Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011
yangonchronicle2011

၂၂.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. ငြိမ်းချမ်းရေးကျောက်တိုင် ဖယ်ရှားခြင်းအား အဖွဲ့အသီးသီးမှ ကြေညာချက်ထုတ်ပြန်
  2. တရုတ်နိုင်ငံသို့ တိရစ္ဆာန်သားရေ ပြန်တင်ပို့ခွင့်ရရှိရေး တောင်းဆို

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. နိုင်ငံတော်သမ္မတ ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်
  2. ပြည်သူ့ဆန္ဒဖြင့်စိုက်ထူထားသည့် ငြိမ်းချမ်းရေးကျောက်တိုင် တစ်ရက်ကြာတွင် အာဏာပိုင်များမှ ဖျက်သိမ်း

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

ငြိမ်းချမ်းရေးကျောက်တိုင် ဖယ်ရှားခြင်းအား အဖွဲ့အသီးသီးမှ ကြေညာချက်ထုတ်ပြန်

စက်တင်ဘာလ ၂၁ရက်နေ့ ညနေ ၄နာရီတွင် ပြည်သူ့သဘောဆန္ဒနှင့်အညီ အင်းယားကန်ဘောင်၌ စိုက်ထူထားသည့် ငြိမ်းချမ်းရေးကျောက်တိုင် အား သက်ဆိုင်ရာမြို့နယ်စည်ပင်နှင့် အာဏာပိုင်အချို့မှ ဖယ်ရှားဖျက်ဆီးခဲ့ခြင်းနှင့် ပတ်သက်၍ အဆိုပါနေ့၌ ပါဝင်လှုပ်ရှားခဲ့ကြသည့် ငြိမ်းချမ်းရေးအဖွဲ့ အစည်းအချို့မှ သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ကြ ကြောင်း သိရှိရသည်။

"ဒီကျောက်တိုင်က ငြိမ်းချမ်းရေးအထိမ်းအမှတ်ကျောက်တိုင်အဖြစ် ထားတာပါ။ ဒီကျောက်တိုင်ကို စပြီးစိုက်ထူကတည်းက ဖျက်ဆီးတဲ့သူဟာ ငြိမ်းချမ်းရေးကို မလိုလားတဲ့သူလို့ အသိအမှတ်ပြုထားတာပါ။ ပြည်သူတွေရဲ့ဆန္ဒနဲ့ ဒါကို စိုက်ထူတာပါ။ အဲဒါကို ဖျက်ဆီးတယ်ဆိုတော့ မလုပ်သင့်တဲ့ လုပ်ရပ်တစ်ခုပါ"ဟု အဆိုပါငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အဖြူရောင်တွဲလက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့နောက် ယင်းသို့ ငြိမ်းချမ်းရေးကျောက်တိုင် ဖျက်ဆီးလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ Peace Network အဖွဲ့မှလည်း ယင်းလုပ်ရပ်သည် ပြည် သူများ၏ နှလုံးသားအား အတင်းဆွဲထုတ်လိုက်သကဲ့သို့ နာကျင်လှပြီး ၎င်းတို့အဖွဲ့အနေဖြင့် အပြင်းအထန်ရှုတ်ချကြောင်း သဘောထားတစ်ရပ် ထုတ်ပြန် ခဲ့သည်။

အဆိုပါ ငြိမ်းချမ်းရေးကျောက်တိုင်အား စက်တင်ဘာလ ၂၁ရက်နေ့၌ ပြည်လမ်း အင်းယားကန်ဘောင်၌ စိုက်ထူခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရပြီး ယင်းကျောက်တိုင်မစိုက်ထူမီ မနက်ပိုင်းမှစတင်၍ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့များ၌ ငြိမ်းချမ်းရေးရရှိရန်အတွက် လူမှုအဖွဲ့အစည်းပေါင်း ၂၀ခန့် မှ စည်းကမ်းရှိရှိ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ATM

-----------------------------------------------------------------------------------------------------------------------------------

တရုတ်နိုင်ငံသို့ တိရစ္ဆာန်သားရေ ပြန်တင်ပို့ခွင့်ရရှိရေး တောင်းဆို

မြန်မာနိုင်ငံမှ ထွက်ရှိသည့် တိရစ္ဆာန်သားရေ တင်ပို့မှုများအား တရုတ်နိုင်ငံမှ ပိတ်ပင်ထားသည့်အတွက် ပြန်လည်တင်ပို့ခွင့်ရရှိရေးအတွက် တောင်းဆိုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“တရုတ်နိုင်ငံက မြန်မာနိုင်ငံကထွက်တဲ့ အေးခဲအသားနဲ့ တိရစ္ဆာန်သားရေတွေမှာ ရောဂါပိုးတွေပါတယ်ဆိုပြီး တိရစ္ဆာန်သားရေတင်ပို့မှုကို ပိတ်ပင် ထားပါတယ်။ ဒီကိစ္စပြန်လည်ရရှိဖို့အတွက် တောင်းဆိုသွားမှာပါ။ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ အဆင်ပြေစေဖို့အတွက် တောင်းဆိုတာပါ။ လက်ရှိကို လည်း ခွင့်ပြုချက်ရဖို့အတွက် စီးပွား/ကူးသန်းဝန်ကြီးဌာနနဲ့ မွေး/ကု ဝန်ကြီးဌာနတို့ ဆွေးနွေးနေပါတယ်။ မြန်မာနိုင်ငံကတင်ပို့တဲ့ တိရစ္ဆာန်သားရေတွေပာာ တရုတ်နိုင်ငံရဲ့ AQSIQ နဲ့ ငြိစွန်း နေတဲ့အတွက် တင်ပို့မှုတွေကို ရပ်ဆိုင်းခိုင်းထားတာပါ”ပာု မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်းမှ အေးခဲအသားများအား တရုတ်နိုင်ငံသို့ပြန်လည်တင်ပို့ရောင်းချလိုလျှင် မြန်မာ့အသားထွက်ကုန်များမှာ ကူးစက်ရောဂါ ကင်းရှင်း ကြောင်း စစ်ဆေးမှုဆိုင်ရာထောက်ခံချက်များနှင့် တင်သွင်းမှုဆိုင်ရာ လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်လိုအပ်ပြီး ယခုကဲ့သို့ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ထွက် အေးခဲအသားနှင့် တိရစ္ဆာန်သားရေများတင်ပို့မှု ပိတ်ပင်ထားသည့် မြန် မာနိုင်ငံရှိ အေးခဲအသားစက်ရုံများမှာ လည်ပတ်မှုရပ်ဆိုင်းထားရကြောင်း သိ ရသည်။

“သူတို့နိုင်ငံက တမင်ကို အကျင့်ယုတ်တဲ့ပုံစံမျိုးပါပဲ။ သူတို့နိုင်ငံက ကုန်ပစ္စည်းဆိုတော့ မြန်မာက ကောင်းကောင်းဆိုးဆိုး ယူရတယ်။ သူတို့နိုင်ငံ ကျတော့ ဒီလိုမပာုတ်ဘူး။ ဘာမှမဆိုင်တဲ့ကိစ္စကိုဆွဲထည့်ပြီး မြန်မာကို ဆန်ရှင်လုပ်တဲ့ပုံစံမျိုးပါပဲ။ OIE က စည်းမျဉ်းတွေမှာ သားရေလုပ်ငန်းမှာ အသုံးပြု တဲ့ ဓာတုဆေးဝါးပစ္စည်းတွေကြောင့် သားရေတွေမှာ ရောဂါပိုးမွှား ဘေးအန္တရာယ်မရှိဘူးလို့ ဆိုထားပါတယ်။ ဒါကို ပိုးမွှားရှိတယ်ဆိုပြီး တရုတ်နိုင်ငံက အ ကြောင်းပြပြီး ပိတ်ပင်ထားပါတယ်” ပာု ပြည်တွင်းသားရေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

တရုတ်နိုင်ငံတွင်း၌ ကြက်ငှက်တုပ်ကွေးနှင့် ခွာနာလျှာနာ ရောဂါဖြစ်လေ့ရှိသည့်အတွက် တရုတ်နိုင်ငံတွင်းသို့ ပြည်ပမှ တိရစ္ဆာန်များ၊ သစ်ပင်ပန်း မန်များ၊ အဝင်အထွက်များကို ပြီးခဲ့သည့် လပိုင်းများမှစတင်၍ ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

YC

******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

နိုင်ငံတော်သမ္မတ ကုလသမဂ္ဂ၌ မိန့်ခွန်းပြောကြားနိုင်ဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ စက်တင်ဘာလ ၂၄ ရက်နေ့တွင် သွားရောက်မည့် အမေရိကန်နိုင်ငံခရီးစဉ်အတွင်း အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့၌ ကျင်းပမည့် ၆၄ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားနိုင်ဖွယ်ရှိကြောင်း ပြင်ပတွင် သတင်းများ ထွက်ပေါ်လျက် ရှိသည်။

“နိုင်ငံတော်သမ္မတ အမေရိကန်ခရီးစဉ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောနိုင်တယ်လို့ အင်တာနက် သတင်းစာမျက်နှာတွေမှာ လည်း ဖော်ပြထားပါတယ်။ အတိအကျတော့ မသိရပါဘူး။ ဒါပေမယ့် ပြောဖြစ်ဖို့များပါတယ်”ပာု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ၌ ကျင်းပမည့် (၉) ကြိမ်မြောက် တရုတ်-အာ ဆီယံ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ထွက်ခွာသွားပြီဖြစ်ပြီး ယင်းခရီးစဉ်အပြီးတွင် အမေရိကန် ပြည်ထောင်စုသို့ သုံးရက်ကြာ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၌ ကျင်းပမည့် ၆၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်ရန် ကမ္ဘာ့နိုင်ငံအသီးသီးရှိ ခေါင်းဆောင်များ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လျက်ရှိကြောင်း သိရသည်။

Ref:Hot News

--------------------------------------------------------------------------------------------------------------------

ပြည်သူ့ဆန္ဒဖြင့်စိုက်ထူထားသည့် ငြိမ်းချမ်းရေးကျောက်တိုင် တစ်ရက်ကြာတွင် အာဏာပိုင်များမှ ဖျက်သိမ်း

စက်တင်ဘာလ ၂၁ရက်နေ့ ကျရောက်သည့် ကမ္ဘာ့အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲအား မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်း ပေါင်း ၂၀ကျော်ခန့်မှ ပူးပေါင်းဦးဆောင်၍ ပြည်တွင်း၌ ဖြစ်ပွားနေသည့် စစ်ပွဲများအားလုံး ရပ်ဆိုင်းရန်ဆိုသည့် ဆိုင်းပုဒ်များကိုင်ဆွဲကာ ဆူးလေဘုရား အနီးမှ စတင်၍ ကန်ဘောင်သို့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်လမ်းလျှောက်မှု များပြုလုပ်ကာ ဆန္ဒထုတ်ဖော်တောင်းဆိုကြကြောင်း သိရသည်။

"ကျွန်တော်တို့ ဒီပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ကလေးတွေ မိခင်တွေအပါအဝင် လူဦးရေ သိန်းဂဏန်းကျော်လောက်က ဒုက္ခ သည်တွေအဖြစ် ဟိုပြေးဒီပြေးတွေ ဖြစ်နေရပါတယ်။ အဲဒီလိုဖြစ်နေရတဲ့အကြောင်းက ဒီပြည်တွင်း စစ်ပွဲတွေကြောင့်ပါ။ အဲဒါကြောင့် ကျွန်တော်တို့က ဒီပြည်တွင်းစစ်ပွဲတွေရပ်အောင် စစ်ပွဲတွေကြောင့် ဒုက္ခရောက်နေတဲ့လူတွေ အေးအေးချမ်းချမ်းနေပြီး ကလေးတွေ စာသင်ကျောင်းတွေမှာ စာသင်ကြားနိုင် အောင် အခုလို စက်တင်ဘာ ၂၁ရက်နေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ ကျွန်တော်တို့အပါအဝင် လူမှု့အဖွဲ့အစည်းတွေက ငြိမ်း ငြိမ်းချမ်းချမ်း လမ်းလျှောက်ပြီး တောင်းဆိုဆန္ဒထုတ်ဖော်တာတွေ ပြုလုပ်တာပါ"ဟု မြန်မာ့လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကွန်ယက်အဖွဲ့မှ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်က ပြောကြားသည်။

ယင်းသို့ ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေးနှင့် ကချင်ပြည်နယ်ရှိ ဒုက္ခသည်ပြည်သူများ အေးအေးချမ်းချမ်းနေထိုင်ကာ ကလေးငယ်များ စာသင် ကျောင်းများတွင် ငြိမ်းငြိမ်းချမ်းချမ်း စာသင်ကြားနိုင်စေရန်အတွက် မြန်မာနိုင်ငံရှိ ပြည်တွင်းလူမှု အဖွဲ့အစည်းများဖြစ်သည့် ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ အဖြူရောင်တွဲလက်များ၊ ငြိမ်းချမ်းရေးကွန်ယက် (Peace Network)၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ စိမ်းရောင်စို(မန္တလေး)၊ Youth for Social Change Myanmar၊ Student Christian Movement၊ Green Myanmar Environmental and Social Network၊ Safety Network၊ လူငယ် အနုပညာကွန်ရက်၊ MIDO (Myanmar ICT for Development Organization)၊ ကဗျာဆရာများသမဂ္ဂ၊ နှောင်ကြိုးမဲ့လူမှုဖွံ့ဖြိုးရေးကွန်ရက်(မန္တလေး)၊ ပွင့်လင်းကွန်ရက် (မွန်ပြည်နယ်)၊ ရှမ်းပြည်နယ်မျိုးဆက်အင်အားစု၊ ရန်ကုန်အခြေစိုက် ပရဟိတလူငယ်ကွန်ရက်၊ ကျောက်မဲလူငယ်ကွန်ရက် (ရှမ်း- မြောက်)၊ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ရက်၊ ရန်ကုန်ဂီတလူငယ်များအဖွဲ့နှင့် Generation Wave (GW)တို့မှ ပူးပေါင်းကာ ငြိမ်းချမ်းစွာ လမ်းလျှောက် စီတန်းလှည့်လည်၍ တောင်းဆိုဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြသည်။

"ကျွန်တော်ဦးဆောင်တဲ့ မြန်မာ့လူမှုအဖွဲ့အစည်းကတော့ အခုဆူးလေကနေစပြီး ငြိမ်းချမ်းရေးသီချင်းတွေဆိုပြီး ကားနဲ့ပတ်တယ်။ ဆူးလေကနေ NLD ရုံးချုပ်ရှေ့ကိုသွားတယ်။ ပြီးတော့ အင်းယားကန်ဘောင်ပေါ့။ ကန်ဘောင်မှာ စခန်းမှူး ဦးဝင်းအောင်နီက တားတယ်။ ဒါဟာ တရားဥပဒေနဲ့ မညီဘူး ဆိုပြီး။ အေးအေးဆေးဆေးပဲ ပြီးသွားပါတယ်။ အဓိကကတော့ ကျွန်တော်တို့ အခုလိုလုပ်တာဟာ ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဆိုတာကို ပြည်သူတွေ သိသွားဖို့ အရေးကြီးပါတယ်။ စစ်ပွဲတွေရပ်ပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ကြစေဖို့ကိုလည်း ဆုတောင်းပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြား သည်။

ယင်းငြိမ်းချမ်းရေးလှုပ်ရှားမှုအား တခြားလူထုအဖွဲ့အစည်းအချို့သည် လူအင်အား ၆၀၀ကျော်ဖြင့် မြို့တော်ခန်းမအနီးမှစတင်၍ ငြိမ်းချမ်းစွာ လမ်းလျှောက်စီတန်းလှည့်လည်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရပြီး ယင်းသို့ပြုလုပ်ရာတွင် အာဏာပိုင် အချို့မှ တားဆီးမှုများရှိခဲ့ကြောင်း သိရှိရသည်။

"ကျွန်တော်တို့ လမ်းလျှောက်တဲ့အဖွဲ့က ဆူးလေကနေ ဘုရင့်နောင်တံတားပေါ့။ ဘုရင့်နောင်ကနေ ပုဇွန်တောင်ဘက်ကို သွားတယ်။ ပြီးတော့ မင်္ဂလာဈေးဘက်ကပြန်ပတ်လာပြီးတော့ တာမွေအဝိုင်းဘက်ကိုသွားတယ်။ နောက်ပြီး ရွှေဂုံတိုင်ဆေးရုံအရှေ့မှာစောင့်နေတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင် တို့နဲ့ပေါင်းပြီး မြေနီကုန်းကိုသွားပါတယ်။ မြေနီးကုန်းကနေ ကြည့်မြင်တိုင် ဆင်မလိုက်ဖက်ကိုပေါ့။ အဲဒီကနေ လှည့်တန်း အင်းစိန်လမ်းမကြီးအတိုင်း သွားပြီး ဘူတာရုံလမ်းကနေ ကန်ဘောင်ကို သွားပါတယ်။ လမ်းတစ်လျှောက်မှာတော့ အစစ်ဆေးအတားအဆီးတွေရှိပေမယ့် ဘာမှတော့မဖြစ်ပါဘူး။ ကျွန် တော်တို့ကလည်း စည်းကမ်းရှိရှိ လမ်းဘေးဆင်းလျှောက်ပြီး ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒထုတ်ဖော်တာပါ"ဟု အဆိုပါ လမ်းလျှောက်စီတန်းလှည့်လည်မှု တွင် ပါဝင်သည့် အဖွဲ့တစ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

"ကျွန်မတို့က ဒီလိုလုပ်တာ ငြိမ်းချမ်းရေးကိုလိုချင်လို့လုပ်တာ။ စစ်ပွဲတွေရပ်ဆိုတဲ့စာပါတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ပြီး လမ်းလျှောက်တောင်းဆိုတဲ့ အခါမှာ ပါဝင်တာကလည်း တကယ်ခံစားနေရတဲ့ ပြည်သူတွေကို စာနာသနားတဲ့အတွက် အခုလို ပါဝင်တာပါ။ ပြည်တွင်းစစ်ပဲဖြစ်ဖြစ် ဘာစစ်ပဲဖြစ်ဖြစ် ကောင်းတာမရှိဘူး။ စစ်ဖြစ်ရင် နှစ်ဖက်သေမယ်။ ပိုဆိုးတာက စစ်ဖြစ်နေတဲ့နေရာက ပြည်သူတွေပါ ဒုက္ခရောက်မယ်။ ကလေးတွေလည်း ပညာရေးအနာ ဂတ် ဒုက္ခရောက်မယ်။ အဲဒီတော့ စစ်ဖြစ်တယ်ဆိုတာ လုံးဝမကောင်းပါဘူး။ အဲဒါကြောင့် "ပြည်တွင်းစစ် ချက်ချင်းရပ်"ဆိုတဲ့စာကို ကိုင်ပြီး ဒီငြိမ်းချမ်းရေး လမ်းလျှောက်ပွဲမှာ ပါတာပါ"ဟု ငြိမ်းချမ်းရေးရရှိရန်အတွက် စီတန်းလမ်းလျှောက် တောင်းဆိုဆန္ဒထုတ်ဖော်ပွဲတွင်ပါဝင်သည့် ကချင်အမျိုးသမီးတစ်ဦးက ဆိုသည်။

ထို့နောက် ၎င်းတို့သည် နေ့လည် ၃နာရီခွဲအချိန်တွင် စီစဉ်ထားသည့်အတိုင်း ပြည်လမ်းရှိ အင်းယားကန်ဘောင်၌ ဆုံတွေ့ကြပြီး ညနေ ၄နာရီ တွင် အဖွဲ့အစည်းအသီးသီးမှ ငြိမ်းချမ်းရေးအမှတ်တရစကားများပြောကြား၍ ငြိမ်းချမ်းရေးကျောက်တိုင်အား စိုက်ထူကာ ငြိမ်းချမ်းရေးသီချင်းများဖြင့် ငြိမ်းချမ်းရေးတောင်းဆိုမှုများ ပြုလုပ်ခဲ့ရာ ညနေ ၅နာရီကျော်တွင် ငြိမ်းချမ်းစွာ လူစုခွဲထွက်ခွာသွားကြကြောင်း သိရှိရသည်။

"အခု ဒီအင်းယားကန်ဘောင်မှာစိုက်ထူတဲ့ ငြိမ်းချမ်းရေးကျောက်တိုင်က ပြည်သူတွေသဘောဆန္ဒနဲ့ ငြိမ်းချမ်းရေးကိုလိုချင်လို့ စိုက်ထူတာဖြစ်ပါ တယ်။ ဒီကျောက်တိုင်ကိုဖျက်ဆီးတဲ့သူက ငြိမ်းချမ်းရေးကို မလိုချင်လို့ ဖျက်ဆီးတယ်လို့ မှတ်ယူပါတယ်"ဟု ငြိမ်းချမ်းရေးလှုပ်ရှားမှုအား ဦးဆောင်ပြုလုပ် ကြသည့် လူထုအဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များက တက် ရောက်လာသည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုတွင် ပါဝင်ကြသည့် ပြည်သူများအား ပြောကြားကာ ပြည်သူများ၏ထောက်ခံမှုဖြင့် စိုက်ထူခဲ့ကြောင်း သိရှိရပြီး ငြိမ်းချမ်းရေးလှုပ်ရှားမှုအား ပါဝင်ဆောင်ရွက်ကြသည့် လူထုအဖွဲ့အစည်းအသီး သီးမှ အဖွဲ့ဝင်များသည် ငြိမ်းချမ်းရေးပူပေါင်းများ လွှတ်တင်ခြင်းများပြုလုပ်ကာ ကန်ဘောင်တွင် လုံခြုံရေးတပ်ဖွဲ့များအား နှင်းဆီပန်းဝေခြင်းများ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ယင်းသို့ စက်တင်ဘာ ၂၁ရက်နေ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့တွင် ပြည်သူများ၏ သဘောဆန္ဒဖြင့် စိုက်ထူခဲ့သည့် ငြိမ်းချမ်းရေး ကျောက်တိုင်အား သက်ဆိုင်ရာအာဏာပိုင်အချို့မှ စက်တင်ဘာလ ၂၁ရက်နေ့ ညပိုင်းအချိန်ခန့်၌ ဖျက်သိမ်းခဲ့ကြကြောင်း သိရှိရပြီး ယင်းငြိမ်းချမ်းရေး လှုပ်ရှားမှုတွင် ဦးဆောင်ပြုလုပ်သည့် လူထုအဖွဲ့အစည်းခေါင်းဆောင်များအား လိုက်လံဖမ်းဆီးသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၁ရက်နေ့ ညနေ ၄နာရီဝန်းကျင်ခန့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ရဲမှူးကြီး မြင့်ထွေးဦးဆောင်ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသွားခဲ့ ကြောင်း သိရှိရသည်။

အဆိုပါ ငြိမ်းချမ်းရေးလှုပ်ရှားမှု၌ ဦးဆောင်ပြုလုပ်သည့် လူထုအဖွဲ့အစည်းအချို့မှ ခေါင်းဆောင်အချို့များဖြစ်ကြသည့် ကိုဘိုဘို၊ မခင်စန္တာညွန့်၊ မဖွေးဖွေးနှင့် ကိုမိုးသွေးတို့အား စက်တင်ဘာလ ၂၂ရက်နေ့၌ လှိုင်မြို့နယ်ရဲစခန်းမှ ဖမ်းဆီးထိန်း သိမ်းထားကြောင်း သိရှိရပြီး ညနေပိုင်းအချိန်၌ အာမခံ ဖြင့် ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ATM

******************************

သတင်းနှင့် ဆောင်းပါးမှ ကောင်နှုတ်ချက်များ

“တရားရေးမဏ္ဍိုင်ဘယ်လောက် လွတ်လပ်တယ်ဆိုတာ ဒီအမှုကပြသမှာပါ။ အခြေခံဥပဒေအရ ဆုံးဖြတ်ခြင်းသာလျှင် ကျွန်တော်တို့ကို ကူညီတာဖြစ်ပါ တယ်။ ဥပဒေနဲ့ အညီနေထိုင်သူတွေကို ဥပဒေက အကာအကွယ်ပေးနိုင်ရပါမယ်”

စက်တင်ဘာ ၂၂ထုတ် The Voice Weekly ဂျာနယ် အတွဲ (၈) အမှတ်(၃၈)တွင်ပါရှိသည့် “သတ္ထုတွင်းနှင့် The Voice Weekly အမှု စွဲချက် တင်ကြောင်း ဒဂုံမြို့နယ်တရားရုံး ဆုံးဖြတ်”သတင်းမှ The Voice Weekly ဂျာနယ် အယ်ဒီတာချုပ်၏ ပြောကြားချက်အပေါ် ကောက်နှုတ် ချက်။

--------------------------------------------------------------------------------------------------------------------

“အလုပ်ရှင်နှင့် အလုပ်သမားတွေဟာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးအရ ရပ်တည်ချက်မတူခဲ့ကြတာဟာ စက်မှုတော်လှန်ရေးခေတ်က ဖြစ်ခဲ့တာဖြစ်ပါ တယ်။ ယနေ့ခေတ်မှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေဟာ အကျိုးတူ စီးပွားဘက်တွေ ဖြစ်နေကြပြီ။ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြတဲ့ခေတ်ကို ရောက်နေပြီ။ Win –Lose စနစ်ဟာ အတိတ်မှာကျန်ခဲ့ပြီး Win-Win စနစ်ကို ကျင့်သုံးတဲ့ခေတ်ကို ရောက်နေပြီ”

စက်တင်ဘာ ၂၂ရက်ထုတ် လျှပ်တစ်ပြက်ဂျာနယ် အတွဲ (၃) အမှတ် (၉၈)တွင်ပါရှိသည့် “အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့ (၂၀၁၂) ခုနှစ် လူမှုဖူလုံရေးနည်းဥပဒေများ(မူကြမ်း) အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ”သတင်းမှ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့် ဆွေ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------

ပုဒ်မ(၁၇)-၁ဆိုတဲ့ ဥပဒေကတော့ ရှိမှာပဲ၊ ဥပဒေကတော့ ဖျက်လို့မရဘူး။ ဆရာမကြီး (နော်စီဖိုးရာစိန်)က သမ္မတကြီးနဲ့တွေ့တုန်းက အဲဒီ၁၇-၁ကိစ္စကို တင်ပြပါတယ်။ သမ္မတကြီးကလည်း ပြင်ဆင်နေပါတယ်။ မကြာခင် မတရားအသင်းကတော့ ပြုတ်သွားမှာဖြစ်တယ်ဆိုတာလေး ပြောချင်ပါတယ်။

စက်တင်ဘာ၂၀ရက်ထုတ် ပြည်သူ့ခေတ်ဂျာနယ် အတွဲ (၃) အမှတ် (၁၁၂)တွင်ပါရှိသည့် "ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်သူများကို မတရား အသင်းအက်ဥပဒေ ပုဒ်မဖြင့် အရေးယူမည်မဟုတ်ဟု ဦးအောင်မင်းပြောကြား" သတင်းမှ ဦးအောင်မင်း၏ ပြောကြားချက်အပေါ် ကောက် နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle 2011 - (2)
yangonchronicle 2011 - (2)

၂၂.၉.၂ဝ၁၂

ဘာသာပြန်သတင်းများ အပိုင်း(၂)

  1. မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို သတိထားကြိုဆို

(UPI News မှ 20Sept,2012 ရက်စွဲပါ “Cautious praise for Myanmar’s reforms” သတင်းကို ဘာသာပြန်ဆိုသည်။)

  1. လာမည့် IMF အစည်းအဝေးတွင် မြန်မာအတွက် ကြွေးမြီသက်သာခွင့်ရရန် ဂျပန် ကြိုးပမ်းမည်

(22 September 2012 ရက်စွဲပါ GMA News မှ Reuters ၏ Japan to seek debt relief for Myanmar at IMF meeting ကိုဘာသာပြန်ဆိုသည်)

***********************************************************

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို သတိထားကြိုဆို

(UPI News မှ 20Sept,2012 ရက်စွဲပါ “Cautious praise for Myanmar’s reforms” သတင်းကို ဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံသည် နိုင်ငံရေး ယုံကြည်ချက်ကြောင့် ထိန်းသိမ်းခံရသူများ (သို့မဟုတ်) နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးနေခြင်းကြောင့် အသိ အမှတ်ပြု ချီးကျူးနေကြသော်လည်း  ထောင်ဒဏ်ကျခံနေရဆဲ ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရဦးမည်ဟု လူ့အခွင့်အရေးဆိုင် ရာ ကုလသမဂ္ဂ ကိုယ်စားလှယ်က ပြောသည်။

မြန်မာအစိုးရသည် နိုင်ငံခြားသားအချို့ အပါအဝင် အကျဉ်းသား ၅၁၄ဦးကို လူသားချင်း စာနာထောက် ထားမှုအရ ယခုတစ်ပတ်အတွင်း လွတ် ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ ယင်းလွတ်ငြိမ်းချမ်းသာခွင့်အရ လွတ်မြောက်လာသူများကို အကူအညီပေးရေးအသင်း AAPPက ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူး ကိုယ်စားလှယ် တိုမားစအိုးဂျာ ကင်တားနားက ၎င်းအနေဖြင့် မြန်မာအာဏာပိုင်များ၏ ဆုံးဖြတ် ချက်ကြောင့် အားတက်မိသည်ဟု ပြောကြားသည်။

“အတိတ်က အရိပ်ဆိုးကို ကျော်လွှားဖို့အတွက် သိသာတဲ့ ဆောင်ရွက်ချက်တွေ လုပ်ဖို့လိုပါတယ်။ ယုံကြည်ချက် အကျဉ်းသားတွေ မရှိတော့ဘူး ဆိုတဲ့ အချက်ကို သေချာအာမခံဖို့ လိုပါတယ်”ဟု ကင်တားနားက ကြေညာချက်ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ၂၀၁၀ရွေးကာက်ပွဲအပြီး စတင်ပြုလုပ်ခဲ့သော ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကြောင့် ယခုအခါ နိုင်ငံတကာ အသိုင်း အဝိုင်း၏ အသိအမှတ်ပြု ချီးကျူးခံရမှုကို ခံယူနေရပြီး ယခုလွှတ်တော်ကိုယ်စားလှယ် ဖြစ်နေသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လည်း ဒီမိုကရေစီ  လိုလားသော သူမ၏မူဝါဒများကြောင့် ယခုသီတင်းပတ် ဝါရှင်တန် ခရီး၌ ခြိမ်ခြိမ့်သဲ ကြိုဆိုဂုဏ်ပြု ခြင်းခံရသည်။

အမေရိကန် ဘဏ္ဍာရေးဌာန ကလည်း မြန်မာသတင်းဌာန ကလည်း မြန်မာသမ္မတ ဦးသိန်းစိန်နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နှစ်ဦး အား ၎င်းတို့၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်များ ကြောင့် ၎င်းတို့အပေါ် ယခင်ချမှတ်ထားသော တစ်ဦးချင်း အပေါ်ချမှတ်ထားသော sanctions များကို ပယ်ဖျက်ပေးလိုက်ပြီ ဖြစ်သည်။

---------------------------------------------------------------------------------------------------------------------

လာမည့် IMF အစည်းအဝေးတွင် မြန်မာအတွက် ကြွေးမြီသက်သာခွင့်ရရန် ဂျပန် ကြိုးပမ်းမည်

(22 September 2012 ရက်စွဲပါ GMA News မှ Reuters ၏ Japan to seek debt relief for Myanmar at IMF meeting ကိုဘာသာပြန်ဆိုသည်)

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပမည့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) အစည်းအဝေး၏ အရန်ဆွေးနွေးမှုတွင် ဂျပန်နိုင်ငံသည် မြန်မာ နိုင်ငံက တင်ရှိသော ကြွေးမြီများ သက်သာခွင့်ပေးရန် သဘောတူရေး ကြားဝင်ဆောင်ရွက် ပေးမည်ဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီး Jun Azurni က စက်တင်ဘာလ ၂၁ ရက်နေ့တွင် ပြောကြားသည်။

ဂျပန်နိုင်ငံသည် ဧပြီလက မြန်မာနိုင်ငံက ပေးရန်ရှိသော ကြွေးမြီဒေါ်လာ ၃ ဒဿမ ၇ ဘီလီယံကို လျှော်ပစ်ခဲ့ပြီး၊ မြန်မာနိုင်ငံ၏ တိုးတက်နေသော ရင်းနှီးမြှုပ်နှံမှု ရာသီဥတုနှင့် အရေးပေါ် လိုအပ်နေသည့် အခြေခံအဆောက်အဦး လိုအပ်ချက်ကို ငွေကြေးထောက်ပံ့နိုင်ရေး ရည်ရွယ်ချက်ကို ရှင်းရှင်းလင်း လင်း ဖော်ပြခဲ့သည်။

ဧပြီလက နိုဗယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ခံရခြင်း ကလည်း မြန်မာနိုင်ငံ၏ ဆိုးရွားသော ပုံရိပ်ကို ပြောင်းလဲရာတွင် အထောက်အကူပြုခဲ့ပြီး အနောက်နိုင်ငံများက ၎င်းတို့၏ အရေးယူမှုများရုပ်သိမ်းရေးအတွက်ဆွဲဆောင်ခဲ့သည်။

သုံးသပ်သူများနှင့် ပညာရှင်များက ပြောကြားရာတွင် စွမ်းအင်၊ သတ္တုတွင်းနှင့် ဆောက်လုပ်ရေးမှစ၍ စိုက်ပျိုးရေး၊ ငွေကြေးကဏ္ဍနှင့် ခရီးသွား လုပ်ငန်းအဆုံး စက်မှုကဏ္ဍ တစ်လွှားတွင် နိုင်ငံခြား ကုမ္ပဏီများအတွက် အခွင့်အလမ်းများ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း ဆိုခဲ့ကြသည်။

မြန်မာနိုင်ငံကို ၁၉၄၂ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ သိမ်းပိုက်ခဲ့သော ဂျပန်နိုင်ငံသည် မြန်မာ၏ အကြီးဆုံး ငွေချေးသူဖြစ်သည် "လာမယ့် IMF အစည်းအဝေးမှာ မြန်မာနိုင်ငံက တင်ရှိနေတဲ့ ကြွေးမြီများ ကိစ္စအတွက် အခြေတင် ဆွေးနွေးလိုပါတယ်။ ဒီကိစ္စမှာ ဂျပန်နိုင်ငံရဲ့ နေရာကိုလည်းရှင်းပြပါမယ်" ဟု Azumiက သတင်းထောက်များကို ပြောကြားသည်။

"တကယ်လို့သာ ဒီကိစ္စနဲ့ပတ်သက်ပြီး အားလုံးအမြင် တူညီခဲ့ပြီဆိုရင် မြန်မာနိုင်ငံဟာ စီးပွားရေးအရ ကန့်သတ်ထားမှုတွေက လွတ်သွားမှာပါ။ ဒါ ကြောင့် ဂျပန်ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီတွေဟာ မြန်မာနိုင်ငံကို ချောချောမွေ့မွေ့ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်" ဟု ၎င်းကပြောကြားသည်။

လာမည့် IMF/ကမ္ဘာ့ဘဏ် နှစ်ပတ်လည် အစည်းအဝေးတွင် အရန်အဖြစ် အောက်တိုဘာ ၁၁ ရက်နေ့၊ တိုကျိုမြို့၌ မြန်မာနိုင်ငံအတွက် နိုင်ငံတ ကာ ကွန်ဖရင့်တစ်ခုကို ဂျပန်ဘဏ္ဍာရေး ဝန်ကြီးက ကြီးမှူးကျင်းပမည်ဖြစ်သည်။

ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့တွင် မြန်မာနိုင်ငံမှ ပေးရန်ရှိသော ကြွေးမြီများ ပြည့်မီရေးကို ဂျပန်ဘဏ်များ အုပ်စုတစ်ခုမှ တစ်ဆင့် လုပ် ဆောင်လျက်ရှိရာ ဂျပန်သည် ဒေါ်လာ သန်း ၉၀၀၊ တံတားနှင့် ပတ်သက်သော ချေးငွေပေးရန် စီစဉ်လျက်ရှိသည်။

ဂျပန်ကုမ္ပဏီ အစုအဖွဲ့ တစ်ခုသည် ရန်ကုန်မြို့ အစွန်တွင် အထူးစီးပွားရေးဇုန် ပူးတွဲတည်ထောင်ရန် သြဂုတ်လက သဘောတူညီချက် လက်မှတ် ရေး ထိုးခဲ့သည်။

******************************************************************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive