Transparency Myanmar

transparency.myanmar@gmail.com

International media (1)

Snapshot of the item below:
International media (1)

မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံရန် ဂျာမန်များ ခြေတုံချတုံဖြစ်နေ

(Deutsche Welle မှ 13 Feb 2014 ရက်စွဲပါ Germans hesitant to invest in Myanmar ကိုဘာသာပြန်ဆိုသည်)

မြန်မာ့စီးပွားရေးသည် ယနေ့အချိန်အထိ စစ်တပ်နှင့် ချိတ်ဆက်နေသော်လည်း ဒီမိုကရေစီဖော်ဆောင်ရေး အတွက် သတိကြီးစွာလုပ်ကိုင်နေသော အစိုးရ၏ ခြေလှမ်းများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် လမ်းဖွင့်ပေးလျက်ရှိပါသည်။ သို့သော်လည်း ဂျာမနီနိုင်ငံမှ ကုမ္ပဏီကြီးများကမူ ထိုလမ်းမှ တစ်ဆင့်ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် ခြေတုံချတုံပင်ဖြစ်လျက်ရှိလေသည်။

“အဲဒီဝန်ကြီးက သူ့ရဲ့စစ်ယူနီဖောင်းကိုတော့ မဝတ်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်သူ့ကို မှတ်မိနေတုန်းပဲ” ဟု မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့နှင့် မြို့တော်ဟောင်းဖြစ်သော ရန်ကုန်အခြေစိုက် ဂျာမန်စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးကပြောကြားသည်။ “သူ စစ်ယူနီဖောင်းဝတ်တဲ့အချိန်တုန်းက သူနဲ့မကြာခဏဆိုသလို ကျွန်တော်အလုပ် လုပ်ခဲ့ဖူးတယ်” ဟု အမည်မဖော်ပြလိုသူ အဆိုပါ ဂျာမန်လုပ်ငန်းရှင်ကြီးက ဒေါ့ရှ်ဝဲလား(DW) သတင်းဌာနသို့ ပြောကြားသည်။ ၎င်းသည် ၁၉၈၀ြ&#