Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1. ၂၀၁၅ မတိုင်မှီ အခြေခံဥပဒေပြင်ဆင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
  1. ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် တရုတ်နိုင်ငံသို့ မေလကုန်တွင် သဘာဝဓာတ်ငွေ့များ ပေးပို့တော့မည်
  2. လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာဥပဒေမူကြမ်းတစ်ခု လွှတ်တော်သို့တင်သွင်းမည်

၂၀၁၅ မတိုင်မှီ အခြေခံဥပဒေပြင်ဆင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လက်ရှိ လွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ အင်အားကြီးပါတီ တစ်ခုဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီတို့နှင့် ပူးပေါင်း၍ လာမည့် ၂၀၁၅ အမှီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြင်ဆင်နိုင်ရေးဆောင်ရွက် သွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် မေလ ၈ ရက်နေ့မှစတင်၍ ၃ ရက်ကြာမီကာဆာ ပာိုတယ်တွင် ပြုလုပ်ကျင်းပခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအလုပ်ရုံ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။

လက်ရှိ ပြဋ္ဌာန်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေအား နိုင်ငံသားများယုံကြည်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ရန် အမြန်ဆုံးပြင်ဆင်မှသာ ပြည်သူများ၏ ယုံကြည်မှုကို ရရှိမည်ဖြစ်သည့်အပြင်ဥပဒေပြင်ဆင်ရန် လက်ရှိလွှတ်တော်တွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ၎င်းကဆက် လက် ပြောကြားခဲ့သည်။

အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ဆစ်ဒနီနိုင်ငံမှ ပညာရှင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီအသီးသီးရှိ ကိုယ်စားလှယ်များနှင့် ပြည်တွင်း၊ ပြည်ပမှ သတင်းထောက်များတက်ရောက်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းအင်အားကြီး ပါတီတစ်ခု ဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီနှင့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ(NDF)တို့မှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု တက်ရောက်လျက်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရအေးမြင့်က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၊ ကော်မရှင်များဖွဲ့စည်းရေး တိုက်တွန်းကြောင်းအဆိုကို အရေး ကြီး အဆိုအဖြစ်တင်သွင်းခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များမှ ထောက်ခံခဲ့သည့်အတွက် မေလ ၂၂ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့သည်။

YC


ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် တရုတ်နိုင်ငံသို့ မေလကုန်တွင် သဘာဝဓာတ်ငွေ့များ ပေးပို့တော့မည်

မြန်မာနိုင်ငံမှထွက်ရှိသည့် သဘာဝဓာတ်ငွေ့များအား တရုတ်နိုင်ငံသို့ပေးပို့မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းမှ ပိုက်လိုင်းဖြတ်သန်းရာ ဒေသတစ်လျှောက်ရှိ ဒေသခံပြည်သူတို့၏ ကန့်ကွက်မှုများကြားမှပင် ယခုနှစ်မေလကုန်တွင် တရုတ် နိုင်ငံသို့ ဓာတ်ငွေ့များစတင်ပေးပို့တော့မည်ဖြစ်ကြောင်း အဆိုပါပိုက်လိုင်းစီမံကိန်း လုပ်ဆောင်လျက်ရှိသည့် SEAGP နှင့် SEAOP တို့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တရုတ်သို့ သဘာဝဓာတ်ငွေ့ ပို့လွှတ်မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်း တည်ဆောက်နေမှုများနှင့် ပတ်သက်၍ ပိုက် လိုင်း ဖြတ်သန်းရာဒေသတစ်လျှောက်တွင် ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ လူမှုစီးပွားထိခိုက်မှုများနှင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် အဆိုပါစီမံကိန်း ရပ်ဆိုင်းစေရေးအတွက် ကန့်ကွက်ဆန္ဒပြ မှုများ၊ နိုင်ငံတော်အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်ထံသို့ စာပေးပို့တောင်းဆိုခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

လက်ရှိတည်ဆောက် ပြီးစီးသွားပြီဖြစ်သည့် မြန်မာ-တရုတ် ဓာတ်ငွေ့ပိုင်လိုင်းမှာ ၇၉၃ ကီလိုမီတာရှည်လျားပြီး တစ်နှစ်လျှင် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ ပေးပို့သည့်အတွက် တစ်နှစ်လျှင် ပိုက်လိုင်းဖြတ်သန်းခအဖြစ် မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၈၁ သန်းရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်မှ တရုတ်နိုင်ငံယူနန်ပြည်နယ်သို့ ဆက်သွယ်ဖောက်လုပ်မည့် ရွှေသဘာဝဓာတ်ငွေ့နှင့်ရေနံ ပိုက်လိုင်း တည်ဆောက်နေမှုများနှင့်ပတ်သက်၍ ဧပြီလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့ရှိဆီဒိုးနားပာိုတယ်၌ သတင်းစာ ရှင်း လင်းပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။ ယင်းသတင်းစာရှင်းလင်းပွဲတွင် မြေယာသိမ်းဆည်းသည့် ကိစ္စရပ်နှင့် ပတ် သက်၍ ကုမ္ပဏီမှမကွေးတိုင်းအတွင်းရှိ လျော်ကြေးပေးမှုအားလက်ခံသည့် ရွာတစ်ရွာမှလွဲ၍ ကျန်လယ်ယာမြေများအတွက် လျော်ကြေးငွေများ ပေးအပ်ပြီးဖြစ်ကြောင်း၊ ကျောက်ဖြူဒေသတွင် လျှပ်စစ်မီးရရှိရေးအတွက် ဒေါ်လာ ၁၀ သန်းထောက်ပံ့ခဲ့ သည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းများအတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ သန်း အကုန်အကျခံ ထားကြောင်း ပြောဆိုရှင်းလင်းသွားခဲ့သည်။

လက်ရှိ ပြည်ပနိုင်ငံသို့ဓာတ်ငွေ့ရောင်းချလျက်ရှိသည့် ရတနာနှင့် ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှ ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ အမေရိကန်ဒေါ်လာ ၁၉ ဘီလျံကျော် ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသို့ ပို့လွှတ်မည့် ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကို Daewoo မှ ၈၅ ရာခိုင်နှုန်း၊ OVL မှ ၁၇ ရာခိုင်နှုန်း၊ မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ၁၅ ရာခိုင်နှုန်း၊ GAIL မှ ၈ ဒဿမ ၅ ရာခိုင်နှုန်း၊ KOGAS မှ ၈ ဒဿမ ၅ ရာခိုင်နှုန်း အသီး သီး ပိုင်ဆိုင်ကြောင်း သိရသည်။

YC


လူ့အခွင့်အရေးကော်မရှင်ဆိုင်ရာဥပဒေမူကြမ်းတစ်ခု လွှတ်တော်သို့တင်သွင်းမည်

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကာကွယ်နိုင်ရန် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ လူ့အခွင့်အရေး ကော်မရှင်ဆိုင်ရာ ဥပဒေမူကြမ်းတစ်ခု ရေးဆွဲ၍ လာမည့်လွှတ်တော်သို့ တင်သွင်းသွားမည်ဖြစ် ကြောင်း သိရသည်။

ယခု လွှတ်တော်သို့တင်သွင်းမည့် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေမူကြမ်းသည် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသား လူ့အခွင့် အရေးအဖွဲ့ကို ကုလသမဂ္ဂမှ သတ်မှတ်ထားသည့် Paris Principles စံနှုန်းများနှင့်ကိုက်ညီရန် လိုအပ်သကဲ့သို့ ရေးဆွဲပြီးပါက လူထုသို့ ချပြရန်လည်း လိုအပ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

ထို့ပြင် အဆိုပါဥပဒေကြမ်း ရေးဆွဲရာတွင် လူမှုလူ့အဖွဲ့အစည်းများရှိ လူတန်းစားအသီးသီး၏ အမြင်ကိုသိရှိရန် လိုအပ်သကဲ့သို့ ပွင့်လင်းမြင်သာမှုရှိစေရန် မြန်မာဘာသာ၊ တိုင်းရင်းသားဘာသာစကားများဖြင့် ရေးသားဖော်ပြသင့်သည့် အပြင် လူထုဆန္ဒသိရှိနိုင်စေရန် လွှတ်တော်အနေဖြင့်လည်း အထူးကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ရေးဆွဲလျက်ရှိသည့် ဥပဒေမူကြမ်းသည် အာရှပစိဖိတ် ဒေသတွင်းရှိပညာရှင်များနှင့် အနောက်နိုင်ငံများရှိလူ့အခွင့်အရေးအဖွဲ့အစည်းအသီးသီးမှ ပညာရှင်များ၏အကြံဉာဏ်များဖြင့် ရယူ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောကြားခဲ့ သည်။

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၌ သမ္မတအမိန့်ဖြင့်အငြိမ်းစားသံအမတ် ကြီးများ၊ အငြိမ်းစားပါမောက္ခများနှင့် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်တို့ဖြင့် ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

YC



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment