Transparency Myanmar

transparency.myanmar@gmail.com

International media (2)

Snapshot of the item below:
International media (2)

ဘာသာပြန်သတင်းများ (၂)

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မြန်မာနိုင်ငံကို ကြားခံပုဂ္ဂိုလ် တစ်ယောက်ခံ၍ အုပ်ချုပ်ရန်လို

(28 February 2014 ရက်စွဲပါ Gulf News မှ S.N.M. Abdi ရေးသားသော Suu Kyi Needs a proxy to rule Myanmar ကို ဘာသာပြန်ပါသည်)

ဒေါ်အောင်ဆန်းစုကြည်သည် သူ၏အင်လျားကန်ဘေးနေအိမ်တွင် စာရေးသူအား လဘက်ရည်ဖြင့် ဧည့်ခံ အပြီးတွင် အိန္ဒိယနိုင်ငံကသူအား ရုတ်တရက်စွန့်ခွာသွားခြင်းအတွက် ဝမ်းနည်းခဲ့ရမှုကို ပြောပြခဲ့ပါသည်။ သူက ၁၉၉၅ ခုနှစ်က အိန္ဒိယသတင်းစာဆရာအုပ်စုအား ကောင်းစွာ လက်ခံတွေ့ဆုံခဲ့မှုကို ပြန်ပြောင်းပြောပြခဲ့ပါသည်။ ၁၉၈၈ မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းအပြီး၌ နယူးဒေလီသည် ဒေါ်အောင်ဆန်းစုကြည်ဖက်မှ အပြည့်အဝ ရပ်တည်ခဲ့ပါသည်။ ၁၉၉၀ခုနှစ် NLDအား အာဏာလွှဲပေးခဲ့ခြင်းမရှိပဲ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ထားရှိခဲ့ပါသည်။ သို့သော် အိန္ဒိယသည် ဒေါ်အောင်ဆန်းစုကြည် အပေါ်သဘောထားမပြောင်းခဲ့ပဲ၊ နိုဘယ်ဆု ရရှိအပြီး ၁၉၉၃တွင် သူကအား နေရူးဆုဖြင့် ချီးမြှောက်ဂုဏ်ပြုခဲ့ပါသည်။

ထို့နောက် အိန္ဒိယသည် ရုတ်တရက်အချိုးပြောင်းသွားခဲ့ပါသည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်အား ထားရစ် ခဲ့ပြီး မြန်မာနိုင်ငံတွင် တရုတ်၏ သြဇာလွှမ်းမိုးလာမှုကို တန်ပြန်ရန် မြန်မာဗိုလ်ချုပ်များနှင့် မြန်မာနိုင်ငံတွင် ပုန်းအောင်းနေသော အိန္ဒိယသူပန်အုပ်စုများကိုလည်း မြန်မာအစိုးရက ရှင်းထုတ်ပေးစေလိုသော ဆန္ဒရှိပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယ အပေါ်ထားရှိသော ယုံကြည်မှုများမှာမှု တစစီပြိုကွဲခဲ့ပါသည်။

၁၉ နှစ်ကြာသော် မြန်မာနိုင်ငံတွင် အပြောင်းအလဲကြီး ပြောင်းလဲခဲ့ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေနှင့်ကလည်း အိန္ဒိယ၏ သံတမန်ရေးအရလည်းကောင်း၊ စိတ်ဓာတ်ရေးအရလည်းကောာင်း၊ ရုပ်ဝတ္ထုပစ္စည်းအရ လည်းကောင်း ထောက်ခံကူညီမှုများမလိုအပ်တော့ပေ။ ဒေါ်အောင်ဆန်းစုကြည်အား အိန္ဒိယက မည်သို့ပင် လျစ်လျူရှု ခဲ့စေကာမှု သူ့အနေဖြင့် မိမိကိုယ်ပိုင်အကျိုးစီးပွားရည်းမှန်းချက်အတွက် အိန္ဒိယသို့ ဦးလှည့်ရမည်ဖြစ်ပါသည်။ တိတိ ကျကျဆိုရသော်၊ အကယ်၍ သူ့အနေဖြင့် စစ်အစိုးရကို ကန်ထုတ်ပြီး၊ တိုင်းပြည်ကို အုပ်ချုပ်နိုင်ရန် အလေးအနက်ရှိ သည်ဆိုပါက ဆိုနီယာဂန္ဒီ၏ စာအုပ်မှ စာမျက်နှာများကို သင်ခန်းစာ ယူသင့်ပါသည်။

မြန်မာနိုင်ငံသည် လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပပြုလုပ်တော့မည် ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစု ကြည်သည် မြန်မာနိုင်ငံ၏ လူအကြိုက်အများဆုံး နိုင်ငံရေးသမားဖြစ်သည် ဆိုသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစုတွင် NLD ကအနိုင်ရရှိပြီး၊ ရွေးချယ်ခံရသော လွှတ်တော်ကိုယ်စား လှယ်များက ဒေါ်အောင်ဆန်းစုကြည်အား တညီတညွှတ်တည်း သမ္မတဖြစ်စေလိုသည့်တိုင် ပုဒ်မ ၅၉(ခ)ကြောင့် ၎င်းမှာ သမ္မတဖြစ်လိမ့်မည် မဟုတ်ပေ။ ထိုပုဒ်မသည် သူမအားတိုင်းပြည်တွင် သမ္မတမဖြစ်နိုင်ရန် ရည်ရွယ်ရေးဆွဲ ထားခြင်းကြောင့် ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်မူ သမ္မတဖြစ်ရေးအတွက် အညံ့ခံလိုခြင်းမရှိပဲ၊ ဆက်လက်တိုက်ပွဲဝင် လိုဟန်ရှိပါသည်။ ယခုအခါလမ်းဆုံလမ်းခွတွင် ရောက်ရှိနေပြီး၊ သူ၏ပြည&