Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၇.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဘာကြောင့် အချိုးကျကိုယ်စားပြုစနစ်

*****************************************

ဆောင်းပါးကဏ္ဍ

ဘာကြောင့် အချိုးကျကိုယ်စားပြုစနစ်

(လှိုင်ဘွား)

(သြဂုတ် (၇)ရက်နေ့ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ (၈) အမှတ် (၃၀) မှ ထုတ်ယူဖော်ပြချက်။)

ဇူလိုင်၂၇ရက်နေ့က ဒီမိုကရေစီမိတ်ဆွေပါတီများနှင့် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းအပါအဝင် ပြည်ထောင် စုရွေးကောက်ပွဲကော်ရှင်တို့နှင့် တွေ့ဆုံပြီး အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ပွဲပြုပြင်ရေးစာတမ်း တင်သွင်းခဲ့ကြောင်း၊ ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က အဆင့်ဆင့် ထပ်မံဆွေးနွေးညှိနှိုင်းပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပေးမည်ဖြစ်ကြောင်း သတင်းများတွင် တွေ့မြင်ရသည်။

ဇူလိုင်၁၈ရက်နေ့ကလည်း သမ္မတကြီးဦးသိန်းစိန်နှင့် ဒီမိုကရေစီမိတ်ဆွေပါတီများနှင့် တွေ့ဆုံခဲ့ကြောင်း၊ သမ္မတကြီးအနေဖြင့် ထပ်မံ၍ နိုင်ငံရေး ပါတီ ၁၄ခုနှင့် တွေ့ဆုံသွားရန်ရှိကြောင်း သိရသည်။

ဒီိမိုကရေစီမိတ်ဆွေပါတီများတွင် နိုင်ငံရေးပါတီ၁၀ခုပါတီပါဝင်ပြီးယင်းတို့မှာ (၁)ချင်းပါတီ (၂)ဒီမိုကရက်တစ်ပါတီ(မြန်မာ) (၃)ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ (၄) ပြည်ထောင်စုဒီမိုကရေစီပါတီ (၅) ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ(မြန်မာ) (၆) မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ (၇) ရှမ်းတိုင်း ရင်းသားများ ဒီမိုကရက်တစ်ပါတီ (၈) ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (၉) အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (၁၀) ညီညွတ်ရေးနှင့် ငြိမ်းချမ်း ရေးပါတီတို့ ဖြစ်သည်။

ယင်းသို့သမ္မတကြီးနှင့် ဒီမိုကရေစီမိတ်ဆွေပါတီတို့ တွေ့ဆုံခြင်းသည် နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် အတူတကွ ပူးပေါင်းဆောင် ရွက်သွားကြရန် ရည်ရွယ်ချက်ဖြင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ ထိုအချက်သည် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီလေးက သမ္မတကြီး ပြောကြားသွားခဲ့သည့် မိန့်ခွန်းတွင်ပါဝင်သော မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် အားလုံးပါဝင်ဆောင်ရွက်နိုင်ရေး (all Inclusive) လမ်းစဉ်ဟု ဆိုရမည် ဖြစ်ပေသည်။

ယင်းပြင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် လွှတ်တော်အတွင်း ကိုယ်စားလှယ်ဦးရေ ကွာဟချက်များကို ချိန်ညှိနိုင်ရန်အတွက်လည်းကောင်း၊ အင် အားကြီးပါတီများ၏ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရေးအတွက်လည်းကောင်း၊ ရည်ရွယ်ချက်ထားပုံရသည်ဟု အကြမ်းဖျင်း နားလည်မိပါသည်။ အချိုးကျစနစ်က လာမည့် ၂၀၁၅ ရွေးကောက်ပွဲကို ဦးတည်ထားခြင်းလည်း ဖြစ်သည်ဟုလည်း ဆိုနိုင်မည် ထင်ပါသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လားရာအပေါ် အကဲဖြတ်သူတချို့က လာမည့် ၂၀၁၅ အပေါ် စိုးရိမ်စိတ်ဖြင့် ကြိုတင်စီစဉ်သည့် ခြေ လှမ်းတစ်ရပ်ဖြစ်သည်ဟု ကောက်ယူကြသည်ကိုလည်း တွေ့ရပါသည်။

မည်သို့ပင်ဖြစ်စေ အချိုးကျစနစ် ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ယင်းကို လက်ခံစဉ်းစားပေးသည့်အတွက် ပါတီကြီးတစ်ခုအတွက် မူအင် အားနည်းပါတီများ၏ တင်ပြချက်ကို အလေးထားခြင်းဖြစ်သဖြင့် နိုင်ငံရေးကို အမှတ်ရသည့် အချက်တစ်ချက်ဖြစ်သည်ဟု သုံးသပ်ကြသည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ပင် “တကယ့်ရည်ရွယ်ချက်က ဘာလဲဆိုသည့်အပေါ် သံသယပွား မေးခွန်းထုတ်ကြသည်ကိုလည်း မမေ့သင့်ပေ။”

အချိုးကျကိုယ်စားပြုစနစ်ကို လေ့လာကြည့်ရာတွင် အချိုးကျကိုယ်စားပြုစနစ် (Prppotional Representation System) သည် အများစု ကိုယ် စားပြုစနစ်၏ အားနည်းချက်ဖြစ်သော ပါတီတစ်ခု၏ တစ်နိုင်ငံလုံးတွင် ထောက်ခံမှုရာခိုင်နှုန်းနှင့် လွှတ်တော်တွင်ရရှိသည့် ကိုယ်စားလှယ်နေရာ ရာခိုင် နှုန်းနှင့် လွှတ်တော်အတွင်းရရှိသည့် ကိုယ်စားလှယ်နေရာရာခိုင်နှုန်းတို့ အချိုးမညီသည့်အချက်ကို ပြုပြင်ရန် ပေါ်ပေါက်လာသည့်စနစ် ဖြစ်သည်ဟု တွေ့မြင်နိုင်ပေည်။ ယင်းစနစ်တွင် အမျိုးအစား သုံးမျိုး ထပ်မံခွဲခြားနိုင်ပြီး ယင်းတို့မှာ-

(၁) ပါတီအမည်စာရင်းကို မူတည်ပြီး ပါတီများသည် မဲဆန္ဒနယ်အချိုးကျ ရွေးချယ်သည့်စနစ် (ListPrppotional Representation System)

(၂) ပေါင်းစပ်ထားသည့် အချိုးကျ ရွေးချယ်သည့်စနစ် (MixPrppotional Representation System)

(၃) လွှဲပြောင်းပေးနိုင်သော မဲတစ်မဲစနစ် (Single Transferable Vote System) တို့ဖြစ်ကြောင်း သိရသည်။

ပါတီအမည်စာရင်းကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ်သည် အချိုးကျကိုယ်စားပြုစနစ်တွင် အသုံးအများဆုံးစနစ်ဖြစ်ပြီး ယင်းစနစ်တွင် ပါတီများသည် မဲဆန္ဒနယ်မြေတစ်ခုချင်းအတွက် ကိုယ်စားလှယ်လောင်းအမည်စာရင်းကို တင်သွင်းရမည့်အစား ယင်းပါတီက လွှတ်တော်ကိုယ်စားလှယ် အဖြစ် ယာထားသူစာရင်းကို ထုတ်ပြန်ရကာ မဲဆန္ဒရှင်ရှင်များက မဲပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးခြင်းမဟုတ်ဘဲ ပါတီက လျာထား သော ကိုယ်စာလှယ်လောင်း၏အရည်အချင်း ပါတီ၏မူဝါဒတို့အပေါ် မူတည်ပြီး ပါတီကိုသာ မဲပေးရခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ပါတီအလိုက် ရရှိသော လူထုထောက်ခံမှုရာခိုင်နှုန်းကို မူတည်ပြီး ပါတီများရသင့်သည့် ကိုယ်စားလှယ်နေရာ ရာခိုင်နှုန်းကို ခွဲဝေပေးခြင်း ဖြစ်သည်။ ပါတီများက မိမိ အတွက် ရသင့်သည့် ကိုယ်စားလှယ်နေရာကို မူတည်ပြီး မိမိပါတီ၏ လျာထားစာရင်းမှ ဦးစားပေးအဆင့်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ပေးရခြင်း ဖြစ်သည်။ ယင်းသို့ ရွေးချယ်ခွင့်ရရန်အတွက် အနည်းဆုံး လူထုထောက်ခံရမှု ရာခိုင်နှုန်းပြည့်မီရန် လိုအပ်ပြီး ယင်းအချက်သည် မဲဆန္ဒနယ်တစ်ခုချင်းအတွက် သတ်မှတ်ထားသော ကိုယ်စားလှယ်နေရာ၊ လွှတ်တော်တစ်ခုလုံးအတွက် ကိုယ်စားလှယ်နေရာနှင့် ပါတီငယ်များပါဝင်မှု မည်မျှရှိသည်၊ လိုလားသည်ဟူသောအချက်အပေါ်တွင် မူတည်ပြီး ကွဲပြားခြားနားချက်ရှိသည်ဟု ဆိုသည်။ လူထုထောက်ခံမှုနှုန်းနှင့် ပတ်သက်ပြီး အစ္စ ရေးတွင် ၁ဒသမ၅ရာခိုင်နှုန်း၊ ဂျာမနီတွင် ၅ရာခိုင်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။

ယင်းစနစ်၏ ကောင်းကွက်မှာ အကျိုးစီးပွားအမျိုးမျိုးကို ကိုယ်စားပြုသော အဖွဲ့အစည်းအားလုံး နိုင်ငံရေးစနစ်တွင် ပါဝင်နိုင်ခြင်း၊ မဲဆန္ဒနယ် တစ်ခုတွင် အမတ်တစ်နေရာသာထားသည့်စနစ်ကဲ့သို့ ထိုမဲဆန္ဒနယ်တစ်ခု သို့မဟုတ် မဲဆန္ဒနယ်များတွင် အများစုနေထိုင်သည့် လူတစ်စုချုပ်ကိုင်မှုကို လည်း တားဆီးပေးနိုင်ခြင်းတို့ဖြစ်ပြီး အားနည်းချက်မှာ ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ မဲဆန္ဒနယ်များမှ မဲဆန္ဒရှင်များနှင့်ထိတွေ့ရန် ထက် ပါတီ၏ လျာထားအမည်စာရင်းတွင်ပါဝင်ရန်နှင့် ဦးစားပေးအဆင့်ထိပ်ပိုင်းတွင် ပါဝင်ရန်တို့ကိုသာ ပိုမိုအလေးထားတတ်ကြကာ မဲဆန္ဒယ်တစ်ခုချင်းစီ၏ လိုအပ်ချက်များကို ဖြည့်ဆည်းရေးတွင် အားနည်းသူတို့ဖြစ်သည်ဟု ဆိုသည်။ ယင်းအပြင် လွှတ်တော်အတွင်း ပါတီငယ်အများအပြား ပါဝင်လာပြီး ညွန့် ပေါင်းအစိုးရ ဖွဲ့စည်းရာတွင် အမတ်နေရာ အနည်းငယ်သာရှိသော လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်ပါတီများက သော့ချက်ကျလျက် ပါတီကြီးများ ကို အကျပ်ကိုင်ခြင်း စသော အားနည်းချက်များ ဖြစ်သည်။

ပေါင်းစပ်သောအချိုးကျရွေးချယ်သည့်စနစ်

ယင်းစနစ်သည် အများစုကိုယ်စားပြုစနစ်နှင့် အချိုးကျကိုယ်စားပြုစနစ်တို့မှ ကောင်းကျိုးများကိုရရှိအောင် ဖန်တီးထားသည့်စနစ်ဟု ဆိုသည်။ ယင်းစနစ်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာများကို သာမာန်အများစုအနိုင်ရမှုဖြင့် ရွေးချယ်သည့်နေရာများနှင့် အချိုးကျစနစ်ဖြင့် ရွေးချယ်ထားသော နေရာများက လွှတ်တော်တွင် အများစုနေရာရရှိရေးအတွက် အဓိက သတ်မှတ်ထားခြင်း ဖြစ်သည်။

လွှဲပြောင်းပေးနိုင်သည့်မဲတစ်မဲစနစ်

ယင်းစနစ်က မဲပေးမှုများထဲတွင် တွက်ချက်မှု အရှုပ်ထွေးဆုံးစနစ် ဖြစ်သည်ဟု ဆိုသည်။ ယင်းတို့မှာ အချိုးကျကိုယ်စားပြုစနစ်တွင် ပါဝင်သည့် မဲပေးသည့်စနစ်များနှင့် အားသာချက်၊ အားနည်းချက်များ၏ အကျဉ်းချုပ် ဖြစ်သည်။

တချို့က မြန်မာနိုင်ငံအချိုးကျ ကိုယ်စားပြုစနစ်ကို မြန်မာနိုင်ငံကဲ့သို့သော ဒီမိုကရေစီနုနယ်သော နိုင်ငံများအနေဖြင့် လိုက်ဖက်မှုမရှိဟု ဆိုကြ သည်ကိုလည်း တွေ့သည်။ အကြောင်းမှာ မဲပေးပုံနည်းစနစ်များ ရှုပ်ထွေးလွန်းသောကြောင့် ဖြစ်သည်ဟု သုံးသပ်ကြသည်။ တချို့ကတော့ ဒီလို သုံးသပ် ကြသည်။ အခုမှ မြန်မာနိုင်ငံက ဒီမိုကရေစီစနစ်ကို လွှတ်တော်တွင် ကျင့်သုံးနေကြသည်။ အခုတစ်ခါ ၂၀၁၅တွင် ဒီစနစ်ကိုကျင့်သုံးရန် တင်ပြလာခြင်း သည် ယခုသွားနေသည့်စနစ်က မကောင်းလို့ဟု ဆိုရာ မရောက်နေဘူးလား။ သက်တမ်းတစ်ခုမှမပြီးခင် သို့မဟုတ် သက်တမ်းတစ်ခုပြီးပါက နောက် စနစ်တစ်ခု အစားထိုးခြင်းသည် ရှိရင်းစွဲ အထိုင်တည်ငြိမ်မှုကို ယုတ်လျော့သွားနိုင်ခြင်း ရှိမရှိ ယင်းအပြင် လက်ရှိသွားနေသည့် နည်းစနစ်အပေါ်  ယုံ ကြည်မှုဆိုင်ရာ ပြဿနာရှိမရှိ စသည့် အမေးပုစ္ဆာတို့ ပေါ်ထွက်မလာနိုင်ပေဘူးလားဟု တွေးဆကြည့်မိပါသည်။

ယင်းသည် နိုင်ငံရေး၊ အထူးသဖြင့် မြန်မာ့နိုင်ငံရေးကို စိတ်ဝင်စားသူတို့အဖို့ အတွေးခေါင်ကြစေမည်ကတော့ အမှန်ပင် ဖြစ်ပေသည်။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment