Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ၂၀၁၅ မတိုင်မှီ အခြေခံဥပဒေပြင်ဆင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
  1. ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် တရုတ်နိုင်ငံသို့ မေလကုန်တွင် သဘာဝဓာတ်ငွေ့များ ပေးပို့တော့မည်
  2. လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာဥပဒေမူကြမ်းတစ်ခု လွှတ်တော်သို့တင်သွင်းမည်

၂၀၁၅ မတိုင်မှီ အခြေခံဥပဒေပြင်ဆင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လက်ရှိ လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ အင်အားကြီးပါတီ တစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီတို့နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၅ အမှီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် မေလ ၈ ရက်နေ့မှစတင်၍ ၃ ရက်ကြာမီကာဆာ ပာိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအား နိုင်ငံသားများယုံကြည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရန် အမြန်ဆုံးပြင်ဆင်မှသာ ပြည်သူများ၏ ယုံကြည်မှုကို ရရှိမည်ဖြစ်သည့်အပြင်ဥပဒေပြင်ဆင်ရန် လက်ရှိလွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၎င်းကဆက် လက် ပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဆစ်ဒနီနိုင်ငံမှ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးရှိ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပမှ သတင်းထောက်များတက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းအင်အားကြီး ပါတီတစ်ခု ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)တို့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု တက်ရောက်လျက်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရအေးမြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များဖွဲ့စည်းရေး တိုက်တွန်းကြောင်းအဆိုကို အရေး ကြီး အဆိုအဖြစ်တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ခံခဲ့သည့်အတွက် မေလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။

YC


ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် တရုတ်နိုင်ငံသို့ မေလကုန်တွင် သဘာဝဓာတ်ငွေ့များ ပေးပို့တော့မည်

မြန်မာနိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံသို့ပေးပို့မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် ယခုနှစ်မေလကုန်တွင် တရုတ် နိုင်ငံသို့ ဓာတ်ငွေ့များစတင်ပေးပို့တော့မည်ဖြစ်ကြောင်း အဆိုပါပိုက်လိုင်းစီမံကိန်း လုပ်ဆောင်လျက်ရှိသည့် SEAGP နှင့် SEAOP တို့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်သို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း တည်ဆောက်နေမှုများနှင့် ပတ်သက်၍ ပိုက် လိုင်း ဖြတ်သန်းရာဒေသတစ်လျှောက်တွင် ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမှုစီးပွားထိခိုက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါစီမံကိန်း ရပ်ဆိုင်းစေရေးအတွက် ကန့်ကွက်ဆန္ဒပြ မှုများ၊ နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်ထံသို့ စာပေးပို့တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတည်ဆောက် ပြီးစီးသွားပြီဖြစ်သည့် မြန်မာ-တရုတ် ဓာတ်ငွေ့ပိုင်လိုင်းမှာ ၇၉၃ ကီလိုမီတာရှည်လျားပြီး တစ်နှစ်လျှင် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပေးပို့သည့်အတွက် တစ်နှစ်လျှင် ပိုက်လိုင်းဖြတ်သန်းခအဖြစ် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၈၁ သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ဆက်သွယ်ဖောက်လုပ်မည့် ရွှေသဘာဝဓာတ်ငွေ့နှင့်ရေနံ ပိုက်လိုင်း တည်ဆောက်နေမှုများနှင့်ပတ်သက်၍ ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိဆီဒိုးနားပာိုတယ်၌ သတင်းစာ ရှင်း လင်းပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် မြေယာသိမ်းဆည်းသည့် ကိစ္စရပ်နှင့် ပတ် သက်၍ ကုမ္ပဏီမှမကွေးတိုင်းအတွင်းရှိ လျော်ကြေးပေးမှုအားလက်ခံသည့် ရွာတစ်ရွာမှလွဲ၍ ကျန်လယ်ယာမြေများအတွက် လျော်ကြေးငွေများ ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျောက်ဖြူဒေသတွင် လျှပ်စစ်မီးရရှိရေးအတွက် ဒေါ်လာ ၁၀ သန်းထောက်ပံ့ခဲ့ သည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ သန်း အကုန်အကျခံ ထားကြောင်း ပြောဆိုရှင်းလင်းသွားခဲ့သည်။

လက်ရှိ ပြည်ပနိုင်ငံသို့ဓာတ်ငွေ့ရောင်းချလျက်ရှိသည့် ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို Daewoo မှ ၈၅ ရာခိုင်နှုန်း၊ OVL မှ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ GAIL မှ ၈ ဒဿမ ၅ ရာခိုင်နှုန်း၊ KOGAS မှ ၈ ဒဿမ ၅ ရာခိုင်နှုန်း အသီး သီး ပိုင်ဆိုင်ကြောင်း သိရသည်။

YC


လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာဥပဒေမူကြမ်းတစ်ခု လွှတ်တော်သို့တင်သွင်းမည်

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကာကွယ်နိုင်ရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်းတစ်ခု ရေးဆွဲ၍ လာမည့်လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ် ကြောင်း သိရသည်။

ယခု လွှတ်တော်သို့တင်သွင်းမည့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းသည် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသား လူ့အခွင့် အရေးအဖွဲ့ကို ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် Paris Principles စံနှုန်းများနှင့်ကိုက်ညီရန် လိုအပ်သကဲ့သို့ ရေးဆွဲပြီးပါက လူထုသို့ ချပြရန်လည်း လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ထို့ပြင် အဆိုပါဥပဒေကြမ်း ရေးဆွဲရာတွင် လူမှုလူ့အဖွဲ့အစည်းများရှိ လူတန်းစားအသီးသီး၏ အမြင်ကိုသိရှိရန် လိုအပ်သကဲ့သို့ ပွင့်လင်းမြင်သာမှုရှိစေရန် မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာစကားများဖြင့် ရေးသားဖော်ပြသင့်သည့် အပြင် လူထုဆန္ဒသိရှိနိုင်စေရန် လွှတ်တော်အနေဖြင့်လည်း အထူးကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ရေးဆွဲလျက်ရှိသည့် ဥပဒေမူကြမ်းသည် အာရှပစိဖိတ် ဒေသတွင်းရှိပညာရှင်များနှင့် အနောက်နိုင်ငံများရှိလူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီးမှ ပညာရှင်များ၏အကြံဉာဏ်များဖြင့် ရယူ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၌ သမ္မတအမိန့်ဖြင့်အငြိမ်းစားသံအမတ် ကြီးများ၊ အငြိမ်းစားပါမောက္ခများနှင့် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်တို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

WEEK IN ECONOMIC
Document WEEK IN ECONOMIC

Snapshot of the item below:
WEEK IN ECONOMIC

တပတ်အတွင်းစီးပွားရေးသတင်း

တစ်ပတ်အတွင်း စီးပွားရေးသတင်းများကို စာဖတ်သူများသိစေရန်အလို့ဌာ Yangon Chronicle မှ စုစည်းတင်ပြလိုက် ပါသည်။

သတင်းအဖွဲ့

(၁) ကုန်သွယ်ရေးမူဝါဒသစ်

မြန်မာနိုင်ငံ၏ ကုန်သွယ်စီးပွားရေးစီးဆင်းမှုတွင် အဓိကကျသည့် ပို့ကုန်ကဏ္ဍတိုးတက်ရေးအတွက် ကုန်သွယ်ရေး မူဝါဒကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း ( World Trade Organization) ၏အကူအညီဖြင့် ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ်ရေးဆွဲသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏လက်ရှိကျင့်သုံးနေသော ကုန်သွယ်ရေးမူဝါဒသည် ပြုပြင်ပြောင်းလဲလာသော စီးပွားရေးစနစ်သစ် များနှင့် အံမဝင်သဖြင့် အသစ်ရေးဆွဲရန် လိုအပ်လျက်ရှိကြောင်း ပြည်ပပို့ကုန်လုပ်ငန်းရှင်များက ပြောကြား ထားခဲ့သည်။ ယခုလက်ရှိ ကုန်သွယ်ရေးမူဝါဒသည် ဆိုရှယ်လစ်ခေတ်ကတည်းက ရေးဆွဲထားခြင်းဖြစ်သော ကြောင့် ဆိုရှယ်လစ်စနစ်ကို အားပေးသော မူဝါဒဖြစ်ကာ ခေတ်နှင့်လိုက်လျောညီထွေမှုမရှိသဖြင့် အသစ်ပြန်လည်ရေးဆွဲခြင်းရခြင်းဖြစ်ပြီး ကုန်သွယ်ရေး မူဝါဒသစ်တွင် ပို့ကုန်မြှင့်တင်မှုကို အားပေးသော Export Leading မူဝါဒများ ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်သည်။

မြန်မာ့ဈေးကွက်စီးပွားရေးစနစ်အတွက် ကုန်သွယ်ရေးမူဝါဒအသစ်များ ရေးဆွဲအကောင်အထည်ဖော်ရာတွင် စည်းမျဉ်းဥပဒေအချို့အား လျှော့ချပေးရန်၊ အစိုးရမှ ထိန်းချုပ်ထားခြင်းကို လျှော့ချပေးရန် စသည့်အချက်များကို ထည့်သွင်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

(၂) ရင်းနှီးမြှုပ်နှံမှု

MIC ၏ ဥက္ကဋ္ဌနေရာအပြောင်းအလဲ

Photo Credit by httphlaoo1980.blogspot.com

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်( MIC ) ကို နိုင်ငံတော်သမ္မတရုံးအမိန့်ကြေညာစာအမှတ် ၄၂/၂၀၁၃ ဖြင့် ယခုလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ယခင်ကော်မရှင်ဥက္ကဋ္ဌနေရာတွင် တာဝန်ယူထားသော သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၏ နေရာတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြောင်းလဲတာဝန်ယူ ထားပြီး အတွင်းရေးမှူး အဖြစ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က တာဝန်ယူထားခဲ့သည်။

MIC ကိုပြောင်းလဲဖွဲ့စည်းခဲ့သော်လည်း လုပ်ဆောင်ပေးနေသည့် အပိုင်းများတွင်မူ ယခင်မူဝါဒများအတိုင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - တိုင်ဝမ်

တိုင်ဝမ် အခြေစိုက်ကုမ္ပဏီ ၃၁ ခုပါဝင်သော Taiwan Trade Center မှ စီးပွားရေးလုပ်ငန်းရှင် ၄၅ ဦးနှင့် စီးပွားရေး ဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၁၀ ရက်နေ့တွင် ဆီဒိုးနားဟိုတယ်တွင် ကျင်းပသွားမည်ဖြစ် ကြောင်း သိရှိရသည်။ အဆိုပါ စီးပွားရေး ဆွေးနွေးပွဲတွင် မော်တော်ယာဉ်၊ ဆိုင်ကယ်နှင့် အပိုပစ္စည်းလုပ်ငန်း၊ အထည်ချုပ်နှင့် ဆေးဆိုးပါးရိုက်လုပ်ငန်း၊ ဗီနိုင်းနှင့်ပုံနှိပ်ခြင်းလုပ်ငန်း၊ ပညာရေးလုပ်ငန်း၊ ဖုန်းနှင့် ကွန်ပြူတာ ပစ္စည်းလုပ်ငန်း စသည့်လုပ်ငန်းများအပါအဝင် လုပ်ငန်း ပေါင်း ၁၆ မျိုးအား မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသွား မည်ဖြစ်ကြောင်း သိရှိရ သည်။

မြန်မာ - အိန္ဒိယ

အိန္ဒိယနိုင်ငံ ကုန်သည်ကြီးများအသင်း ICC သည် မြန်မာနိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှုအသင်းချုပ် UMFCCI နှင့် ချိတ်ဆက်ကာ မုံရွာမြို့ မြို့တော်ခန်းမတွင် မြန်မာ - အိန္ဒိယနှစ်နိုင်ငံ ဒေသဆိုင်ရာရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲ ကို မေလ ၂၇ ရက်မှ မေလ ၃၁ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။ အဆိုပါဆွေးနွေးပွဲသို့ အိန္ဒိယပြည်နယ် ဝန်ကြီးချုပ်များ နှင့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင် ၈၀ ကျော်တက်ရောက်မည် ဖြစ်ပြီး နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး သွားမည်ဖြစ်သည့်အပြင် နှစ်နိုင်ငံထုတ်ကုန် ပစ္စည်းများကိုလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာ - ထိုင်း

ထိုင်းနိုင်ငံမှ စက်မှုကုန်ထုတ်လုပ်ငန်းရှင်ကုမ္ပဏီ ၁၆ ခုနှင့် မြန်မာနိုင်ငံတိုင်းရင်းသားစီးပွားရေး လုပ်ငန်းရှင်များ တိုက်ရိုက်တွေ့ဆုံဆွေးနွေးမည့် စီးပွားရေးပြောဆိုဆွေးနွေးပွဲ ( Business Matching ) ကို မေလ ၁၇ ရက်နေ့ တွင် ပြုလုပ် သွားမည်ဖြစ်သည်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရန်အတွက် Global Business Link Co.,Ltd နှင့် ထိုင်းနိုင်ငံမှ Department of Industrial Promotion (DIP) တို့ပူးပေါင်းစီစဉ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် လျှပ်စစ်ပစ္စည်းများ၊ အီလက်ထရွန်နစ်ပစ္စည်းများ၊ ကားအလှဆင်ပစ္စည်းနှင့် ကားဘီးများ၊ CCTV နှင့်အသံစနစ်၊ စက်ရုံလုပ်ငန်းပစ္စည်းအမျိုးမျိုးအပါအဝင် ကုန်ပစ္စည်း (၁၆) မျိုးခန့်ကို အကျိုးပူးပေါင်း၍ ရင်းနှီးမြုပ်နှံရန်အတွက် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၃) ဘဏ္ဍာရေးကဏ္ဍ

ကမ္ဘာ့ဘဏ်၏ ဖွံ့ဖြိုးရေးချေးငွေသစ်

Photo Credit by www.gbld.org

ကမ္ဘာ့ဘဏ်မှ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး၊ ပညာရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍများ ဖွံ့ဖြိုးရေးအတွက် လာမည့် နှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် နှစ်ရှည်ထုတ်ချေးရန်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏ ပြောကြား ချက်အရ သိရှိရသည်။ အဆိုပါချေးငွေများကို ပညာရေးနှင့် လျှပ်စစ်စွမ်းအင် ကဲ့သို့သော မြန်မာနိုင်ငံ၏ အားနည်း သည့် ကဏ္ဍများတွင်သုံးစွဲသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အပံ့ငွေ ဒေါ်လာသန်း ၈၀ ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၄ ခုနှစ်တွင် မြန်မာ့ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေး၊ လျှပ်စစ်ဓါတ် အားစီမံကိန်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲ့မှုတိုးတက်ရေး စီမံကိန်းများအတွက် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းသိရှိရ သည်။

စံချိန်တင်အခွန်ဝင်ငွေ

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းအခွန်များဦးစီးဌာနမှ ကောက်ခံရရှိထားသော အခွန်ဝင်ငွေသည် အခွန်ကောက်ခံရရှိမှု သက်တမ်းတစ်လျှောက်တွင် အမြှင့်ဆုံးရရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန မှ ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ပြောကြားခဲ့သည်။ ထို့သို့ တိုးပွားလာရခြင်းမှာ အခွန်နှုန်းထားများကို ပွင့်လင်း မြင်သာ မှုရှိရန် ပြုလုပ်နေခြင်း၊ အခွန်ပညာပေးဟောပြောပွဲများ ပြုလုပ်ခြင်းနှင့် ကွင်းဆင်းလေ့လာရေး လုပ်ငန်းများ ဆောင်ရွက်နေ ခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရသည်။

၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် အခွန်ငွေကျပ် ၁,၅၅၀ ဘီလီယံရရှိရန် လျာထားခဲ့သော်လည်း အခွန်ငွေ ကျပ်ဘီလီယံ ၂,၇၀၀ ကျော်အထိရရှိခဲ့သောကြောင့် လျာထားချက်ထက် ၁,၁၅၀ ဘီလီယံကျော် ပိုမိုရရှိခဲ့ခြင်း ဖြစ်သည်။

(၄) ကုန်သွယ်မှုဆိုင်ရာ

မူဝါဒသစ်နှင့် နည်းပညာလိုအပ်ချက်

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် ဖွံ့ဖြိုးမှုအားကောင်းသည့် ပြည်ပနိုင်ငံများမှ နည်းပညာ အကူအညီများ ရယူရန်လိုအပ်လျက်ရှိကြောင်း စီးပွား/ကူသန်းပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားခဲ့သည်။ လက်ရှိ တွင်မြန်မာ နိုင်ငံ၏ ကုန်သွယ်မှုမြှင့်တင်ရန် ပထမခြေလှမ်းအဖြစ် ကုန်သွယ်ရေးမူဝါဒကို ၂၀၁၃ ခုနှစ်အပြီး ပြင်ဆင်ရေးဆွဲ လျက်ရှိ သည်။

ပို့ကုန်ဆိုင်ရာမဟာဗျူဟာ

ထို့အပြင် ပို့ကုန်ဆိုင်ရာ မဟာဗျူဟာရေးဆွဲရန်အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကောင်စီ ( ITC ) နှင့် စီးပွားကူးသန်းဝန်ကြီးဌာနတို့ ပူးပေါင်းကာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် မေလ ၂ ရက်နေ့မှ စတင်ကာ သုံးရက် ကြာ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏမှာ ၂၀၁၂ - ၂၀၁၃ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ( ၁၈ ဒသမ ၅ ) ဘီလီယံ အထိ မြင့်တက်လာသော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံ၏ နှစ်လတာကုန်သွယ်မှု ပမာဏမှာ ကန်ဒေါ်လာ ၁၉ ဘီလီယံ ကျော်ရှိ ကြောင်း သိရှိရသည်။


 

 

 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive