Transparency Myanmar

transparency.myanmar@gmail.com

WEEK IN INTERNATIONAL AFFAIR
Document WEEK IN INTERNATIONAL AFFAIR

Snapshot of the item below:
WEEK IN INTERNATIONAL AFFAIR

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ သတင်းများ

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ Yangon Chronicle မှ စုစည်း တင်ပြအပ်ပါသည်။

တရုတ်ခေါင်းဆောင်မှု အပြောင်းအလဲ

photo credit - CBS Evening News

မတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံဘေဂျင်းမြို့ရှိ ဂရိတ်ဟောခန်းမတွင်ကျင်းပခဲ့သော ပြည်သူ့ညီလာခံတွင် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင်းပင်ကို သမ္မတအဖြစ်ခန့်အပ်ခဲ့ပါသည်။ ရှီကျင်းပင်သည် တရုတ်နိုင်ငံ၏ ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့တပ်မတော်ခေါင်းဆောင်အဖြစ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက စတင်လုပ်ဆောင် ခဲ့သူ လည်း ဖြစ်သည်။ ထို့ပြင် ရှီကျင်းပင်သည် ဟူကျင်းတောင်လက်ထက်တွင် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လည်းဖြစ်သည်။  ရှီကျင်းပင်သည် ထောက်ခံမဲ ၂၉၅၂၊ ကန့်ကွက်မဲ ၁ နှင့် ကြားနေမဲ သုံးမဲတို့ဖြင့် သမ္မတနေရာကို ရရှိခဲ့ ခြင်းဖြစ်သည်။ ထို့နောက် ၎င်းသည် အမေရိကန်သမ္မတနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ထို့ပြင် မတ်လ ၁၇ ရက်နေ့တွင် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုနေသနဌာန (SIPRI) အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် လက်နက်ရောင်းချသည့်ကမ္ဘာ့ထိပ်တန်းငါးနိုင်ငံတွင် ပထမဆုံးအကြိမ် စာရင်းဝင်ခဲ့သည်။ ကမ္ဘာ့ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ ဖြစ်သောတရုတ်သည် လေယာဉ်တင် သဘောင်္များ၊ လူမဲ့လေယာဉ်များအပါအဝင် ခေတ်မီ စစ်လက်နက်များ ထုတ်လုပ်နိုင်ရေးအတွက် အသုံးစရိတ်များ တိုးမြှင့်သုံးစွဲ လျက်ရှိပါသည်။

ဥရောပ၏ ဘာသာရေးအပြောင်းအလဲနှင့် ဘဏ္ဍာရေးပဋိပက္ခများ

photo credit-US news

ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်နှုတ်ထွက်သွားပြီးနောက် မတ်လ ၁၃ ရက်နေ့တွင် ဘင်နီဒစ်၏ နေရာတွင် ဆက်ခံရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကိုရွေးချယ်တင်မြှောက်ခဲ့ပါသည်။ ပုပ်ဖရန်စစ်သည် ဆင်းရဲနွမ်းပါးသူများ နှင့် အပယ်ခံများအား စောင့်ရှောက်ရန် အလေးအနက်ထားပုံလည်းရသည်။ ဆင်းရဲနွမ်းပါးမှုများ များစွာ ဖြစ်ပေါ် နေသောယနေ့ခေတ်တွင် ဆင်းရဲနွမ်းပါးသူများအပေါ် မေတ္တာထားဆောင်ရွက်ပေးလိုသော ပုပ်ရဟန်း မင်းကြီးအား ကမ္ဘာ တစ်ဝှမ်းမှ ရိုမန်ကက်သလစ် ဘာသာဝင်များက ဝမ်းပန်းတသာကြိုဆို ခဲ့ကြပါသည်။ ထို့ပြင် အာဂျင်တီးနား သမ္မတနှင့် မတ်လ ၁၈ ရက်နေ့တွင် တွေ့ဆုံခဲ့ရာ အာဂျင်တီးနားသမ္မတက ဖောက်ကလန်ကျွန်းစုရေးအား ကြားဝင်ဖြေရှင်း ပေးရန် ပုပ်ရဟန်းမင်းကြီးအား တောင်းဆိုခဲ့သည်။

ဆိုက်ပရပ်စ်အစိုးရသည် ပြည်တွင်းဘဏ်တွေရဲ့စုဆောင်းငွေအပေါ် အခွန်ကောက်ခံမယ်ဟူ၍ ကြေညာ ခဲ့သည်။ ကောက်ခံမည့်နှုန်းထားမှာ အပ်နှံထားသောငွေပမာဏ ယူရို ၁ သိန်းအောက်ရှိလျှင် အခွန် (၆.၇၅) ရာခိုင်နှုန်း ကောက်ခံ၍၊ ယူရို ၁ သိန်းအထက် အပ်နှံထားသူများအနေဖြင့် (၉.၉) ရာခိုင်နှုန်းပေးဆောင် ရမှာဖြစ်ပါတယ်။ ဆိုက်ပရပ်စ်အစိုးရသည် ယင်းကဲ့သို့လုပ်ဆောင်ရခြင်းမှာ ဆိုက်ပရပ်စ်နိုင်ငံ၏ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဥရောပသမဂ္ဂ (EU) နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့(IMF) တို့က ပေးမည့်ယူရို ၁၀ ဘီလီယံချေးငွေရရှိရန်အတွက် ဖြစ်ပါသည်။ ချေးငွေသဘောတူညီ ချက်အရ အစိုးရဟာ တိုင်းပြည်ဘဏ္ဍာငွေတိုးတက်လာရေးအတွက် ယခုကဲ့သို့ အခွန်အကောက် များရယူရခြင်း ဖြစ်ပါသည်။ ဆိုက်ပရပ်စ်ဘဏ်များ၏ အပ်ငွေတစ်ဝက်လောက်သည် ရုရှားလူမျိုးများဖြစ်ကြပြီး ရုရှား လူမျိုး များသည် ဆိုက်ပရပ်စ်တွင် အမြဲနေထိုင်သူများမဟုတ်ကြပေ။

အရှေ့အလယ်ပိုင်းဒေသများတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ

              ဆီးရီးယားစစ်တပ်၏ တိုက်လေယာဉ်နှစ်စင်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က ဆီးရီးယား နယ်စပ်မှ လက်ဘနွန်ရှိ အာဆယ်မြို့အနီးသို့ ဒုံးကျည်သုံးစင်းပစ်လွှတ်ခဲ့သည်။ ယင်းကဲ့သို့ တိုက်လေယာဉ်များ သုံးကာ ဒုံးကျည် များဖြင့် ပစ်ခတ်ခဲ့ခြင်းသည် ဆီးရီးယားပဋိပက္ခ သိသိသာသာမြင့်တက်နေသည့်သဘောဖြစ် သည်။ ထို့ပြင် အာဆတ် အစိုးရ၏ ထိန်းချုပ်မှုအောက်မှကင်းလွတ်သော နယ်မြေများအား အုပ်ချုပ်ရန် ဆီးရီးယားအဓိက အတိုက်အခံ ညွန့်ပေါင်း က ယင်းအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် အမေရိကန်တွင် ဆယ်စုနှစ်များ စွာ နေထိုင်ခဲ့သော ဆက်သွယ်ရေးတာဝန်ခံ ဂါဆန် ဟစ်တို ကိုခန့်အပ်ခဲ့ပါသည်။ ဝန်ကြီးချုပ်အသစ်၏ တာဝန်မှာ ဆီးရီးယား ပြည်နယ် အတွင်း၌ အခြေစိုက်မည့် ကြားဖြတ် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရန်ဖြစ်သည်။

              ၂၀၀၇ ခုနှစ်နောက်ပိုင်းမှစ၍ အီရတ်နိုင်ငံတွင် အဓိကရုဏ်းဖြစ်ပွားမှုများလျော့ပါးခဲ့သော်လည်း ဗုံးတိုက်ခွဲမှုများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများမှာ ယခုတိုင်ရှိနေဆဲပင်ဖြစ်ပါသည်။ အီရတ်နိုင်ငံ၏ မြို့တော်ဖြစ်သည့် ဘဂ္ဂဒက် မြို့တွင် အစိုးရဝန်ကြီးဌာနရုံးများအား အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၁၈ ဦး သေဆုံးကာ လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ အစိုးရရုံးများအနက် တရားစီရင်ရေးဝန်ကြီး ဌာနကို အဓိက ပစ်မှတ် ထားခဲ့ကြပြီး ယင်းဒေသသည် ငြိမ်းချမ်းသော နယ်မြေအဖြစ် သတ်မှတ်ထားသောအီရတ် အစိုးရရုံးများနှင့် နိုင်ငံခြား သံရုံးများ တည်ရှိရာဒေသနှင့်လည်း နီးကပ်ပါသည်။

               အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ပါတီတစ်ခုဖြစ်သော လူကစ်အစ္စရေးပါတီသည် ယင်း၏ ပြိုင်ဘက် ယာ့အဒစ်ဟန်နူရာ၊ ဂျူးအမိမြေပါတီ တို့နှင့်ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရအဖွဲ့ကို မတ်လ ၁၅ ရက်နေ့က  ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။  နေတန်ယာဟု သည်ရွေးကောက်ပွဲအကြို စည်းရုံးရေးကာလတွင် အစ္စရေးအမျိုးသားရေးဝါဒကို အဓိကထား စည်းရုံးခဲ့သည်။ ၎င်းအနိုင်ရခဲ့ပါလျှင် ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေးများ၏ အခြေချနေထိုင်မှုအား ဆက်လက် လုပ်ဆောင်စေမည်ဟု ကတိပြုခဲ့သည်။ သို့သော် နေတန်ယာဟု၏ အတိုက်အခံပါတီသစ်မှ ခေါင်းဆောင်များ သည် ပါလစတိုင်းနှင့် ငြိမ်းချမ်းရေးသို့ဦးတည်သော လုပ်ဆောင်မှုများ မပြုလုပ်ပါက ၎င်းနှင့် မပူးပေါင်းဟု ပြောကြားခဲ့ သော်လည်း ရက်သတ္တပတ် ၅ ပတ်အကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက်တွင် ညွန့်ပေါင်း အစိုးရဖွဲ့ စည်းနိုင်သည့် အခြေအနေသို့ရောက်ရှိခဲ့သော ကြောင့် နေတန်ယာဟုသည် ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

              ယင်းကဲ့သို့ အစိုးရအသစ်ဖွဲ့စည်းနိုင်ခဲ့မှုအပေါ်တွင်လည်း အမေရိကန်သမ္မတဘားရက်အိုဘားမား က ဝမ်းမြောက်ကြောင်းပြောကြားခဲ့ပြီး စိန်ခေါ်မှုများအား အတူရင်ဆိုင်သွားရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ တွင်လည်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အာရုံစိုက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ယင်းကဲ့ သို့ပြော ကြားခဲ့ခြင်း သည် အမေရိကန်နိုင်ငံနှင့် အစ္စရေးနိုင်ငံ၏ ခိုင်မာသောဆက်ဆံရေးကို အမေရိကန်က အလေးထားကြောင်းလည်း ပါရှိပါသည်။

မြောက်ကိုရီးယားနိုင်ငံတွင်းရှိ ဆိုက်ဘာအရေးကိစ္စများနှင့် နိုင်ငံရေးပဋိပက္ခများ

              ယခင်အပတ်ကဖြစ်ပေါ်နေသော ဆိုက်ဘာပြဿနာရပ်များတွင် မြောက်ကိုရီးယားနိုင်ငံက အမေရိကန် နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ယင်းတို့၏ တရားဝင်ဝက်ဘ်ဆိုက် များအားလွန်ခဲ့သည့်ရက်များအတွင်း တွင်ကြိမ်ဖန်များ စွာဆိုက်ဘာတိုက်ခိုက်မှုများပြင်းထန်စွာ ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့သည်။ ယင်းစွပ်စွဲမှုများကို တောင်ကိုရီးယားအစိုးရက ချက်ချင်းတုန့်ပြန်ပြောဆိုခြင်းမရှိခဲ့ပေ။ တောင်ကိုရီးယားနိုင်ငံကလည်း ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်းနှင့် ၂၀၁၁ ခုနှစ်မတ်လအတွင်းက ယင်းတို့၏  အစိုးရအေဂျင်စီများနှင့် ဘဏ္ဍရေးဝက်ဘ်ဆိုက် များအား အကြီးအကျယ် တိုက်ခိုက်ခံ ရခြင်းတွင် မြောက်ကိုးရီးယားအား စွပ်စွဲပြောဆိုခဲ့ဘူးသည်။ နျူကလီးယား လက်နက်များ၏ အားကိုးဖြင့် မြောက်ကိုရီးယား သည် ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများနှင့် တောင်ကိုရီးယား တို့၏ ပူးတွဲစစ်ဆင်ရေး လုပ်ငန်းများအား စစ်ရေးဖြင့် တုန့်ပြန်သွားမည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။

မြောက်ကိုရီးယားတွင် စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား စုံစမ်းမည့် ကော်မရှင် ဖွဲ့ရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ကြာသပတေးနေ့က တခဲနက်ထောက်ခံ အတည်ပြုခဲ့ ကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံတွင် အချို့သောလူ့အခွင့်အရေးချိုးဖောက်မှု များသည် လူသားမျိုးနွယ်များ အပေါ်၌ ချိုးဖောက်သည့် ရာဇဝတ်မှုများပင်ဖြစ်နိုင်သည်ဟု ကုလသမဂ္ဂကပြောပြီး မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေ စုံစမ်းရေးကော်မရှင်တခုကို ဖွဲ့စည်းလိုက်ပါတယ်။

မြောက်ကိုရီးယားတွင် နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှင်းပမ်းခြင်း၊ အလုပ်ကြမ်းစခန်းများသို့ပို့ခြင်း ကိုလည်း ပြစ်တင်ရှုံ့ချထားပါသည်။  အမေရိကန်၏ထောက်ခံမှု၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့၏ ဆုံးဖြတ်ချက် မူကြမ်းကို တင်သွင်းခဲ့ ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အဆိုးဆုံးဟု ယုံကြည်ရသော မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်သွားစေရန် နိုင်ငံတကာမှ အားထုတ်ကြစေလိုသည်ဟုလည်း လူ့အခွင့် အရေးအဖွဲ့များ ကတောင်းဆိုကြသည်။ ဆယ်စုနှစ်ချီအောင် မြောက်ကိုရီးယားအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကုလသမဂ္ဂ၏စုံစမ်းမှုက ကူညီဖော် ထုတ်နိုင်လိမ့်မည်ဟု Human Rights Watch လူ့အခွင့် အရေးအဖွဲ့က ပြောပါသည်။ လူ့အခွင့်အရေး ချိုးဖေါက်နေ သည်ဟူသော စွပ်စွဲမှုများအား မြောက်ကိုရီးယား အစိုးရနှင့် တာဝန်ရှိသူများက ငြင်းဆန်ခဲ့ပါသည်။

 

အာဖရိကတိုက်အတွင်းရှိ နိုင်ငံရေးအပြောင်းအလဲအချို့

မတ်လ ၁၉ ရက်နေ့တွင် ဇင်ဘာဘွေတွင်ကျင်းပခဲ့သော သမ္မတအာဏာကန့်သတ်ထားသော ဇင်ဘာဘွေ အခြေခံဥပဒေ သစ်ကို မဲပေးခွင့်ရှိသူ ခြောက်သန်းအထိရှိခဲ့ရာ ပြည်သူ ၉၅ ရာခိုင်နှုန်းနီးပါးက ထောက်ခံမဲများပေးခဲ့ကြပြီး လူနှစ်သိန်း ခန့်က ကန့်ကွက်ခဲ့ကြပါသည်။ ယင်းကဲ့သို့ အခြေခံဥပဒေသစ်ကို ပြည်သူများက ထောက်ခံခဲ့ခြင်းကြောင့် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်တော့မည် ဖြစ်သည်။


 

                                                                                       

              

              

              

              

 

              

              

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

INTERNATIONAL MEDIA (1)
Document INTERNATIONAL MEDIA (1)

Snapshot of the item below:
INTERNATIONAL MEDIA (1)

နိုင်ငံတကာသတင်းများ

  1. တရုတ်နှင့် အမေရိကန် အကျိုးစီးပွားဝေမျှမှုများရှိနေကြောင်းထုတ်ဖော်

(BBC News မှ ၁၉ မတ် တွင်ပါရှိသည့် China and US hail ‘shared interest’သတင်းကိုဘာသာပြန်ဆိုသည်။)

  1. အိန္ဒိယအရှေ့မြောက်ဒေသအတွက် မြန်မာဓာတ်ငွေ့သိုက်များကို သုံးစွဲနိုင်

(The Economic Times မှ 21 Mar 2013 ရက်စွဲပါ Myanmar’s gas reserves can be tapped for NE သတင်းကို ဘာသာပြန်ဆိုသည်)

  1. ဝန်ကြီးချုပ်၏အကို သက်ဆင် ထားဝယ်သို့ ရောက်

(The Nation News မှ 22 Mar 2013 ရက်စွဲပါ “PM’s brother Thaksin visits Dawei in Myanmar” သတင်းကို ဘာသာ ပြန်ဆိုသည်)

  1. မန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့လိုကြောင်း ကုလလူ့အခွင့် အရေး ကောင်စီဆုံးဖြတ်

(AFP News မှ 22 Mar 2013 ရက်စွဲပါ “Myanmar must launch probe into rights abuses: UN body” သတင်းကို ဘာသာပြန်ဆိုသည်။)


တရုတ်နှင့် အမေရိကန် အကျိုးစီးပွားဝေမျှမှုများရှိနေကြောင်းထုတ်ဖော်

(BBC News မှ ၁၉ မတ် တွင်ပါရှိသည့် China and US hail ‘shared interest’သတင်းကိုဘာသာပြန်ဆိုသည်။)

Photo Credit by Reuter

Xi Jinpingသည် တရုတ်ပြည်သူ့သမ္မတအဖြစ် တာဝန်ယူဖို့သေချာချိန်မှစတင်၍အမေရိကန်နှင့် ခိုင်မာသည့် ဆက်ဆံရေး တစ်ရပ်တည်ထောင်သွားဖို့ လိုလားကြောင်းပထမအကြိမ်ပြုလုပ်သည့် အမေရိကန်-တရုတ်အဆင့်မြင့် အရာရှိများတွေ့ဆုံဆွေးနွေး ပွဲ၌ပြောကြားသွားခဲ့သည်။

သူ၏ မှတ်ချက်များမှာပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ်ဘေဂျင်းမြို့သို့ရောက်ရှိနေသော အမေရိကန် ဘဏ္ဍရေး ဝန်ကြီး Jack Lew ၏ တွေ့ဆုံပွဲမှထွက်ပေါ်လာခြင်းဖြစ်သည်။

“နှစ်နိုင်ငံလုံးဟာမဟာဗျူဟာကျကျနဲ့ ရေရှည်အမြင်ရှိတဲ့ ဆက်ဆံရေးမျိုးနဲ့ ချဉ်းကပ်မှုမျိုးရှိသင့်တယ်” ဟုMr Xi က ဆိုသည်။

“နှစ်နိုင်ငံလုံးဟာကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အတားအဆီးတွေ လျှော့ချဖို့ အတူတကွဆောင်ရွက် သင့်တယ်” ဟု MrLew   က ဆိုသည်။

“တရုတ်-အမေရိကန် ဆက်ဆံရေးမှာ  ကြီးမားတဲ့ အကျိုးစီးပွားဝေမျှမှုများရှိနေပါတယ်။ ဒါပေမဲ့ ရှောင်လွှဲမရတဲ့ ကွဲပြားခြားနားမှု အချို့လည်းရှိနေပါတယ်” ဟု Mr Xi မှ ဘေဂျင်းမြို့ ပြည်သူ့မဟာခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲ၌ ပြောကြား သွားခဲ့သည်။

“ကျွန်တော်တို့ဟာတရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်အခြေအနေရှေ့ဆက်တိုးတက် ဖြစ်ထွန်းလာဖို့ အမေရိကန်နှင့် လက်တွဲလုပ်ဆောင်ဖို့ အသင့်ပါပဲ”ဟု ၎င်းက ဆက်လက်ပြောခဲ့သည်။

“ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ဟာကမ္ဘာ့စီးပွားရေးရေရှည် တည်တည်ငြိမ်ငြိမ် နဲ့ ဖွံ့ဖြိုးဖို့၊ ခိုင်ခိုင်မာမာရှိနေဖို့ အထူးတာဝန်ရှိပါတယ်” ဟု Mr Lew က ဆိုသည်။

“ကျွန်တော်တို့ဟာတရုတ်နိုင်ငံကို ကမ္ဘာ့ဝယ်လိုအား ပိုမိုဖြည့်ဆည်းပေးနိုင်တဲ့နိုင်ငံအဖြစ် ရောက်ရှိဖို့ ရည်သန်ထား ပါတယ်” ဟု ၎င်းကထပ်လောင်းပြောကြားသွားခဲ့သည်။

အမေရိကန်အနေဖြင့်  နှစ်နိုင်ငံကြားကုန်သွယ်ရေးကွာဟမှု ကျဉ်းမြောင်းသွားဖို့ တရုတ်နိုင်ငံကို သုံးစွဲမှု ဦးစားပေးစီးပွားရေး အဖြစ်သို့ ရောက်ရှိစေချင်သည်။

Mr Lew အနေဖြင့် အဆိုပါ ဆွေးနွေးပွဲ၌ မြောက်ကိုရီးယား၏နှူးကလီးယားရည်မှန်းချက်၊ ဒေသတွင်းလုံခြုံရေးနှင့် ဆိုက်ဘာရာဇဝတ်မှုများအရေးတို့ကိုလည်းဆွေးနွေးဖို့ မျှော်လင့်ခဲ့သည်။

ဆိုက်ဘာအရေးစိုးရိမ်မှု

ယခုဆွေးနွေးပွဲသည် Xi Jinpingအား တရုတ်နိုင်ငံခေါင်းဆောင်အဖြစ် ပြီးခဲ့သည့် သီတင်းပတ်မှစတင်၍ သတ်မှတ် ခဲ့စဉ်ကတည်းကနှစ်နိုင်ငံကြားအဆင့်မြင့်အရာရှိများ ပထမဦးဆုံးအကြိမ် တွေ့ဆုံသည့်ဆွေးနွေးပွဲဖြစ်သည်။

ယခုအခါတွင် (တရုတ်တပ်မတော်နှင့် ဆပ်စပ်မှုရှိနိုင်သော) တရုတ် hacker များ၏ အမေရိကန် ကုမ္ပဏီများအပေါ်

မျက်နှာစာပေါင်းစုံမှတိုက်ခိုက်ခြင်းနှင့် ပတ်သက်ပြီးနှစ် နိုင်ငံကြား၌ တင်းမာမှုများရှိနေသည်။

ပြီးခဲ့သည့် အပတ်က တရုတ်နိုင်ငံ၏ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ခံရသောXinJinpingအား အမေရိကန်သမ္မတ Barack Obama မှဂုဏ်ပြုချီးမွမ်းစကားကိုဖုန်;ဖြင့်ပြောဆိုရာတွင် အမေရိကန်အနေဖြင့် တရုတ်၏ cyber တိုက်ခိုက်မှုများနှင့် ငွေကြေး လဲလှယ်မှု မူဝါဒအပေါ်စိုးရိမ်မှုများရှိနေကြောင်း ပြောခဲ့သည်ဟု အိမ်ဖြူတော်ရှိအရာရှိတစ်ဦးမှပြောကြားခဲ့သည်။

အမေရိကန် ဆိုက်ဘာလုံခြုံရေးလုပ်ငန်းတစ်ခုဖြစ်သည့် Mandiant က ၂၀၀၄ခုနှစ်ကတည်းကတရုတ် hacking အဖွဲ့တစ်ဖွဲ့သည် ရာနှင့်ချီသောအချက်အလက်ဖောက်ယူမှုများနှင့် ချိတ်ဆက်မှုရှိနေပြီး အဆိုပါအဖွဲ့မှာ မြို့တော် Shanghai ရှိတပ်အဖွဲ့တစ်ဖွဲ့၏ ဌာနမှဖြစ်နေကြောင်းတွေ့ရှိရသည်ဟုဖေဖော်ဝါရီလအတွင်းကပြောကြားသွားခဲ့သည်။

တရုတ်နိုင်ငံမှ Mandiant ၏ မမှန်ကန်သည့် အစီအရင်ခံစာဟုခေါ်ဆိုခဲ့ပြီး ၎င်းတို့အနေဖြင့် hacking ဆောင်ရွက် ချက်များကို ဆန့်ကျင်ကြောင်းနှင့်၎င်းတို့ကိုယ်တိုင်ပင် ဆိုက်ဘာတိုက်ခိုက်ခံရမှုများ၏ သားကောင်ဖြစ်နေကြောင်း ပြောကြားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry အနေဖြင့် တရုတ်နိုင်ငံသို့နောက်လတွင် အလည် အပတ်သွား ရောက်ဖို့ရှိပြီး Mr Xi အနေဖြင့် သူ၏ ပထမဦးဆုံးနိုင်ငံခြားခရီးစဉ်ကိုမတ် ၂၂မှ ၃၀ ရက်နေ့အထိ ရုရှား၊ တန်ဇန်းနီးယား၊ တောင်အာဖရိကနှင့် ကွန်ဂိုသမ္မတနိုင်ငံသို့ သွားရောက်ဖို့ရှိကြောင်းသိရသည်။


အိန္ဒိယအရှေ့မြောက်ဒေသအတွက် မြန်မာဓာတ်ငွေ့သိုက်များကို သုံးစွဲနိုင်

(The Economic Times မှ 21 Mar 2013 ရက်စွဲပါ Myanmar’s gas reserves can be tapped for NE သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by Online

စွမ်းအင်လိုအပ်ချက်ရှိနေသော အိန္ဒိယအရှေ့မြောက်ဒေသသည် ယူနန်ပြည်နယ်၏ နည်းလမ်းကိုအတုယူကာ မြန်မာ ဓာတ်ငွေ့သိုက်များကို ထုတ်ယူသုံးစွဲရန် နည်းလမ်းရှာဖွေကရမည်ဟု မီဂါလာယာမြို့တော်ဝန် အာအက်စ်မူရှာဟာရီက ယနေ့ပြောကြားသည်။

မြန်မာနိုင်ငံသည် အကြီးစားဓာတ်ငွေ့သိုက်များရှိသော ဆယ်နိုင်ငံထဲတွင် ပါဝင်ဖွယ်ရှိသောကြောင့် အိန္ဒိယနိုင်ငံ (အထူးသဖြင့်) အရှေ့မြောက်ပြည်နယ်များသည် ဓာတ်အားထုတ်လုပ်ရန်အတွက် ယင်းဓာတ်ငွေ့များကို အသုံးပြုနိုင်သည်ဟု ရှာဟာရီက ဆိုပါသည်။

“ကျွန်တော်တို့ရဲ့ရေအားလျှပ်စစ်ဟာ အလားအလာကောင်းပေမယ့် ဓာတ်အားထုတ်လုပ်မှုဟာ လိုအပ်ချက်ကို မပြည့်မှီပါဘူး”ဟု ၎င်းကပြောကြကားသည်။

“ဓာတ်ငွေ့ပိုက်လိုင်းဟာ ၃၈၀၀ ကီလိုမီတာ မကျော်ရင် စီးပွားရေးတွက်ခြေကိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ အိန္ဒိယ အရှေ့မြောက်ဒေသအကြား ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းမယ်ဆိုရင် အရှည် ၁၅၇၃ ကီလိုမီတာလောက်ပဲ ရှိမှာပါ”ဟု US Energy Information Agency ကို ကိုးကား၍ မူရှာဟာရီက ပြောဆိုသည်။

၎င်းက ဆက်လက်၍ “ကျွန်တော်တို့အတွက် အကျိုးဖြစ်ထွန်းစေမယ့် ဓာတ်ငွေ့သယ်ယူဖို့ အခြားနည်းလမ်း တွေ အစား ပိုက်လိုင်းသွယ်လို့ ရပါတယ်။ ဒီစီမံကိန်းအတွက် အိန္ဒိယနိုင်ငံက ဒေါ်လာ ၂.၃ ဘီလီယံလောက်တော့ စိုက်ထုတ် ရမှာပေါ့ နိုင်ငံဖြတ်ကျော် ဓာတ်ငွေ့ပိုက်လိုင်းတွေကတဆင့် ဟူနန်ပြည်နယ်က ရထားတဲ့အားသာချက်မျိုးကို ကျွန်တော်တို့ လည်း မျှော်မှန်းလို့ရပါတယ်။ တရုတ်-မြန်မာကုန်သွယ်မှုဒေါ်လာ ၆၀၅ ဘီလျံရဲ့ ၃၀ ရာခိုင်နှုန်းကို ယူနန် ပြည်နယ်က ရရှိနေပါတယ်။ တကယ်လို့သာ ကျွန်တော်တို့အရှေ့မြောက်ဒေသမှာ ပိုက်လိုင်းသွယ်တန်းနိုင်ရင် ပို့ဆောင်ရေး၊ ကုန်သွယ် ရေး၊ ခရီးသွားလုပ်ငန်းတွေ သိသိသာသာ အကျိုးဖြစ်ထွန်းလာမှာပါ။ ဒါဟာအိန္ဒိယအရှေ့မျှော်ဝါဒရဲ့ အရေးအကြီးဆုံး လက္ခဏာတစ်ခုပါ”ဟု ရှင်းလင်းပြောဆိုသွားသည်။

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ဟောင်း အက်စကေတာယယ်ကလည်း အရှေ့ဘက်မှ စက်မှု ထွန်းကားသောနိုင်ငံများဆီသို့လမ်းကြောင်းပေါက်အောင် ဆောင်ရွက်နေစဉ်တွင် စိတ်ချယုံကြည်ရသော နယ်စပ်ထိန်းသိမ်း ရေးကွန်ယက်နှင့် အကောက်ခွန်စခန်းများ ထူထောင်ရန် ထောက်ပြပြောဆိုထားသည်။

ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဈေးကွက်လိုအပ်ချက်များကို လေ့လာရင်း ဒေသတွင်းရှိ ထုတ်လုပ်ရေး ယန္တရားများကို သွက်သွက်လက်လက်ပြောင်းလဲရန် လိုအပ်လိမ့်မည်ဟုလည်း အက်စ်ကေတာယယ်က ပြောကြားသည်။

အထက်ပါပုဂ္ဂိုလ်နှစ်ဦးသည် အိန္ဒိယသည် အိန္ဒိယအရှေ့မျှော်ဝါဒဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ ICSSR၊ DoNER တို့ပူးပေါင်းဆောင်ရွက်နေကြသော အာရှတိုက်ကုန်းမြေလမ်းကြောင်းများ သန်မာအားကောင်းရေးကို တင်ပြဆွေးနွေးခဲ့ကြသည်။


ဝန်ကြီးချုပ်၏အကို သက်ဆင် ထားဝယ်သို့ ရောက်

(The Nation News မှ 22 Mar 2013 ရက်စွဲပါ “PM’s brother Thaksin visits Dawei in Myanmar” သတင်းကို ဘာသာပြန်ဆိုသည်)

Photo Credit by Bangkok Post

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့မှ ထားဝယ်သို့ ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ယနေ့မနက်ရောက်ရှိလာကြောင်း ပြည်တွင်း Eleven Media က ကြာသာပတေးနေ့တွင် သတင်း ဖော်ပြခဲ့သည်။

သက်ဆင်သည် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်၍ ဆွေးနွေးရန် ထားဝယ်စီမံကိန်းသို့ လာရောက် ခြင်းဖြစ်ပြီး စီမံကိန်းဖွံ့ဖြိုးရေးကော်မတီဝင်များ သက်ဆင်နှင့်အဖွဲ့ကို ထားဝယ်လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ခဲ့ကြသည်ဟု သိရသည်။

ခရီးစဉ်သတင်းအသေးစိတ်ကို တရားဝင်ထုတ်ပြန်ထားခြင်းမရှိဟု သိရပါသည်။


မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးဖို့လိုကြောင်း ကုလလူ့အခွင့်အရေး ကောင်စီ ဆုံးဖြတ်

(AFP News မှ 22 Mar 2013 ရက်စွဲပါ “Myanmar must launch probe into rights abuses: UN body” သတင်းကို ဘာသာပြန်ဆိုသည်။)

Photo Credit by Online

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကျယ်ကျယ်ပြန့်ပြန့်ချိုးဖောက်မှုသတင်းများနှင့် ပတ်သက်၍ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ကုလလူ့အခွင့်အရေးကောင်စီက ကြာသာပတေးနေ့တွင် ပြောကြား လိုက်သည်။

မြန်မာနိုင်ငံတွင် မနှစ်က ဗုဒ္ဓဘာသာ-မွတ်စလင် အဓိကရုဏ်းစတင်ဖြစ်ပွားချိန်မှစပြီး နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေများကို ချိုးဖောက်ကြောင်း သတင်းအစီရင်ခံစာများ၏ ထုတ်ပြန်ချက်များအပေါ် အပြည့်အဝပွင့်လင်းမြင်သာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုသောဆုံးဖြတ်ချက်ကို ကုလအခွင့်အရေးကောင်စီက ထုတ်ပြန်ထား ပြီးဖြစ်သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာနိုင်ငံတွင် လူမျိုးစုအသိုင်းအဝိုင်းချင်း တင်းမာမှုများရှိနေဆဲဖြစ်၍ ဖမ်းဆီးနှိပ်စက် ထောင်ချကြောင်း စွပ်စွဲမှုများအပေါ် တိကျသောစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် တောင်းဆိုထားသည်။

အီးယူတင်ပြသော ဆုံးဖြတ်ချက်ကို ကောင်စီအဖွဲ့ဝင် ၄၇ နိုင်ငံက အားလုံးထောက်ခံမဲပေးကာ ထုတ်ပြန်ချမှတ် လိုက်ခြင်းဖြစ်သည်။

အိုင်ယာလန်သံအမတ်ကြီး ဂျရတ်ကောက “တစ်ချိန်က တံခါးပိတ်မြန်မာနိုင်ငံသည် နိုင်ငံရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားသင့်မြတ်ရေး၊ လူ့အခွင့်အရေးစသော ကဏ္ဍများတွင် အရေးကြီးသောပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်နေပြီး တိုးတက်မှုလည်းရှိနေကြောင်း သို့သော်လည်း အရပ်ဖက်အစိုးရ သက်တမ်း ၂ နှစ်ပြည့်ချိန်အထိ လူ့အခွင့်အရေး ချိုးဖောက် မှုများ၊ အဓမ္မရွှေ့ပြောင်းမှုများ၊ မြေယာသိမ်းယူမှုများ၊ လိင်အကြမ်းဖက်မှုများ ကျန်ရှိနေခြင်းအပေါ် အထူးစိုးရိမ် ပူပန်ကြောင်း” အီးယူကိုယ်စား ပြောကြားသည်။

ထို့ပြင် တရားသူကြီးများ၊ ရှေ့နေများ၊ အမှုလိုက်များ၏ လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ တာဝန်ယူမှု တို့ကို အာမခံချက်ပေးမည့် တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန် မြန်မာအစိုးရကို တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကောင်စီအဖွဲ့ဝင်နိုင်ငံမဟုတ်သော်လည်း ဂျီနီဗာအခြေစိုက် မြန်မာသံအမတ်ကြီး ဦးမောင်ဝေက “မိမိတို့ကိုယ်စားလှယ်အဖွဲ့သည် ဆုံးဖြတ်ချက်တစ်ခုလုံးကို လက်ခံသော်ငြားလည်း အထင်အမြင်လွဲစေသည့် စကားလုံးများ၊ စွပ်စွဲမှုများကို လက်မခံနိုင်ကြောင်း၊ မိမိတို့ မြန်မာအစိုးရသည် လူ့အခွင့်အရေးချိုးဖောက်မှု သတင်းမှန်သမျှကို စုံစမ်းစစ်ဆေးထားပြီး ဖြစ်ကြောင်း” တုန့်ပြန်ပြောကြားပါသည်။

၎င်းကဆက်လက်၍ မြန်မာနိုင်ငံသည် ယခုအခါ လူ့အခွင့်အရေးသီအိုရီနှုင့် ကျင့်ဝတ် နှစ်ခုလုံးကို အားပေး နေကြောင်း ယခုဆုံးဖြတ်ချက်ပါ စွပ်စွဲချက်အချို့မှာ လက်တွေ့အခြေအနေနှင့် မကိုက်ညီကြောင်း ရှင်းလင်းပြောဆိုသည်။

အိုင်ယာလန်သံအမတ်ကြီး ကော က “မြန်မာနိုင်ငံဟာ နိုင်ငံရေးအကျဉ်းသား အမြောက်အများ လွှတ်ပေးခြင်း အပါအဝင် အပြုသဘော တိုးတက်ဆောင်ရွက်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် အပြင်းစားစိန်ခေါ်မှုတွေကတော့ ကျန်ရှိနေ တုန်းပဲ” ဟု မှတ်ချက်ပေးသည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive