Transparency Myanmar

transparency.myanmar@gmail.com

Document yangonchronicle2011 Op-Ed
yangonchronicle2011 Op-Ed

၁၈.၉.၂၀၁၂

ဆောင်းပါးကဏ္ဍ

  1. ဒီမိုကရေစီတည်ဆောက်ရေလမ်းကြောင်းပေါ်က လူနည်းစု တိုင်းရင်းသားများအရေး

*****************************************

ဆောင်းပါးကဏ္ဍ

ဒီမိုကရေစီတည်ဆောက်ရေလမ်းကြောင်းပေါ်က လူနည်းစု တိုင်းရင်းသားများအရေး

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် ကြိုတင်မျှော်မှန်းမထားသည့် တစ်ကမ္ဘာလုံး စိတ်ဝင်တစားနှင့် စောင့်ကြည့်နေရသည့် အရေးမှာရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့သည့် ရိုဟင်ဂျာအရေးပင် ဖြစ်သည်။ မြန်မာနိုင်ငံသည် ယခင်က လူ့အခွင့်အရေး ချိုးဖောက်သည့် နိုင်ငံအဖြစ် မြောက်ကိုရီးယားနှင့် တစ်တန်းတည်းထား ခိုင်းနှိုင်းဖော်ပြခံရသည့် နိုင်ငံဖြစ်ပါသည်။ ယခု သမ္မတဦးသိန်းစိန်မှာ မျက်နှာစာနှစ်ဖက်ရှိသည့် သမ္မတလို ဖြစ်နေရသည်။ တဖက်မှာ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုများကို ရဲရဲဝင့်ဝင့် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး သမ္မတတစ်ဦးအဖြစ် နိုင်ငံတကာ၏ ဂုဏ်ပြုချီးကျူးမှုကိုခံရသည့် အကောင်းဘက်အခြမ်း ဖြစ်ပြီး ကျန်တဖက်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လူမျိုးတုံး သုတ်သင်မှုများကို လုပ်ဆောင်နေ သည့် သမ္မတတစ်ဦးဟုမှားယွင်းစွာ နိုင်ငံတကာမီဒီယာများက ဝေဖန်ထိုးနှက်ကြလေသည်။

`ဤအရေးမှာ မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်း အောင်မြင်မှု ရှိနိုင်၊ မရှိနိုင်ဆိုခြင်းနှင့်လည်း သက်ဆိုင်နေသည်။ ရွေး ကောက်ပွဲဒီမိုကရေစီမှ ရင့်ကျက်သည့် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းနေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရက်တိုက်ဇေးရှင်း အသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် နိုင်ငံတည်ဆောက်ရေး (state building) သာမကအမျိုးသားတည်ဆောက်ရေး (nation building)ကိုပါ ဆောင်ရွက်ရမည့် သဘောပင်ဖြစ်သည်။ ယခုရခိုင်ပြည်နယ်တွင် ဖြစ်ပွား နေသည့် လူမျိုးရေး ပဋိပက္ခမှာ တိုင်းရင်းသားလူမျိုးများကြား ဖြစ်ပွားနေသည့် တင်းမာမှုနှင့် သဘောသဘာဝခြင်းမတူညီသည့်တိုင် သဘောထားကြီးကြီး ချင့်ချင့်ချိန်ချိန် ဆောင်ရွက်ရမှုအပိုင်းတွင်တော့ တူညီသင့်သည်ဟု သုံးသပ်မိပါသည်။ တနည်းဆိုရလျှင် ယခုပဋိပက္ခကို ဖြေရှင်းသည့်ပုံစံမှာ အမျိုးသား တည်ဆောက်ရေးဖြစ်စဉ်တစ်လျှောက် ကြုံတွေ့လာနိုင်ဖွယ်ရှိသည့် ပဋိပက္ခများအား ဖြေရှင်းရာ တွင် စံနမူနာယူထိုက်သည့် ပုံစံဖြစ်သင့်ပါ သည်။

ရခိုင်တွင်ဖြစ်ပွားသည့် အရေးအခင်းကို မပြောမီဦးစွာ ပထမလူနည်းစု တိုင်းရင်းသားလူမျိုးများနှင့် မြန်မာလူမျိုးများ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတွင် မည်သို့အတူတကွ ပူးတွဲနေထိုင်သနည်းဆိုခြင်းကို စာရေးသူဘဝနှင့်ယဉ်၍ သုံးသပ်ကြည့်မိသည်။ မြန်မာလူမျိုး အများဆုံးနေသည့် ထုံစံအတိုင်းပင် မြန်မာလူမျိုး၏ စာပေ၊ အနုပညာနှင့် နိုင်ငံတော်၏ အစိတ်အပိုင်း (apparatus) တော်တော်များများတွင် လွှမ်းမိုးကြီးစိုးလျက် ရှိနေသည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေသည့် တရားဥပဒေစိုးမိုးမှုကိုလက်တွေ့ကျင့်သုံးနိုင်ရန် ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လေရာ ဒီမိုကရက်တစ်မူများအတိုင်းပင် လူများစုဆန္ဒဖြင့် အုပ်ချုပ်ရမည် ဆိုသော်ငြားလည်းလူနည်းစု၏ အခွင့်အရေးကိုပါ အလေးထား ကာကွယ် ရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် လူမျိုးရေးခွဲခြားမှု မရှိခြင်းကိုက အမျိုးသားအမှတ်အသား သရုပ်လက္ခဏာ ဖြစ်နေသော်လည်း လူနည်းစု အခွင့်အရေးကို အလေးထား ကာကွယ်ပေးသည့်အပိုင်းမှာတော့ အတော်ကြီးအားနည်းပေသည်။ ဤသည်ကိုကပင် လူမျိုးရေးတင်းမာမှုကိုအစဖော်ထုတ်ရန် လမ်းစလို ဖြစ်နေပေတော့သည်။ တနည်းဆိုရလျှင် နိုင်ငံတကာအချို့မီဒီယာများမှ ဆိုသလို၊ မြန်မာ့အရေး ကျွမ်းကျင်သူများဟုဆိုပြီး တိုင်းရင်းသားလူမျိုးရေး ပဋိပက္ခကို လိုအပ်တာထက် ပိုပြီးပိုကြီးချဲ့ပြသလိုမြန်မာနှင့် တိုင်းရင်းသားလူမျိုးများကြား တင်းမာမှုမှာညှိမရအောင် လွဲနေသည့်ကိစ္စရပ်မျိုးတော့ မဟုတ်။ သို့သော် လွယ်လွယ်ကူကူနှင့်လည်းညှိရမည်မထင်ပါ။ ဤနေရာတွင် အရေးကြီးသည်မှာ သဘောထားကြီးမှုဖြစ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆန္ဒများကို မျိုးသိပ်ထားမည်ဆိုသည့် စိတ်အခံမျိုးကိုမွေးမြူထားဖို့တော့ လိုအပ်မည်မှာ အမှန်ပင်ဖြစ်သည်။

စာရေးသူ၏ ပုဂ္ဂိုလ်ရေးအတွေ့အကြုံကိုပြောရလျှင် စာရေးသူမှာ မြန်မာမိဘနှစ်ဦးစလုံးမှ ပေါက်ဖွားလာသူပင်ဖြစ်ပြီး မြန်မာအများစုနေထိုင်ရာ မြို့နှင့် မြို့နယ်တို့တွင် ငယ်စဉ်ဘဝကတည်းက နေထိုင်ခဲ့သည်။ ကျောင်းတတ်သည့်အခါ၌လည်း မြန်မာအများစုတတ်သည့် ကျောင်းတွင်တတ်ခဲ့ပြီး သင်သည့်စာများမှာလည်း မြန်မာယဉ်ကျေးမှုကိုသာ ဇောင်းပေးရုံမျှမက သမိုင်းဆိုင်ရာ နားလည်မှုမှာလည်း မြန်မာအဓိက အမြင်သာရှိခဲ့သည်။ စာဖတ်ဝါသနာပါသည့် အရွယ်မှစတင်၍ ဖတ်ခဲ့သည့် ဝတ္ထုများ၊ စာပေများမှာလည်း မြန်မာယဉ်ကျေးမှုသာ ဗဟိုပြုရေးသားထားသည်များကို ဖတ်ရှုခဲ့ရခြင်းကြောင့် မြန်မာယဉ်ကျေးမှုသည် နိုင်ငံတွင် ပင်မရေစီကြောင်းယဉ်ကျေးမှုဖြင့် သိမှတ်နားလည်ခဲ့သည်။ သို့သော် စာရေးသူ၏ မိဘနှစ်ဦးမှာ တိုင်းရင်းသား လူမျိုးများကို အခြားသောသူများ(the others)အဖြစ် မည်သည့်အခါမှ သွန်သင်ခဲ့ခြင်းမရှိပါ။ ကံအားလျှော်စွာ ကျောင်းတွင်လည်းဆရာ၊ ဆရာမများက ထိုသို့ ခွဲခြားဆက်ဆံရန် ဆိုဆုံးမခြင်းမရှိခဲ့ပေ။ ထို့အတွက်ကြောင့် စာရေးသူတွင် တိုင်းရင်းသားသူငယ်ချင်းများရော၊ ခရစ်ယာန်၊ မွတ်ဆလင် သူငယ်ချင်းများပါ ရှိသည်။ သို့သော် ဤသည်မှာလည်းလက်ရှိ နိုင်ငံ၏ ယဉ်ကျေးမှုဆိုင်ရာ လူမှုရေး တည်ဆောက်ချက်များကြောင့်သာလျှင် ဖြစ်သည်။ ယခုအချိန်အခါတွင် နိုင်ငံအဆင့်ကျင်းပပြုလုပ်နေသည့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲမျိုးတွင် တိုင်းရင်းသားလူမျိုးတစ်ဦးဦးမှ သူ၏ ဘာသာစကား၊ ဂီတတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မှုအပေါ်တွင်တော့ စာရေးသူ၏ သိမြင်နားလည်မှု ထူးခြားသွားနိုင်သည်။ ယင်းမှာ တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုကို အလေးမထားလိုသည့် သဘော၊ လက်မခံလိုသည့် သဘောမဟုတ်ဘဲ လွှမ်းမိုးကြီးစိုးဆဲ ယဉ်ကျေးမှုအား နေ့စဉ်လူမှုဘဝတွင် သာမာန်ဖြစ်အောင် လုပ်ထား (normali zation) ခြင်းကြောင့် ထိုသို့ ထူးခြားသွားနိုင်သည်ဟုသုံးသပ်ရခြင်းဖြစ်သည်။ ထိုအတွက်ကြောင့် နိုင်ငံတော်မှ လူနည်းစု တိုင်းရင်းသား များ၏ ဆန္ဒနှင့် ယဉ်ကျေးမှုကိုအလေးထားသည့် အနေအထားများကိုနေ့စဉ်လူမှုဘဝတွင် ကြုံတွေ့နေရအောင် တနည်းသာမာန်ဖြစ်အောင် ဆောင်ရွက် သွားနိုင်ခြင်းမျိုးကို လူမှုရေးပြောင်းလဲမှုဖြစ်စဉ် (socialization) အဖြစ်ဆောင်ရွက်သွားမှ ဒီမိုကရေစီ၏ မတည့်အတူနေဟူသော သဘောကို ကျကျနန ကျင့်သုံးနိုင်ရာ ရောက်မည်။

                ရခိုင်တွင်ဖြစ်ပွားခဲ့သည့် ကိစ္စတွင်လည်းခါးသီးသည့် အမှန်တရားများကိုအမျိုးသားတည်ဆောက် ရေးရည်မှန်းချက်ဖြင့် မျိုသိပ်ထားနိုင်ကြရန် ပါဝင်နေသည့် stakeholder များအားလုံးအပေါ် အထူးတိုက်တွန်းလိုပါသည်။ အားလုံးလုံခြုံသည့် အနေအထားကို ဦးစွာဖော်ဆောင်နိုင်ဖို့ လိုမည်။ ယခု အရေးအခင်းကို လူသားချင်း စာနာထောက်ထားသည့်ဘက်မှလည်း ကြည့်ရမှာဖြစ်သလို အမျိုးသားလုံခြုံရေးရှုထောင့်ဖြင့်လည်း ကြည့်ရှုကာ ဟန်ချက် ညီညီ ဆောင်ရွက်သွားစေချင်သည်။ မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်ကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်စေရန်အတွက် ဖြစ်ပါသည်။

 

****************************************


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive

Document yangonchronicle2011
yangonchronicle2011

၁၈.၉.၂၀၁၂

ပြည်တွင်းသတင်း

  1. တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်နိုင်ရေး တောင်းဆိုမည်
  2. ကိုကာကိုလာနှင့် မက်စ်မြန်မာတို့ ပူးပေါင်းဆောင်ရွက်မည်

 ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

  1. ဝန်ထမ်းအဖွဲ့အစည်းရှိ အကြီးအမှူးများအား ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးအပ်
  2. နိုင်ငံတော်သမ္မတက အကျဉ်းသား ၅၁၄ အားလွတ်ငြိမ်းချမ်းသာခွင့်ပြု
  3. အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့များဖိုရမ်သို့ မြန်မာ အဖွဲ့ဝင်လျှောက်ထားမှုနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ပြန်

 သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

******************************

ပြည်တွင်းသတင်း

တောင်သူလယ်သမားနေ့ ပြောင်းလဲသတ်မှတ်နိုင်ရေး တောင်းဆိုမည်

မြန်မာနိုင်ငံ၏ တောင်သူလယ်သမားနေ့ကို ပြောင်းလဲသတ်မှတ်နိုင်ရေးအတွက် တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမား အဖွဲ့ချုပ်က တောင်းဆိုသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ယခုကဲ့သို့ တောင်သူလယ်သမားနေ့အား ပြောင်းလဲသတ်မှတ်ရန် တောင်းဆိုရခြင်းမှာ လက်ရှိသတ်မှတ်ထားသည့် တောင်သူလယ်သမားနေ့ မတ်လ ၂ ရက်နေ့သည် စစ်အာဏာရှင်ဗိုလ်ချုပ်ကြီးနေဝင်း မြန်မာနိုင်ငံအား အာဏာသိမ်း သည့်နေ့ဖြစ်သည့်အတွက် ယင်းမတ်လ ၂ ရက်နေ့အစား ဆရာစံဦးဆောင်သော တပ်ဖွဲ့ဝင်များ အင်္ဂလိပ်အား တိုက်ခိုက် အောင်နိုင်သည့်နေ့ကို ပြောင်းလဲသတ်မှတ်ပေးရန် တောင်းဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“တောင်သူလယ်သမားနဲ့ စိုက်ပျိုးရေးအဖွဲ့ချုပ်က ဦးဆောင်ပြီးတော့ တောင်သူလယ်သမားနေ့ ပြောင်းလဲသတ် မှတ်ပေးဖို့အတွက် တောင်းဆို သွားမှာပါ။ တက်ကျွမ်းတဲ့ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီးတော့ တောင်သူလယ်သမား ဥပဒေပါ အချက်တွေထဲက ပြင်သင့်တာကိုပြင်နိုင်အောင်၊ ဖျက် သင့်တာကို ဖျက်နိုင်အောင် တောင်သူတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိနိုင်အောင် တောင်းဆိုသွားမှာပါ”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက် ပြောကြားသည်။

နိုင်ငံလူဦးရေ ရာခိုင်နှုန်း ၇၀ ကျော်ဖြစ်သော တောင်သူလယ်သမာများ၏ အကျိုးစီးပွားကို ကာကွယ်နိုင်ရန် စက်တင်ဘာလ ၈ ရက်နေ့တွင် နိုင်ငံလုံးဆိုင်ရာ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် ဇန်နဝါရီလ ၁ ရက်နေ့ကို တောင်သူလယ်သမားနေ့ပာု သတ်မှတ်ခဲ့ပြီး ၁၉၆၂ ခုတွင် တော်လှန်ရေး ကောင်စီလက်ထက်၌ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲများကို ကျင်းပပြုလုပ်၍ မတ်လ ၂ ရက် နေ့ကို တောင်သူလယ်သမားနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့ကြောင်း သိရသည်။

               YC          

-------------------------------------------------------------------------------------------------------------------------

ကိုကာကိုလာနှင့် မက်စ်မြန်မာတို့ ပူးပေါင်းဆောင်ရွက်မည်

နှစ်ပေါင်း(၆၀)ကျော်ကြာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်ထားခဲ့သည့် အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော် ကိုကာကိုလာကုမ္ပဏီနှင့် မြန်မာနိုင်ငံ၏ အချိုရည်ကုမ္ပဏီတစ်ခုဖြစ်သည့် မက်စ်အချိုရည်ထုတ်လုပ်သော ပင်းယကုမ္ပဏီတို့ပူးပေါင်း၍ မြန်မာနိုင်ငံအတွင်း ပုလင်းသွပ်အချိုရည်များ ထုတ်လုပ်နိုင်ရန် အဆောက်အအုံတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ကိုကာကိုလာကုမ္ပဏီမှ သတင်းထုတ်ပြန်ကြေညာခဲ့သည်။

မြန်မာနိုင်ငံရှိ မက်စ်မြန်မာကုမ္ပဏီနှင့် ကိုကာကိုလာကုမ္ပဏီတို့မှပူးပေါင်း၍ ပုလင်းသွပ်အချိုရည်များကို ပြည်တွင်းဈေးကွက်အတွင်းသို့ ဖြန့်ဖြူး ရောင်းချသွားရန် သဘောတူညီခဲ့ကြပြီး ကိုကာကိုလာကုမ္ပဏီအနေဖြင့် ကမ္ဘာ့စီးပွားရေးအစဉ်အလာစနစ်၏ အကောင်းဆုံးသောအရာကို မြန်မာနိုင်ငံသို့ ယူဆောင်ပေးပြီး ရှိရင်းစွဲဒေသခံစီးပွားရေးပင်ကိုယ်စွမ်းရည်နှင့် ဈေးကွက်ကို မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုကာကိုလာကုမ္ပဏီအနေဖြင့် မြန်မာအမျိုးသမီးများအား စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်ပေးခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန်၊ NGO အဖွဲ့အစည်းဖြစ်သည့် pact အဖွဲ့အား အမေရိကန်ဒေါ်လာ သုံးသန်းထောက်ပံ့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ယင်း ထောက်ပံ့ငွေများဖြင့် Pact အဖွဲ့မှ ရန်ကုန်နှင့် မန္တလေး မြို့နယ် ၆ ခု(မြို့ပြ ၂ နေရာနှင့် ကျေးလက် ၄ နေရာ)မှ အမျိုးသမီးဦးရေ ၂၂၀၀၀ အတွက် ဘဏ်ပေါင်း ၉၀၀ ထူထောင်ပေးရန် ရည်ရွယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း(၁၉၂၇)ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုများလုပ်ကိုင်၍ (၁၉၄၉)ခုနှစ်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည့် ကိုကာကိုလာကုမ္ပဏီသည် အမြှုပ်ထသည့် ဖျော်ရည်နှင့် အမြှုပ်မထသည့် ဖျော်ရည်အမှတ်တံဆိပ်ပစ္စည်းအမျိုးပေါင်း(၅၀၀)ကျော် ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။

YC

 ******************************

ပြည်တွင်းပါတီ၊ နိုင်ငံရေးသတင်း

ဝန်ထမ်းအဖွဲ့အစည်းရှိ အကြီးအမှူးများအား ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးအပ်

နိုင်ငံတော်သမ္မတမှ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ၏ ရာထူးနေရာများနှင့် တာဝန်ဝတ္တရားများကို ပြောင်းရွှေ့ခန့်အပ် တာဝန်ပေး အပ်လိုက်ပြီဖြစ်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံပြန်တမ်းကို စက်တင်ဘာလ ၁၈ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတ ပြောင်းလဲခန့်အပ်တာဝန်ပေးအပ်ခဲ့သည့် ဝန်ထမ်းအဖွဲ့အစည်းများရှိ အကြီးအမှူးများမှာ နိုင်ငံတော် သမ္မတရုံး ညွှန်ကြား ရေးမှူးချုပ် ဦးမင်းဇော်အား ပညာရေးဝန်ကြီးဌာန အမှတ်(၃)အခြေခံပညာဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်အဖြစ်သို့လည်းကောင်း၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးတင်မျိုးကြည်အား ပညာရေး ဝန် ကြီးဌာန အမှတ်(၂)အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်သို့လည်းကောင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးက္ကဒ္ဓိလှအား ပညာရေးဝန်ကြီးဌာန အမှတ်(၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်သို့လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးဇော်မင်းဦးအား ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဗပိာုပို့ဆောင်ဆက်သွယ်ရေးကျောင်း ကျောင်းအုပ်ကြီးအဖြစ်သို့ လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ဦးမျိုးလှိုင်အား အားကစားဝန်ကြီးဌာန အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးအဖြစ်သို့လည်းကောင်း ပြောင်း ရွှေ့ခန့်အပ်ခဲ့သည်။

ထို့ပြင် ကာကွယ်ရေးဝန်ကြီးဌာန ဗိုလ်မှူးကြီးလှထွန်းအား နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်အဖြစ်သို့ လည်းကောင်း၊ ကာကွယ်ရေး ဝန်ကြီးဌာန ဗိုလ်မှူးကြီးဇော်သန်းသင်းအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် အဖြစ်သို့ လည်းကောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးအောင်မော်အား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် သို့လည်းကောင်း၊ ပညာရေးဝန်ကြီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးအား ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ်သို့လည်းကောင်း၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစံ ရွှေအောင်အား နယ်စပ် ရေးရာဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်သို့ လည်း ကောင်း၊ မြန်မာနိုင်ငံတော်ဗပိာုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးမောင် မောင်ဝင်းအား ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်သို့လည်းကောင်း၊ မြန်မာနိုင်ငံတော် ဗပိာုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးနေအေးအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြား ရေးမှုးချုပ် အဖြစ်သို့လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေအား ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ်သို့လည်းကောင်း ပြောင်းလဲခန့်အပ် တာဝန်ပေး အပ်ခဲ့ ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

NT

-------------------------------------------------------------------------------------------------------------------------

နိုင်ငံတော်သမ္မတက အကျဉ်းသား ၅၁၄ အားလွတ်ငြိမ်းချမ်းသာခွင့်ပြု

နိုင်ငံတော်သမ္မတမှ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(က)နှင့်အညီ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားစုစုပေါင်း ၅၁၄ ဦးအား ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁(၁)အရ စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုပေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြပါရှိသည်။

ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပြုရခြင်းမှာ နိုင်ငံတော်တည်ငြိမ်ရေးနှင့် ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် လည်းကောင်း၊ လူသား ချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကိုနားလည်၍ နိုင်ငံတော် တည်ဆောက်ရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲစေရန်အတွက် လည်းကောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံ အချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေး၊ ချစ်ကြည်ရေးတို့အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတ၏ အမိန့်ဖြင့် ပထမအကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွင် ဆယ်ဂဏန်း၊ ဒုတိယအကြိမ်၌ ၃၀၀ ကျော်နှင့် တတိယအကြိမ်၌ ၂၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

NT

-------------------------------------------------------------------------------------------------------------------------

အရှေ့တောင်အာရှ လူ့အခွင့်အရေးအဖွဲ့များဖိုရမ်သို့ မြန်မာအဖွဲ့ဝင်လျှောက်ထားမှုနှင့်ပတ်သက်၍ ကြေညာချက် ထုတ်ပြန်

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များ ဖိုရမ်သို့ အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကြေညာချက်အမှတ် (၆/၂၀၁၂)ကို ထုတ်ပြန်ကြေညာခဲ့ သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၂-၁၄ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့သော အရှေ့တောင်အရှ အမျိုးသား လူ့အခွင့် အရေးအဖွဲ့များဖိုရမ်(SEANF)၏ နဝမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အား ယင်း၏ အဖွဲ့ဝင်သစ်အဖြစ် လက်ခံရန်ဆုံးဖြတ်ခဲ့ပြီး အင်ဒိုနီးရှား အမျိုးသား လူ့အခွင့်အရေးကော်မရှင်၊ မလေးရှား လူ့အခွင့်အရေးကော်မရှင်၊ ဖိလစ်ပိုင် လူ့အခွင့် အရေးကော်မရှင်နှင့် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်တို့သည် ၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ လူ့အခွင့်အရေး နယ်ပယ်များတွင် အစီအစဉ်များလှုပ်ရှားမှုများကို အားလုံးပူးတွဲ၍ဖြစ်စေ၊ နှစ်နိုင်ငံချင်းလိုက်ဖြစ်စေ ဆောင်ရွက်သွားကြရန် သဘောတူညီ၍ ၂၀၀၇ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ ဘာလီ၌ အာဆီယံ အမျိုးသား လူ့အခွင့်အရေးအဖွဲ့များဖိုရမ် ပူးပေါင်းဆောင်ရွက်ရေးကြေညာချက်ကို လက်မှတ် ရေးထိုးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့များ ဖိုရမ်၏ ရည်မှန်းချက်များမှာ အရှေ့တောင်အာရှဒေသတွင်းရှိ လူတို့၏ အခွင့်အရေးကို မြှင့်တင်ကာကွယ် ဖြည့်ဆည်းရေးကို ဒေသဆိုင်ရာ ယန္တရားအနေဖြင့် ဆောင်ရွက်သွားရန်၊ ယင်းရည်မှန်းချက် အောင်မြင်ရေးအတွက် ဆောင်ရွက်ရမည့် ဖိုရမ်၏တာဝန်များတွင် အရှေ့တောင်အာရှနိုင်ငံများတွင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖွဲ့စည်းရေးနှင့် ဖွံ့ဖြိုးလာရေးကို ထောက်ခံ အား ပေးရန်၊ ဒေငတွင်းနှင့် ဒေသပြင်ပတွင်ဖြစ်ပေါ်သည့် ဆိုးရွားသောလူ့အခွင့်အရေးဖောက်ဖျက်မှုပြဿနာများနှင့်ပတ်သက်၍ အထောက်အကူပြုမည့် လှုပ် ရှားမှုများ ဆောင်ရွက်ရေးတို့ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့များ ဖိုရမ်၏ အဖွဲ့ဝင်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှဒေသရှိ လူတို့၏ လူ့အခွင့်ရေးကို ထိရောက်စွာ မြှင့်တင်ကာကွယ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြပါရှိသည်။

              NT

******************************

သတင်းနှင့် ဆောင်းပါးများမှ ကောက်နှုတ်ချက်များ

“လူမျိုးနှစ်မျိုးအတူရှိနေတဲ့အတွက် ပြဿနာကတော့ ရှိနေဦးမှာပဲ။ကျွန်တော်တို့ကတော့ ဆက်မလိုက်ဘဲ အများလက်ခံတဲ့ အဖြေတစ်ခုရဖို့ ခိုင်မာသထက် ခိုင်မာအောင် သုတေသနစာတမ်းပြုစုပြီး တင်ပြသွားမယ်။ အကောင်အထည်ဖော်ဖို့က အစိုးရရဲ့ တာဝန်သာဖြစ်တယ်”

စက်တင်ဘာ ၁၈ရက်ထုတ် Venus Newsဂျာနယ် အတွဲ(၄)အမှတ်(၉)တွင်ပါရှိသည့် “ရခိုင်အရေးအဖြစ်မှန် ပေါ်ပေါက် ရ မည်ဟုစုံစမ်းရေးကော်မရှင် ကတိပြု”သတင်းမှ စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်၏ ပြောကြားချက် ပေါ်ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------------------

အစိုးရပြုပြင်ပြောင်းလဲမှုဆိုတာ ဘာမှပြုပြင်ပြောင်းလဲတာ မရှိဘူး။ သူတို့ပြောနေတဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာ တိုင်းရင်း သားတွေအတွက် ဘာမှ အရိပ် အာဝါသလည်း မခံရဘူး။ ကချင်ဒေသမှာလဲ အဲသည်လိုပါပဲ အမြဲတမ်းလေ့လာစောင့် ကြည့် နေတဲ့သူတွေအတွက် ရယ်စရာတစ်ခုလို့ ပြောမယ်။ အခွံ ပြောင်းတာပါ အထဲကအဆန်ကတော့ အရင်အတိုင်းပါပဲခင်ဗျာ။

စက်တင်ဘာ၁၈ရက်ထုတ် ကုမုဒြာဂျာနယ် အတွဲ(၂)အမှတ်(၂၆)တွင်ပါရှိသည့် “ကချင်ငြိမ်းချမ်းရေးကေအိုင်အိုအဖွဲ့ သ တင်းပြန်ကြားရေး တာဝန်ခံ ဦးလနန်နှင့် တွေ့ဆုံခြင်း”မှ ဦးလနန်၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

-------------------------------------------------------------------------------------------------------------------------

လက်ရှိတရားရေးနဲ့ပတ်သက်ပြီး နှစ်ဖွဲ့ဖြစ်နေတယ်။ ဖွဲ့စည်းပုံခုံရုံးရယ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရယ်၊ အဲဒီ နှစ်ခုစလုံးမှာခန့်ထားတဲ့လူတွေက ဝန်ထမ်းအဟောင်းတွေကို ခန့်ထားတာတွေ့ရတယ်။ ဘာကြောင့် ဝန်ထမ်းအဟောင်းတွေကိုပဲ ရွေးချယ်ခန့်ထားလဲ ဆိုတာတော့ မသိဘူး။ ကျွန်တော့် ဆန္ဒအရတော့ နိုင်ငံတော်အတွက် အင်မတန်မှ အဆင့်မြင့်တဲ့ တရားဥပဒေနဲ့ဆိုင်တဲ့ ခုံရုံးကြီးတွေမှာ တာဝန်ထမ်းဆောင်ဖို့ ဥပဒေပညာရှင်တွေကို ရွေး ချယ်ခန့် အပ်တဲ့ နေရာမှာ ဥပရေးရာမှာ နှံ့စပ်ပြီးတော့ ကျွမ်းကျင်ပြီးအတွေ့အကြုံရှိတဲ့သူမျိုး၊ ကောင်းသတင်းနဲ့ ကျော်စောတဲ့သူမျိုး လွတ်လပ်စွာ စီရင် ဆုံးဖြတ်နိုင်တဲ့သူ၊ ဥပဒျေက်နှာကိုပဲ ထောက်တဲ့သူမျိုးကိုဦးစားပေးရွေးချယ်သင့်တယ်။ ဖွဲ့စည်းပုံမှာရော၊ တရားလွှတ်တော်ချုပ်မှာရော ဝန်ထမ်း အဟောင်းတွ ခန့်ထားရတာဟာ အဓိကဟာကွက်ပဲ။ လစ်ဟာနေတဲ့ အချက်ပဲ။

စက်တင်ဘာ ၁၈ရက်ထုတ် Flower News ဂျာနယ်အတွဲ(၈)အမှတ်(၃၆)တွင်ပါရှိသည့် “တရားလွှတ်တော်ရှေ့နေဦးကိုနီနှင့် တွေ့ဆုံခြင်း”မှ ဦးကိုနီ၏ ပြောကြားချက်အပေါ် ကောက်နှုတ်ချက်။

******************************

 

 

 


Google Drive: create, share, and keep all your stuff in one place.
Logo for Google Drive