Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၇.၈.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. Standard Chartered နှင့် အီရန်(လူဆိုးများအား ဘဏ်ဝန်ဆောင်မှု ပေးခြင်း)

(6 July 2012 ရက်စွဲပါ The Diplomat မှ“Banking For The Bad Guys”ကိုဘာသာပြန်ဆိုသည်)

***********************************************************

ဘာသာပြန်သတင်းများ

Standard Chartered နှင့် အီရန်(လူဆိုးများအား ဘဏ်ဝန်ဆောင်မှု ပေးခြင်း)

(6 July 2012 ရက်စွဲပါ The Diplomat မှ“Banking For The Bad Guys”ကိုဘာသာပြန်ဆိုသည်)

နယူးယောက်၏ ငွေကြေးဝန်ဆောင်မှု ဌာနမှ ထုတ်ပြန်သော မမျှော်လင့်သော ကြေညာချက်တွင် ဗြိတိသျှ ဘဏ်တစ်ခုဖြစ်သော Standard Chattered ဘဏ်ကို ပြဿနာများရှိသော ငွေကြေးအဖွဲ့အစည်း စာရင်းသွင်းပြီး မရိုးသားသော အဖွဲ့ အဖြစ်ခေါ်ဆိုခဲ့ပါသည်။

၎င်းကစွပ်စွဲရာတွင် Standard Chattered ဘဏ်သည် အီရန်ဖောက်သည်များ အတွက်ဒေါ်လာ ဘီလီယံ(၂၅၀)တန်ဖိုးရှိ လျို့ဝှက် ငွေစာရင်း ပြောင်းလွှဲမှု အကြိမ် (၆၀၀၀၀)ပြုလုပ်ပေးခဲ့ပြီး ဝန်ဆောင်မှု ဒေါ်လာန်းရာချီ၍ ရယူခဲ့သည်ဟု ဆိုသည်။ အောက်ခြေမှတ်စုတွင်လည်း အလားတူ လုပ်ဆောင် မှုမျိုးကို လစ်ဗျား၊မြန်မာနှင့် ဆူဒန်အပါအဝင် အမေရိကန်၏ အရေးယူမှုကိုခံထားရသော တိုင်းပြည်များသို့လည်း လုပ်ဆောင်ပေးခဲ့သည်ဟု ဖော်ပြထား ပါသည်။

စာမျက်နှာ ၂၇မျက်နှာပါ အဆိုပါအစီရင်ခံစာကို သြဂုတ်လ၁၅ရက်နေ့ ကြားနာမှုတွင်ဖော်ထုတ် ရန်စီစဉ်ထားပြီး ၂၀၀၆ကတည်းက အမေရိကန် အတွက် Standard Chartered ၏အမှုဆောင်အရာရှိချုပ်၏ ရုတ်တရတ်တုန်လှုပ်၍ ပေးပို့လာသော အီးမေးလ်  ကိုလည်း ကိုးကားဖော်ပြ ထားသည်။ လုပ်ဆောင်ချက်များ သည် အုပ်စုအတွက် ဂုဏ်သိက္ခာထိခိုက်စေနိုင်သော အလားအလာရှိသည့် အပြင် အလေးအနက်ပြုရမည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်နိုင်ကောင်း၎င်းက ရေးသားထားသည်။ အမည်မတပ်ထားသော အုပ်စု၏ အမှုဆောင်ဒါရိုက်တာများက ပြန်ကြားရာတွင် “မင်းတို့ ဘယ်လို အမေရိကန်တွေလဲ။ ငါတို့အီရန်တွေနဲ့ အလုပ်မလုပ်ဘူးဆိုတာ ကမ္ဘာကို ပြောချင်ပါတယ်။”ဟုဆဲဆို၍ ပြောခဲ့ကြောင်း ရုံးခွဲအရာရှိ တစ်ဦး၏ ဖော်ပြ ချက်အရ သိရသည်။

ကြေညာချက်တွင် ပါဝင်သောစွပ်စွဲချက်များကို Standard Chatered ၏အမှန်ကို ဖုံးကွယ်လိမ်ညာမှုတွင် အကူအညီပေးသူမှာ Deloitte & Touche အကြံပေးအဖွဲ့ဖြစ်ပြီး တာဝန်ရှိသူများမှ တင်သွင်းသော အစီအရင်ခံစာတွင် အရေးကြီးသော သတင်းအချက်လက်များကို ရည်ရွယ်ချက် ဖြင့် ပယ် ဖျက်ခြင်းခံရမည့် အန္တရာယ်ရှိပြီး အမေရိကန်မှ ကန်ထုတ်သည့်သဘောပင်ဖြစ်သည်။ ၎င်းအနေဖြင့် စွပ်စွဲထားမှုများကို ဖြေကြားရန်လိုအပ်သည့် အပြင် ၎င်း၏ကမ္ဘာပေါ်တွင် ငွေလွှဲမှုများကို အမေရိကန် ရှိတာဝန်ရှိသူများ ရွေးချယ်ပေးသည့် သီးခြားရပ်တည်နေသော ပုဂ္ဂိုလ်များ၏ လွတ်လပ်သော စောင့်ကြည့် မှုများ ပြုလုပ်သည့်အစီအစဉ် ကိုတင်ပြရန်လိုအပ်သည်။သို့သော် ထိုအစီအစဉ်ကို Standard Chattered ၏ကမ္ဘာပေါ် တွင်ည လုပ်ငန်းလုပ်ဆောင်နေမှု ၌ အဓိကဖောက်သည် များဖြစ်သော တိုးတက်လာသည့် ဈေးကွက်ရှိသည့် နိုင်ငံအများစုဖြစ်သော တိုးတက်လာသည့် ဈေးကွက်ရှိသည့် နိုင်ငံများက ကြိုဆို ကြလိမ့်မည် မဟုတ်ပေ။

အဆိုပါကြေညာချက်တွင် ဆီးနိတ်အစီရင်ခံစာပါ HSCB ၏ငွေကြေးခဝါချမှုကိုလည်း သတင်းအချက် အလက် အဖြစ်ထည့်သွင်းထားသည်။ အတိအကျ ဆိုသော်အဓိက ခွဲခြားနိုင်သည့် သတင်းအချက်အလက်များကို အီလက်ထရောနစ် ငွေကြေးလွှဲပြောင်းမှုများ တွက်သီးခြားခွဲထုတ်ထားခဲ့ခြင်း ဖြစ်သည်။ထိုသို့ဖျောက်ဖျက်ခြင်း များ ကိုအီရန်အပေါ် နိုင်ငံတကာအရေးယူမှုများက အမေရိကန်နှင့်ဆက်ဆံရေးကန့်သတ်မှုများပါဝင်သော ၂၀၀၁ မှ ၂၀၀၇ ခုနှစ်အတွင်း ဖြစ်ခဲ့သည်။

အမှန်ကိုဖုံးကွယ်သော ငွေလွှဲပြောင်းမှုများမှာ စောင့်ကြည့်မှု မရှိခဲ့ဟုဆိုသည်။ထိုသို့ ဖြစ်လာရခြင်းမှာ ၎င်း၏ အကြီးတန်းစီမံခန့်ခွဲသူများက စည်းကမ်းထိန်းသိမ်းသူများအား အယုံသွင်းရန် သက်သေအထောက်အထားရှိရေး လိုလားချက်ကြောင့်ဖြစ်ပြီး၊ ဤနည်းအားဖြင့် အမေ၇ိကန်ဥပဒေ ကိုချိုး ဖောက်သည့် အသွင်ရှိပါသည်။ထိုမဟာဗျူဟာမှာ သမ္မတကလင်တန် က အီရန်အပေါ် အရေးယူပိတ် ဆို့မှုများချမှတ်သော ၁၉၉၅အစောပိုင်း ကတည်းက ရေးဆွဲခဲ့ခြင်းဖြစ်သည်။ ရည်ရွယ်ချက်မှာ ဘဏ်၏အမေရိကန်တွင် လုပ်ဆောင်မှုများပါဝင်ခြင်းမရှိစေဘဲ အမေရိကန်၏ ဥပဒေများအားကျော်လွှားနိုင်ရန် ဖြစ် သည်။ထိုကိစ္စကို စတင်သတိပြုမိလာသော အချိန်မှာ  အီရန်နိုင်ငံပိုင် ရေနံကုမ္ပဏီ ဖြစ်သော CBI/Markazi နှင့်ဆက်ဆံရေးတွင် ကုမ္ပဏီသည် ငွေပေးချေမှု ၌ဒေါ်လာဖြင့် တစ်ရက်လျှင်ဒေါ်လာသန်း(၅၀၀) လွှဲပြောင်းမှုကို ပေးအပ်လာသောကြောင့်ဖြစ်သည်တနာများမှာ အီရန်နိုင်ငံပိုင် ဘဏ်နှင့် နိုင်ငံပိုင်ကူးသန်းရောင်းဝယ်ရေး ဘဏ်နှစ်ခုတို့ဖြစ်သည်။

ထိုသို့လုပ်ဆောင်ရာတွင် အခြားအီရန် ဖောက်သည်များနှင့် ပါဆက်ဆံရန် ဖြစ်လာပါသည်။ ထိုသို့ဆက်ဆံရာတွင် အခြားအီရန်အရေးကြီးသော စီးပွားရေးပါသော အမေရိကန်ကုမ္ပဏီများသည် အီရန်နှင့် စီးပွားရေးလုပ်ကိုင်ခြင်းကို ပိတ်ပင်ထားပါသည်။သို့သော် အမေရိကန် ငွေကြေးစနစ်အတွင်းဝင် ရောက်လာပြီး  ချက်ချင်းထွက်ခွာသွားသော ဒေါ်လာလွှဲပြောင်းမှုကဲ့သို့ သောU-turn ငွေလွှဲပြောင်းမှု ပေါင်းများစွာချွင်းချက်အဖြစ်ရှိနေပါသည်။ ၎င်းတို့ အနေ ဖြင့် လူသိရှင်ကြားဖော်ထုတ်ရမည်ဖြစ်သည်။ ၂၀၀၆ခုနှစ်က အမေရိကန်ဘဏ် စည်းကမ်းထိန်းသိမ်းသူများက Standard Chartered အားထိုကိစ္စ သတင်း အချက်အလက် များကိုမေးမြန်းရာ ၎င်းတို့အပေါ် ဦးတည်မလာနိုင်ရန် ကန့်သတ်ထားသော ကိန်းဂဏန်း အချက်အလက်အချို့ကိုသာပေးပို့ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် အာဏာပိုင်များကို အတိုင်းအတာများ သတင်းပေးပို့မှုများ ရှိခဲ့သည်။ ထိုအချိန်တွင် သတင်းများမှာ ပြည့်စုံမှုမရှိဘဲ အများစုကို အိန္ဒိယတွင်ပြုစုခဲ့ ခြင်းဖြစ်သည်။

Standard Chartered သည်စုံစမ်းစစ်ဆေးမှုများကို သိရှိသော်လည်း ဖွင့်ချရန် နှင့်စွပ်စွဲမှု အတိုင်းအတာကိုပြောရန် အချိန်မဟုတ်ဟု ယူဆနေ သည်။ ကြေညာချက်ထုတ်ပြန်ရန် ပြင်ဆင်နေဆဲကာလဖြစ်သည်။

Deloitte & Touche ၏ကြေညာချက်တွင် ၎င်းတို့သည်လွတ်လပ်သော အကြံပေး တာဝန်ကိုသာ ထမ်းဆောင်ပြီး၊ ဘဏ်လုပ်ငန်းရှင်များ လက်မခံ နိုင်သော အပြုအမူများလုပ်ဆောင်ရန် အကြံပေးခြင်းမရှိကြောင်းနှင့် စွပ်စွဲမှုများများမှာ အချက်အလက်မခိုင်လုံကြောင်း ပြောခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment