Transparency Myanmar

transparency.myanmar@gmail.com

yangonchronicle2011
Document yangonchronicle2011

Snapshot of the item below:
yangonchronicle2011

၁၉.၁၁.၂၀၁၂

ပြည်တွင်းသတင်း

  1. ပြည်ပနိုင်ငံသွားရောက်သူများ နိုင်ငံတော်သို့အခွန်ပေးဆောင်ရတော့မည်မပာုတ်
  2. ဖားကန့်တွင်တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သတင်းများထွက်ပေါ်

နိုင်ငံရေးသတင်း

  1. ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ထပ်မံခွင့်ပြု
  2. စီဒေါစာချုပ်အရ လာမည့်ရွေးကောက်ပွဲများတွင် အမျိုးသမီးများပါဝင်ခွင့်ရရေးအတွက် အခြေခံဥပဒေပြင်ဆင်ရန်လိုအပ်

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

  ********************************************************************************************

ပြည်တွင်းသတင်း

ပြည်ပနိုင်ငံသွားရောက်သူများ နိုင်ငံတော်သို့အခွန်ပေးဆောင်ရတော့မည်မပာုတ်

ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်လျက်ရှိသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံတော်သို့ အခွန်အဖြစ် FEC ၁၀၀ ပေးဆောင်နေရမှုများကို နိုဝင်ဘာလ ၁၈ ရက်နေ့မှစတင်၍ လုံးဝပယ်ဖျက်ပေးသွားတော့မည် ဖြစ်ကြောင်း အလုပ်သမားညွှန်ကြားမှူးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

နိုင်ငံတော်မှ ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်သည့် နိုင်ငံသားများ အဆင်ပြေနိုင်စေရန် FEC ၁၀၀ အခွန်ပေးဆောင်ရမှုများကို ဖြေလျော့ပေးခဲ့သည့်အတွက် ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ ကျပ် ၈ သောင်းနီးပါးခန့်သက်သာသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ နိုင်ငံတော်သို့အခွန်ပေးဆောင်ရမှုများကို ပယ်ဖျက်ပေးခဲ့မှုကြောင့် နိုင်ငံခြားသို့ အလုပ်သွားရောက်လုပ်ကိုင်လိုသည့် ပြည်တွင်းနိုင်ငံသားများ ပိုမိုများပြားလာသည့်အတွက် မကြာမီကာလအတွင်း ပြည်တွင်းရှိပညာရှင်များဆုံးရှုံးရနိုင်ဖွယ်ရှိကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီများအနေဖြင့်လည်း ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများ ပို့ဆောင်ရာတွင် ဝန်ဆောင်ခကြေးအဖြစ် ကျပ်တစ်သိန်းဝန်းကျင်ခန့်သာ ရယူရမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

YC

--------------------------------------------------------------------------------------------------------------------------

ဖားကန့်တွင်တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သတင်းများထွက်ပေါ်

မြန်မာနိုင်ငံသို့ အမေရိကန်သမ္မတအိုဘားမား ရောက်ရှိနေချိန်အတွင်း တပ်မတော်နှင့် KIA တို့အကြား နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီတွင် တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုများကိုအားပေးသည့်အနေဖြင့် အမေရိကန်နိုင်ငံသမ္မတ အိုဘားမား လာရောက်ခြင်းအပေါ် တရုတ်တို့က ဖြင့် KIA သို့လက်တို့ခဲ့သည့်အတွက် ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားရခြင်းဖြစ်ကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက ခန့်မှန်းကြသည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဆွမ်ပရာဘွမ်ကြားတွင် တပ်မတော်နှင့် KIA တပ်မပာာ(၁)တို့ ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIO တို့အကြား တစ်နှစ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး နောက်ဆုံးအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှုကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် တရုတ်နိုင်ငံ ရွှေလီမြို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

YC

                                                 ********************************************************************************************

နိုင်ငံရေးသတင်း

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ထပ်မံခွင့်ပြု

နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မခွဲ(က)နှင့်အညီ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၄၀၁(၁)အရ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် အကျဉ်းသား ၆၆ ဦးကို ထပ်မံ လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား(၄၅၂)ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည့်အတွက် နိုဝင်ဘာလအတွင်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာ ခွင့်ပြုပေးခဲ့သည့် အကျဉ်းသား စုစုပေါင်းမှာ(၅၁၈)ဦးရှိလာကြောင်း သိရသည်။

အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ပြသသည့်အနေဖြင့် နိုင်ငံတော်သမ္မတက ယခုပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် အကျဉ်းသား ၆၆ ဦးတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်လာကြောင်း သိရသည်။ ယင်းလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများကို နိုင်ငံရေးအကျဉ်းသားပောာင်းများအဖွဲ့ချုပ်က ခရီးစရိတ်နှင့် ငွေကြေးများကူညီခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသို့နိုဝင်ဘာလ ၁၉ ရက်နေ့တွင်လာရောက်ခဲ့သည့် အမေရိကန်နိုင်ငံ၏ သမ္မတ အိုဘားမားခရီးစဉ်အပြီးတွင် နိုင်ငံရေးအကျဉ်းသားများ ထပ်မံလွတ်မြောက်နိုင်ဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက် ရှိသည်။

                            YC

--------------------------------------------------------------------------------------------------------------------------

စီဒေါစာချုပ်အရ လာမည့်ရွေးကောက်ပွဲများတွင် အမျိုးသမီးများပါဝင်ခွင့်ရရေးအတွက် အခြေခံဥပဒေ ပြင်ဆင်ရန်လိုအပ်

အမျိုးသမီးများအား ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးဆိုင်ရာ(စီဒေါ)စာချုပ်အရ မြန်မာနိုင်ငံ၏ လာမည့် ရွေးကောက်ပွဲများတွင် အမျိုးသမီးများပါဝင်ခွင့်ရရှိရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အထူးစီမံချက်ဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းရမည်ဖြစ်ကြောင်း UNDP မှ ဒေါ်စန္ဒာသန့်က နိုဝင်ဘာလ ၁၅ ရက်နေ့တွင် တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသမီးဖိုရမ်တွင် ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အမျိုးသား၊ အမျိုးသမီးအခွင့်အရေးများအား တန်းတူညီမျှစွာပေးထားသော်လည်း မြန်မာနိုင်ငံ၌ ကျင့်သုံးလျက်ရှိသည့်စနစ်များကြောင့် အမျိုးသမီးများ၏ အခွင့်အရေးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများတွင် အမျိုးသားများကိုသာ အိမ်တောင်ဦးစီးနေရာသို့ပေးထားသည့် အချက်မှာလည်း အမျိုးသမီးအခွင့်အရေးနည်းပါးမှု အကြောင်းတစ်ချက်ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ၏ ပုဒ်မ ၃၅၂ တွင်ပြဋ္ဌာန်းထားသည့် နိုင်ငံတော်မှ အလုပ်အကိုင်ခန့်ထားရာတွင်ဖြစ်စေ၊ နိုင်ငံဝန်ထမ်းရွေးချယ် တာဝန်ပေးရာတွင်ဖြစ်စေ၊ သတ်မှတ်ရွေးချယ်တာဝန်ပေးရာတွင်ဖြစ်စေ၊ သတ်မှတ်သောအရည်အချင်းပြည့်စုံပါက မြန်မာနိုင်ငံ၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ သာသနာ အမျိုးသမီးကိုအကြောင်းပြုလျက် ရာထူးရွေးချယ်ခန့်ထားခြင်းကို ခွဲခြားမှုမပြုရန်နှင့် အမျိုးသားများနှင့်သာ လျော်ကန်သင့်မြတ်သည့် ရာထူး တာဝန်များအတွက် အမျိုးသားများအား ရွေးချယ်ခန့်ထားခြင်းကို ဤပုဒ်မအရ အပာန့်အတားမဖြစ်စေရပာူသည့် အချက်သည် အမျိုးသမီးများ အခွင့်အလမ်းရရှိမှုကို နည်းပါးစေခဲ့ကြောင်း သိရသည်။

လက်ရှိ ပြည်ထောင်စုအဆင့်ရှိဝန်ကြီးဌာနများတွင် လူမူဖူလုံရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင်သာ အမျိုးသမီးဝန်ကြီးတစ်ဦး တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ပြီး ဒုတိယဝန်ကြီးနေရာများတွင်လည်း အမျိုးသမီးဒုဝန်ကြီးလေးဦးအထိသာ တာဝန်ထမ်းဆောင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲများနှင့် ကဏ္ဍစုံတွင် အမျိုးသမီးထုများပါဝင်လာနိုင်ရေးအတွက် စည်းရုံးလှုံဆော်မှုများ၊ ပညာပေး အစီအစဉ်များနှင့် လွှတ်တော်တွင်းအဆိုတင်သွင်းမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

 *******************************************************************************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“သူတို့ကိုယ်တိုင် နိုင်ငံရေး အကျဉ်သားမရှိပါဘူးလို့ပြောပြီး သူတို့ကိုယ်တိုင်ပဲ နိုင်ငံရေးအကျဉ်းသားဆိုပြီး ဖမ်းခဲ့သူတွေကို ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားနဲ့ သာမန်အကျဉ်းသားဆိုပြီး ခွဲထားတာ အားလုံးအသိပါပဲ။ အခုလွှတ်လိုက်တဲ့ သူတွေထဲမှာလည်း ခိုး၊ ဆိုး၊ လု၊ ယက် ရာဇဝတ်မှုကျူးလွန်ထားတဲ့ လူတွေလည်းပါပါတယ်။ ဒီလိုမျိုး လွှတ်ပေးလိုက်တာက တကယ်ရောအမျိုးသားပြန်လည်သင့်မြတ်ရေးကို လိုလားလို့ လွှတ်ပေးတာလိုက်တာလားဆိုတာတော့ စဉ်းစားစရာပေါ့။ နိုင်ငံတော် အစိုးရဘက်ကလည်း ရိုးသားပွင့်လင်းပါ။ ကျွန်တော်တို့လည်း ဒီအစိုးရကို ကြိုးစားပြီး ယုံပြနေပါတယ်။ ဒါပေမယ့် အခုအချိန်ကစလို့ ဒီ့ထက်ပိုပြီးယုံစရာ အကြောင်းမရှိတော့ပါဘူး”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် True News Journal အတွဲ (၅)၊ အမှတ် (၇) တွင်ပါရှိသော “လွတ်ငြိမ်းချမ်းသားခွင့်ပြုလိုက်သူများထဲတွင် နိုင်ငံရေးအကျဉ်းသားများပါဝင်မှုမရှိ၍ အစိုးရအပေါ် ယုံကြည်မှုမရှိတော့ဟုဆို” သတင်းမှ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးမင်းဇေယျ ၏ပြောကြာချက်အားကောက်နှုတ်ချက်

--------------------------------------------------------------------------------------------------------------------------

“တကယ်တော့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာဟာ သူ့မှာပါဝင်တဲ့ အချက်အလက် တော်တော်များများက ပြင်ဆင်ဖို့လိုတယ်။ ပြင်ကိုပြင်ရမယ်။ ဒီ ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်း ဖက်ဒရယ်မူကို ရေးဆွဲရင် ဒီဖက်ဒရယ်မူဟာ တိုင်းရင်းသားတွေအမှန်တကယ် လိုလားတဲ့ ဖက်ဒရယ်မူ မဖြစ်နိုင်ပါဘူး။ ဖက်ဒရယ်မူစစ်စစ်ကိုရေးဆွဲ ဖို့အတွက် လိုအပ်တဲ့အချက်တွေ ပြင်မှသာဖြစ်မယ်”

နိုဝင်ဘာလ ၂၀ ရက်နေ့ထုတ် True News Journal အတွဲ (၅)၊ အမှတ် (၇) တွင်ပါရှိသော “အခြေခံဥပဒေ ပြင်ဆင်မှုမပြုဘဲ ဖက်ဒရယ်မူ ရေးဆွဲမည့်အပေါ် သူတို့အမြင်  ” သတင်းမှ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဦးအေးသာအောင် ၏ပြောကြာချက်အားကောက်နှုတ်ချက်။

--------------------------------------------------------------------------------------------------------------------------

“ယေဘုယျအားဖြင့် ကြည့်မယ်ဆိုရင် မြန်မာနဲ့ အမေရိကန် ဒီလိုဆက်ဆံရေးကောင်းလာတာဟာ တရုတ်နိုင်ငံက စိုးရိမ်လာစရာ မရှိဘူး။ အမေရိကန်နဲ့မြန်မာမပြေလည်ခင်တုန်းက တရုတ်နိုင်ငံရဲ့ခေါင်းဆောင် အချို့က အမေရိကန်နဲ့ဆက်ဆံရေးကောင်းစေဖို့အတွက် လုပ်ဆောင်ပေးခဲ့တယ်။ အစိုးရရဲ့မူဝါဒက ဘယ်နိုင်ငံ ကမှမဟုတ်လဲ လွတ်လပ်ပြီး တက်ကြွစွာနဲ့ပဲ လှုပ်ရှားဆောင်ရွက်မယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့လည်း ဒီနိုင်ငံကြီးနှစ်နိုင်ငံကို အဆင်ပြေအောင်ပေါင်းပြီး တိုင်းပြည်အကျိုးစီးပွား တိုးတက်အောင် လုပ်ဖို့လိုတယ်”

နိုဝင်ဘာလ ၁၉ ရက်နေ့ထုတ် MessengerJournal အတွဲ (၃) အမှတ် (၂၆) တွင်ပါရှိသော “အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်ကြောင့် တရုတ်-မြန်မာဆက်ဆံရေး ဘယ်လိုရှိမလဲ” သတင်းမှ ဦးကိုကိုလှိုင် (နိုင်ငံတော်သမ္မတ အကြံပေး) ၏ပြောကြားချက်အား ကောက်နှုတ်ချက်။

  ******************************************************************************************

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment