Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဘာကြောင့် အချိုးကျကိုယ်စားပြုစနစ်

*****************************************

ဆောင်းပါးကဏ္ဍ

ဘာကြောင့် အချိုးကျကိုယ်စားပြုစနစ်

(လှိုင်ဘွား)

(သြဂုတ် (၇)ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၈) အမှတ် (၃၀) မှ ထုတ်ယူဖော်ပြချက်။)

ဇူလိုင်၂၇ရက်နေ့က ဒီမိုကရေစီမိတ်ဆွေပါတီများနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် ပြည်ထောင် စုရွေးကောက်ပွဲကော်ရှင်တို့နှင့် တွေ့ဆုံပြီး အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲပြုပြင်ရေးစာတမ်း တင်သွင်းခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အဆင့်ဆင့် ထပ်မံဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပေးမည်ဖြစ်ကြောင်း သတင်းများတွင် တွေ့မြင်ရသည်။

ဇူလိုင်၁၈ရက်နေ့ကလည်း သမ္မတကြီးဦးသိန်းစိန်နှင့် ဒီမိုကရေစီမိတ်ဆွေပါတီများနှင့် တွေ့ဆုံခဲ့ကြောင်း၊ သမ္မတကြီးအနေဖြင့် ထပ်မံ၍ နိုင်ငံရေး ပါတီ ၁၄ခုနှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

ဒီိမိုကရေစီမိတ်ဆွေပါတီများတွင် နိုင်ငံရေးပါတီ၁၀ခုပါတီပါဝင်ပြီးယင်းတို့မှာ (၁)ချင်းပါတီ (၂)ဒီမိုကရက်တစ်ပါတီ(မြန်မာ) (၃)ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (၄) ပြည်ထောင်စုဒီမိုကရေစီပါတီ (၅) ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ(မြန်မာ) (၆) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (၇) ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ (၈) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (၉) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (၁၀) ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးပါတီတို့ ဖြစ်သည်။

ယင်းသို့သမ္မတကြီးနှင့် ဒီမိုကရေစီမိတ်ဆွေပါတီတို့ တွေ့ဆုံခြင်းသည် နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင် ရွက်သွားကြရန် ရည်ရွယ်ချက်ဖြင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုအချက်သည် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီလေးက သမ္မတကြီး ပြောကြားသွားခဲ့သည့် မိန့်ခွန်းတွင်ပါဝင်သော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်ရေး (all Inclusive) လမ်းစဉ်ဟု ဆိုရမည် ဖြစ်ပေသည်။

ယင်းပြင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် လွှတ်တော်အတွင်း ကိုယ်စားလှယ်ဦးရေ ကွာဟချက်များကို ချိန်ညှိနိုင်ရန်အတွက်လည်းကောင်း၊ အင် အားကြီးပါတီများ၏ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရေးအတွက်လည်းကောင်း၊ ရည်ရွယ်ချက်ထားပုံရသည်ဟု အကြမ်းဖျင်း နားလည်မိပါသည်။ အချိုးကျစနစ်က လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည်ထားခြင်းလည်း ဖြစ်သည်ဟုလည်း ဆိုနိုင်မည် ထင်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လားရာအပေါ် အကဲဖြတ်သူတချို့က လာမည့် ၂၀၁၅ အပေါ် စိုးရိမ်စိတ်ဖြင့် ကြိုတင်စီစဉ်သည့် ခြေ လှမ်းတစ်ရပ်ဖြစ်သည်ဟု ကောက်ယူကြသည်ကိုလည်း တွေ့ရပါသည်။

မည်သို့ပင်ဖြစ်စေ အချိုးကျစနစ် ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ယင်းကို လက်ခံစဉ်းစားပေးသည့်အတွက် ပါတီကြီးတစ်ခုအတွက် မူအင် အားနည်းပါတီများ၏ တင်ပြချက်ကို အလေးထားခြင်းဖြစ်သဖြင့် နိုင်ငံရေးကို အမှတ်ရသည့် အချက်တစ်ချက်ဖြစ်သည်ဟု သုံးသပ်ကြသည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ပင် “တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုသည့်အပေါ် သံသယပွား မေးခွန်းထုတ်ကြသည်ကိုလည်း မမေ့သင့်ပေ။”

အချိုးကျကိုယ်စားပြုစနစ်ကို လေ့လာကြည့်ရာတွင် အချိုးကျကိုယ်စားပြုစနစ် (Prppotional Representation System) သည် အများစု ကိုယ် စားပြုစနစ်၏ အားနည်းချက်ဖြစ်သော ပါတီတစ်ခု၏ တစ်နိုင်ငံလုံးတွင် ထောက်ခံမှုရာခိုင်နှုန်းနှင့် လွှတ်တော်တွင်ရရှိသည့် ကိုယ်စားလှယ်နေရာ ရာခိုင် နှုန်းနှင့် လွှတ်တော်အတွင်းရရှိသည့် ကိုယ်စားလှယ်နေရာရာခိုင်နှုန်းတို့ အချိုးမညီသည့်အချက်ကို ပြုပြင်ရန် ပေါ်ပေါက်လာသည့်စနစ် ဖြစ်သည်ဟု တွေ့မြင်နိုင်ပေည်။ ယင်းစနစ်တွင် အမျိုးအစား သုံးမျိုး ထပ်မံခွဲခြားနိုင်ပြီး ယင်းတို့မှာ-

(၁) ပါတီအမည်စာရင်းကို မူတည်ပြီး ပါတီများသည် မဲဆန္ဒနယ်အချိုးကျ ရွေးချယ်သည့်စနစ် (ListPrppotional Representation System)

(၂) ပေါင်းစပ်ထားသည့် အချိုးကျ ရွေးချယ်သည့်စနစ် (MixPrppotional Representation System)

(၃) လွှဲပြောင်းပေးနိုင်သော မဲတစ်မဲစနစ် (Single Transferable Vote System) တို့ဖြစ်ကြောင်း သိရသည်။

ပါတီအမည်စာရင်းကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ်သည် အချိုးကျကိုယ်စားပြုစနစ်တွင် အသုံးအများဆုံးစနစ်ဖြစ်ပြီး ယင်းစနစ်တွင် ပါတီများသည် မဲဆန္ဒနယ်မြေတစ်ခုချင်းအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို တင်သွင်းရမည့်အစား ယင်းပါတီက လွှတ်တော်ကိုယ်စားလှယ် အဖြစ် ယာထားသူစာရင်းကို ထုတ်ပြန်ရကာ မဲဆန္ဒရှင်ရှင်များက မဲပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးခြင်းမဟုတ်ဘဲ ပါတီက လျာထား သော ကိုယ်စာလှယ်လောင်း၏အရည်အချင်း ပါတီ၏မူဝါဒတို့အပေါ် မူတည်ပြီး ပါတီကိုသာ မဲပေးရခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ပါတီအလိုက် ရရှိသော လူထုထောက်ခံမှုရာခိုင်နှုန်းကို မူတည်ပြီး ပါတီများရသင့်သည့် ကိုယ်စားလှယ်နေရာ ရာခိုင်နှုန်းကို ခွဲဝေပေးခြင်း ဖြစ်သည်။ ပါတီများက မိမိ အတွက် ရသင့်သည့် ကိုယ်စားလှယ်နေရာကို မူတည်ပြီး မိမိပါတီ၏ လျာထားစာရင်းမှ ဦးစားပေးအဆင့်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ပေးရခြင်း ဖြစ်သည်။ ယင်းသို့ ရွေးချယ်ခွင့်ရရန်အတွက် အနည်းဆုံး လူထုထောက်ခံရမှု ရာခိုင်နှုန်းပြည့်မီရန် လိုအပ်ပြီး ယင်းအချက်သည် မဲဆန္ဒနယ်တစ်ခုချင်းအတွက် သတ်မှတ်ထားသော ကိုယ်စားလှယ်နေရာ၊ လွှတ်တော်တစ်ခုလုံးအတွက် ကိုယ်စားလှယ်နေရာနှင့် ပါတီငယ်များပါဝင်မှု မည်မျှရှိသည်၊ လိုလားသည်ဟူသောအချက်အပေါ်တွင် မူတည်ပြီး ကွဲပြားခြားနားချက်ရှိသည်ဟု ဆိုသည်။ လူထုထောက်ခံမှုနှုန်းနှင့် ပတ်သက်ပြီး အစ္စ ရေးတွင် ၁ဒသမ၅ရာခိုင်နှုန်း၊ ဂျာမနီတွင် ၅ရာခိုင်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။

ယင်းစနစ်၏ ကောင်းကွက်မှာ အကျိုးစီးပွားအမျိုးမျိုးကို ကိုယ်စားပြုသော အဖွဲ့အစည်းအားလုံး နိုင်ငံရေးစနစ်တွင် ပါဝင်နိုင်ခြင်း၊ မဲဆန္ဒနယ် တစ်ခုတွင် အမတ်တစ်နေရာသာထားသည့်စနစ်ကဲ့သို့ ထိုမဲဆန္ဒနယ်တစ်ခု သို့မဟုတ် မဲဆန္ဒနယ်များတွင် အများစုနေထိုင်သည့် လူတစ်စုချုပ်ကိုင်မှုကို လည်း တားဆီးပေးနိုင်ခြင်းတို့ဖြစ်ပြီး အားနည်းချက်မှာ ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များနှင့်ထိတွေ့ရန် ထက် ပါတီ၏ လျာထားအမည်စာရင်းတွင်ပါဝင်ရန်နှင့် ဦးစားပေးအဆင့်ထိပ်ပိုင်းတွင် ပါဝင်ရန်တို့ကိုသာ ပိုမိုအလေးထားတတ်ကြကာ မဲဆန္ဒယ်တစ်ခုချင်းစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရေးတွင် အားနည်းသူတို့ဖြစ်သည်ဟု ဆိုသည်။ ယင်းအပြင် လွှတ်တော်အတွင်း ပါတီငယ်အများအပြား ပါဝင်လာပြီး ညွန့် ပေါင်းအစိုးရ ဖွဲ့စည်းရာတွင် အမတ်နေရာ အနည်းငယ်သာရှိသော လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်ပါတီများက သော့ချက်ကျလျက် ပါတီကြီးများ ကို အကျပ်ကိုင်ခြင်း စသော အားနည်းချက်များ ဖြစ်သည်။

ပေါင်းစပ်သောအချိုးကျရွေးချယ်သည့်စနစ်

ယင်းစနစ်သည် အများစုကိုယ်စားပြုစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်တို့မှ ကောင်းကျိုးများကိုရရှိအောင် ဖန်တီးထားသည့်စနစ်ဟု ဆိုသည်။ ယင်းစနစ်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာများကို သာမာန်အများစုအနိုင်ရမှုဖြင့် ရွေးချယ်သည့်နေရာများနှင့် အချိုးကျစနစ်ဖြင့် ရွေးချယ်ထားသော နေရာများက လွှတ်တော်တွင် အများစုနေရာရရှိရေးအတွက် အဓိက သတ်မှတ်ထားခြင်း ဖြစ်သည်။

လွှဲပြောင်းပေးနိုင်သည့်မဲတစ်မဲစနစ်

ယင်းစနစ်က မဲပေးမှုများထဲတွင် တွက်ချက်မှု အရှုပ်ထွေးဆုံးစနစ် ဖြစ်သည်ဟု ဆိုသည်။ ယင်းတို့မှာ အချိုးကျကိုယ်စားပြုစနစ်တွင် ပါဝင်သည့် မဲပေးသည့်စနစ်များနှင့် အားသာချက်၊ အားနည်းချက်များ၏ အကျဉ်းချုပ် ဖြစ်သည်။

တချို့က မြန်မာနိုင်ငံအချိုးကျ ကိုယ်စားပြုစနစ်ကို မြန်မာနိုင်ငံကဲ့သို့သော ဒီမိုကရေစီနုနယ်သော နိုင်ငံများအနေဖြင့် လိုက်ဖက်မှုမရှိဟု ဆိုကြ သည်ကိုလည်း တွေ့သည်။ အကြောင်းမှာ မဲပေးပုံနည်းစနစ်များ ရှုပ်ထွေးလွန်းသောကြောင့် ဖြစ်သည်ဟု သုံးသပ်ကြသည်။ တချို့ကတော့ ဒီလို သုံးသပ် ကြသည်။ အခုမှ မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ကို လွှတ်တော်တွင် ကျင့်သုံးနေကြသည်။ အခုတစ်ခါ ၂၀၁၅တွင် ဒီစနစ်ကိုကျင့်သုံးရန် တင်ပြလာခြင်း သည် ယခုသွားနေသည့်စနစ်က မကောင်းလို့ဟု ဆိုရာ မရောက်နေဘူးလား။ သက်တမ်းတစ်ခုမှမပြီးခင် သို့မဟုတ် သက်တမ်းတစ်ခုပြီးပါက နောက် စနစ်တစ်ခု အစားထိုးခြင်းသည် ရှိရင်းစွဲ အထိုင်တည်ငြိမ်မှုကို ယုတ်လျော့သွားနိုင်ခြင်း ရှိမရှိ ယင်းအပြင် လက်ရှိသွားနေသည့် နည်းစနစ်အပေါ်  ယုံ ကြည်မှုဆိုင်ရာ ပြဿနာရှိမရှိ စသည့် အမေးပုစ္ဆာတို့ ပေါ်ထွက်မလာနိုင်ပေဘူးလားဟု တွေးဆကြည့်မိပါသည်။

ယင်းသည် နိုင်ငံရေး၊ အထူးသဖြင့် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတို့အဖို့ အတွေးခေါင်ကြစေမည်ကတော့ အမှန်ပင် ဖြစ်ပေသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၇.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. အစီရင်ခံစာတင်သွင်းခြင်းမရှိသည့် ကုမ္ပဏီများအား ဖျက်သိမ်းမည်
  1. ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအခြေအနေ စိုးရိမ်နေရ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ဒေါ်အောင်ဆန်းစုကြည် ကော်မတီဥက္ကဋ္ဌဖြစ်ပြီး ကိုယ်စားလှယ်ရှေ့ဆုံးတန်းထိုင်ခုံသို့ ပြောင်းရွှေ့ရတော့မည်
  1. ရှစ်လေးလုံး ငွေရတုအကြို ၈၈မျိုးဆက်ကျောင်းသားများ ကြေညာချက်ထုတ်ပြန်
  2. သြဂုတ်လအတွင်း လွှတ်တော်ဂျာနယ်ထုတ်ဝေမည်

သတင်းနှင့် ဆောင်းပါးကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

အစီရင်ခံစာတင်သွင်းခြင်းမရှိသည့် ကုမ္ပဏီများအား ဖျက်သိမ်းမည်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ ဥပဒေအရခွင့်ပြုချက်ဖြင့် ဆောင်ရွက်လျက်ရှိသော ကုမ္ပဏီများအနေဖြင့် ယင်းတို့ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းဆောင်ရွက်မှုများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီသို့ အစီရင်ခံစာတင်သွင်းရမည်ဖြစ်ပြီး အစီရင်ခံစာတင်သွင်း ခြင်းမရှိသည့် ကုမ္ပဏီမားအား ဖျက်သိမ်းသည်အထိ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“MIC ရဲ့ခွင့်ပြုချက်နဲ့ လုပ်ကိုင်ဆောင်ရွက်နေတဲ့ကုမ္ပဏီတွေ အစီရင်ခံစာ တင်သွင်းရမယ်ဆိုအာ အစကတည်းက ညွှန်ကြားပြီးသားပါ။ ဒီအပေါ် မှာ အစီရင်ခံစာမတင်သွင်းတဲ့ ကုမ္ပဏီတွေရှိပါတယ်။ အဆက်အသွယ်ပြတ်နေတဲ့သဘောမျိုး ဖြစ်နေပါတယ်။ ဒါကြောင့် ဒီကုမ္ပဏီတွေအနေနဲ့ ကော်မရှင် ကို လုပ်ငန်းတွေ တင်ပြရပါမယ်။ တင်ပြနိုင်ခြင်းမရှိတဲ့ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပါမစ်တွေ ရုတ်သိမ်းသွားမှာပါ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုကော်မှရှင်၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီများသည် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ခြောက်လတစ်ကြိမ်ကော်မရှင်သို့ အစီရင်ခံစာပေးပို့ရမည်ဖြစ်သော်လည်း အချို့ကုမ္ပဏီများမှာ အစီရင်ခံစာပေးပို့ရန် ပျက်ကွက်လျက်ရှိသည့်အပြင် အချို့ကုမ္ပဏီများသည် စလုပ်ကိုင်စအချိန်တွင်သာ အစီရင်ခံစာများပေးပို့ပြီး နောက်ပိုင်းကာလများတွင် အစီရင်ခံစာပေးပို့ခြင်းမရှိသည့်အတွက် ယင်း ကုမ္ပဏီများ၏ လက်ရှိ Actual မည်မျှရှိနေသည်ကို သိရှိရခြင်းမရှိတော့ကြောင်း သိရသည်။

“လုပ်ငန်းပါမစ်ကို ရုတ်သိမ်းသွားမှာပေါ့နော်။ သူတို့လုပ်ငန်းကတော့ MIC ပါမစ်နဲ့မပာုတ်ဘဲ ဒီအတိုင်းလုပ်ချင်လည်း လုပ်ပေါ့နော်။ MIC ပါမစ်နဲ့ အကျိုးခံစားခွင့်ယူထားရင် အဲဒီအတွက် အခွန်ကင်းလွတ်ခွင့်ရထားရင် အခွန်ပြန်ဆောင်ခိုင်းမှာပါ”ပာု ကော်မရှင်က တာဝန်ရှိသူတစ်ဦးက ပြောကြား ကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Venus ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ကုမ္ပဏီများအနေဖြင့် ကုမ္ပဏီများ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ ရှိ၊ မရှိနှင့် ရှိပါက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို သြဂုတ်လ ၂၄ ရက်နေ့ နောက်ဆုံးထား၍ တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။

Ref:Venus

-----------------------------------------------------------------------------------------------------------------------------------

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအခြေအနေ စိုးရိမ်နေရ

လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ လုံခြုံမှုအခြေအနေမှာ စိုးရိမ်ရ သည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေပြီး ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိကြသည့် မြန်မာလုပ်သားများကိုလည်း ထိုင်း အာဏာပိုင်များအနေဖြင့် ထိရောက်သော လုံခြုံမှုများ ပေးနိုင်ခြင်းမရှိကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က ဆွန်ခလာခရိုင်မှာရှိတဲ့ ကြက်သားထုတ်လုပ်တဲ့စက်ရုံမှာ မြန်မာလူမျိုးတွေကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်တဲ့ ကိစ္စရပ် ဖြစ်ပွားပြီးနောက်ပိုင်းမှာ စိုးရိမ်ကိစ္စတွေ ပိုမိုလာခဲ့ရတာပါ။ ပြီးတော့ ထိုင်းနိုင်ငံမှာ တရားဝင်လာအလုပ်လုပ်ကိုင်တဲ့ မြန်မာလူမျိုးတွေကို ထိုင်း လူမျိုးတွေက နှောင့်ယှက်လေ့ရှိပါတယ်။ အလုပ်ရှင်တွေကလည်း မြန်မာဆို အရမ်းကိုဖိနှိပ်တဲ့အတွက် အလုပ်လုပ်ကိုင်ရတာတွေမှာလည်း အဆင်မပြေ တော့ဘူး”ပာု ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတစ်ဦးက ဆိုသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းဒုက္ခသည်များ အမိမြန်မာနိုင်ငံမှ ပြန်လည် လက်ခံနိုင်ရန် လက်ရှိအချိန်တွင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်းနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြော ကြားချက်အရ သိရသည်။

“ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား အများစုဒုက္ခရောက်နေကြပါတယ်။ ဒီလူတွေကို ပြန်လက်ခံဖို့အတွက် စီစဉ်ဆောင်ရွက်နေပါ တယ်။ အများစုက ကရင်တိုင်းရင်းသားတွေနဲ့ မွန်တိုင်းရင်းသားတွေပဲဖြစ်ပါတယ်။ ဒီကိစ္စကို UNHR ကလည်း ကူညီသွားမယ်လို့ သိရပါတယ်။ သူတို့ပြန် လာချိန်မှာ နေထိုင်စားသောက်ဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအတွက် ကူညီပေးသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလုပ်သားများအဖြစ် ရောက်ရှိသွားသူအများစုမှာ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုများ၊ နိုင်ငံရေးဆန့် ကျင်လှုပ်ရှားသူများ၊ မတရားအသင်း ကြေညာခြင်းခံထားရသူများ၊ တရားမဝင်နည်းလမ်းဖြင့် ရောက်ရှိခဲ့ကြသူများဖြစ်ပြီး လက်ရှိအချိန်တွင် ထိုင်းနိုင်ငံ၌ တရားဝင်ရွှေ့ပြောင်းလုပ်သား တစ်သန်းကျော်ရှိကြောင်း သိရသည်။

YC

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဒေါ်အောင်ဆန်းစုကြည် ကော်မတီဥက္ကဋ္ဌဖြစ်ပြီး ကိုယ်စားလှယ်ရှေ့ဆုံးတန်းထိုင်ခုံသို့ ပြောင်းရွှေ့ရတော့မည်

သြဂုတ်လ ၇ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၂၁ရက်မြောက်နေ့၌ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီသစ်တစ်ရပ်အား ဖွဲ့စည်း၍ ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ယင်းကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီအား ကော်မတီဥက္ကဋ္ဌ ကော့မှူးမဲဆန္ဒနယ် ဒေါ်အောင်ဆန်းစုကြည်အပါ အဝင် အဖွဲ့ဝင် ၁၅ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သိရှိရသည်။

"ဒီကော်မတီကို ဖွဲ့စည်းတာက ပြည်သူ့လွှတ်တော်ရဲ့ သဘောတူညီချက်နဲ့ ဖွဲ့စည်းတာပါ။ ဒီကော်မတီက ပြည်ထောင်စုအဆင့်လည်း ဖြစ်ပါ တယ်။ ဒီကော်မတီမှာ အဖွဲ့ဝင် ၁၅ဦးနဲ့ ဖွဲ့စည်းလိုက်တာပြီး အဲဒီအထဲမှာ ကော့မှူးမဲဆန္ဒနယ်က ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူတယ်။ ပြီးတော့ ပုသိမ်မဲဆန္ဒနယ်က ဦးဝင်းမြင့်ကို အတွင်းရေးမှူးတာဝန် ပေးအပ်လိုက်ထားပါတယ်"ဟု အဆိုပါကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောကြား သည်။

ထို့နောက် ယင်းကော်မတီ၏ အတွင်းရေးမှူးအဖြစ် ပုသိမ်မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အား ခန့်အပ်တာဝန်ပေးခဲ့ကြောင်း သိရှိရပြီး အဖွဲ့ဝင်များ အဖြစ် ပန်းတနော်မဲဆန္ဒနယ် ဦးမန်းမောင်မောင်ဉာဏ်၊ ဒိုက်ဦးမဲဆန္ဒနယ် ဒေါ်ဒွဲဘူ၊ မိုင်းပြင်မဲဆန္ဒနယ် ဦးစိုင်းထွန်းစိန်၊ မတူပီမဲဆန္ဒနယ် ဒေါက်တာရိုအုပ်၊ ဇီးကုန်းမဲ ဆန္ဒနယ် ဦးခင်မောင်မြင့်၊ ကျိုက်မရောမဲဆန္ဒနယ် ဒေါ်မိယဉ်ချမ်း၊ တာမွေမဲဆန္ဒနယ် ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဒီမောဆိုမဲဆန္ဒနယ် ဦးစိုးရယ်၊ ရသေ့တောင်မဲ ဆန္ဒနယ် ဒေါ်ခင်စောဝေ၊ ကျောက်မဲ မဲဆန္ဒနယ် ဦးနယ်လ်ဆင် (ခ) ဦးဆောင်ဆီ၊ သင်္ဃန်းကျွန်းမြို့နယ်မဲဆန္ဒနယ် ဦးသိန်းညွန့်နှင့် ကျောက်ပန်း တောင်းမဲဆန္ဒနယ် ဒေါက်တာဇော်မြင့်မောင်တို့အား အသီးသီးပါဝင်ဖွဲ့စည်းကြောင်း သိရှိရသည်။

ထို့ပြင် NLD ပါတီဥက္ကဋ္ဌ ကော့မှူးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါကော်မတီ၏ ဥက္ကဋ္ဌနေရာ တွင် တာဝန်ထမ်းဆောင်တော့မည်ဖြစ်သောကြောင့် ၎င်း၏ ယခင်ကိုယ်စားလှယ်လွှတ်တော်ထိုင်ခုံနေရာမှ ကော်မတီဥက္ကဋ္ဌများထိုင်ခုံဖြစ်သည့် ကိုယ်စားလှယ်ရှေ့ဆုံးတန်းထိုင်ခုံသို့ ပြောင်းရွှေ့ရတော့မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

ရှစ်လေးလုံး ငွေရတုအကြို ၈၈မျိုးဆက်ကျောင်းသားများ ကြေညာချက်ထုတ်ပြန်

သြဂုတ်လ ၈ရက်နေ့ ရက်စွဲဖြင့် ၈၈မျိုးဆက်ကျောင်းသားများမှ "၈.၈.၈၈" အရေးတော်ပုံ ငွေရတုအကြိုအထိမ်းအမှတ်နှင့် ပတ်သက်၍ အချက် ၈ ချက်ပါ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကြေညာချက်ထဲ၌ ၈.၈.၈၈ အရေးတော်ပုံကြီး၌ ပါဝင်လှုပ်ရှားခဲ့ကြသည့် ရဟန်းရှင်၊ လူ၊ ပြည်သူ၊ ကျောင်းသားခေါင်းဆောင်များ အပေါင်းအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ကြောင်း ပါရှိပြီး ပြည်ပရောက် ဒီမိုကရေစီအင်အားစုများ ဂုဏ်သိက္ခာရှိရှိဖြင့် ပြန်လာနိုင်ရေးနှင့် ကျန်ရှိနေသေး သည့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတို့အတွက် အရေးတကြီး ဆောင်ရွက်ရမည့်ကိစ္စများဖြစ်ကြောင်းတို့ကိုလည်း ထည့်သွင်းဖော်ပြထား ကြောင်း သိရသည်။

"အခုမြန်မာနိုင်ငံမှာ ပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေဟာ ကျွန်တော်တို့ ဒီ ရှစ်လေးလုံးအရေး တော်ပုံကြီးရဲ့ အကျိုး ဆက်လို့ ပြောလို့ရပါတယ်။ ဒီအရေးတော်ပုံကြီးဟာ လူမျိုးတစ်မျိုး၊ အုပ်စုတစ်စုထဲအတွက် အုံကြွဆန္ဒပြခဲ့တာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်း သားတွေအားလုံးပါဝင်ပြီး မြန်မာနိုင်ငံသားများအတွက် အပြောင်းအလဲဒီမိုကရေစီကို တောင်းဆိုခဲ့ကြတဲ့ အုံကြွမှုကြီးတစ်ခုပဲဖြစ်ပါတယ်။ ပြီးတော့ မြန်မာ နိုင်ငံသမိုင်းမှာလည်း နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးတို့နဲ့ဆိုင်တဲ့ အပြောင်းအလဲတွေအတွက် အရေးပါဆုံး လူထုအုံကြွမှုတစ်ခုဖြစ်ပါတယ်"ဟု ၈၈မျိုး ဆက်ကျောင်းသားအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထို့နောက် ပြည်တွင်းငြိမ်းချမ်းရေးဖြစ်သည့် တိုင်းရင်းသားအရေးကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးအရ ဆွေးနွေးမှုများနှင့် တိုင်းရင်းသားပြည်သူ များနှင့် ပူးပေါင်းဆောင်ရွက်၍ ကြိုးပမ်းရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားချက်အရ သိရှိရပြီး အမျိုးသားသင့် မြတ်ရေး ခရီးရှည်ကြီး၏ ခြေလှမ်းအစ၌ နိုင်ငံသားများ၏ အခန်းကဏ္ဍသည်လည်း အရေးကြီးကြောင်း ပါရှိသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

သြဂုတ်လအတွင်း လွှတ်တော်ဂျာနယ်ထုတ်ဝေမည်

လက်ရှိ နေပြည်တော်၌ ကျင်းပလျက်ရှိသည့် လွှတ်တော်အစည်းအဝေးများ၊ နိုင်ငံတကာလွှတ်တော်များ၊ လွှတ်တော်တွင်းကိုယ်စားလှယ်များ၏ မေးခွန်းနှင့်အဆိုများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆောင်းပါးများပါဝင်မည့် လွှတ်တော်ဂျာနယ်အား သြဂုတ်လအတွင်း ထုတ်ဝေသွားမည်ဖြစ် ကြောင်း ဂျာနယ်ထုတ်ဝေရေးကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

“လွှတ်တော်က ထုတ်ဝေမယ့် လွှတ်တော်ဂျာနယ်ကို အခု သြဂုတ်လအတွင်း ထွက်နိုင်အောင် စီစဉ်နေပါတယ်။ ဒီဂျာနယ်မှာ လွှတ်တော် အစည်းအဝေးအကြောင်းတွေ၊ လွှတ်တော်မှာ ကိုယ်စားလှယ်တွေဆွေးနွေးတဲ့ အကြောင်းအရာတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်းပါးတွေ၊ နိုင်ငတကာက လွှတ်တော်အကြောင်းတွေ ပါဝင်မှာဖြစ်ပါတယ်”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

“တစ်ချို့ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးတဲ့အကြောင်းအရာတွေပာာ သတင်းစာထဲမှာ အပြည့်အစုံ မပါတာတွေရှိပါတယ်။ အဲ့ဒီ တော့ တီဗွီက လွှတ်တော်အထူးပြု Channel ကိုပဲ စောင့်ကြည့်နေရတယ်။ တခါတလေ မီးပြတ်နေရင် ဘာမှကို မသိရတော့ဘူး။ သွားရောပဲ။ အခုလို လွှတ်တော်ဂျာနယ်ထုတ်ဝေတော့မယ်ဆိုတော့ ကောင်းတာပေါ့။ သတင်းတွေ အစုံအလင်သိနိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အစွမ်းအစကို လည်း သိနိုင်တာပေါ့”ပာု လွှတ်တော်ကဏ္ဍ စောင့်ကြည့်လေ့လာသူတစ်ဦးက ဆိုသည်။

လွှတ်တော်ဂျာနယ်ကို ပထမဆုံးအကြိမ်တွင် အုပ်ရေ ၁၀၀၀ ဖြင့် နှစ်ပတ်တစ်ကြိမ် ထုတ်ဝေသွားမည်ဖြစ်ပြီး စထုတ်စဉ်ကာလတွင် လွှတ်တော် အတွင်းမှ လွှတ်တော်ကိုယ်စားလှယ်များကို အရင် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Ref:ရန်ကုန်တိုင်းမ်

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ကျွန်တော်တို့ဟာအခုလိုပြုလွယ်ပြင်လွယ်ရှိတဲ့ လုပ်ဆောင်မှုအသစ်တွေအတွက် လမ်းဖွင့်ထားချိန်မှာပဲ၊ ဖိအားပေးတဲ့သဘောနဲ့ ဆက်လက်ပြီး ဥပဒေကို ထားရှိတာဟာ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေကို အခိုင်အမာ ဆက်လက်ကူညီမယ်ဆိုတဲ့ သင်္ကေတအဖြစ် ဖော်ပြလိုက်တာ ဖြစ်ပါတယ်”

ဇူလိုင် ၇ရက်နေ့ထုတ် NewsWeek ဂျာနယ် အတွဲ (၂) အမှတ် (၄၂) တွင်ပါရှိသည့် “မြန်မာ့သွင်းကုန်ပိတ်ဆို့မှု ဥပဒေကြမ်း သက်တမ်းတိုးရေး အမေရိ ကန်လွှတ်တော်နှစ်ရပ်အတည်ပြု သမ္မတအိုဘားမား လက်မှတ်ရေးထိုးရန် ကျန်ရှိဟုသိရ” သတင်းမှ ဒီမိုကရက်တစ်အမတ် ဂျိုးခရိုလေး၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

ကချင်အရေးက လူမျိုးရေးအသွင် မဆောင်သေးဘူး။ တိုင်းရင်းသားဆိုတာမှာ မြန်မာလည်းပါတယ်။ ကချင်ဒေသကိစ္စက နိုင်ငံရေးအပေါ်မှာ အခြေခံထား တာပါ။ လူမျိုးရေးမပါဘူး။ ရခိုင်က လူမျိုးရေးပါတော့ ဒါဟာစိတ်ပူစရာပါ။ ကျွန်တော်တို့နိုင်ငံကို ဆိုဗီယက်လို ယူဂိုစလားဘီးယားလိုမျိုး အဖြစ်မခံနိုင် ပါဘူး။ လက်ရှိအတိုင်း သွားနေမယ်ဆိုရင်တော့ အကျိုးဖြစ်ထွန်းမယ် မထင်ဘူး။ ပေါင်းလုပ်ဖို့နေပါပြီ။ ဝင်ဖြေရှင်းဖို့မှာလည်း ကာယကံရှင်တွေ လက်ခံဖို့ လိုပါတယ်။ မျက်နှာချင်းဆိုင်ဖို့ ဝေးနေသေးရင် နိစ္စဓူဝ ဒါတွေကြားနေရမယ်။

ဇူလိုင် ၇ရက်နေ့ထုတ် Monitor ဂျာနယ် အတွဲ (၂) အမှတ် (၁၄) တွင်ပါရှိသည့် “၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးနှင့် တွေ့ဆုံခြင်း”မှ ကိုမြအေး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“ရိုဟင်ဂျာတွေကို နိုင်ငံသားဖြစ်ခွင့် မပေးသလို တရားဝင်နေထိုင်သူများအဖြစ်လဲ အသိအမှတ်မပြုတဲ့အပြင် လက်ထပ်ထိမ်းမြားခြင်း၊ ခရီးသွားလာခြင်း စတဲ့အရာတွေမှာလည်း ကန့်သတ်ချက်တွေ ပြုလုပ်ထားပါတယ်။ ဒါတွေဟာ တမင်တကာ ရိုဟင်ဂျာအသိုင်းအဝိုင်းကို ခွဲခြားဆက်ဆံမှုတွေ ပြုလုပ်ထား တာဖြစ်တယ်”

သြဂုတ် ၇ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၈) အမှတ် (၃၀) တွင်ပါရှိသည့် “အစိုးရက မြန်မာနိုင်ငံတွင် ရိုဟင်ဂျာမရှိဟု တရားဝင်ငြင်းဆိုထား ပြီဖြစ်သော်လည်း ကုလအထူးကိုယ်စားလှယ်က ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပြန်လည်သုံးသပ်ရန် တောင်းဆို” သတင်းမှ ကုလသမဂ္ဂအထူးကိုယ် စားလှယ် မစ္စတာကွင်တားနား၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

*****************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive