Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းဆောင်းပါးမှ ကောက်နှုတ်ချက်များ

“ကျွန်မတို့နိုင်ငံမှာတစ်ကယ်ပဲ ငြိမ်းချမ်းရေးရနိုင်မယ့် အခြေအနေရှိသားပေါ့နော်။ ငြိမ်းချမ်းရေးရဖို့ဆိုတာဟာ တစ်ခါ အပစ်အခတ်ရပ်စဲရေး သဘောတူရုံနဲ့ မမြင်ပါဘူး။ ဒီ ငြိမ်းချမ်းရေးကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားဖို့လိုပါတယ်။အဲဒီလို ထိန်းသိမ်းထားနိုင်မယ့် ခြေလှမ်းတွေကျွန်မတို့အများကြီး လှမ်းဖို့လိုပါသေး တယ်။ အဲဒါတွေ မလှမ်းရသေးလို့ ဒီလိုစစ်ပွဲတွေက ပြန်ဖြစ်နေတာပေါ့။ အဲဒီမှာဆိုရင်လည်း ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးကလည်း ပါတယ်လို့ ယုံကြည်ပါတယ်။”

မေလ ၁၃ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၇) တွင်ပါရှိသော “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ခြင်းအားဖြင့် တရားဥပဒေစိုးမိုးရေး ပိုမိုရှင်သန်လာမည် အားလုံးအတွက် အကျိုးရှိမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား” သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကို ကြည့်မယ်ဆိုရင် ပါတီကြီးတစ်ခုကပဲ အမြဲတမ်း အနိုင်ရတယ်။ ဒါ့ကြောင့် အချိုးကျတဲ့ကိုယ်စားပြုစနစ် PR စနစ်ကို ကျင့်သုံးမယ်ဆိုရင်စစ်မှန်တဲ့ ပါတီစုံစနစ် ထွန်းကားပြီးတော့ ရွေးကောက်ခံအာဏာရှင် စနစ်ကို တားဆီးနိုင်မယ်။ ဒီ စနစ်ကို ဆောင်ရွက်သွားဖို့အတွက် အားလုံးကို တိုက်တွန်းချင်ပါတယ်။”

မေလ ၁၃ ရက်နေ့ထုတ် The Street View Journal အတွဲ (၂) အမှတ် (၁၇) တွင်ပါရှိသော “အချိုးကျနှင့် နိုင်သူအကုန်ယူ မည်သည့်မဲပေးစနစ်က မြန်မာ့ဒီမိုကရေစီအရေးကိုချောမွေ့စေနိုင်မယ်” သတင်းမှ NDF ပါတီခေါင်းဆောင် ဒေါက်တာသန်းငြိမ်း၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“ကျွန်တော်တို့က လွတ်မြောက်ရေးတစ်ခုတည်း သက်သက်လုပ်ဆောင်နေတာမဟုတ်ဘူး။ ဘယ်လိုပုဒ်မ ဘယ်လို ဥပဒေတွေနဲ့ အရေးယူခံရရင်နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်သလဲဆိုတဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ပီပီပြင်ပြင်ဖွင့်ဆိုနိုင်အောင် ထောင်ကျသွားရင်လည်း ထောင်ထဲမှာ အဆင့်အတန်းတစ်ခုအနေနဲ့ နေနိုင်အောင် အစရှိတဲ့ ကိစ္စရပ်တွေကိုပါ လုပ်ဆောင်နေပါတယ်။”

မေလ ၁၁ ရက်နေ့ထုတ် 7 Days နေ့စဉ်ထုတ် သတင်းစာတွင်ပါရှိသော “နိုင်/ကျဉ်း စိစစ်ရေးကော်မတီတွင် ပါဝင်ခဲ့ခြင်းအကြောင်း ကိုကိုကြီးရှင်း” သတင်းမှ ဦးကိုကိုကြီး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ကျွန်တော်တို့နိုင်ငံလို လက်နက်ကိုင် အင်အားတွေ အများကြီးနဲ့ တပြိုင်ထဲ လုပ်လို့ရတဲ့ နိုင်ငံမျိုးရှိ တယ်လို့ကျွန်တော် မကြားမိဘူး။ ငြိမ်းချမ်းရေးဖြစ်စဉ်တော့ ရှေ့တိုးနောက်ဆုတ်တော့ ရှိကောင်းလဲရှိမယ်။ ဒါပေမဲ့သေချာတာကတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကတော့ ဆက်သွားနေမယ်။ ဒီလိုဘဲ တိုးတက်မှုနဲ့ ဆုတ်ယုတ်မှုကလဲ ရှိကောင်းရှိနိုင်မယ်။ ဒါပေမဲ့ခြုံလိုက်ရင် တိုးတက်မှုရှိရင် ဆက်သွားဖို့ပါဘဲ။ ဆွေးနွေးပွဲတွေ ဆက်လုပ်နေရမယ်။ အချိန်ယူအများကြီး ဆက်လုပ်နေရမယ်။”

ဗီအိုအေ သတင်းဌာနတွင်ပါရှိသော “ရှမ်းပြည်တိုက်ပွဲကြောင့် ရွာသားတွေ တရုတ်နယ်စပ်ထွက်ပြေး” သတင်းမှ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေ၏ ပြောကြားချက်အား ကောက်နှုတ်ချက်။


“မြန်မာနိုင်ငံနဲ့ အမေရိကန်နိုင်ငံ နှစ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးတွေ သိသိသာသာ အားကောင်းလာမှုအပေါ် အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုမြင်ပါသလဲ ။ မြန်မာနိုင်ငံကို တရုတ်လက်ထဲက အမေရိကန်လုယူသွားမှာကို တရုတ်အစိုးရက အရမ်းစိုးရိမ်နေတယ်လို့ ပညာရှင်အချို့က ဝေဖန်ထားပါတယ်။ ဒီအပေါ်ကိုဘယ်လိုမြင်ပါသလဲ။

အိမ်နီးချင်းမြန်မာနိုင်ငံက ဒေသတွင်းနိုင်ငံတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းတွေနဲ့ မိတ်သစ်ဖွဲ့လာတာ အရေးပါ အရာရောက်တဲ့နေရာမှာရပ်တည်နေနိုင်လာတာကို မြင်ရတဲ့အတွက် ကျွန်တော်တို့အတိုင်းမသိဝမ်းသာလွန်း ပါတယ်။ ဒီနေ့က ကမ္ဘာကြီးက ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးအရ ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်ရမယ် ဆိုတဲ့ ဦးတည်ချက်ရှိရာကို ရွေ့နေတာ ဖြစ်တယ်။ အဲဒါကြောင့် Zero Sum Games (သူနိုင် ငါရှုံး၊ ငါနိုင် သူရှုံး သီအိုရီ) ဆိုတဲ့ အကြောင်းအရာတွေက အခုချိန်မှာ အကျုံးမဝင်တော့ပါဘူး။ တရုတ်နိုင်င့ကလည်း မြန်မာနိုင်ငံ အပြည့်အဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆို မည်သည့်နိုင်ငံနှင့်မဆို လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်ထား ပါတယ်။”

မေလ ၁၃ ရက်နေ့ထုတ် The Voice Journal အတွဲ (၉) အမှတ် (၁၈) တွင်ပါရှိသော “အောင်မြင်တဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးခြင်းအားဖြင့် ဖြေရှင်းသွားမှာပါ” အင်တာဗျူးမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ နိုင်ငံရေးဌာနအကြီးအကဲ Mr.Gao Mingbo ၏ပြောကြားချက်အား ကောက်နှုတ်ချက်။


 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment