Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၆.၇.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. အမြင်မတူကြသူများ

*****************************************

ဆောင်းပါးကဏ္ဍ

အမြင်မတူကြသူများ

အောင်မြင်သူ

(နေပြည်တော်တိုင်း(မ်)ဂျာနယ် အတွဲ(၁) အမှတ်(၃၂) မှ ထုတ်ယူဖော်ပြသည်။)

စာရေးဆရာကြီး အဂ္ဂစနိုးရေးသားသော “The other side of the river” စာအုပ်ကို အမေလူထုဒေါ်အမာက ဘဝခြင်းမတူသည့် တရုတ်ပြည်ဟု ဘာသာပြန်ခဲ့ပါသည်။ ငယ်စဉ်ကပြန်ဆိုထားသည့် အဓိပ္ပါယ်ကို ကောင်းစွာ မစဉ်းစားမိပါ။ ထိုင်းနိုင်ငံသို့ရောက်ပြီး မဲခေါင်မြစ်တစ်ဖက်ကမ်း လာအိုနိုင်ငံတွင် တဲကလေးတွေ တွေ့ရသည်။ ကျွန်တော်တို့ရောက်နေသည့် ထိုင်းနိုင်ငံဘက်တွင် တိုက်တာအဆောက်အအုံများ ဖြစ်သည်။ မြစ်တစ်စင်းသာခြားသော နိုင်ငံနှစ်နိုင်ငံ ဖြစ်ပါသည်။

ပန်းလှိုင်ဂေါက်ကွင်းဝင်းထဲသို့ ဝင်လိုက်သည်နှင့် လမ်းဘေးဝဲယာတွင် မြက်ခင်းစိမ်းစိမ်းစိုစိုနှင့် အိမ်ခြေတိုက်တာများ တွေ့ရသည်။ ဂေါက်ကွင်း တွင် စိမ်းနေသော နိုင်ငံခြားမြက်ခင်း၊ ပွင့်နေသော ပန်းရောင်စုံ အေးမြကြည်လင်သော ရေကန်များနှင့် သာယာလှပလှပါသည်။ လှိုင်မြစ်ကမ်းဘက်တွင် ပြွတ်သိပ်နေသော တဲပုတ်လေးများကို တွေ့ရသည်။ မြန်မာပြည်တွင်းမှ မြစ်လေးခြားသွားသော နေရာပင်ဖြစ်သည်။

အမေလူထုဒေါ်အမာ၏ ဘာသာပြန်ထားသည့်အဓိပ္ပါယ်မှာ လေးနက်ကြောင်း သတိထားလိုက်မိပါသည်။

အငြိမ်းစားများ၏ ထုံးစံအတိုင်း အားလပ်သည်နှင့် တီဗွီရှေ့တွင် ထိုင်မိသည်။ လွှတ်တော်ဥက္ကဋ္ဌကြီးဦးရွှေမန်း စက်မှုလက်မှု လုပ်ငန်းရှင်များနှင့် တွေ့နေသည်။ နိုင်ငံတော်အကြီးအကဲများ အောက်ခြေသို့ ဆင်းနေသည်မှာ ဝမ်းသာစရာဖြစ်ပါသည်။ ထို့ထက် အောက်ခြေကျသည့် အလုပ်သမားများ နှင့်လည်း တွေ့သင့် သည်။

တိုင်းပြည်အကျိုး၊ မြန်မာနိုင်ငံသားများအကျိုးဟု ရှေ့တန်းတင်ပြောနေသော်လည်း နောက်ဆုံးရာနှုန်းပြည့် ရင်းနှီးမြှပ်နှံသူများ ဝင်လာလျှင်၊ ဓနအင်အား၊ နည်းပညာအင်အားကြီးမားကြသူများ ဝင်လာလျှင် မိမိတို့ ဈေးကွက်ပျောက်မည့်အရေးတွင် အဆုံးသတ်သွားသည်။ သတ္တိရှိရှိ အပြိုင်အဆိုင် လုပ်မည်ဆိုသူ တစ်ယောက်မျှမတွေ့ရပါ။

တစ်ချိန်တုန်းက တံခါးပိတ်ထားလို့ မတိုးတက်တာ တံခါးပိတ်ထားလို့ တုံးနေကြတာဟု ပြောနေသူများ တကယ်ဖွင့်မည်ဟုဆိုချိန်တွင် ပြန်ပိတ် ပေးရမလို ဖြစ်နေသည်။ နိုင်ငံမှ လုပ်ငန်းရှင်သူဋ္ဌေးများ နိုင်ငံတော်အတွက် အခွန်မည်မျှ ပေးဆောင်ကြသည်ကိုကြည့်လျှင် သူ့တို့နိုင်ငံအပေါ် ထားလိုသည့် စေတနာကို သိနိုင်သည်။ ကျွန်တော်တို့နိုင်ငံသားများ မညံ့ကြဟု ပြောကြသည်။ မှန်ပါသည် မညံ့ပါ။ "လက်တော့ပ်" အသုံးပြုတတ်သည်။ ကွန်ပျူတာ အသုံးပြုတတ်သည်။ ဟန်းဖုန်း၊ တီဗွီ ဖွင့်တတ်သည်။ ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုသည်။သို့သော် အထဲမှ အစိတ်အပိုင်လေးတစ်ခုမှ မလုပ်တတ်ပါ။

အမေလူထုဒေါ်အမာ ဘာသာပြန်ထားသကဲ့သို့ ဘဝခြင်းမတူသဖြင့် အမြင်ချင်းလည်း တူမည်မဟုတ်ပါ။ နိုင်ငံတော်အကြီးအကဲများအနေဖြင့် နိုင်ငံတော် အကျိုး၊ ရင်းနှီးမြှပ်နှံသူအကျိုး၊ အလုပ်ရှင်၊ အလုပ်သမား၊ စာသုံးသူအကျိုး ဘက်စုံကြည့်ဖို့ လိုအပ်ပါသည်။ ထိုင်းနိုင်ငံနှင့် ဥရောပခရီးစဉ် တစ်လျှောက် မြန်မာနိုင်ငံကို ဘက်စုံမှ အကူအညီပေးဖို့ ဒေါ်အောင်ဆန်းစုကြည် တောင်းခံသည်။ ဒီမိုကရေစီစနစ်ကို အထောက်အကူပြု အရင်းအနှီး မြှပ်နှံမှုများကို ဖတ်ခေါ်ခဲ့သည်။ နိုင်ငံတော်အကြီးအကဲများလည်း ဒီမိုကရေစီစနစ်ကို အထောက်အကူပြုစေမည့် အစီအစဉ်များ ရေးဆွဲနေကြပါသည်။

ကျွန်တော့်အိမ်နီးချင်းတွင် ပလပ်စတစ်ဆံညှပ်လေးများကို မိသားစုအသေးစားလုပ်နေသည့် အသေးစားလုပ်ငန်းလေးတစ်ခု ရှိခဲ့သည်။ ယနေ့ လုပ်ငန်း ရပ်သွားသည်။ အိမ်နီးချင်းနိုင်ငံမှ လှိမ့်ဝင်လာသည့် ဈေးလည်းသက်သာသော ပစ္စည်းများနှင့် မယှဉ်နိုင်၍ပင် မည်သည့်နည်းနှင့် လှိမ့်ဝင်လာသည်မသိ။ ယနေ့ ဝင်ရောက်လာသော ဆီများ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိချိန်တွင် မည်သူ့တွင် တာဝန်ရှိမည်နည်း။ ကျွန်တော် SME အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းအဖွဲ့တွင် တာဝန်ထမ်းဆောင်စဉ်က ပါဝင်ခဲ့သည်။ ၃၀၉၂ မီးကြိုးများကို ကျွန်တော်တို့နိုင်ငံမှ ထုတ်လုပ်သည်မှာ စံချိန်မီ သည်။ နိုင်ငံခြားမှ ဝင်လာသောကြိုးများ ဈေးသက်သာသည်။ အရွယ်အစားသေးသည်။ အန္တရာယ်ရှိသည်ကို ပြည်သူတို့မသိကြပါ။ ဈေးသက်သာသည်ကို ဝယ်သုံးကြသည်။ ခြုံ၍ပြောရသော် အားလုံးတွင် တာဝန်ရှိပါသည်။

ကျွန်တော် တစ်ဖက်စောင်းနင်းနေခြင်း မဟုတ်ပါ။ စီးပွားရေးဂျာနယ်တစ်ခုတွင် စက်ရုံတွင်လုပ်နေသော လူငယ်စာရေးဆရာ နေသာထက်နှင့် ဆရာအေးတူးတို့ သူတို့ကိုယ်တိုင် သူတို့ကိုယ်တွေ့လေးတွေ ရေးနေသည်မှာ ပညာယူရမည့် ဆောင်းပါးလေးများဖြစ်သည်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက်နှင့် လုပ်နေသောကုမ္ပဏီတွင် လူအင်အားတစ်ထောင်ခန့် ရှိသည်။ သူတို့စက်ရုံမှပစ္စည်း ကျွန်တော်တို့နိုင်ငံတွင် အသုံးပြုသည်။ လစဉ် မန်နေဂျာအဆင့်ဝန်ထမ်းများ လက်စုံစားပွဲရှိသည်။ တစ်နှစ်တစ်ကြိမ် ဝန်ထမ်းအားလုံး လက်စုံစားပွဲရှိသည်။ တစ်နှစ်လျှင် တစ်လစာ ဘောက်ဆူးပေးသည်။ စက်ရုံတွင် ဆေးခန်းရှိသည်။ ထိခိုက်မိလျှင် လျော်ကြေးပေးသည်။ အလုပ်သမားများ ငွေစုရသည်။ အတိုးပေးသည်။ ငွေချေးနိုင်သည်။ အတိုးနှုန်း သက်သာသည်။ မိသားစုကြီးတစ်ခုလို ဖြစ်နေသည်။ သူဋ္ဌေးဖြစ်သူမှာ ငယ်ရွယ်သူတစ်ဦးဖြစ်သည်။

စင်ကာပူနိုင်ငံတွင် လက်ရှိအလုပ်လုပ်နေသော ကျွန်တော့်တပည့်တစ်ဦး လက်ရှိလုပ်ကိုင်နေသည့်ဌာနတွင် သူတို့နိုင်ငံ ဥပဒေအရ နိုင်ငံသား (၇)ဦးတွင် နိုင်ငံခြားသား (၃)ဦးသာ ခန့်ထားခွင့်ရှိသည်။ ဥပဒေအားဖြင့် (၈+၂)သို့ ပြင်မည်ဟု ကြားရသဖြင့် အလုပ်သစ်ရှာနေရသည်။

ကျွန်တော့်အိမ်ဘေးမှ “သဲသဲ” ကလေးမလေး ကွန်ပျူတာဖြင့်ဘွဲ့ရသည်။ အေးဂျင့်မှတစ်ဆင့် ဘရူနိုင်းတွင် သွားရောက်အလုပ်လုပ်သည်။ လေဆိပ် ရောက်သည်နှင့် ကုမ္ပဏီသို့ဖုန်းဆက်လိုက်သည်။ ကုမ္ပဏီမှ ကားငှားလာရန်ပြောသဖြင့် ငှားသွားသည်။ ရောက်သည်နှင့် ကားခရှင်းပေးသည်။ အေးဂျင့်သို့ ငွေ ၅သိန်းပေးခဲ့ရသည်ကို သိသည်နှင့် ကုမ္ပဏီမှ အေးဂျင့်ကို အားလုံပေးထားပြီးဖြစ်၍ အေးဂျင့်သို့ လှမ်းဆူသည်။

အလုပ်ချိန် ၈နာရီ။ အချိန်ပိုအလုပ်ဆင်းလျှင် သာမာန်လစာကထက် အချိန်ပိုလစာက ပိုများသည်။ ဆေးရုံတွင် အလုပ်သမား တစ်ဦးချင်း အမည်ဖြင့် ငွေစာရင်းဖွင့်ပေးထားသည်။ ဖျားနာလျှင် ပျက်ရက်အတွက် ငွေမဖြတ်ပါ။ အတူတူသွားသူ ငါးဦးအနက် လေးဦးသာ နှစ်နှစ်ပြည့်ချိန်တွင် ပြန်လာသည်။ တစ်ဦးမှာ ကင်ဆာရောဂါတွေ့သဖြင့် ပြန်မလွှတ်ပါ။ ရောဂါလုံးဝပျောက်မှ ပြန်ခွင့်ပေးမည်ဟု သိရသည်။ ရောဂါကုရန် သူ့စာရင်းမှငွေဖြင့် မလောက်သဖြင့် သူ့သူငယ်ချင်း များက သူတို့ရသောငွေကို ဝိုင်းရှယ်ကြသည်။ ပြန်လာသော “သဲသဲ”ကို ဘရူနိုင်းသို့ပြန်မသွားဘဲ စင်ကာပူတွင် လုပ်ရန်ပြောသည့်အခါ သူမမှ ဘရူနိုင်းမှာ လုပ်ရသည်မှာ အဆင်ပြေကြောင်း၊ လမ်းထွက်လျှင် စကတ်တိုဖြင့် ထွက်ခွင့်မရှိ၍ အိနြေ္ဒရကြောင်း၊ စည်းကမ်းရှိ ၍ မြန်မာအမျိုးသမီးများနှင့် သင့်တော်သည်ကို အကြောင်းပြပြီး ပြန်သွားသည်။ အပြန်အတွက် လေယာဉ်လက်မှတ် ထုတ်ပေးလိုက်သည်။ ပြန်ရောက် သည်နှင့် ခွင့်ပြန်သည့် နှစ်လစာရမည်ဖြစ်ကြောင်း ကြေငြာသည်။

နိုင်ငံခြားမှ လာရောက်လုပ်ကိုင်သူတစ်ဦး မီးဖွားရန်ရှိသဖြင့် အသွားအပြန် စရိတ်ပေးသည်။ လစာမဖြတ်တောက်သည်အထိ ဂရုစိုက်ကြောင်း ပြောပြ သည်။ အလုပ်ရှင်နှင့် အလုပ်သမားပြဿနာဖြစ်လျှင် အလုပ်ရှင်ဘက်ကမှားလျှင် ထုတ်ပြန်ထားသည့် အမိန့်များ မလိုက်နာလျှင်  ကုမ္ပဏီကို ချက်ချင်းပိတ်သိမ်း သည်အထိ အရေးယူသည်ဟု သိရသည်။

ဥပဒေကို နိုင်ငံတော်မှ ထုတ်ပြန်ပြီး မလိုက်နာလျှင် တိတိကျကျ ထိထိရောက်ရောက် အရေးယူသည်မှာ နမူနာယူဖို့ ကောင်းလှပါသည်။

ကျွန်တော့်ညီတစ်ဦး ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသည်။ တစ်လ နှစ်သိန်းရသည်။ အလုပ်တစ်ရက်ပျက်လျှင် ကျပ်နှစ်သောင်း ဖြတ်သည်။

ယခင်က ကျွန်တော်တို့နိုင်ငံတွင် လာရောက်ရင်းနှီးလုပ်ကိုင်သူများအတွက် မက်လုံးမှာ ကျွန်တော်တို့နိုင်ငံတွင် အလုပ်သမားခ သက်သာသည်။  နောက်တစ်ခုမှာ အလုပ်ရှင်ဘက်မှ ကျောထောက်နောက်ခံ အားကိုးရှိခြင်းတို့ ဖြစ်သည်။ ယနေ့ ကျွန်တော်တို့နိုင်ငံတွင် ဥပဒေရေးဆွဲပြီးချိန်တွင် အလုပ်သမား အများစု၏ နောက်တွင် အားကိုးအားထားပြုမည့်ဥပဒေ ရှိလာမည်ဖြစ်သည်။ အလုပ်သမားများအနေဖြင့် စည်းကမ်းတကျ တာဝန်ကျေကျေ အလုပ်လုပ်ကြဖို့တော့ လိုအပ်ပါမည်။ နိုင်ငံတော်မှလည်း နိုင်ငံခြားမှ ရင်းနှီးမြှပ်နှံမှုပြုမည့် လုပ်ငန်းရှင်များ၊ ပြည်တွင်းလုပ်ငန်းများ နစ်နာစေမည့် စည်းမျဉ်း ဥပဒေများ ရေးဆွဲမည် မဟုတ်ဟု ယုံကြည်ပါသည်။

မည်သို့ပင်ဖြစ်စေ အလုပ်သမားနှင့် အလုပ်ရှင် အမြင်ချင်းတူနိုင်ကြမည် မဟုတ်ပါ။ နိုင်ငံတော်မှလည်း မည်သူတစ်ဦးတစ်ယောက်မှ နစ်နာမှုမရှိ ဘဲ ဒီမိုကရေစီစနစ်ကို အထောက်အကူဖြစ်မည့် ဥပဒေများကိုသာ ရေးဆွဲမည်ဟု ယုံကြည်ကြောင်း ရေးသားလိုက်ရပါသည်။

*****************************************

 

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs

Document yangonchronicle2011
yangonchronicle2011

 ၆.၇.၂၀၁၂

ပြည်တွင်းသတင်း

  1. အများပိုင်စားသုံးဆီကုမ္ပဏီ တည်ထောင်မည်
  2. လေဆိပ်များအား ကိုင်တွယ်ထိန်းသိမ်းရန်ဌာနနှင့် မသက်ဆိုင်သော ကုမ္ပဏီတစ်ခုဖွဲ့စည်းမည်
  3. လှိုင်သာယာမြို့နယ်အတွင်း ဥပဒေမဲ့ လောင်းကစားမှုကိစ္စရပ်များ ဖြစ်ပွားလျက်ရှိ

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ပြည်ထောင်စုလွှတ်တော်မှ ဥပဒေနှစ်ခု ရုတ်သိမ်ရေး ဥပဒေကြမ်း ထုတ်ပြန်ကြေညာ
  2. ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခွင့်ရ

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

**********************

ပြည်တွင်းသတင်း

အများပိုင်စားသုံးဆီကုမ္ပဏီ တည်ထောင်မည်

မြန်မာဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ အများပိုင်စားသုံးဆီကုမ္ပဏီတစ်ခု တည်ထောင်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယင်း အသင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အခု တရုတ်က မသန့်တဲ့ဆီတွေ ပြည်တွင်းကို ဝင်နေတယ်။ ဒါပာာ လူတွေရဲ့ ကျန်းမာရေးကို တော်တော်ထိခိုက်စေပါတယ်။ ဒီကိစ္စကို ကာကွယ်ရာ လည်းရောက်အောင်၊ ပြည်သူတွေအနေနဲ့ စားသုံးဆီကို ဈေးနှုန်းချိုချိုသာသာနဲ့ ဝယ်ယူနိုင်အောင်လို့ အများပိုင်စားသုံးဆီကုမ္ပဏီ တည်ထောင်လိုက်ရတာပါ”ပာု ဆီလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ယခုကဲ့သို့ အများပိုင်စားသုံးဆီကုမ္ပဏီ တည်ထောင်ရခြင်းမှာ စားသုံးဆီနှင့် ပတ်သက်၍ စီးပွားရေးလုပ်ငန်းများတွင် ပိုမို တွင်ကျယ်လာနိုင်စေရန်နှင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်း၍ စနစ်တကျဆောင်ရွက်နိုင်စေရန် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

“ကုမ္ပဏီက အစအဆုံး ရာနှုန်းပြည့်အနေနဲ့ဖြစ်စေ၊ အခြားပြည်တွင်းပြည်ပ အကျိုးတူ ပူးပေါင်းဆောင်ရွက်ကြမယ့်သူတွေကိုဖြစ်စေ ပူးပေါင်းပြီး ရင်းနှီးမြှုပ် နှံမှုတွေ ပြုလုပ်သွားဖို့ ရည်ရွယ်ပါတယ်။ အခုအချိန်မှာတော့ အစုရှယ်ယာတွေကို တစ်စုကို ကျပ် ၁၀၀၀၀ နှုန်းနဲ့ စတင်ရောင်းချပေးသွားဖို့ စီစဉ်ထားပါတယ်။ ကုမ္ပ ဏီကို မတည်ရင်းနှီးငွေအနေနဲ့ကတော့ ဘီလျံကျပ် ၁၀၀၀ သတ်မှတ်ထားပါတယ်”ပာု အဆိုပါအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်း၌ အများပိုင်စားသုံးဆီကုမ္ပဏီတည်ထောင်ပြီးပါက ဆီထွက်သီးနှံကုန်ကြမ်းများ အရည်အသွေး ပြည့်မီလာနိုင်စေမည်ဖြစ်ပြီး နိုင်ငံတကာစံချိန်၊ စံညွှန်းများနှင့် အဆင့်မီစင်များ ပေါ်ထွက်လာစေရေး၊ ဆီသိုလှောင်ကန်များ၊ ဆီများ သယ်ယူပို့ဆောင်ရေးအတွက် ဆိပ်ခံတံတားများ၊ ကုန်ချောထွက်ရှိလာသည့် ဆီကောင်း၊ ဆီသန့်များ၏ အရည်အသွေး ခိုင်မာတိကျမှုများ၊ ဘေးထွက်ပစ္စည်းများဖြစ်သည့် အလှဆီ၊ ဆပ်ပြာဆီများနှင့် အခြားတိရစ္ဆာန်အစားအစာ ထွက်ရှိ ထုတ်လုပ်မှုများစသည့် လုပ်ငန်းများအားလုံးကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရန်အတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

YC

-----------------------------------------------------------------------------------------------------------------------------------

လေဆိပ်များအား ကိုင်တွယ်ထိန်းသိမ်းရန်ဌာနနှင့် မသက်ဆိုင်သော ကုမ္ပဏီတစ်ခုဖွဲ့စည်းမည်

ပြည်တွင်းရှိလေဆိပ်များအား ထိန်းသိမ်းဆောင်ရွက်နိုင်ရန်ဌာနနှင့် မသက်ဆိုင်သော ကုမ္ပဏီတစ်ခု ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင် ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“ပြည်တွင်းမှာရှိတဲ့ လေဆိပ်တွေကို ထိန်းသိမ်းနိုင်ဖို့အတွက် လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနနဲ့ မသက်ဆိုင်တဲ့ ကုမ္ပဏီတစ်ခု ဖွဲ့စည်းသွားမှာပါ။ ကုမ္ပဏီကို လေကြောင်းပိုင်းဆိုင်ရာ၊ စီးပွားရေးပိုင်းဆိုင်ရာတွေမှာ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ပဲ ဖွဲ့စည်းသွားမှာပါ။ လေကြောင်းပိုင်းဆိုင်ရာ ဥပဒေတွေ၊ စီးပွားရေး လုပ်ငန်းတွေကို လုပ်ကိုင်ဆောင်ရွက် သွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။

ယင်းကုမ္ပဏီဖွဲ့စည်းတည်ထောင်ရာတွင် ပုဂ္ဂလိကလုပ်ငန်းရှင်များလည်း ပါဝင်နိုင်ရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပြီး လေကြောင်းပိုင်းဆိုင်ရာ ကိစ္စရပ် များတွင် ယင်းကုမ္ပဏီမှ ဦးစီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၂ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ တာချီလိတ်လေဆိပ်ကို လေယာဉ်ဆီဖြည့်နိုင်သည့် လေဆိပ်အဖြစ် အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်သွား မည်ဖြစ်ပြီး တာချီလိတ်လေဆိပ်တွင် လေယာဉ်ဆီဖြည့်တင်းနိုင်ပါက ခရီးသည်များအတွက် Safety ပိုမိုစိတ်ချရမည်ဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ကြေညာချက်အရ သိရသည်။

“မြန်မာနိုင်ငံမှာ လေဆိပ် ၂၆ ခုရှိပါတယ်။ ဒီထဲမှာ လေယာဉ်ဆီဖြည့်တင်းနိုင်တဲ့ လေဆိပ်ကတော့ ၁၀ ခုပဲရှိပါတယ်။ ခု တာချီလိတ်လေဆိပ်မှာပါ လေဆိပ်ဆီဖြည့်တင်းနိုင်ဖို့အတွက် ဆောင်ရွက်မယ်ဆိုရင်တော့ လေယာဉ်ဆီဖြည့်တင်းနိုင်တဲ့ လေဆိပ် ၁၁ ခုရှိလာတော့မှာပါ။ ဒါဆို ခရီးသည်တွေရဲ့ လုံခြုံရေး အတွက် ပိုစိတ်ချရတော့မှာပေါ့”ပာု လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ လေယာဉ်ဆီဖြည့်တင်းနိုင်သည့် လေဆိပ် (၁၁)ခုရှိပြီး ၎င်းတို့မှာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပဲာပာိုး၊ တာချီလိတ်၊ မြစ်ကြီးနား၊ စစ်တွေ၊ မော်လမြိုင်၊ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းလေဆိပ်တို့ ဖြစ်ကြောင်း သိရသည်။

Ref:Bi Weekly eleven

 

-----------------------------------------------------------------------------------------------------------------------------------

လှိုင်သာယာမြို့နယ်အတွင်း ဥပဒေမဲ့ လောင်းကစားမှုကိစ္စရပ်များ ဖြစ်ပွားလျက်ရှိ

လှိုင်သာယာမြို့နယ်အတွင်း ယခင် လောင်းကစားပုဒ်မဖြင့် အရေးယူခံခဲ့ရသည့် ဗိုလ်ကြီးဝေဖြိုးကျော်၏ မိခင်ဖြစ်သူ ဒေါ်သက်သက်ခိုင်သည်  တရားဥပဒေနှင့် ဆန့်ကျင်သည့် လောင်းကစားမှုများအား သက်ဆိုင်ရာ ပိုင်ရာဆိုင်ရာများအား အခကြေးငွေပေး၍ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လျက်ရှိကြောင်း လှိုင်သာယာဒေသခံတစ်ဦး၏ ပြောပြချက်အရ သတင်းရရှိသည်။

“အခု လှိုင်သာယာထဲမှာကို လောင်းကစားမှုတွေက တော်တော်ကို သောင်းကျန်းနေတယ်။ လှိုင်သာယာက ၇ ရပ်ကွက်ထဲ၊ အောင်မေတ္တာလမ်းက မသက်သက်ခိုင်ဆိုတဲ့အမျိုးသမီးက လှိုင်သာယာမှာ တာဝန်ရှိသူတွေကို လိုင်းကြေးတို့၊ စောင့်ကြည့်ကြေးတို့ပေးပြီး လောင်းကစားကို အကြီးအကျယ် လုပ်နေ တယ်။ ဒါကို တာဝန်ရှိသူတွေက သိပေမယ့်လည်း သူကပေးထားတော့ မသိချင်ယောင်ဆောင်နေတယ်။ ဒါကို အစိုးရအနေနဲ့ တင်းတင်းကြပ်ကြပ် အရေးယူသင့်ပါ တယ်”ပာု လှိုင်သာယာမြို့နယ်မှ ဦးအောင်ထွန်းဦးက ဆိုသည်။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေပြည်သာမြို့နယ်၊ မှော်ဘီ၊ တိုက်ကြီး အစရှိသည့်မြို့နယ်များတွင် နှစ်လုံးထီ၊ လောင်းကစားချဲဒိုင်များမှာ သက်ဆိုင်ရာ၏ အကူအညီများရယူ၍ ပေါ်ပေါ်ထင်ထင်လောင်းကစားမှုများ ပြုလုပ်လျက်ရှိသည့်အတွက် ယင်းကိစ္စအား အစိုးရပိုင်သက်ဆိုင်ရာတာဝန်ရှိသူများသို့ အရေးယူဆောင်ရွက်ပေးပါရန်နှင့် ပတ်သက်သည့် တိုင်ကြားစာများပေးပို့ခဲ့ဖူးကြောင်း လှိုင်သာယာမြို့နယ်တွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

“ဒီလောင်းကစားဒဏ်တွေကြောင့် ပြည်သူတွေလည်း တော်တော်ကိုအထိနာနေပါပြီ။ မနက်စာ စားဖို့သာမရှိတာ။ ချဲထိုးဖို့ ပိုက်ဆံကတော့ရှိတယ်။ ဒီကိစ္စတွေကို အမြန်ဆုံးတားဆီးသင့်ပါပြီ။ ဒါတွေကို အရေးယူပေးဖို့ အစိုးရပိုင်း တာဝန်ရှိသူတွေကို အကြောင်းကြားစာတွေပို့ခဲ့ပေမယ့် ဘာမှ လုပ်ဆောင် ပေးတာမျိုးလည်း မတွေ့ရဘူး။ အစိုးရသစ်တက်ခါစတုန်းကတော့ လောင်းကစားကို စီမံချက်နဲ့ ဖမ်းဆီးတာတွေတော့လုပ်တယ်။ ဒါပေမယ့် ခနပဲ၊ ခုဆို နှစ်လုံးထီ တို့ ချဲတို့ကို ဗန်းပေါ်တင်မရောင်းရုံတစ်မယ် တရားဝင်ခွင့်ပြုချက်ရသလို ရောင်းနေကြပြီ”ပာု လှိုင်သာယာမြို့ နယ်မှ ဦးပြည့်ဖြိုးဦးက ဆိုသည်။

မြန်မာနိုင်ငံ အစိုးရသစ်လက်ထက်မှစတင်၍ လုပ်ဆောင်လာခဲ့သည့် လောင်းကစားမှုပပျောက်ရေးစီမံချက်မှာ အောင်မြင်ခြင်းမရှိဘဲ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်၊ ရပ်ကွက်အချို့တွင် နှစ်လုံးထီ၊ ချဲဒိုင်လောင်းကစားမှုများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း ဥပဒေပညာရှင်တစ်ဦးက သုံးသပ် ပြောကြားသည်။

YC

**********************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်းများ

ပြည်ထောင်စုလွှတ်တော်မှ ဥပဒေနှစ်ခု ရုတ်သိမ်ရေး ဥပဒေကြမ်း ထုတ်ပြန်ကြေညာ

ပြည်ထောင်စုလွှတ်တော်မှ ပြည်သူ့အကျိုးပြုဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေးအက်ဥပဒေနှင့် နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျလွှဲပြောင်းပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင် ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့် ဥပဒေနှစ်ခုကို ရုတ်သိမ်းရေးဥပဒေကြမ်းကို ၂၀၁၂ ဇူလိုင်လ ၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရှိရသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိပြဋ္ဌာန်းထားသည့် ပြည်သူ့အကျိုးပြု ဝန်ဆောင်မှုလုပ်ငန်းများ ကာကွယ်ရေးအက်ဥပဒေ (The Public Unilities Protection Act) ကို ရုတ်သိမ်းနိုင်ရန်  ယင်းဥပဒေကြမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ဥပဒေအမှတ် ၅/၉၆ ဖြစ်သည့် နိုင်ငံတော်တာဝန်ကို တည်ငြိမ်အေးချမ်းစွာ စနစ်တကျ လွှဲပြောင်း ပေးရေးနှင့် အမျိုးသားညီလာခံလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ရေးတို့ကို နှောင့်ယှက်ဆန့်ကျင်ခြင်းမှ ကာကွယ်သည့်ဥပဒေကို ရုတ်သိမ်းနိုင်ရန် ယင်းဥပဒေ ကြမ်းကို ထုတ်ပြန်ကြေညာခဲ့သည်။

              YC

-----------------------------------------------------------------------------------------------------------------------------------

ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ပါတီတည်ထောင်ခွင့်ရ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ၂၀၁၂ ခုနှစ် ဇူလိုင်လ ၅  ရက်နေ့မှစတင်၍ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် (Zomi Congress for party)ပါတီအား နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိချက်အရ သိရှိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ရှိအချိန်တွင် နိုင်ငံရေးပါတီတည်ထောင်ခွင့် လျှောက်ထားချက်များကို စိစစ်ခွင့်ပြုပေးလျက်ရှိပြီး ဦးငိုလ်ခန့်ဒါလ်းပါ ၁၅ ဦးတို့မှ လာရောက်လျှောက်ထားသည့် စတင်၍ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ခွင့်လျှောက်ထားချက်မှာ ဥပဒေ၊ နည်းဥပဒေတို့နှင့် ညီညွှတ်ကြောင်း တွေ့ရှိရသည့်အတွက် ယခုကဲ့သို့ ပါတီတည်ထောင်ခွင့်ပြုခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် မေလပိုင်းတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဇိုမီးအမျိုးသားကွန်ကရက်ပါတီမှ ပါတီတည်ထောင်ခွင့် လာရောက် လျှောက်ထားရာတွင် ဇိုမီးပာူသည့်လူမျိုးမရှိသည့်အတွက် ပါတီတည်ထောင်ခွင့်ကို ပယ်ဖျက်ခဲ့ပြီး အခြားနာမည်ဖြင့် ပါတီတည်ထောင်ခွင့် လာရောက် လျှောက်ထားရန်  ညွှန်ကြားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ ဇိုမီးအမျိုးသားကွန်ကရက်ပါတီတည်ထောင်တုန်းကတော့ ဇိုမီးဆိုတဲ့လူမျိုးမရှိဘူးဆိုပြီး ပယ်ဖျက်ခဲ့တယ်။ ခု ဇိုမီးအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အမည်သစ်နဲ့ လျှောက်ထားမှုကိုကျတော့ လက်ခံတယ်။ ဘာသဘောလဲဆိုတာတော့ သေချာမသိပါဘူး။ သေချာတာတခုကတော့ ဇိုမီးလူမျိုး ဆိုတာ တကယ်ရှိခဲ့တာပါ”ပာု ဇိုမီးအမျိုးသားကွန်ကရက်ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ညွှန်ကြားခဲ့သည့်အတွက် ဇိုမီးအမျိုးသားကွန်ကရက်ပါတီမှ ဇိုမီးလူမျိုးများ အမှန်တကယ်တည်ရှိကြောင်း စာရွက်စာတမ်း အထောက်အထား များဖြင့် တင်ပြခဲ့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လက်ခံခြင်းမရှိဘဲ မေလ ၃၁ ရက်နေ့နောက်ဆုံးထားကာ ဇိုမီးအမျိုးသားကွန်ကရက်ပါတီ အမည်အား ပြောင်းလဲ၍ လာရောက်လျှောက်ထားရန် ထပ်မံညွှန်ကြားခဲ့ကြောင်း သိရသည်။

YC

**********************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

"နိုင်ငံရေအကျဉ်းသား တစ်ယောက်မကျန် ချွင်းချက်မရှိအကုန်လွှတ်ပေးဖို့ လိုအပ်တယ်။ မြန်မာပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်၊ ဒီမိုကရေစီ ဖြစ်စဉ်တွေကိုပြဖို့ အကောင်းဆုံပြယုဂ်ဟာ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွှတ်ပေးတာ အကောင်းဆုံးကိစ္စပါပဲ"

ဇွန်လ (၇)ရက်နေ့ထုတ် သံတော်ဆင့်ဂျာနယ် အတွဲ(၁) အမှတ်(၁၇)တွင်ပါရှိသည့် “နိုင်ငံရေးအကျဉ်းသားများ ထပ်မံ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကျန်ရှိနိုင်ငံရေး အကျဉ်းသားအားလုံး အမြန်ဆုံးလွတ်ပေးရန်တောင်းဆို” သတင်းမှ ၈၈ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

-----------------------------------------------------------------------------------------------------------------------------------

"လမ်းကတော့ နိုင်ငံတကာမှာ ကျောက်ခဲလေးတွေ လက်ကလေးတွေနဲ့မပြီး သဲလေးတွေဖို့ပြီး ကတ္တရာပါးပါးလေးခင်းတဲ့ အာဆီယံနိုင်ငံမရှိပါဘူး။ အဲဒီတော့ ကျွန်တော်တို့က ကြက်ဥကအရင်လား၊ ကြက်မကအရင်လားဆိုတာ စဉ်းစားဖို့လိုပါတယ်။ အဲဒီရဲ့အတွေးအခေါ်တွေ၊ အဲဒီကွင်းစက်တွေကို ပြင်ဖို့လိုပါတယ်"

ဇွန်လ(၇)ရက်နေ့ထုတ်သံတော်ဆင့်ဂျာနယ် အတွဲ(၁)အမှတ်(၁၇)တွင်ပါရှိသည့် “စီးပွားရေးကဏ္ဍများနှင့် ပတ်သတ်သည့် အစိုးရဌာနများ၏ စီမံခန့်ခွဲမှုများအပေါ် ဝေဖန်သတင်းမှ UMFCCI တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအေးလွင်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက် ”

-----------------------------------------------------------------------------------------------------------------------------------

"ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အစဉ်တစိုက်ပဲ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်အောင်  ကြိုးစားခဲ့ပါတယ်။ အခုလည်း ဒီလိုပဲဆက်ပြီး ကြိုးစားရမှာပဲ။ ကြိုးစားသလောက်ကို အသီးအပွင့်တွေက  ဖြစ်မြောက်မယ်လို့ မျှော် လင့်ပါတယ်။ အန်တီတို့က တရုတ်နဲ့ပတ်သက်လို့ အရင်ကတည်းက ဆက်ဆံရေးကောင်းခဲ့တာပါ။ အန်တီတို့ လွတ်လပ်ရေးရခဲ့တာ ဒီမိုကရေစီနိုင်ငံအဖြစ် ရခဲ့တာပါ။ အဲဒီတုန်းကတောင်မှ တရုတ်နိုင်ငံရဲ့ ကွန်မြူနစ်အစိုးရကို ပထမဆုံး အသိအမှတ်ပြုခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံပါပါတယ်။ အဲဒီတော့ စနစ်ချင်းမတူလို့  ဆက်ဆံရေးမကောင်းနိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ မြန်မာနဲ့ တရုတ်ကြားမှာ အင်မတန်မှ ရင်းနှီးနွေးထွေးတဲ့ဆက်ဆံရေး ရရှိခဲ့ပါတယ်။ ပြဿနာတွေရှိခဲ့တယ်။ ပြဿနာတွေကို အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ခဲ့တာတွေ ရှိပါ တယ်"

ဇူလိုင်လ ၆ရက်နေ့ထုတ် UNITYဂျာနယ် အတွဲ(၁) အမှတ်(၁၅)တွင်ပါရှိသည့် "တရုတ်နှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားလျက်ရှိဟု အမျိုးသား ဒီမိုကရေစီဥက္ကဋ္ဌပြောကြား"သတင်းမှ ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်

**********************

 

 

 

 


Google Docs makes it easy to create, store and share online documents, spreadsheets and presentations.
Logo for Google Docs