Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၃.၈.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံ

*****************************************

ဆောင်းပါးကဏ္ဍ

စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာနိုင်ငံ

နိုင်မော်

မြန်မာနိုင်ငံသည် ၁၉၉၇ခုနှစ်မှစ၍ နိုင်ငံတကာမှစီးပွားရေးပိတ်ဆို့မှုများတစ်ခုပြီးတစ်ခု ပြုလုပ်အရေးယူမှု ခံရသည်။ အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် အရေးယူပိတ်ဆို့ခံရခြင်းဖြစ်သည်။ ကျွန်တော်တို့သည် နှစ်ပေါင်း ၁၀၀ကျော် သူ့ကျွန်ဘဝ ကျရောက်ခဲ့သည်။ ထိုမှတစ်ဖန် နှစ်ပေါင်း ၅၀နီးပါး အာဏာရှင်စနစ်အောက်တွင် လွတ်လပ်မှုများ မပြည့်မဝဖြင့် နေခဲ့ရသည်။ အဆိုပါ လက်ဝါးကြီးအုပ် စိုးမိုးအုပ်ချုပ်သူများ၏ လက် အောက်တွင် ပြည်သူတို့၏ဘဝမှာ သူတို့ပြုသမျှ နုခဲ့ရသည်။ မိမိတို့၏ မွေးရာပါအခွင့်အရေးများ ဆုံးရှုံးခဲ့ရသည်။ အစွမ်းအစများကို အပြည့်အဝ အသုံးချ နိုင်မှု မရှိခဲ့ပေ။

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ခေတ်သစ်ဆီသို့ ဟူသော စကား ရပ်ကို အကြိမ်ကြိမ် ကြားခဲ့ရသည်။ သို့သော် အဆိုပါပန်းတိုင်သည် အမှန်စင်စစ် မရောက်ခဲ့ပါ။ ထိုခေတ်တွင် ဦးဆောင်သော ခေါင်းဆောင်များ လက်ထက်တွင် ဈေးကွက်စီးပွားရေးကို အကောင်အထည်ဖော်ခဲ့သော်လည်း အဆိုပါ ဈေးကွက်စီးပွားရေးသည် နီးစပ်ရာ ဆွေမျိုးကောင်းစားရေးကို ဦးစားပေးသော နိုင်ငံ၏စီးပွားရေးကဏ္ဍများကို အစိုးရက အမျိုးမျိုး ခြယ်လှယ်ချုပ်ကိုင်၍ မျက်နှာလိုက်သော ဈေးကွက်စီးပွားရေးစနစ် ဖြစ်သည်။ တနည်း အားဖြင့် ခြေလက်အင်္ဂါမပြည့်စုံသော ဈေးကွက်စီးပွားရေးသာ ဖြစ်သည်။ အာဏာရှင်များ ၎င်းတို့ လိုရာကို အကွက်ကျပုံဖော်ထားသော စနစ်ဖြစ်သည်။

၁၉၉၁ခုနှစ်တွင် ဈေးကွက်စီးပွားရေးစတင်ခဲ့ပြီး ၁၉၉၇ခုနှစ် ထိုင်းနိုင်ငံမှစတင်သော အာရှစီးပွားရေးအကျပ်အတည်းနှင့်အတူ  မြန်မာ့စီးပွားရေး မှာ ဈေးကွက်စီးပွားရေးအစမှာပင် အထိနာခဲ့သည်။ အဆိုပါ ဈေးကွက်စီးပွားရေးစနစ်အောက်တွင် မြန်မာပြည်သူတို့သည် ၎င်းတို့၏ စီးပွားရေးကို တည်ဆောက် ပုံဖော်ခဲ့သည်။

ထိုအချိန်ကာလနှင့် မရှေးမနှောင်း ၁၉၉၇ခုနှစ် အမေရိကန်သမ္မတ ကလင်တန်လက်ထက်တွင် မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့အရေးယူမှု စတင်ခဲ့သည်။

ထိုအချိန်မှစ၍ မြန်မာတို့၏ ဈေးကွက်စီးပွားရေးသည် ဆန်ရှင်နှင့်အတူ ရုန်းကန်လှုပ်ရှားခဲ့ရသည်ဟု ဆိုရမည်ဖြစ်သည်။ ထိုသို့စီးပွားရေး ပိတ်ဆို့ မှု၏ အကျိုးဆက်အနေဖြင့် မြန်မာတို့သည် နိုင်ငံခြားတိုင်းပြည်များနှင့် လွတ်လပ်သော စီးပွားရေးအဆက်အသွယ်ကို မိမိတို့ ဆက်သွယ်ဆောင်ရွက်ခွင့် မရကြပေ။ ထိုအခြေအနေတွင် အချို့သောနိုင်ငံများ အထူးသဖြင့် တရုတ်နှင့် အာဆီယံနိုင်ငံအချို့က အာဏာရှင်အားပေးအနေဖြင့် ကူညီခဲ့ကြသည်။ ၎င်းတို့၏ ကူညီမှုသည် မြန်မာပြည်သူတို့အတွက်မဟုတ်ဘဲ အဆိုပါ အထက်လူကြီးများအတွက်သာ ဖြစ်ခဲ့သည်။ တနည်းပြောရလျှင် ၎င်းတို့၏ သဘော ထား မမှန်ခြင်းပင် ဖြစ်သည်။ ကျွန်တော့်အနေဖြင့် ထိုသို့ပြောရသည်မှာ အဆိုပါနိုင်ငံများကို အပြစ်ပြောခြင်းမဟုတ်ပေ။ ရှိခဲ့သောအခြေအနေကို ပကတိ အတိုင်း ရှုမြင်ပြခြင်းသာ ဖြစ်သည်။

ထို့ကြောင့် ဆန်ရှင် (Sanction)ကြောင့် အကျိုးအမြတ်ရသွားသည်မှာ အဆိုပါနိုင်ငံများဖြစ်သည်ဟုဆိုလျှင် မှားမည်မဟုတ်ပါ။

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ စီးပွားရေးပိတ်ဆို့မှုသည် မြန်မာအစိုးရအပေါ် အပြည့်အဝသက်ရောက်မှု မရှိသလောက်ပင် ဖြစ်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် မြန်မာအစိုးရသည် အဖိုးမဖြတ်နိုင်သော သဘာဝတွင်းထွက်သံယံဇာတကို ပိုင်ဆိုင်နေသောကြောင့်ပင် ဖြစ်သည်။ အဆိုပါ အရင်းအမြစ်ကား အခြားမဟုတ်။ သဘာဝဓာတ်ငွေ့ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံသည် အခြားသော အာဖရိကနိုင်ငံများကဲ့သို့သော အခြေအနေမျိုးမဟုတ်ဘဲ သဘာဝအရင်းအမြစ်ရှိခြင်း ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများမှာလည်း ချွတ်ခြုံကျနေသော နိုင်ငံများမဟုတ်ဘဲ ဖွံ့ဖြိုးမှုအတန်အသင့်ရောက်နေသော နိုင်ငံများရှိနေခြင်း၊ ၂၁ရာစုတွင် နိုင်ငံတကာ မှ အာရုံစိုက်ရသော အရှေ့တောင်အာရှဒေသတွင် တည်ရှိနေခြင်းတို့ကြောင့် Sanction ၏ လွှမ်းမိုးမှုသည် အပြည့်အဝ သက်ရောက်မှုမရှိခဲ့ပါ။

အပြည့်အဝလွှမ်းမိုးမှုမရှိ၍ အရာမထင်ဘူးလားဟု မေးစရာရှိသည်။ ထိုသို့ဆိုခြင်းမဟုတ်ပါ။ ဟိုမရောက်ဒီမရောက်နှင့်  ရေစုန်မျောသည့် သဘော သက်ရောက်ခဲ့သည်။ တစ်နည်းအားဖြင့် သက်ရောက်သည်များရှိသကဲ့သို့ မသက်ရောက်သည်များလည်း ရှိခဲ့သည်။  အောက်ခြေလူတန်းစားကို တိုက်ရိုက် သက်ရောက်မှုမရှိသော်လည်း အထက်လွှာများ အစိုးရအဆင့်မြင့်အရာရှိကြီးများနှင့် ၎င်းတို့၏ ဆွေမျိုးများ ၎င်းတို့နှင့် မျက်နှာသင့်နေသော စီးပွားရေးလုပ်ငန်းရှင် (Crony) များအတွက် ကြီးမားသော အဟန့်အတား ဖြစ်ခဲ့သည်။

Sanction ရှိနေခြင်းကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရောက်ရှိလာမှုတွင် အားနည်းသည်။ တနည်းအားဖြင့် နိုင်ငံခြားလုပ်ငန်းကြီးများမှာ မြန်မာနိုင်ငံကို စီးပွားရေးအရ အဆက်အဆံမပြုရန် ထည့်သွင်းစဉ်းစားခြင်းမပြုသလောက် ရှားခဲ့သည်။ ၎င်းတို့က ပြုလုပ်ချင်သည့်တိုင် ၎င်းတို့နိုင်ငံများ၏ မူဝါဒအရ လုပ်ဆောင်ခွင့်မရှိခြင်းမျိုးလည်း ပါသည်။

ပြင်သစ်မှ TOTEL စသော ရေနံကုမ္ပဏီကြီးများက လာရောက်ရင်းနှီးမြှုပ်နှံတာ ရှိတာပဲဟု ပြောစရာရှိသည်။ သူတို့သည် သဘာဝဓာတ်ငွေ့ဟူ သော စွမ်းအင်အရင်းအမြစ်ကြောင့်သာ မကြိုက်သော်လည်း အောင့်ကာနမ်းရသောသဘော ဖြစ်သည်။ အတိအကျပြောနိုင်သည်မှာ နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှု အပြည့်အဝရောက်ရှိခြင်း မရှိသည့်သဘော၊ အလားအလာရှိသော နိုင်ငံပင်ဖြစ်စေကာမူ နိုင်ငံတကာအသိုင်းအဝိုင်း၏ လျစ်လျူရှုခြင်းခံထားရ သည့် သဘောမျိုး ဖြစ်သည်။

ယခုအချိန်တွင် ဆန်ရှင်နှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် လူတော်တော်များများက အလေးထား ပြောဆိုလာကြသည်။ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် ဆန်ရှင်ကို မဖြစ်မနေ ဖယ်ရှားဖို့လိုကြောင်း ရှုမြင်လာကြသည်။

ပြည်သူလွှတ်တော် စတင်ခေါ်ယူစဉ်အချိန်အတွင်းကလည်း လွှတ်တော်အမတ်တစ်ဦးမှ  လွှတ်တော်တွင် ဆန်ရှင်ကို ကန့်ကွက်ကြောင်းအထိ တင်သွင်းခဲ့သည်။ လွှတ်တော်တစ်ရပ်လုံးကပင် အဆိုကို ထောက်ခံခဲ့သည်။

မကြာသေးမီက ပြည်သူ့လွှတ်တော်စည်းအဝေးတွင်ပင် ဆန်ရှင်နှင့်ပတ်သက်၍ ဒီမိုကရေစီစနစ်ဖော်ဆောင်ရာတွင် အဟန့်အတားဖြစ်နေသော မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုအား အမြန်ဆုံးရုပ်သိမ်းပေးရန် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်း လမ်းကို အသုံးပြု၍ဖြစ်စေ ညှိနှိုင်းဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့ခြင်းကို သတင်းဖော်ပြရာတွင် ကြားသိခဲ့ရသည်။

ထိုသို့ဖြစ်ပေါ်နေသော အချင်းအရာသည် ဖြစ်ရပ်အပေါ်တွင်သာ ပြောဆိုနေကြပြီး ဘယ်လိုလုပ်ရမည်ဟူသောနည်းလမ်းမပါ တနည်းအားဖြင့် အကာသာရှိပြီး အနှစ်မပါသောသုံးသပ်ချက်များ ဖြစ်နေသည်ကို တွေ့ရသည်။

လွှတ်တော်အမတ်မင်းတင်ပြသလောက် ပြောရုံဖြင့် မပြီးဘဲ မိမိတို့၏ အခွင့်အရေးချိုးဖောက်မှုများကို ဖယ်ရှားပစ်ဖို့သာ ပိုအရေးကြီးသည်။ အမြန်ဆုံး ရုပ်သိမ်းပေးဖို့ဆိုရာတွင် တာဝန်ရှိသူများကရော အမြန်ဆုံး နိုင်ငံတွင် ဒီမိုကရေစီနည်းလမ်းကျသော ဆောင်ရွက်မှုများကို မည်မျှ အမြန်ဆုံး လုပ်ပေးနိုင်သည်ဆိုသည့်အပေါ်တွင် မူတည်နေသည်။

မြန်မာမှုနယ်ပယ်တွင် “အဆို” တစ်ခုရှိသည်။ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ”ဟူသောအဆို ဖြစ်သည်။ ဤအဆိုအရ တစ်ဦး၏ပြုမူပုံအရ နောက်တစ်ဦးက ပြုမူသည့်ပုံစံ ပြောင်းလဲသည့်သဘော ဖြစ်သည်။ ထိုစကားပုံအတိုင်းပင် ဖြစ်သည်။

ယနေ့ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့် မြန်မာအရပ်သားအစိုးရတို့၏ ပျော့ပျောင်းသောပြောင်းလဲမှုကို လိုလားသော မူဝါဒ သဘောထား များနှင့်အညီ နိုင်ငံတကာမှလည်း မြန်မာနိုင်ငံအား ၎င်းတို့၏ မူဝါဒကို ပြောင်းလဲစပြုလာသည်ဟု ဆိုရမည် ဖြစ်သည်။

အမေရိကန်ပြည်ထောင်စုမှ စီးပွားရေးပိတ်ဆို့မှုကို တစ်နှစ်ဆိုင်ငံ့မှု ပြုသည်။ ဥရောပနိုင်ငံများကလည်း စီးပွားရေးပိတ်ဆို့မှုနှင့် စပ်လျဉ်း၍ ဖြေလျှော့မှုများ ပြုလုပ်လာသည်။ အခြေအနေတိုးတက်လာသည့်သဘောဟု ဆိုရမည်သာ ဖြစ်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးဖြစ်သော ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးပိတ်ဆို့မှုကို ဆိုင်းငံ့ထားသင့်ပြီး ဖြေလျှော့မှုများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်ကြောင်း ပြောဆိုခဲ့သည်။

ထိုသိုပြောကြားချက်အပေါ် နိုဗယ်ဆုရစီးပွားရေးညာရှင် ဂျိုးဇက်စတစ်ဂလစ်ကမူ တရားဥပဒေစိုးမိုးမှုမရှိလည်း စီးပွားရေးဖွံ့ဖြိုးနိုင်ကြောင်း တရုတ်၊ စင်ကာပူ အစရှိသော နိုင်ငံများနှင့် နှိုင်းယှဉ်ပြောဆိုသည်။

ကျွန်တော့်အမြင်အရပြောရလျှင်မူ အာမခံချက်မရှိသောနိုင်ငံတွင် မည်သည့်စီးပွားရေးလုပ်ငန်းရှင်မှ စိတ်ချလက်ချဖြင့် မိမိတို့၏ ငွေအရင်းအနှီး များကို ပုံအောရင်းနှီးမည်မဟုတ်ပေ။  လုပ်ခဲ့လျှင်လည်း ကျီးလန့်အစာစားသာ ဖြစ်ပေလိမ့်မည်။

ထိုသို့ ပြောနေဆိုနေကြသော်လည်း အောက်ခြေလူတန်းစားများကမူ Sanction ကို ဝေဖန်ဖို့နေနေသာသာ ကောင်းစွာနားမလည်သူများပင် ရှိနေကြလိမ့်မည်။ သူတို့၏ဘဝကို ဘယ်လိုလွှမ်းမိုးသက်ရောက်မှုရှိကြောင်း နားလည်ကောင်းမှ နားလည်လေစဟုပင် ကျွန်တော်စဉ်းစားမိသည်။

လက်ရှိအခြေအနေတွင် ကျွန်တော်တို့အနေဖြင့် စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သက်၍ အငြင်းအခုံဖြစ်နေရုံဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိစ္စရပ် များ၊ ပြဿနာများ ပြေလည်သွားလိမ့်မည်တော့ မဟုတ်ပါ။  စီးပွားရေးပိတ်ဆို့မှုများ အပြီးတိုင် ဖယ်ရှားရေးကိစ္စသည် သမ္မတဦးသိန်းစိန်နှင့် အမေရိကန် သမ္မတဘားရက်အိုဘားမားတို့ လက်ဝါးချင်းရိုက်ရုံ၊ ဟီလာရီကလင်တန် ကြားဝင်ဖြေရှင်းရုံဖြင့် ပြီးမြောက်အောင်မြင်နိုင်မည့်အရေးမဟုတ်။ ဒေါ်အောင် ဆန်းစုကြည်တစ်ယောက်တည်းနှင့်လည်း မရနိုင်။

ဒီမိုကရေစီရင့်ကျက်ပြီး နိုင်ငံရေးအရ အားပြိုင်နေသော အမေရိကန်လွှတ်တော်အတွင်း အဆိုတစ်ခုခု ဥပဒေတစ်ခုခုတင်သွင်းပြီး အတည်ပြု ခြင်း၊ ပယ်ဖျက်ခြင်းသည် လွယ်ကူလှသောကိစ္စတော့ မဟုတ်ပေ။

ထိုကြောင့် အလေးထားလုပ်ရမည်မှာ အမေရိကန်လွှတ်တော်အမတ်များအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ မြန်မာပြည်သည် လူ့အခွင့် အရေး ချိုးဖောက်မှုများမရှိကြောင်း သိအောင်လုပ်ပြဖို့ လိုသည်။

သိအောင်လုပ်သည်ဆိုရာတွင် လိမ်ညာဟန်ဆောင်သယောင်သာ လုပ်ပြခြင်းမျိုးကို မဆိုလိုပါ။ ပြန်လည်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ရပ်တည်ချက်များကို အသိအမှတ်ပြုရမည်၊ မိမိတို့လုပ်ကိုင်နေသမျှတွင် ပွင့်လင်းမြင်သာမှုရှိနေဖို့လည်း လိုအပ်သည်။ နိုင်ငံတော်၊ အစိုးရများအနေဖြင့် ဒီမိုကရေစီအစိုးရ၊ ဒီမိုကရက်တစ်တပ်မတော် အစရှိသော လက္ခာဂုဏ်အင်များနှင့်အညီ ဒီမိုကရေစီဆန်ဆန် ပြည်တို့၏ လွတ်လပ်ခွင့်နှင့် ရပိုင်ခွင့်များကို ဖြည့်ဆည်းပေးရမည် ဖြစ်သည်။

သမ္မတဦးသိန်းစိန် ပြုပြင်ပြောင်းလဲမှုကို ဦးစီးဦးဆောင်ပြုသည်ကို အပြည့်အဝ ယုံကြည်သည်။ ဒါဆိုရင် ကျွန်တော်တို့ရော သူ့ကိုကူညီဖို့ မလိုဘူး လားဟု စဉ်းစားကြရမည်။ နိုင်ငံတကာကပြောပြောနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုတွေမရှိအောင် လူတစ်ဦးချင်းစီ၏ အခွင့်အရေးကို အသိအမှတ် ပြုဖို့ လိုသည်။ မီဒီယာတွေကလည်း မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ် တင်ပြရမည်။

အထူးသတိပြုရမည့်အချက်မှာ အရေးယူပိတ်ဆို့မှုများသည် အပြစ်ရှိ၍ ဒဏ်ခတ်ထားခြင်းဖြစ်သည်ဆိုသောအချက် ဖြစ်သည်။ ကြွေးသစ်မဟုတ် ယခင်အစိုးရ၏ ကြွေးဟောင်းဖြစ်သည်။ လက်ရှိတာဝန်မှာ အဆိုပါကြွေးဟောင်းကို ဆပ်ဖို့ဖြစ်သည်။ ကျွန်တော်တို့ပြုသမျှ အပြစ်ကို အပြစ်လို့မြင်၍ အမှန် ပြင်ဖို့ဖြစ်သည်။ အမှန်တရားကိုရှာဖွေနေသော နိုင်ငံနှင့် အစိုးရအတွက် နိုင်ငံတကာမှထိုင်ကြည့်နေမည်တော့ မဟုတ်ပါ။ သက်ဆိုင်ရာ ပါဝင်သူ တာဝန် ရှိသူအားလုံးတို့ကို အထူးသတိပေးလိုသည်မှာ မိမိတို့၏ ပြုပြင်ပြောင်းလဲမှုများကို မဆုတ်မနစ် လုပ်သွားပါ၊ ပြည်သူတွေကို အခွင့်အရေးပေးပါ၊ အားလုံးကို ချန်မထားပါနဲ့၊ အတူတူသွားကြပါ။ ကျွန်တော်တို့နိုင်ငံကို အရိပ်လိုမိုးနေသည့် စီးပွားရေးပိတ်ဆို့မှု (Sanction) များ လွတ်မြောက်သွားပါလိမ့်မည်။

သို့သော် မြန်မာနိုင်ငံတွင် ယခင်အစိုးရလက်ထက်များက ဖြစ်ပေါ်ခဲ့သော ဟာကွက်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို လက်ရှိအစိုးရနှင့် တာဝန်ရှိသူများကသာ ပြန်လည်ဖြေရှင်းနိုင်ခြင်းမရှိသ၍ လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသ၍၊ ညီညွတ်မျှတသော လွတ်လပ်မှုများမရှိသ၍ မြန်မာ နိုင်ငံနှင့် ဆန်ရှင်သည်ကား ဒွန်တွဲနေမည်သာ……။

*****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၃.၈.၂၀၁၂

ပြည်တွင်းသတင်း

  1. ပုဂ္ဂလိကပိုင်များအဖြစ် လွှဲပြောင်းရာတွင် နိုင်ငံတကာပုံစံပြောင်းလဲကျင့်သုံးမည်
  2. နိုင်ငံခြားအရက် တရားဝင်တင်သွင်းခွင့်ပြုတော့မည်
  3. မြစ်ဆုံစီမံကိန်းရှိ ဆောက်လုပ်ရေးသုံးပစ္စည်းများအား တရုတ်နိုင်ငံသို့ပို့ဆောင်တော့မည်

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြည်ပရောက်မြန်မာနိုင်ငံများ၏ ဘဝလုံခြုံမှုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်၌ မေးခွန်းမေးမြန်း
  2. စီးပွားရေးလက်ဝါးကြီးအုပ်မှုမဖြစ်ပေါ်နိုင်ရန် ဥပဒေနှင့် မူဝါဒများရေးဆွဲရန်အဆို အတည်ပြု

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

*******************************

ပြည်တွင်းသတင်း

ပုဂ္ဂလိကပိုင်များအဖြစ် လွှဲပြောင်းရာတွင် နိုင်ငံတကာပုံစံပြောင်းလဲကျင့်သုံးမည်

အစိုးရပိုင်ဝန်ကြီးဌာနရုံးများ၊ လုပ်ငန်းဆောင်တာများကို ပုဂ္ဂလိကသို့ လွှဲပြောင်းရာတွင် ရှယ်ယာခေါ်ယူခြင်း၊ ဖက်စပ်လုပ်ကိုင်ခြင်းနှင့် ထုခွဲ ရောင်းချခြင်းတို့ကို နိုင်ငံတကာပုံစံသို့ ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ သိရသည်။

“နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကကို လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရာမှာ ရှယ်ယာခေါ်ယူတာတို့ ဖက်စပ်လုပ်ကိုင်တာတို့တွေကို နိုင်ငံတကာ ပုံစံအတိုင်း သွားတော့မှာပါ။ ပြည်တွင်းနဲ့ ပြည်ပ ဖက်စပ်လုပ်ကိုင်မှုတွကိုလည်း ဒီအတိုင်းသွားမှာပါပဲ”ပာု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတကာတွင် အစိုးရပိုင်လုပ်ငန်းများအား ပုဂ္ဂလိကသို့လွှဲပြောင်းလုပ်ကိုင်ခွင့်ပြုရာတွင် ရှယ်ယာခေါ်ယူခြင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်ခြင်း၊ နိုင်ငံသားအချင်းချင်း ပူးပေါင်းရင်းနှီးမြှုပ်နှံစေခြင်း၊ အစိုးရမှ ပုဂ္ဂလိကလုပ်ငန်းများသို့ ရောင်းချပိုင်ခွင့်၊ မူပိုင်ခွင့်များထုတ်ပေးခြင်း၊ ဖက်စပ် လုပ်ကိုင်ခြင်း၊  ထုခွဲရောင်းချခြင်းနှင့် မြို့ပြစီမံကိန်းများနှင့် မသင့်လျော်သည့် မြို့တွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းများအား အခြားသင့်လျော်မည့် လုပ်ငန်းများအဖြစ် ပြောင်းလဲဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများကို စိစစ်ဆောင်ရွက်လေ့ရှိကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင် နိုင်ငံတော်သမ္မတရုံးမှ နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်နိုင်ရေးအတွက် “နိုင်ငံပိုင်ပစ္စည်းများအား ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်”ကို “ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်”အဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ယင်းကော်မရှင်မှ ပုဂ္ဂလိကပိုင်ပြုလုပ် ရေး ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များ၊ နိုင်ငံတော်မှချမှတ်ထားသည့် စီးပွားရေးအခြေခံမူများ၊ တည်ဆဲဥပဒေများနှင့် ကိုက် ညီနိုင်စေရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အစိုးရသစ်လက်ထက်မှစတင်၍ နိုင်ငံရေး၊ စီပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သည့်အပြင် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းအချို့ကိုလည်း ပုဂ္ဂလိကပိုင်အဖြစ်သို့ ပြောင်းလဲလုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

Ref:Bi Weekly Eleven

                        -----------------------------------------------------------------------------------------------------------------------------------

နိုင်ငံခြားအရက် တရားဝင်တင်သွင်းခွင့်ပြုတော့မည်

မြန်မာနိုင်ငံအတွင်းရှိ အရက်သမားများအတွက် နိုင်ငံတကာမှထုတ်လုပ်သည့် နိုင်ငံခြားအရက်အမျိုးမျိုးကို ပြည်တွင်းသို့ တရားဝင် တင်သွင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ဇူလိုင်လ ၃၀ ရက်နေ့က မန္တ လေးမြို့ ကုန်သည်၊ စက်ပိုင်များနှင့် တွေ့ဆုံစဉ် ပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများမှာ ပြည်တွင်းသို့တရားမဝင်တင်သွင်းလာသည့် အရက်အတုများကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက် ဆိုးကျိုးများကို ခံစားရလျက်ရှိမှုများမှာ နယ်စပ်ဒေသ ကုန်သွယ်ရေးလုပ်ငန်းများကို အဓိကကိုင်တွယ်ရသည့် စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ တာဝန်ရှိ သည်ပာု ယူဆသည့်အတွက် နိုင်ငံခြားအရက်အမျိုးမျိုးကို တရားဝင် ခွင့်ပြုပေးသွားတော့မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အရက်သွင်းခွင့်ပေးတော့မယ်။ သုံးစွဲသူတွေ အရက်အတုသောက်နေလို့ တရားဝင် သွင်းခွင့်ပေးချင်တယ်လို့လည်း သမ္မတကြီးထံ တင်ပြထား တယ်”ပာု ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

လက်ရှိအချိန်တွင် ပြည်တွင်းရှိကျေးလက်နေတောင်သူများမှာ အရက်တုများကိုသာ သောက်သုံးနေရသည့်အတွက် ကျန်းမာရေးထိခိုက်ကာ ဆိုးကျိုးကိုသာ ခံစားနေရသည့်အတွက် မကြာမီကာလအတွင်း ပြည်တွင်းသို့ နိုင်ငံခြားအရက်များ တရားဝင် တင်သွင်းနိုင်ရန် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

“ကျွန်တော့်မျက်နှာသာကြည့်တော့။ အရက်တုတွေသောက်ရတဲ့အတွက် ဘယ်လိုဖြစ်နေတယ်ဆိုတာ”ပာု ပြည်ထောင်စုဝန်ကြီးဦးဝင်းမြင့်က ရယ်ရွှင်ပွင့်လင်းစွာပြောကြားကြောင်း ပြည်တွင်းအပတ်စဉ်ထုတ် Popular News ဂျာနယ်တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံတွင် အရက်၊ စီးကရက်အပါအဝင် ကုန်စည်ရှစ်မျိုးကို  ပြည်တွင်းသို့ တင်သွင်းရောင်းချခွင့် ပိတ်ပင်ထားသော်လည်း ပြည်တွင်း၌ တရားမဝင် တင်သွင်းလာသော အရက်၊ စီးကရက်အပါအဝင် ကန့်သတ်ကုန်များကို တွင်ကျယ်စွာသုံးလျက်ရှိပြီး ယင်းပစ္စည်းအတုများကိုသာ သုံးစွဲရ သည့်အတွက် ပြည်သူများ၏ ကျန်းမာရေးထိခိုက်မှုများကိုလည်း ဖြစ်ပေါ်စေကြောင်း သိရသည်။

Ref:Popular News

-----------------------------------------------------------------------------------------------------------------------------------

မြစ်ဆုံစီမံကိန်းရှိ ဆောက်လုပ်ရေးသုံးပစ္စည်းများအား တရုတ်နိုင်ငံသို့ ပို့ဆောင်တော့မည်

နိုင်ငံတော်သမ္မတသက်တမ်းအတွင်း လုံးဝလုပ်ဆောင်ခြင်း ပြုလုပ်မည်မပာုတ်ပာု သမ္မတဦးသိန်းစိန်မှ ကတိပေးပြောကြားထားသည့် ကချင် ပြည်နယ်၊ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွင်းရှိ ဆောက်လုပ်ရေးသုံး စက်ပစ္စည်းနှင့် ယန္တရားများကို တရုတ်နိုင်ငံသို့ ပြန်လည် ပို့ဆောင်တော့မည် ဖြစ်ကြောင်း သိရသည်။

“မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းမှာရှိတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေကို တရုတ်နိုင်ငံကို ပြန်ပို့တော့မှာပါ။ သြဂုတ်လ ၈ ရက်နေ့ နေပြည် တော် စက်မှုဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာပါ။ လက်ရှိမှာတော့ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းထားပါတယ်”ပာု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မကြာသေးမီကာလများအတွင်းကလည်း ကချင်ပြည်နယ်အတွင်းရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း နေရာများတွင် တရုတ်နိုင်ငံ CPI နှင့် အေးရှားဝေါလ်ကုမ္ပဏီဝန်ထမ်းများ လှုပ်ရှားမှုရှိနေဆဲ သတင်းများပေါ်ထွက်ခဲ့ပြီး တရုတ်နိုင်ငံ CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း ပြန်လည်စတင်နိုင် ရန် ယင်းဒေသရှိတိုင်းရင်းသားများအား မက်လုံးပေးမြူဆွယ်လျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ကို မြစ်ဆုံစီမံကိန်းကြီးသာပြီးသွားရင် မီးရမယ်။ ရေရမယ်တွေပြောပြီး စည်းရုံးနေပါတယ်။ ဒါတောင် တစ်ချို့မသိတဲ့သူတွေ ပါသွားကြသေးတယ်။ ကျွန်တော်တို့အနေနဲ့ မြစ်ဆုံစီမံကိန်းပြန်စဖို့ လုံးဝကန့်ကွက်သွားမှာပါ။ ဧရာဝတီပျက်စီးမယ့်အရေး၊ မြန်မာနိုင်ငံရဲ့ သဘာဝပတ် ဝန်းကျင် ထိန်းသိမ်းဖို့အရေးတွေအတွက် ဆုံးတဲ့အထိ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးအတွက် တိုက်ပွဲဝင်သွားမှာပါ”ပာု မြစ်ဆုံအရေးလှုပ်ရှားခဲ့သူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း လုပ်ဆောင်နိုင်ရန် ယခင်အစိုးရလက်ထက် ၂၀၀၆ ခုနှစ် ဒီဇင်ဘာလတွင် အမှတ် (၁)လျှပ် စစ်စွမ်းအားဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ၏ CPI ကုမ္ပဏီတို့မှ သဘောတူလက်မှတ်ရေးထိုး၍ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ် အစိုးရသစ်လက်ထက် တွင် နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ မိမိတို့အစိုးရသက်တမ်းကာလအတွင်း ယင်းမြစ်ဆုံစီမံကိန်း တည်ဆောက်နေမှုများကို ရပ်ဆိုင်း ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

YC

*******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ပြည်ပရောက်မြန်မာနိုင်ငံများ၏ ဘဝလုံခြုံမှုနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်၌ မေးခွန်းမေးမြန်း

၂၀၁၂ သြဂုတ်လ ၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၂၃)ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနောင်မှ ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ ဘဝလုံခြုံမှုအတွက် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်ပေးမည့်အစီအစဉ်ကို သိလိုကြောင်း မေးခွန်းအား မေးမြန်းခဲ့သည်။

ယင်းမေးခွန်းအား အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ အခွင့် အရေး အပြည့်အဝရရှိစေရေး၊ အကာအကွယ်ပေးနိုင်ရေးတို့အတွက် ပြည်ပတွင် အလုပ်လုပ်ကိုင်မှုကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီး အထောက် အကူပြုမည့် လုပ်ငန်းကော်မတီများအဖြစ် စီမံခန့်ခွဲရေးလုပ်ငန်းကော်မတီ၊ အလုပ်သမာများ အကျိုးခံစားခွင့်ရရှိရေး လုပ်ငန်းကော်မတီနှင့် အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်း၍ ယင်းကော်မတီများ၏ ကြီးကြပ်မှုဖြင့် အကာအကွယ်ပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့ပြင်  ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသည့် မြန်မာရွှေ့ပြောင်းလုပ်သားများအား ကူညီစောင့်ရှောက်နိုင်ရန် ထိုင်းနိုင်ငံနှင့် ကိုရီးယားနိုင်ငံများတွင် Labour Attache များ ထားရှိဆောင်ရွက်လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် တရားမဝင် မြန်မာရွှေ့ပြောင်း လုပ်သားများ တရားဝင်ဖြစ်စေနိုင်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့မှ အရာထမ်း/အမှုထမ်းများ ပူး ပေါင်းပါဝင်သော လုပ်ငန်းအဖွဲ့ (၆)ဖွဲ့၊ နယ်စပ် (၃)နေရာတွင် (၃)ဖွဲ့ စုစုပေါင်း (၉)ဖွဲ့တို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် သံအမတ်ကြီးဦးဆောင်မှုဖြင့် မြန်မာအလုပ်သမားများ ကာကွယ်စောင့်ရှေက်ရေးအဖွဲ့အား ဖွဲ့စည်းထားရှိကြောင်း ပြောကြားခဲ့သည်။

၂၀၁၂ သြဂုတ်လ ၉ ရက်နေ့တွင် ကျင်းပခဲ့သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး (၂၃)ရက်မြောက်နေ့တွင် အစည်းအဝေး (၁၈) ရက်မြောက်နေ့က တင်သွင်းသော ပာင်္သာတမဲဆန္ဒနယ်မှ ဦးဌေးဦး၏ နိုင်ငံရပ်ခြားတွင် သွားရောက်အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား ရွှေ့ ပြောင်းလုပ်သားများအတွက် ဘဝအာမခံချက်လုံခြုံမှုရရှိရေးအတွက် ချမှတ်ဆောင်ရွက်နိုင်ရန်အဆိုကို လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့ သည်။

YC

 ------------------------------------------------------------------------------------------------------------------------------------

စီးပွားရေးလက်ဝါးကြီးအုပ်မှုမဖြစ်ပေါ်နိုင်ရန် ဥပဒေနှင့် မူဝါဒများရေးဆွဲရန်အဆို အတည်ပြု

၂၀၁၂ သြဂုတ်လ ၉ ရက်နေ့၌ ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော်အစည်းအဝေး (၂၃)ရက် မြောက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၈)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်မှ စီးပွားရေးလက်ဝါးအုပ်မှုမျိုးကို တားဆီးရန်အတွက် “ယှဉ်ပြိုင်မှုဥပဒေ”နှင့် “ယှဉ်ပြိုင်မှု မူဝါဒ”များ စတင်ရေးဆွဲသင့်ကြောင်း အဆိုတင်သွင်းခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ခံခဲ့သည့်အတွက် ယင်းအဆိုအား အတည် ပြုခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ယှဉ်ပြိုင်မှု မူဝါဒကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ယှဉ်ပြိုင်မှုဥပဒေ ရေးဆွဲရန်လိုအပ်ပြီး ယှဉ်ပြိုင် မှုဥပဒေသည် စီးပွားရေးလုပ်ငန်းများ၏ မလျော်ကန်သည့် (သို့) တရားနည်းလမ်းမကျသည့် ပြိုင်ဆိုင်မှုများကို ထိန်းချုပ်သည့်ဥပဒေဖြစ်ပြီး ကုန်သွယ်မှုနှင့် နိုင်ငံတကာပြိုင်ဆိုင်မှုတွင် အရေးပါသည့် ဥပဒေဖြစ်ကြောင်း ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

ယင်းအဆိုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာပွင့်ဆန်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများ အနက် ယှဉ်ပြိုင်မှုဆိုင်ရာမူဝါဒနှင့် ဥပဒေများပြဋ္ဌာန်းပြီးဖြစ်သော နိုင်ငံ (၄)နိုင်ငံရှိပြီး ယင်းတို့မှာ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ် ကြောင်း မလေးရှားနိုင်ငံမှာ ယှဉ်ပြိုင်မှုဥပဒေရေးဆွဲထားသော်လည်းအတည်ပြုဆောင်ရွက်ခြင်းမရှိသေးကြောင်း၊ မြန်မာနိုင်ငံအပါအဝှု လာအို၊ ကမ္ဘောဒီး ယား၊ ဖိလစ်ပိုင်၊ ဘရူနိုင်းဒါရုဆလင်နိုင်ငံများတွင် ယှဉ်ပြိုင်ဥပဒေရေးဆွဲလျက်ရှိသည့် မူကြမ်းအဆင့်တွင်သာရှိသေးကြောင်း ၎င်းက ဆက်လက်ပြော ကြားသည်။

“မြန်မာနိုင်ငံထဲမှာ ခုချိန်ထိ ယှဉ်ပြိုင်မှုဥပဒေက မရှိသေးတော့ ခရိုနီစီးပွားရေးလုပ်ငန်းတွေက အများကြီးပဲရှိသေးတယ်။ လုပ်ငန်းအသေးတွေနဲ့ လုပ်ငန်းအလတ်စားတွေလည်း ဖွံ့ဖြိုးမှုမရှိသေးဘူး။ ဒါကြောင့် ယှဉ်ပြိုင်မှု မူဝါဒတွေနဲ့ ဥပဒေတွေကို အမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့ လိုအပ်ပါတယ်။ လာမယ့် ၂၀၁၅ မှာလည်း AFTA လာတော့မှာဆိုတော့ ဒီအတွက်လည်း ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်”ပာု ပြည်တွင်းစီးပွားရေးလပ်ငန်းရှင်တစ်ဦးက ပြေကြား သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ယှဉ်ပြိုင်မှုဥပဒေမူကြမ်းအား အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနမှ မူကြမ်းရေးဆွဲ လျက်ရှိပြီး ယင်းဥပဒေမူကြမ်းတွင် အခန်းပေါင်း (၁၀)ခန်းပါဝင်ကာ ကုန်သွယ်မှုအတွက်သာမက ပြည်တွင်း၊ ပြည်ပစီးပွားရေးလုပ်ငန်းအားလုံးအတွက် ရေးဆွဲထားကြောင်း သိရသည်။

              YC

*******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“ဖွဲ့စည်းပုံအခြေခံဥပဒေ ၆၁မှာက သမ္မတနဲ့ ဒုတိယသမ္မတပိုင်ဆိုင်တဲ့ ပစ္စည်းတွေက ပြည်ထောင်စုလွှတ်တော်နာယကဆီပဲ တင်ရမှာ။ အစိုးရအဖွဲ့ရဲ့ ဥပဒေပုဒ်မ ၁၀၁မှာကျတော့ အစိုးရအဖွဲ့တွေက ပိုင်ဆိုင်မှုတွေကို သမ္မတဆီတင်ရမှာ  ကျွန်တော်ဆိုလိုချင်တာက အများပြည်သူ အမြင်ရှင်းဖို့ ပြည်သူကို ထုတ်ဖော်ကြေညာဖို့ အဆိုတင်တာဖြစ်ပါတယ်။ ဒါဟာဖွဲ့ စည်းပုံနဲ့ ဆန့်ကျင်တာမဟုတ်ပါဘူး”

သြဂုတ် ၁၃ရက်နေ့ထုတ် Weekly Eleven ဂျာနယ်အတွဲ (၇) အမှတ် (၄၅) တွင်ပါရှိသည့် “နိုင်ငံတော်တရားစီရင်ရေး၊ အုပ်ချုပ်ရေးဆိုင်ရာပုဂ္ဂိုလ်များ၏ စီးပွားရေးလုပ်ငန်းများ၏ ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်တကွ စာရင်းပြုစုပြီး နိုင်ငံတော်သမ္မတထံ ပေးပို့ရခြင်းကို ခေတ္တဆိုင်ငံ့ထားကြောင်း နိုင်ငံတော် သမ္မတ အတည်ပြု”သတင်းမှ အဆိုတင်သွင်းသူဦးဝင်းမြင့်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“အဓိက ကတော့ ကိုယ့်မီဒီယာလောကသားတွေကို အကာအကွယ်ပေးဖို့လိုတယ်။ မီဒီယာသမားတွေကို အရည်အချင်းမြှင့်တင်ပေးဖို့ လိုတယ်။ အခုကြေ ညာချင်းက သဘောမတူနိုင်စရာတွေပါတယ်။ ဘယ်သူနဲ့မှ မတိုင်ပင်ထားဘဲ ကိုယ့်ဘာသာကိုယ် လုပ်ထားတယ်ဆိုတဲ့ သဘောဆောင်နေတယ်။ အထဲ မှာပါတဲ့အချက်တွေက မီဒီယာလောကသားတွေနဲ့ တိုင်ပင်ရင် ပိုကောင်းလိမ့်မယ်။ အချုပ်အားဖြင့်ပြောရင် မူအားဖြင့် လက်ခံပါတယ်။ တချို့အချက်တွေ ကို လက်မခံနိုင်ပါဘူး”

သြဂုတ် ၁၃ရက်နေ့ထုတ် Weekly Eleven ဂျာနယ်အတွဲ (၇) အမှတ် (၄၅) တွင်ပါရှိသည့် “အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်းအပေါ် အမြင်များ” မှ The Voice Weekly အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-----------------------------------------------------------------------------------------------------------------------------------

“အမျိုးသားဒီမိုကရေစီပါတီသစ်ဘက်ကနေ မြန်မာ့လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မစ္စတာကွင်တားနားကို ထပ်မံစေလွှတ်ခြင်းမပြုဖို့ ပြောပါတယ်။ ဒါကို ၂၄ ပါတီစလုံး ပြောတဲ့သဘော ဖြစ်သွားတယ်။ ကျွန်တော့်အနေနဲ့လည်း ဒါကို ထောက်ခံတယ်”

သြဂုတ် ၁၃ရက်နေ့ထုတ် မြန်မာပို့စ်ဂျာနယ် အတွဲ (၄) အမှတ် (၃၀) တွင်ပါရှိသည့် "မြန်မာနိုင်ငံသို့ လူ့အခွင့်အရေးကိစ္စများ တွင် မစ္စတာကွင်တားနားကို ထပ်မံစေလွှတ်ခြင်းမပြုရန် နိုင်ငံရေးပါတီ ၁၄ခု တောင်းဆို" သတင်းမှ ဦးအောင်မျိုးဦး၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive