Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၈. ၈. ၂၀၁၂

ပြည်တွင်းသတင်း

  1. တရားမဝင်စားသုံးဆီများထိရောက်စွာ အရေးယူရန် ဒုသမ္မတ ညွှန်ကြား
  2. ဗီယက်နမ်နိုင်ငံနှင့် ဆန်စပါးအကျိုးတူ စိုက်ပျိုးထုတ်လုပ်မည်
  3. ပုဂ္ဂလိက တက္ကသိုလ်ဖွင့်ခွင့်ရရှိနိုင်ရန် လွှတ်တော်သို့တင်ပြမည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြည်သူအတွက် လုပ်ဆောင်မှုများကို NLD လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ချုပ်သို့တင်ပြရမည်
  2. နိုင်ငံတော်သမ္မတမှ ခန့်အပ်ပုဂ္ဂုလ်များ၏ ပိုင်ဆိုင်မှုပြသရေး ညွှန်ကြားချက် ခေတ္တဆိုင်းငံ့

သတင်းနှင့် ဆောင်းပါးကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

တရားမဝင်စားသုံးဆီများထိရောက်စွာ အရေးယူရန် ဒုသမ္မတ ညွှန်ကြား

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံရှိ ဈေးကွက်အတွင်းသို့ တရားမဝင်စားသုံးဆီများ ဝင်ရောက်လျက်ရှိနေသည့်အတွက် ယင်းစားသုံးဆီများ ပြည်တွင်း၌ တရားမဝင် ဖြန့်ဖြူးရောင်းချနေသူများအား ထိရောက်စွာ အရေးယူဆောင်ရွက်ရန် နိုင်ငံတော်ဒုတိယသမ္မတက ညွှန်ကြားလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ ထုတ်ပြန်ကြေညာခဲ့သည်။

“တရုတ်နိုင်ငံက တင်ပို့တဲ့ စားသုံးဖို့မသင့်တဲ့ဆီတွေ အခု ပြည်တွင်းဈေးကွက်တွေထဲကို တော်တော်ဝင်လာပါပြီ။ ဒါကြောင့် ပထမအဆင့်မှာ ပညာပေးဆောင်ရွက်တာတွေ လုပ်ဆောင်သွားမှာပါ။ ဒါမှမရဘူးဆိုရင်တော့ ဒုတိယအဆင့်အနေနဲ့ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက် သွားတော့မှာပါ။ နိုင်ငံတော်ဒုသမ္မတက ပြည်ပကဝင်လာတဲ့ စားသုံးဆီတွေကို စစ်ဆေးဖို့၊ ကြပ်မတ်ဖို့နဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ တိုင်းအစိုးရတွေနဲ့ ပြည်နယ်အစိုးရတွေကို ညွှန်ကြားထားပါတယ်”ပာု ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ တရုတ်နိုင်ငံမှ စားသုံးရန်မသင့်သည့်ဆီများ ပြည်တွင်းသို့ဝင်ရောက်နေသည့်အတွက် မြန်မာနိုင်ငံအစားသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဌာန(FDA)မှ ဦးဆောင်၍ မြန်မာနိုင်ငံ၏ နယ်စပ်မြို့များတွင် အစားအသောက်နှင့် ကုန်စည်များအား စစ်ဆေးရေးစခန်းများ မကြာမီကာလအတွင်း ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန(FDA)မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အစားအသောက်နဲ့ ကုန်စည် စစ်ဆေးတဲ့စခန်းတွေကို (၁၃)ခုလောက် ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ ပထမဆုံး ဖွင့်လှစ်မယ့် ဂိတ် စခန်းကတော့ ၁၀၅ မိုင်ဂိတ်စခန်း ဖြစ်ပါတယ်။ အခုလို စစ်ဆေးရေးစခန်းတွေ ဖွင့်လှစ်ရတာပာာ နယ်စပ်ဒေသတွေကတဆင့် ကုန်ပစ္စည်း တင်ပို့ရောင်းချသူတွေ အနေနဲ့ အချိန်ကုန်သက်သာစေတဲ့အပြင် ပြည်သူတွေအားလုံးအတွက် သင့်တော်မယ့် ကုန်ပစ္စည်းတွေသုံးစွဲနိုင်အောင်လို့ ဖြစ်ပါတယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် ကုန်ပစ္စည်းနှင့် အစားအသာက်စစ်ဆေးရေးစခန်းများ ဖွင့်လှစ်ရာတွင် FDA နှင့်အတူ ဆက်သွယ်ရေး ဌာနများ အပြင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနနှင့်လည်း ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ ယခုကဲ့သို့ ကျန်းမာရေးထိခိုက်စေနိုင်မည့် စားသုံးဆီများနှင့် အစားအသောက်များ တင်သွင်းနေသည့် အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျူရှင်အချို့နှင့် ကျောင်းအချို့တွင် တရုတ်နိုင်ငံထုတ် မုန့်များကို စားသောက်ခြင်းမပြုရန် ကလေးများအား တားမြစ်ထားကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ဗီယက်နမ်နိုင်ငံနှင့် ဆန်စပါးအကျိုးတူ စိုက်ပျိုးထုတ်လုပ်မည်

မြန်မာနိုင်ငံ၏ ဆန်စပါးကဏ္ဍတိုးတက်လာနိုင်စေရန် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပူးပေါင်း၍  ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် အကျိုးတူဆန်စပါး စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“လက်ရှိတော့ မြန်မာဆန်စပါးအသင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ ဆန်စပါးပူးပေါင်းပြီး စိုက်ပျိုးထုတ်လုပ်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ ရှယ်ယာပိုင်ဆိုင်မှုအချိုးအစားအတွက် အဓိကညှိနှိုင်းနေတာပါ။ ဗီယက်နမ်ကုမ္ပဏီက သုံးခုဆိုတော့ ရှယ်ယာ ၆၀ ရာခိုင်နှုန်းလောက် လိုချင်ပါတယ်။ မြန်မာဆန်စပါးကုမ္ပဏီက အဆိုပြုတာကတော့ မြန်မာနိုင်ငံအနေနဲ့က ၅၁% ဗီယက်နမ်ကုမ္ပဏီတွေကို ၄၉% ပေးမယ်လို့အဆိုပြုထားတာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းအနေဖြင့် လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ တစ်နေ့လျှင် ဆန်တန်ချိန် ၂၀၀၀ ဝန်းကျင် တင်ပို့ ရောင်းချလျက်ရှိပြီး ယခုအခါ အာဖရိကနိုင်ငံများသို့ ဆန်တန်ချိန် ၅၀၀၀၀ တင်ပို့ရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“အရင်က တရုတ်ကို ဆန်အများဆုံး တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ အခု အာဖရိကနိုင်ငံကို ဆန်တန်ချိန် ၅၀၀၀၀ တင်ပို့ရောင်းချ နိုင်အောင် ဆောင်ရွက်မှာပါ။ ပြီးတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း ဆန်တင်ပို့ရောင်းချလျက် ရှိပါတယ်။ ပြည်ပနိုင်ငံတွေကို ဆန်တင်ပို့ရောင်းချရာမှာ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်းသာမကဘူး အခြားပြည်ပနိုင်ငံတွေကို ဆန်တင်ပို့ရောင်းချနေတဲ့ ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်”ပာု မြန်မာနိုင်ငံဆန်စပါး လုပ်ငန်းအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် မြန်မာ့ဆန်ကို တရုတ်နိုင်ငံသို့တင်ပို့ရောင်းချရာတွင် တရုတ်နိုင်ငံက အကြောင်းအမျိုးမျိုးပြ၍ ဆန်တင်ပို့မှု ပိတ်ပင်ခဲ့သည့် အတွက် ပြည်တွင်း၌ ဆန်များစုပုံလျက်ရှိပြီး ဆန်ဈေးနှုန်းမှာလည်း ကျဆင်းလျက်ရှိကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

ပုဂ္ဂလိက တက္ကသိုလ်ဖွင့်ခွင့်ရရှိနိုင်ရန် လွှတ်တော်သို့တင်ပြမည်

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သကဲ့သို့ ပညာရေးပြောင်းလဲမှုများ ကိုလည်း လုပ်ဆောင်နိုင်ရန် ပုဂ္ဂလိကတက္ကသိုလ်များကို လာမည့် ၂၀၁၃ အမှီ ဖွင့်လှစ်ခွင့်ပြုသွားနိုင်ရန် ဥပဒေမူကြမ်းများကို ရှေ့နေချုပ်ရုံးသို့ပေးပို့၍ လွှတ်တော်တွင်းတင်ပြသွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာနိုင်ဖို့အတွက် အခြေခံပညာရေးကဏ္ဍနဲ့ အဆင့်မြင့်ပညာရေး ကဏ္ဍနှစ်ခုစလုံးမှာ ပုဂ္ဂလိက ဝင်ရောက်ခွင့်ကို အစိုးရသစ်လက်ထက်မှာ ခွင့်ပြုပေးခဲ့ပါတယ်။ ဒီခွင့်ပြုမှုအပေါ်မှာ ပညာရေးကဏ္ဍက တာဝန်ရှိသူတွေအနေနဲ့ တန်ဖိုးထားဖို့ လိုပါ လိမ့်မယ်။ မြန်မာနိုင်ငံရဲ့ပညာရေးပာာ နှစ်ပေါင်းများစွာ နိမ့်ကျခဲ့ပါတယ်။ နိုင်ငံတကာမှာ သင်ကြားနေတဲ့ သင်ကြားမှုတွေကို မှီနိုင်ဖို့အတွက် ကျောင်း သား၊ မိဘနဲ့ ဆရာ၊ဆရာမတွေက အကောင်းဆုံးကြိုးစားသွားရမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် ပုဂ္ဂလိကစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် ယခုလ အတွင်း ခွင့်ပြုပေးသွားမည်ဖြစ်ပြီး ကိုယ်ပိုင်ကျောင်းဖွင့်လှစ် သင်ကြားလိုသူများအနေဖြင့် ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထား၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများထံတွင် လျှောက်ထားရမည်ဖြစ်ကြောင်း ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

“ဇွန်လ ၁၂ ရက်နေ့ နောက်ဆုံးထားပြီးတော့ ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်လိုတဲ့သူတွေကို လျှောက်ထားခိုင်းထားပါတယ်။ အခုလထဲမှာ သေချာ စိစစ်ပြီးတော့ ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်း ဖွင့်လှစ်နိုင်ဖို့အတွက် စိစစ်ပြီး ခွင့်ပြုပေးသွားမှာပါ။ တစ်နိုင်ငံလုံးမှာ ၄၆ ကျောင်းလောက် ဖွင့်လှစ်ခွင့် ပြုဖို့ ရာထားပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အစိုးရသစ်လက်ထက်မှစတင်၍ ပုဂ္ဂလိကစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရန် ၂၀၁၁ ခုနှစ် ကုန်ပိုင်းတွင် ခွင့်ပြုပေးခဲ့ပြီး ယင်းပုဂ္ဂလိကစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရန် ဥပဒေနှင့် နည်းဥပဒေများပြဋ္ဌာန်းပေးခဲ့ကြောင်း သိရသည်။

YC

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြည်သူအတွက် လုပ်ဆောင်မှုများကို NLD လွှတ်တော်ကိုယ်စားလှယ်များ အဖွဲ့ချုပ်သို့တင်ပြရမည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် သြဂုတ်လ(၄)ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ် သက်တမ်း ရက်(၁၀၀)ပြည့် မြောက်မည်ဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ ရက်(၁၀၀)သက်တမ်းအတွင်း ပြည်သူများအတွက် လုပ်ဆောင်မှုများအား သြဂုတ်လ ၃ ရက်နေ့ နောက်ဆုံးထား၍ NLD အဖွဲ့ချုပ်သို့ တင်ပြရမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။

“NLD လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သက်တမ်း ရက် ၁၀၀ ပြည့်တဲ့နေ့မှာ ပြည်သူတွေအတွက် ဘာတွေလုပ်ဆောင်ပြီးပြီလဲ။ ဘာတွေ ဆက်ပြီးလုပ်ဆောင်မယ်ဆိုတဲ့ ကိစ္စတွေကို သြဂုတ်လ ၃ ရက်နေ့မှ NLD အဖွဲ့ချုပ်ကို တင်ပြရမှာ ဖြစ်ပါတယ်။ ကိုယ်အနိုင်ရရှိခဲ့တဲ့ မဲဆန္ဒနယ်က ပြည်သူ တွေအတွက် လူမှုရေး၊ စီးပွားရေးတွေမှာ ဘာတွေဆောင်ရွက် ဖြေရှင်းပြီးပြီလဲဆိုတာတွေအတွက် Report တင်ဖို့ အဖွဲ့ချုပ် ဥက္ကဋ္ဌက ညွှန်ကြားထား တာပါ”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။

                ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအနေဖြင့် နေပြည်တော်ရှိဒေသခံများ၏ အခက်အခဲများကို ကူညီဆောင်ရွက်ပေးနိုင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဌာနခွဲ(နေပြည်တော်)မှ ဥပဒေအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအဖွဲ့တွင် ပျဉ်းမနားမြို့နယ်ရှိ ရှေ့နေဦးခင်မောင်ဇော်အပါအဝင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များထဲမှ ရှေ့နေများက ပြည်သူ များ၏ အရေးကိစ္စများနှင့် တိုင်ကြားလာသည့် ကိစ္စရပ်များကို တနင်္လာနေ့မှ သောကြာနေ့အထိရုံးထိုင်၍ ကူညီဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“နေပြည်တော်မှာလည်း NLD ပါတီရဲ့ ဥပဒေအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းမယ်လို့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇူလိုင် ၃၁ ရက် နေ့က အပတ်စဉ်ပြုလုပ်တဲ့ NLD လွှတ်တော်တွင်း ကိုယ်စားလှယ်တွေရဲ့ အစည်းအဝေးမှာ ပြောသွားပါတယ်။ ဒီရုံးမှာ ရှေ့နေတွေ အလှည့်ကျထိုင်ပြီး ပြည်သူတွေအတွက် အကူအညီကောင်းတွေရရှိနိုင်ဖို့ ဆောင်ရွက်ပေးသွားမှာပါ”ပာု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတမှ ခန့်အပ်ပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုပြသရေး ညွှန်ကြားချက် ခေတ္တဆိုင်းငံ့

နိုင်ငံတော်သမ္မတမှ ဇူလိုင်လ ၂၆ ရက်နေ့ ရက်စွဲဖြင့်ထုတ်ပြန်ထားသည့် ဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များအားလုံး၏ ရွှေ၊ ငွေ လက်ဝတ် ရတနာမှအစ ပိုင်ဆိုင်မှုစာရင်းများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား၍ နိုင်ငံတော်သမ္မတထံသို့ တင်ပြရန် ညွှန်ကြားထားသော်လည်း ယခုအခါ ယင်းညွှန်ကြားချက်များအား ဆိုင်းငံ့ထားလိုက်ကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်ထောင်စုဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းပြဖို့ညွှန်ကြားချက်ကို ဆိုင်းငံ့ဖို့အတွက် နိုင်ငံတော်သမ္မတရုံးက စာဝင်လာ ပါတယ်။ ဘာကိစ္စနဲ့ ဒီညွှန်ကြားချက်ကို ဆိုင်းငံ့တယ်ဆိုတာတော့ မသိပါဘူး။ နောက်ထပ်ညွှန်ကြားချက်တွေ ထပ်လာဦးမယ်လို့ထင်ပါတယ်”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

ဇူလိုင်လ ၂၅ ရက်နေ့တွင်ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး(၁၄)ရက်မြောက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်မှ နိုင်ငံတော်သမ္မတကြီး မိန့်ကြားသည့်အတိုင်း ကောင်းမွန်သော အုပ်ချုပ်မှုနှင့် သန့်ရှင်းသော အစိုးရဖြစ်ရေးအတွက် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ပစ္စည်းများ၊ အကျိုးစီးပွားများကို ထုတ်ဖော် ကြေညာ မှတ်တမ်းတင်ထားရန် အဆိုအား လက်ခံဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ်များမှ သဘောတူညီခဲ့ကြသည်။

“ဒီမိုကရေစီစနစ်ကိုသွားတဲ့အချိန်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေရဲ့ ပိုင်ဆိုင်မှုစာရင်းကို ပြသထားရင်အကောင်းဆုံးပါပဲ။ ဒါမှလည်း လာဘ်ပေးလာဘ်ယူမှုတွေ လျော့နည်းပပျောက်နိုင်မှာပါ။ သမ္မတကြီးပြောသလိုဘဲ ကောင်းမွန်တဲ့အုပ်ချုပ်ရေးနဲ့ သန့်ရှင်းတဲ့အစိုးရ ဖြစ်ပေါ်လာနိုင်ဖို့ အတွက်လည်း အကောင်အကူကောင်းတွေဖြစ်လာနိုင်ပါတယ်”ပာု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

လွှတ်တော်၏အတည်ပြုချက်ဖြင့် နိုင်ငံတော်သမ္မတမှ ခန့်အပ်ထားသော နိုင်ငံတော်သမ္မတထံသို့ ပိုင်ဆိုင်မှုစာရင်းတင်ပြရမည့် ပုဂ္ဂိုလ်များမှာ ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး(သို့)ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီး(သို့)ပြည်နယ်ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ တို့ဖြစ်ကြောင်း သိရသည်။

YC

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“နဂိုပုံစံဟောင်းကို သွားချင်တဲ့သူတွေနဲ့ ဒီမိုကရေစီခေတ်သစ်ကို သွားချင်တဲ့သူတွေရဲ့ အားပြိုင်ပွဲပါ။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်း စုကြည်ခေါင်းဆောင်တဲ့ ဒီမိုကရေစီခေတ်သစ်စနစ်သစ်ကို သွားချင်တဲ့ အင်အားစုတွေရဲ့ အောင်ပွဲလို့ပဲ ပြောချင်ပါတယ်”

သြဂုတ် ၈ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ(၃) အမှတ် (၁၀၆) တွင်ပါရှိသည့် "ကိုယ်ပိုင်စီမံခွင့်ရှိသည့် တက္ကသိုလ်များ ပေါ်ထွန်းလာစေရန် လွှတ်တော်ကြိုးပမ်းမည်" သတင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်း၏ ပြောကြားချက် အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“လူ့အခွင့်အရေးရဖို့ ကျွန်တော်တို့ကိုယ်တိုင်လည်း တိုက်ပွဲဝင်ခဲ့ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ တစ်နေရာတည်းမှာ ဖြစ်နေတာ မဟုတ်ပါ ဘူး။ ဒါဟာ တရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ တစ်ပြည်လုံးမှာ ဖြစ်နေတာပါ။ ဒီကိစ္စမှာ လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်ဖို့ လုံးဝမလုံလောက်ပါဘူး။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းရယ်၊ ကျွန်တော်တို့ တစ်မျိုးသားလုံးရဲ့ အကျိုးစီးပွားရယ် ပြည်ပက တရားမဝင် ကျူးကျော်ဝင်ရောက်နေထိုင်မှုတွေ အဲဒီနေရာမှာလည်း ကျွန်တော်တို့ဆီက မတရားသဖြင့် အကျင့်ပျက်နေတဲ့ ဝန်ထမ်းတွေကြောင့်­­­­­တစ်ချိန်တုန်းက ဝင်ရောက်နေသူတွေ ရှိသလို နည်းလမ်း ပေါင်းစုံနဲ့ ဝင်ရောက်နေသူတွေလည်း ရှိပါတယ်။ ကျွန်တော်တို့ အမျိုးသားအကျိုးစီးပွားအတွက် အားလုံးခြုံပြီးတော့ ကြည့် ရပါမယ်”

သြဂုတ် ၈ရက်နေ့ထုတ် Weekly Eleven ဂျာနယ် အတွဲ (၇) အမှတ် (၄၄) တွင်ပါရှိသည့် "ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို လူ့အခွင့်အရေးရှုထောင့်တစ်ခုတည်းဖြင့်မဟုတ်ဘဲ နိုင်ငံသားအခွင့်အရေးများအတွက် ဘက်ပေါင်းစုံမှ စဉ်းစားဖြေရှင်းရမည်ဖြစ်ကြောင်း ၈၈မျိုးဆက် ကျောင်းသားများပြောကြား" သတင်းမှ ကိုမင်းကိုနိုင်၏ ပြောကြားချက်အ ပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

၁၉၈၇ခုနှစ် Transfer of Immoverable Property (Restriction) law အရ ပြည်ပမှာ အိမ်မြေပိုင်ဝယ်ခွင့် မရှိပါဘူး။ ကျွန်တော်တို့နိုင်ငံမှာက ဘာမှမဖြစ်ရင် ဘာမှ မဖြစ်ဘူး။ ဖြစ်ပြီဟေ့ဆိုရင်  ဘယ်သူမှ မကယ်နိုင်ဘူး။ ဝယ်ခွင့်ပေးမယ်ဆိုရင် ဥပဒေကိုပြောင်းပါ။ ယနေ့ သြဂုတ် ၄ရက်အထိတော့ ဥပဒေ အရ တရားမဝင်ပါဘူး။ ကြေညာခွင့်လည်းမရှိဘူး။ ရောင်းချခွင့် လည်း မရှိဘူး။

သြဂုတ် ၈ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၃၀) တွင်ပါရှိသည့် "လက်ရှိဥပဒေအရ နိုင်ငံရပ်ခြားတွင် အိမ်၊ ခြံ၊ မြေ ဝယ်ယူခြင်းများ တရားမဝင်" သတင်းမှ ဦးသန်းမောင်(စစ်တွေ)၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

*****************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

0 comments:

Post a Comment