာနိုင်ငံ၏ အခက်အခဲဒုက္ခများအပေါ် သဘာဝဘေးအန္တရာယ်များကထပ်ဆင့်ခြိမ်းခြောက်နေ

(Inter Press Service မှ 11 Jan 2014 ရက်စွဲပါ “Natural disasters add to Myanmar’s troubles” သတင်းဆောင်းပါးကိုဘာသာပြန်ဆိုသည်)

ကာလရှည်ကြာစစ်ဖက်ကအုပ်ချုပ်ခဲ့ပြီးနောက် ခနော်ခနဲ့ ဒီမိုကရေစီကို ပြုစုပျိုးထောင်နေသော မြန်မာနိုင်ငံတွင် နောက်ထပ်ထွက်ပေါ်လာသော အန္တရာယ်သစ်တစ်ခု ဖြစ်သည့် ရာသီဥတုပြောင်းလဲမှု Climate Change သည် နိုင်ငံတွင်း ရွှေ့ပြောင်းနေထိုင်မှုများနှင့် အကျပ်အတည်းတို့ကိုပိုဆိုးစေမည့်အလားအလာရှိသည်ဟု ကျွမ်းကျင်သူများကဆိုပါသည်။

နာဂစ်ဆိုက်ကလုံးအလွန် ငါးနှစ်ခန့်ရှိလာသည့်တိုင်အောင် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် နေထိုင်သူများမှာ ၎င်းတို့ ခြေထောက်ပေါ်ရပ်နိုင်ခြင်းမရှိသေးဟု NGOs များကထောက်ပြကြသည်။

ဆိုးဆိုးဝါးဝါး ပျက်စီးသွားသော သက်မွေးဝမ်းကျောင်းလုပ်ငန်းများကြောင့် အခက်အခဲများ ထပ်မံကြုံတွေ့နေရ သည်ဟု Environment and Economic Research Institute of Myanmar မှ ဒုတိယဥက္ကဋ္ဌဒေါက်တာလင်းသီးစ်မီယာ က ပြောကြားသည်။

ဆားငန်ရည်ဝင်ခြင်းကြောင့် လယ်များဆုံးရှုံးသွားသော (သို့) ပိုက်ဆံမရှိ၍ လယ်မစိုက်နိုင်သော မြစ်ဝကျွန်းပေါ် ဒေသခံများသည် အကြွေးထဲနစ်လျှင်နစ်၊ နေ့စားစာရင်းငှားဖြစ်ရင်ဖြစ်၊ သို့မဟုတ်ပါက Free Trade Area ဟုခေါ်သော ပို့ကုန်ထုတ်လုပ်ရေး ဇုန်အသစ်များသို့ ပြောင်းရွှေ့ကြရုံသာရှိသည်ဟု မြစ်ဝကျွန်းပေါ် ပြန်လည်ထူထောင်ရေး အစီအစဉ် များ အကြောင်း နှံ့စပ်ကျွမ်းကျင်သူလင်းသီးစ်မီယာ က ဆိုပါသည်။

နာဂစ်ဆိုက်ကလုံးအပြီးတွင် ကျေးလက်အခြေပြုပုံစံ ပြန်လည်ထူထောင်ရေး စီမံချက်များကို ခရိုင်ဒေသ များစွာတွင် အစိုးရက စီစဉ်ခဲ့သော်လည်း ငွေကြေးရင်းမြစ်နှင့် ကျွမ်းကျင်ဝန်ထမ်းချို့တဲ့မှုကြောင့် အနည်းငယ်သာ အကောင်အထည်ဖော်နိုင်ခဲ့သည်ဟု သိရှိရသည်။

“လူတိုင်းရေဒီယိုရှိအောင်၊ အရေးပေါ်သတင်းတွေ ဖမ်းယူနားထောင်တက်အောင် အစိုးရကလုပ်ပေးခဲ့ပေမယ့် လှေနဲ့မှ ခရီးသွားလို့ရတဲ့ နေရာတွေ ဖြစ်တဲ့အတွက် နောက်တစ်ကြိမ် မုန်တိုင်းလာရင် လွတ်မြောက်ဖို့က ပြဿနာရှိနေ တုန်းပါပဲ၊ သူတို့ တကယ်လိုအပ်နေတာကပုန်းခိုနိုင်မယ့် Shelters တွေ ဖြစ်ပါတယ်” ဟုသူမကပြောကြားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာညှိနှိုင်းရေးဌာန UNOCHA က လူဦးရေး ၅၃ သန်းကျော်ရှိသော မြန်မာနိုင်ငံသည် အာရှပစ္စဖိတ်ဒေသတွင် ထိခိုက်အန္တရယ် ဖြစ်နိုင်ခြေအများဆုံး တိုင်းပြည်ဟု ၂၀၁၁ ခုနှစ်ကသတ် မှတ်ခဲ့ပြီး၊ အလတ်စားနှင့် အကြီးစားသဘာဝဘေးအန္တရာယ်များ ၂ နှစ်တစ်ကြိမ် ဖြစ်ပေါ်ရန် အလားအလာ အလွန်များ သည်ဟု မှတ်ချက်ပေးထားပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိနှစ်ပိုင်းအတွင်းအဆိုးဝါးဆုံးဖြစ်ပေါ်ခဲ့သော ၂၀၀၈ နာဂစ်ဆိုက်ကလုံးအပြီးတွင် ပြည်တွင်းနှင့် နိုင်ငံတကာ NGOs များကရာသီဥတုဆက်နွယ်ဆိုးကျိုးသက်ရောက်မှုများကိုကာကွယ်ရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်ခဲ့ကြသည်။

၂၀၁၁ တွင် အရပ်ဖက်အစိုးရအာဏာရလာသောအခါ နောက်တစ်ခါလာမည့် သဘာဝဘေးအန္တရာယ်က မြန်မာနိုင်ငံ၏ လူမှုစီးပွားအပြောင်းအလဲအပေါ် မည်သို့ သက်ရောက်နိုင်သနည်း ဟူသောကိစ္စမှာ အဓိကမေးခွန်း ဖြစ်လာ သည်။

မြန်မာနိုင်ငံသည် ရာသီဥတုပြောင်းလဲမှုနှင့် ပတ်သက်၍ ကြိုတင်မှန်းဆကာကွယ်၍ ရသောဆိုးကျိုးများစွာ ခံစားရဖွယ်ရှိသည်ဟု George Washington University မှ International Strategies in Asia ဒါရိုက်တာလင်ဒါယား က သုံးသပ်သည်။ ယင်းဆိုးကျိုးများထဲတွင် ကမ်းခြေတိုက်စားခြင်း၊ ဆိုက်ကလုံးနှင့် အလွန်အမင်းမိုးခေါင်ခြင်းကဲ့သို့ ဆိုးဆိုးဝါးဝါး ဖြစ်ရပ်များမကြာခဏဖြစ်လာနိုင်ခြင်း၊ တောင်ပေါ်ဒေသများတွင် မိုးကြီး၍ မြေပြိုခြင်းစသည်တို့ ပါဝင်သည်ဟု သူမကဆိုပါသည်။

World Vision Myanmar မှ အရေးပေါ် လူသားချင်းစာနာမှုရေးရာ ဒါရိုက်တာဦးဝင်းဇင်ဦး က “ကျွန်တော် တို့ ရောင့်ရဲတင်းတိမ်နေလို့ မရပါဘူး၊ ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်” ဟုသတိပေးသည်။

မနှစ်က နွေဦးတွင် ဆိုက်ကလုံးမဟာဆင် မြန်မာဖက်သို့ ဦးတည်လာသောအခါ သဘာဝဘေးအန္တရာယ်၏ မှန်းဆရခက်မှုနှင့် ရှုပ်ထွေးမှုတို့ကို ကြုံတွေ့ခဲ့ရသည်ဟု ၎င်းက ဆိုသည်။ တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံများတွင် ကြီးကြီးမားမား ရင်ဆိုင်နေရသော ထိခိုက်အန္တရာယ်မျိုးမှ မြန်မာနိုင်ငံသက်သာရာရခဲ့သည်။ ပြီးခဲ့သော ၂ နှစ်အတွင်း သိသိသာသာဖြစ်ပွားသော ဘေးအန္တရာယ်မှာ ရေလျှံခြင်းဖြစ်ပြီးဒေသခံတို့၏ အသက်မွေးဝမ်းကျောင်းနှင့် လူမှုတည်ငြိမ်မှုကို ပျက်ပြားစေခဲ့သည်ဟု ၎င်းကပြောကြားသည်။

World Vision သည် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းနှင့် ထိခိုက်နိုင်ခြေလျှော့ချခြင်း DRR နှစ်မျိုးစလုံးကိုဝင်ရောက်လုပ်ကိုင်ပေးနေပြီး၊ ဆိုက်ကလုံးနာဂစ်၊ ရှမ်းပြည်နယ်ငလျင်၊ မြစ်ဝကျွန်းပေါ် နှင့် ကရင်ပြည်နယ် ရေလျှံမှု တို့ကြောင့် ဒုက္ခရောက်သူများကို ကူညီပေးလျက်ရှိသည်။

ဦးဝင်ဇင်ဦး က ၎င်း၏ NGO သည် နာဂစ်အပြီးတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား ကယ်ဆယ်ရေး ညှိနှိုင်းဆောင်ရွက်ခြင်းသည် စိန်ခေါ်မှုဖြစ်နေဆဲဟု သိရှိနားလည်ခဲ့ရကြောင်း၊ သို့သော် ထိခိုက်နိုင်ခြေလျှော့ချခြင်း DDR ကြောင့် ရာသီဥတုအပြောင်းအလဲဆိုင်ရာဆိုးကျိုးများကို သိသိသာသာ ထိန်းချုပ်နိုင်ခဲ့ကြောင်း ရှင်းလင်းပြောကြားသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသော လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖြစ်ပေါ်ရေး ဦးတည်လုပ်ကိုင်နေသော ရန်ကုန်အခြေစိုက် အင်ဂျီအို Dear Myanmar ၏ အဆိုအရလုံလောက်သော ကြိုတင်ပြင်ဆင်မှုကို အဓိကတားဆီး နေသော ပြဿနာများတွင် မိုးလေဝသသတင်း ချို့တဲ့အားနည်းမှု၊ ကြိုတင်သတိပေးစနစ် အကန့်အသတ်ရှိမှု၊ ဒေသခံ အချို့၏ အလေးမထားမှု စသည်တို့ ပါဝင်သည်ဟု သိရှိရသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည် စွမ်းအားနည်းခြင်းအပေါ် ထပ်ဆင့်ထုထောင်းနေသော ပြဿနာများမှာ လတ်ဆတ်သော သန်းခေါင်စာရင်းမရှိခြင်း၊ ကားလမ်း၊ လျှပ်စစ်ဓါတ်အားကွန်ယက် စသော အခြေခံ အဆောက်အဦးစနစ် အားနည်းခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ ခေတ်မမီခြင်း၊ သစ်ခုတ်၊ မိုင်းတူးလုပ်ငန်းများကို ထိန်းချုပ်မှု လျော့ရဲခြင်းတို့ဖြစ်သည်ဟု လင်ဒါယားက သုံးသပ်သည်။

လင်ဒါယားတို့အဖွဲ့နှင့် ရန်ကုန်အခြေစိုက် ALARM အင်ဂျီအိုတို့ ပူးပေါင်းကာ ပြီးခဲ့သော ဖေဖော်ဝါရီလက ဝန်ကြီးဌာန ၁၂ ခုမှ အရာရှိ ၄၅ ဦးအား Myanmar Leadership Institute on Climate Change အစီအစဉ် ကိုပို့ချပေးခဲ့ကြသည်။ ပြည်တွင်းမှ အဖွဲ့အစည်းများကတိုင်းပြည်၏ သဘာဝဒဏ်ခံနိုင်ရည်စွမ်းကို မြှင့်ရန် ကြိုးပမ်း နေကြသည်။

အစိုးရဖက်က