Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle 2011- (1)
Document yangonchronicle 2011- (1)

Snapshot of the item below:
yangonchronicle 2011- (1)

 

၁၉.၁၁.၂၀၁၂

ဘာသာပြန်သတင်းများ

  1. မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် အသော့နှင်နေသော်လည်း ဆင်းရဲသူများစွာရှိနေဆဲ

(16 Nov 2012 ရက်စွဲပါ The News York Times မှ Thomas Fuller ရေးသားသော Myanmar’s rush to Democracy leaves its poor behind ကိုဘာသာပြန်ဆိုသည်)

  1. မြန်မာနိုင်ငံက အကျဉ်းသားများ ထပ်မံလွှတ်ပေး

(19 Non 2012 ရက်စွဲပါ The Australian မှ AP ၏ Myanmar announces new Prisoner amnesty ကို ဘာသာပြန်ပါသည်)

***********************************************

ဘာသာပြန်သတင်းများ

မြန်မာနိုင်ငံတွင် ဒီမိုကရေစီအတွက် အသော့နှင်နေသော်လည်း ဆင်းရဲသူများစွာရှိနေဆဲ

(16 Nov 2012 ရက်စွဲပါ The News York Times မှ Thomas Fuller ရေးသားသော Myanmar’s rush to Democracy leaves its poor behind ကိုဘာသာပြန်ဆိုသည်)

ဆိုရှယ်လစ် စစ်အာဏာရှင်နိုင်ငံပောာင်းမြန်မာနိုင်ငံတွင် ပုဂ္ဂလိကအရင်းရှင်စနစ်သို့ ချီတက်နေသည့် လက္ခဏာများကိုရန်ကုန်မြို့တွင် တွေ့နေရပါသည်။ ကိုကာကိုလာနှင့် ပက်စီတို့သည် ဆိုင်းဘုတ်များဖြင့် အပြိုင်အဆိုင်ဖြစ်နေပါသည်။ ကားအရောင်းပြခန်းများကလည်း အပတ်စဉ်ဖွင့်လှစ်လျက်ရှိပါသည်။ လမ်းပေါ်က ကားတန်းရှည်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေစာအုပ်များ ရောင်းလျက်ရှိပါသည်။ လမ်းကျဉ်းလေးများတွင် ကြပ်ညှပ်နေသည်ကိုလက်မခံကြသော်လည်း တိုင်းပြည်အသွင်ပြောင်းမည့် လက္ခဏာများတွေ့နေရပါသည်။

သို့သော် ရန်ကုန်မြို့မှ လေးဆယ့်ငါးမိနစ်ခန့် ကားမောင်းရသောအကွာအဝေးရှိ မြို့ပြင်တွင် ခြားနားသောမြင်ကွင်းကိုတွေ့ရပါသည်။ ကလေးငယ်များသည် ချိုင့်ခွက်များရှိသောလမ်းမပေါ်မှ ရေအိုင်ငယ်တွင် လူးပြီးဆော့ကစားနေကြပါသည်။ နေ့စားလုပ်သားများသည် ဝါးတဲအောက်တွင်နေ့ခင်းဖက်၌ အိပ်နေကြပါသည်။ ၎င်းတို့အတွက် အလုပ်အကိုင်များမှာလည်း ရှားပါးလှပါသည်။

“အရာရာပာာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကနဲ့ အတူတူပါပဲ”ပာု အသင်(၅၃)နှစ်အရွယ်ရှိ ဒေါ်သိန်းရီက ပြောသည်။

ရန်ကုန်မြို့၏ ဆင်ခြေဖုံး၊ တောင်ဒဂုံတွင် နေထိုင်ကြသူများကမူ ရန်ကုန်မြို့လယ်တွင် ပြောနေကြသော အပယ်ခံနိုင်ငံကို တံခါးဖွင့်စေခဲ့သော ဒီမိုကရေစီပြောင်းလဲမှုများအကြောင်း၊ တနင်္လာနေ့တွင် အမေရိကန်သမ္မတ Obama လာလည်ရန်ဖြစ်လာရခြင်းဖြစ်အကြောင်းများနှင့်ပတ်သက်၍ အနည်းငယ်သာမျှော်လင့်ချက်ရှိကြပါသည်။

ခလေးလေးယောက်ဖခင်နေ့စားလုပ်သား အသက်ငါးဆယ်အရွယ်ရှိ ဦးစိမ်းမောင်အား အမေရိကန်သမ္မတလာရောက်မည့်သတင်းကိုမေးမြန်းရာ “သူလာမယ်ဆိုတာ ကျွန်တော်တို့မကြားမိဘူး”ပာု ၎င်းကပြောသည်။

လပေါင်းနှစ်ဆယ်ခန့် သမ္မတဦးသိန်းစိန်အရပ်သားအစိုးရ၏ အံ့သြဖွယ်စီးပွားရေးနှင့် နိုင်ငံရေးပြောင်းလဲမှုများကို နိုင်ငံ၏(၅၅)သန်းသောလူဦးရေတွင် ငွေနားကွပ်သော လူတန်းစားကသာထိတွေ့နိုင်ပါသည်။ ၎င်းတို့ကသာ ပြောင်းလဲမှုလုပ်ငန်းစဉ်များ အကြောင်းပြောကြပါသည်။

“ပြောင်းလဲမှုအများစုပာာ လူတန်းစားအပေါ်လွှာမှာပဲဖြစ်ပျက်နေတာပါ”ပာု နိုင်ငံရေးအကျဉ်းသားပောာင်းနှင့် မီဒီယာများတွင် နိုင်ငံရေးစာများရေးသားသူ ဦးရန်မျိုးသိမ်းက ပြောသည်။

ကမ္ဘာကြီး၏ စီးပွားရေးနှင့်ဆက်စပ်လုပ်ကိုင်ခြင်းကြောင့်တိုင်းပြည်၏ ဆင်းရဲမွဲတေနေသော လူဦးရေအတော်များများအပေါ် အကျိုးခံစားမှုများ ကျယ်ကျယ်ပြန့်ပြန့်ရရှိလိမ့်မည်ပာု မျှော်လင့်ရန် စောလွန်းနေဦးမည်ဖြစ်သည်။ သို့သော် အချို့မြန်မာများက ဆင်းရဲလှသော လူအများစုအထိ လက်လှမ်းမှီအောင် ကယ်တယ်နိုင်ခြင်းမရှိခြင်းကြောင့် ယခုလုပ်ဆောင်နေသော အာဏာရှင်စနစ်မှ လွတ်မြောက်ရေးလုပ်ငန်းစဉ်များတွင် ပြဿနာများ ကျယ်ကျယ်ပြန့်ပြန့်ရှိလာမည်ကိုစိုးရိမ်နေကြသည်။

“အစိုးရပာာ ဈေးကွက်မှာ လျင်မြန်စွာအကျိုးခံစားမှုထိတွေ့ရအောင် မလုပ်ဆောင်နိုင်သေးပါဘူး”ပာု Maw Htoon & Partners ဥပဒေအကြံပေးကုမ္ပဏီမှ ဦးဘုန်းဝင်းကပြောကြားခဲ့သည်။

ဦးဘုန်းဝင်းကပြောကြားရာတွင် လုပ်ငန်းငယ်လေးများသည် ကန့်သတ်ချက်များ များပြားလွန်းခြင်း၊ စစ်ခေါင်းဆောင်များအတွက်သာ အလုပ်လုပ်ပေးရသော အကျင့်ပါနေသည့် အထက်အောက်ကြိုးနီစနစ်များလွန်းသော အစိုးရဝန်ထမ်းများနှင့်ပတ်သက်၍ စိတ်ပျက်နေဆဲဖြစ်သည် ပာုဆိုသည်။ စားသောက်ဆိုင်ဖွင့်ခြင်း၊ ဆိုင်ဖွင့်ခြင်း၊ ပာိုတယ်အသေးစားဖွင့်ခြင်းများတို့တွင် အထက်က အမိန့်ရမှလုပ်တက်သော ဗျူရိုကရက်များ၏ ပိတ်ဆို့ထားမှုများကို ကြုံတွေ့ရလျက်ရှိသည်။

ဦးဘုန်းဝင်းက ၎င်းသည် မြန်မာနိုင်ငံတွင် ရင်းနှိးမြှုပ်နှံလိုသော နိုင်ငံခြားသားများစွာကိုခေါ်ဆောင်လာခဲ့ဘူးကြောင်း၊ အများစုသည် ကျေနပ်မှုမရပဲ ပြန်သွားကြရကြောင်းဆိုသည်။ “ဘီလီယံနာတွေ သူတို့ကိုင်ပိုင်လေယာဉ်နဲ့လာကြတယ်။ ဘာသဘောတူညီချက်မှမရပဲ ပြန်သွားကြတယ်”ပာု ၎င်းက ပြောပါသည်။

ယနေ့အချိန်အခါတွင် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံသူများကြားတွင် တူညီသောအချက်မှာ စောင့်ကြည့်နေကြရခြင်းဖြစ်ပါသည်။

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက မြန်မာနိုင်ငံသည် အာရှတွင်သွေးထွက်သံယိုနှပ်စက်သော အာဏာရှင်နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး စီးပွားရေးမှာလည်း စက်ဘီးနှင့်ဆပ်ပြာထုတ်သော အစိုးရစက်ရုံများသာရှိပါသည်။

ယခုအခါ ဗိုလ်ချုပ်ကြီးပောာင်းဖြစ်သော ဦးသိန်းစိန်သည် ဆယ်စုနှစ်ပေါင်းများစွာ ကျွမ်းကျင်မှုမရှိသော ခေါင်းဆောင်မှု၊ အဂတိလိုက်စားမှုများ၏ တိုက်စားခြင်းခံရသော စီးပွားရေးကိပြန်လည်ကောင်းမွန်ရန် အာဏာရှင်အတိတ်နှင့် ဝေးရာသို့သွားနေပါသည်။ ဖြစ်ပေါ်လာသော ပြောင်းလဲမှုများအတွက် သတိထား၍ ချီးကျူးမှုများရှိခဲ့ပြီး အမေရိကန်နှင့် အခြားနိုင်ငံများကလည်း စစ်အစိုးရကို ချိနဲ့စေခဲ့သည့် အရေးယူမှုများကို ဖြေလျော့ပေးလာပါသည်။ (သောကြာနေ့က အမေရိကန်ပြည်ထောင်စုသည် အစောပိုင်းက ကတိပေးထားသကဲ့သို့ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကိုသွင်းရန်ခွင့်ပြုမည်ပာု ကြေညာခဲ့သည်)

အရေးယူမှုများဖြေလျော့ပေးလိုက်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူများသည် သဘာဝသယံဇာတများထုတ်ယူရန်နှင့် မော်တော်ကားနှင့် ဆဲလ်ဖုန်း ကဲ့သို့သော ခေတ်မီပစ္စည်းများ မသုံးဖူးသေးသော လူဦးရေကြီးအား ပစ္စည်းရောင်းချရန်လည်း စိတ်အားထက်သန်နေကြသည်။

မနီလာအခြေစိုက် အာရှဖွံ့ဖြိုးရေးဘဏ်မှ ဒုဥက္ကဋ္ဌ Stephen Groff က မြန်မာနိုင်ငံမှ စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ဗီယက်နမ်၏ စီးပွားရေးဖြေလျော့ပေးမှုနှင့် နှိုင်းယှဉ်ခဲ့ပါသည်။ ဗီယက်နမ်သည် ၁၉၈၀ နှောင်းပိုင်းတွင် လုပ်ငန်းများလွတ်လပ်စွာလုပ်ခွင့်ပေးခဲ့ပါသည်။ နှစ်နိုင်ငံစလုံးတွင် ပြောင်းလဲမှုများကို ခေါင်းဆောင်ပိုင်းမှ စတင်လုပ်ဆောင်ပေးခြင်းကြောင့် အာရပ်နွေဦးကဲ့သို့ အုံကြွမှုများမတွေ့ရပဲ တဖြည်းဖြည်းချင်း ပြောင်းလဲသွား သည်ပာုဆိုပါသည်။

ရန်ကုန်မြို့မှလမ်းများသည် တည်ငြိမ်မှုရှိကြောင်း သက်သေပြနေပါသည်။ ရန်ကုန်မြို့တွင် ပြင်းထန်သော ရာဇဝတ်မှုများဖြစ်ခဲ့ပြီး သူခိုး ခိုးခြင်းလောက်သာရှိကြောင်း မြို့ခံများကပြောသည်။ ခရက်ဒစ်ကဒ်များမှာလည်း လွန်ခဲ့သော လအနည်းငယ်ကမှစတင်ခဲ့ရာ ဘဏ်များသည် ပုံမှန်လုပ်ဆောင်တာများ မရှိသေးပေ။ မြို့နေလူထုသည် ငွေထုပ်ကြီးများသယ်၍သွားနေရဆဲဖြစ်ပါသည်။ ရုံးဝန်ထမ်းများ ၎င်းတို့ကုမ္ပဏီ၏ငွေကြေးများကို ဆန်ထည့်သည့်အိတ်များဖြင့် ထည့်၍ သယ်ကြရပါသည်။

ဖိနှိပ်သောစစ်အစိုးရလက်အောက်တွင် လုပ်ကိုင်ခဲ့သော အစိုးရဝန်ထမ်းများသည်ပင် ယခုအစိုးရလက်ထက်တွင် ဆက်လက်လုပ်ကိုင်ကြရရာ ယခင်စနစ်ပောာင်းကို ချေဖျက်ပစ်ရန် ၎င်းတို့တွင် တာဝန်ရှိပါသည်။

“တရားဥပဒေ၊ စီမံခန့်ခွဲမှုနယ်ပယ်တွေမှာရယ် ငွေကြေးစနစ်တွေပာာ အလွန်အားနည်းပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုအဆင့် အင်မတန်နိမ့်ပါတယ်”ပာု Mr.Goff ကပြောပါသည်။

သမ္မတဦးသိန်းစိန်ရုံးမှ ဆင်းလာသောပြောင်းလဲမှုများသည် အစိုးရ၏အောက်အဆင့်တွင် ပိတ်မိနေကြောင်း အစိုးရ၏အကြံပေးများက ပြောသည်။

“နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အရမ်းမျှော်လင့်နေကြတယ်။ နဲနဲလျှော့ဖို့လိုမယ်ထင်ပါတယ်”ပာု သမ္မတရုံးနှင့်နီးစပ်သူ Myanmar Development Resource Institute မှဒါရိုက်တာ ဦးတင်မောင်သန်းက ပြောသည်။ “ပြည်သူတွေကလည်း မျှော်လင့်ချက် နည်းနည်းလျော့ဖို့လိုပါမယ်”ပာု ၎င်းကဆိုသည်။

 နေ့စားလုပ်သား ဦးစိမ်းမောင်အတွက်မူ မျှော်လင့်ချက်များ နည်းနည်းသာထားရန်မဖြစ်နိုင်ပေ။

၎င်းတွင် ရေခဲသေတ္တာ၊ ရုပ်မြင်သံကြား၊ လျှပ်စစ်နှင့် သုံးရသောပစ္စည်းများမရှိပါ။ မီးချောင်းတစ်ခုသာရှိပါသည်။ ၎င်း၏မိသားစုသည် သက်ကယ်တဲ၏ မသက်သာလှသောအခင်းပေါ်တွင် အိပ်ကြရပါသည်။

“ကျွန်တော့်သားလေးဆိုဘယ်တော့မှချမ်းသာဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော်တိုလိုလူတွေအတွက် ချမ်းသာဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စာလေးသင်လို့ရဖို့ မျှော်လင့်ပါတယ်”ပာု ၎င်းက လေးလသားလေးကိုချီ၍ ခံစားချက်မဲ့စွာဆိုပါသည်။

                   ---------------------------------------------------------------------------------------------------------------------

မြန်မာနိုင်ငံက အကျဉ်းသားများ ထပ်မံလွှတ်ပေး

(19 Nov 2012 ရက်စွဲပါ The Australian မှ AP ၏ Myanmar announces new Prisoner amnesty ကို ဘာသာပြန်ပါသည်)

မြန်မာနိုင်ငံသမ္မတသည် အမေရိကန်သမ္မတ Barack Obama ၏သမိုင်းဝင် ခရီးစဉ်မတိုင်မီ အကျဉ်းသားလွတ်ငြိမ်းချမ်းသာခွင့် အသစ်ကိုအမိန့်ထုန်ပြန်ခဲ့ပါသည်။

သမ္မတဦးသိန်းစိန်သည် အကျဉ်းသား (၆၆) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် လတ်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားက ကြေညာခဲ့ရာ နိုင်ငံရေးအကျဉ်းသားများပါဝင်ခြင်း ရှိ၊မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးပြောကြားရာတွင် ဦးသိန်းစိန်သည် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို သောကြာနေ့ကလက်မှတ် ရေးထိုးခဲ့သော်လည်း အကျဉ်းသားများကိုမူ တနလာင်္နေ့တွင် မှလွှတ်ပေးမည်ဖြစ်ကြောင်းဆိုပါသည်။

ယခု သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် ယခုအပတ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါသည်။

ကြာသာပတေးနေ့က ဦးသိန်းစိန်သည် အကျဉ်သား ၄၅၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကြေညာခဲ့ရာ နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်းမရှိသောကြောင့် နိုင်ငံရေးလှုပ်ရှားသူများက အစိုးရကို နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုမှုများရှိခဲ့ပါသည်။

မြန်မာအစိုးရသည် နိုင်ငံရေးအကျဉ်းသားများမရှိကြောင်းနှင့်အားလုံးသည် ရာဇဝတ်မှုကျူးလွန်သူများ သာဖြစ်ကြောင်း ကာလကြာရှည်ကပင် ဆိုခဲ့ပါသည်။ သို့သော် ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်သည့် အစိုးရသစ် သည်စစ်အစိုးရလက်ထက်က ဖမ်းဆီးထားသည့် အကျဉ်းသားရာပေါင်းများစွာကို လွှတ်ပေးခဲ့ပါသည်။

တနင်္ဂနွေနေ့ကထုတ်ပြန်သော သီးခြားသတင်းထုတ်ပြန်ချက်တွင် ကျန်ရှိသောနိုင်ငံရေး အကျဉ်းသားများ ကိစ္စကို သက်ဆိုင်ရာအဖွဲ့များအနေဖြင့် ၂၀၁၂ ဒီဇင်ဘာလကုန်မတိုင်မီ ပြည်ထဲရေးဝန်ကြီး ဌာနနှင့် ဆက်သွယ်လုပ်ဆောင်ပါက အစိုးရအနေဖြင့် ကိုင်တွယ်ပေးမည်ဖြစ်ကြောင်းဖော်ပြခဲ့ပါသည်။

ယခု သတင်းမှာ သမ္မတ Obama တနလာင်္နေ့တွင် လာရောက်မည့် ခရီးစဉ်မတိုင်မီ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

စစ်အစိုးရလက်ထက်က နိုင်ငံရေးအကျဉ်းသား (၂၀၀၀) ကျော်ရှိခဲ့ကြောင်း လူ့အခွင့်အရေး အုပ်စုများကပြောခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကယခုအခါ နိုင်ငံရေးအကျဉ်းသား (၃၃၀) ခန့်ရှိနေသေးကြောင်း ပြောပါသည်။

တနင်္ဂနွေနေ့က ထိုင်းနိုင်ငံတွင် Obama ကပြောကြားရာတွင် ၎င်း၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာအစိုးရအားထောက်ခံ အသိအမှတ်ပြုရန် အတွက်မဟုတ်ပဲ လက်ရှိလုပ်ဆောင်နေသော ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို သိရှိကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်းဆိုခဲ့ပါသည်။

ဝေဖန်သုံးသပ်သူများက Obama ၏ မြန်မာနိုင်ငံခရီးစဉ်သည် စောလွန်းသေးကြောင်းဝေဖန်မှုများကို တုန့်ပြန်သည့်အနေဖြင့် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

********************************************

 

                     


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၉.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ပြည်ပနိုင်ငံသွားရောက်သူများ နိုင်ငံတော်သို့အခွန်ပေးဆောင်ရတော့မည်မပာုတ်
  2. ဖားကန့်တွင်တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သတင်းများထွက်ပေါ်

နိုင်ငံရေးသတင်း

  1. ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ထပ်မံခွင့်ပြု
  2. စီဒေါစာချုပ်အရ လာမည့်ရွေးကောက်ပွဲများတွင် အမျိုးသမီးများပါဝင်ခွင့်ရရေးအတွက် အခြေခံဥပဒေပြင်ဆင်ရန်လိုအပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ပြည်ပနိုင်ငံသွားရောက်သူများ နိုင်ငံတော်သို့အခွန်ပေးဆောင်ရတော့မည်မပာုတ်

ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတော်သို့ အခွန်အဖြစ် FEC ၁၀၀ ပေးဆောင်နေရမှုများကို နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်၍ လုံးဝပယ်ဖျက်ပေးသွားတော့မည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှူးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်မှ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်သည့် နိုင်ငံသားများ အဆင်ပြေနိုင်စေရန် FEC ၁၀၀ အခွန်ပေးဆောင်ရမှုများကို ဖြေလျော့ပေးခဲ့သည့်အတွက် ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ ကျပ် ၈ သောင်းနီးပါးခန့်သက်သာသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံတော်သို့အခွန်ပေးဆောင်ရမှုများကို ပယ်ဖျက်ပေးခဲ့မှုကြောင့် နိုင်ငံခြားသို့ အလုပ်သွားရောက်လုပ်ကိုင်လိုသည့် ပြည်တွင်းနိုင်ငံသားများ ပိုမိုများပြားလာသည့်အတွက် မကြာမီကာလအတွင်း ပြည်တွင်းရှိပညာရှင်များဆုံးရှုံးရနိုင်ဖွယ်ရှိကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့်လည်း ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ ပို့ဆောင်ရာတွင် ဝန်ဆောင်ခကြေးအဖြစ် ကျပ်တစ်သိန်းဝန်းကျင်ခန့်သာ ရယူရမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------

ဖားကန့်တွင်တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သတင်းများထွက်ပေါ်

မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတအိုဘားမား ရောက်ရှိနေချိန်အတွင်း တပ်မတော်နှင့် KIA တို့အကြား နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကိုအားပေးသည့်အနေဖြင့် အမေရိကန်နိုင်ငံသမ္မတ အိုဘားမား လာရောက်ခြင်းအပေါ် တရုတ်တို့က ဖြင့် KIA သို့လက်တို့ခဲ့သည့်အတွက် ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ခန့်မှန်းကြသည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဆွမ်ပရာဘွမ်ကြားတွင် တပ်မတော်နှင့် KIA တပ်မပာာ(၁)တို့ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO တို့အကြား တစ်နှစ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

                                                 ********************************************************************************************

နိုင်ငံရေးသတင်း

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ထပ်မံခွင့်ပြု

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့်အညီ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အကျဉ်းသား ၆၆ ဦးကို ထပ်မံ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား(၄၅၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည့်အတွက် နိုဝင်ဘာလအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးခဲ့သည့် အကျဉ်းသား စုစုပေါင်းမှာ(၅၁၈)ဦးရှိလာကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ပြသသည့်အနေဖြင့် နိုင်ငံတော်သမ္မတက ယခုပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသား ၆၆ ဦးတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်လာကြောင်း သိရသည်။ ယင်းလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးအကျဉ်းသားပောာင်းများအဖွဲ့ချုပ်က ခရီးစရိတ်နှင့် ငွေကြေးများကူညီခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသို့နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံ၏ သမ္မတ အိုဘားမားခရီးစဉ်အပြီးတွင် နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွတ်မြောက်နိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

                            YC

--------------------------------------------------------------------------------------------------------------------------

စီဒေါစာချုပ်အရ လာမည့်ရွေးကောက်ပွဲများတွင် အမျိုးသမီးများပါဝင်ခွင့်ရရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရန်လိုအပ်

အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးဆိုင်ရာ(စီဒေါ)စာချုပ်အရ မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲများတွင် အမျိုးသမီးများပါဝင်ခွင့်ရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အထူးစီမံချက်ဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းရမည်ဖြစ်ကြောင်း UNDP မှ ဒေါ်စန္ဒာသန့်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသမီးဖိုရမ်တွင် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အမျိုးသား၊ အမျိုးသမီးအခွင့်အရေးများအား တန်းတူညီမျှစွာပေးထားသော်လည်း မြန်မာနိုင်ငံ၌ ကျင့်သုံးလျက်ရှိသည့်စနစ်များကြောင့် အမျိုးသမီးများ၏ အခွင့်အရေးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများတွင် အမျိုးသားများကိုသာ အိမ်တောင်ဦးစီးနေရာသို့ပေးထားသည့် အချက်မှာလည်း အမျိုးသမီးအခွင့်အရေးနည်းပါးမှု အကြောင်းတစ်ချက်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၏ ပုဒ်မ ၃၅၂ တွင်ပြဋ္ဌာန်းထားသည့် နိုင်ငံတော်မှ အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံဝန်ထမ်းရွေးချယ် တာဝန်ပေးရာတွင်ဖြစ်စေ၊ သတ်မှတ်ရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ၊ သတ်မှတ်သောအရည်အချင်းပြည့်စုံပါက မြန်မာနိုင်ငံ၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ အမျိုးသမီးကိုအကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရန်နှင့် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူး တာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အပာန့်အတားမဖြစ်စေရပာူသည့် အချက်သည် အမျိုးသမီးများ အခွင့်အလမ်းရရှိမှုကို နည်းပါးစေခဲ့ကြောင်း သိရသည်။

လက်ရှိ ပြည်ထောင်စုအဆင့်ရှိဝန်ကြီးဌာနများတွင် လူမူဖူလုံရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင်သာ အမျိုးသမီးဝန်ကြီးတစ်ဦး တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ပြီး ဒုတိယဝန်ကြီးနေရာများတွင်လည်း အမျိုးသမီးဒုဝန်ကြီးလေးဦးအထိသာ တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲများနှင့် ကဏ္ဍစုံတွင် အမျိုးသမီးထုများပါဝင်လာနိုင်ရေးအတွက် စည်းရုံးလှုံဆော်မှုများ၊ ပညာပေး အစီအစဉ်များနှင့် လွှတ်တော်တွင်းအဆိုတင်သွင်းမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

 *******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သူတို့ကိုယ်တိုင် နိုင်ငံရေး အကျဉ်သားမရှိပါဘူးလို့ပြောပြီး သူတို့ကိုယ်တိုင်ပဲ နိုင်ငံရေးအကျဉ်းသားဆိုပြီး ဖမ်းခဲ့သူတွေကို ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားနဲ့ သာမန်အကျဉ်းသားဆိုပြီး ခွဲထားတာ အားလုံးအသိပါပဲ။ အခုလွှတ်လိုက်တဲ့ သူတွေထဲမှာလည်း ခိုး၊ ဆိုး၊ လု၊ ယက် ရာဇဝတ်မှုကျူးလွန်ထားတဲ့ လူတွေလည်းပါပါတယ်။ ဒီလိုမျိုး လွှတ်ပေးလိုက်တာက တကယ်ရောအမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားလို့ လွှတ်ပေးတာလိုက်တာလားဆိုတာတော့ စဉ်းစားစရာပေါ့။ နိုင်ငံတော် အစိုးရဘက်ကလည်း ရိုးသားပွင့်လင်းပါ။ ကျွန်တော်တို့လည်း ဒီအစိုးရကို ကြိုးစားပြီး ယုံပြနေပါတယ်။ ဒါပေမယ့် အခုအချိန်ကစလို့ ဒီ့ထက်ပိုပြီးယုံစရာ အကြောင်းမရှိတော့ပါဘူး”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် True News Journal အတွဲ (၅)၊ အမှတ် (၇) တွင်ပါရှိသော “လွတ်ငြိမ်းချမ်းသားခွင့်ပြုလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှုမရှိ၍ အစိုးရအပေါ် ယုံကြည်မှုမရှိတော့ဟုဆို” သတင်းမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမင်းဇေယျ ၏ပြောကြာချက်အားကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------

“တကယ်တော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ သူ့မှာပါဝင်တဲ့ အချက်အလက် တော်တော်များများက ပြင်ဆင်ဖို့လိုတယ်။ ပြင်ကိုပြင်ရမယ်။ ဒီ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း ဖက်ဒရယ်မူကို ရေးဆွဲရင် ဒီဖက်ဒရယ်မူဟာ တိုင်းရင်းသားတွေအမှန်တကယ် လိုလားတဲ့ ဖက်ဒရယ်မူ မဖြစ်နိုင်ပါဘူး။ ဖက်ဒရယ်မူစစ်စစ်ကိုရေးဆွဲ ဖို့အတွက် လိုအပ်တဲ့အချက်တွေ ပြင်မှသာဖြစ်မယ်”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် True News Journal အတွဲ (၅)၊ အမှတ် (၇) တွင်ပါရှိသော “အခြေခံဥပဒေ ပြင်ဆင်မှုမပြုဘဲ ဖက်ဒရယ်မူ ရေးဆွဲမည့်အပေါ် သူတို့အမြင်  ” သတင်းမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဦးအေးသာအောင် ၏ပြောကြာချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------

“ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် မြန်မာနဲ့ အမေရိကန် ဒီလိုဆက်ဆံရေးကောင်းလာတာဟာ တရုတ်နိုင်ငံက စိုးရိမ်လာစရာ မရှိဘူး။ အမေရိကန်နဲ့မြန်မာမပြေလည်ခင်တုန်းက တရုတ်နိုင်ငံရဲ့ခေါင်းဆောင် အချို့က အမေရိကန်နဲ့ဆက်ဆံရေးကောင်းစေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်။ အစိုးရရဲ့မူဝါဒက ဘယ်နိုင်ငံ ကမှမဟုတ်လဲ လွတ်လပ်ပြီး တက်ကြွစွာနဲ့ပဲ လှုပ်ရှားဆောင်ရွက်မယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း ဒီနိုင်ငံကြီးနှစ်နိုင်ငံကို အဆင်ပြေအောင်ပေါင်းပြီး တိုင်းပြည်အကျိုးစီးပွား တိုးတက်အောင် လုပ်ဖို့လိုတယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် MessengerJournal အတွဲ (၃) အမှတ် (၂၆) တွင်ပါရှိသော “အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်ကြောင့် တရုတ်-မြန်မာဆက်ဆံရေး ဘယ်လိုရှိမလဲ” သတင်းမှ ဦးကိုကိုလှိုင် (နိုင်ငံတော်သမ္မတ အကြံပေး) ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

  ******************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive