Transparency Myanmar

transparency.myanmar@gmail.com

WEEK IN INTERNATIONAL AFFAIR
Document WEEK IN INTERNATIONAL AFFAIR

Snapshot of the item below:
WEEK IN INTERNATIONAL AFFAIR

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ သတင်းများ

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အခြေအနေများကို စာဖတ်သူများ သိစေရန် အလို့ငှာ Yangon Chronicle မှ စုစည်း တင်ပြအပ်ပါသည်။

တရုတ်ခေါင်းဆောင်မှု အပြောင်းအလဲ

photo credit - CBS Evening News

မတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံဘေဂျင်းမြို့ရှိ ဂရိတ်ဟောခန်းမတွင်ကျင်းပခဲ့သော ပြည်သူ့ညီလာခံတွင် တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင်းပင်ကို သမ္မတအဖြစ်ခန့်အပ်ခဲ့ပါသည်။ ရှီကျင်းပင်သည် တရုတ်နိုင်ငံ၏ ကွန်မြူနစ်ပါတီနှင့် တရုတ်ပြည်သူ့တပ်မတော်ခေါင်းဆောင်အဖြစ် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက စတင်လုပ်ဆောင် ခဲ့သူ လည်း ဖြစ်သည်။ ထို့ပြင် ရှီကျင်းပင်သည် ဟူကျင်းတောင်လက်ထက်တွင် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ လည်းဖြစ်သည်။  ရှီကျင်းပင်သည် ထောက်ခံမဲ ၂၉၅၂၊ ကန့်ကွက်မဲ ၁ နှင့် ကြားနေမဲ သုံးမဲတို့ဖြင့် သမ္မတနေရာကို ရရှိခဲ့ ခြင်းဖြစ်သည်။ ထို့နောက် ၎င်းသည် အမေရိကန်သမ္မတနှင့်လည်း တွေ့ဆုံခဲ့သေးသည်။

ထို့ပြင် မတ်လ ၁၇ ရက်နေ့တွင် စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုနေသနဌာန (SIPRI) အစီရင်ခံစာတွင် တရုတ်နိုင်ငံသည် လက်နက်ရောင်းချသည့်ကမ္ဘာ့ထိပ်တန်းငါးနိုင်ငံတွင် ပထမဆုံးအကြိမ် စာရင်းဝင်ခဲ့သည်။ ကမ္ဘာ့ ဒုတိယအကြီးဆုံးစီးပွားရေးနိုင်ငံ ဖြစ်သောတရုတ်သည် လေယာဉ်တင် သဘောင်္များ၊ လူမဲ့လေယာဉ်များအပါအဝင် ခေတ်မီ စစ်လက်နက်များ ထုတ်လုပ်နိုင်ရေးအတွက် အသုံးစရိတ်များ တိုးမြှင့်သုံးစွဲ လျက်ရှိပါသည်။

ဥရောပ၏ ဘာသာရေးအပြောင်းအလဲနှင့် ဘဏ္ဍာရေးပဋိပက္ခများ

photo credit-US news

ပုပ်ရဟန်းမင်းကြီး ဘင်နီဒစ်နှုတ်ထွက်သွားပြီးနောက် မတ်လ ၁၃ ရက်နေ့တွင် ဘင်နီဒစ်၏ နေရာတွင် ဆက်ခံရန်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကိုရွေးချယ်တင်မြှောက်ခဲ့ပါသည်။ ပုပ်ဖရန်စစ်သည် ဆင်းရဲနွမ်းပါးသူများ နှင့် အပယ်ခံများအား စောင့်ရှောက်ရန် အလေးအနက်ထားပုံလည်းရသည်။ ဆင်းရဲနွမ်းပါးမှုများ များစွာ ဖြစ်ပေါ် နေသောယနေ့ခေတ်တွင် ဆင်းရဲနွမ်းပါးသူများအပေါ် မေတ္တာထားဆောင်ရွက်ပေးလိုသော ပုပ်ရဟန်း မင်းကြီးအား ကမ္ဘာ တစ်ဝှမ်းမှ ရိုမန်ကက်သလစ် ဘာသာဝင်များက ဝမ်းပန်းတသာကြိုဆို ခဲ့ကြပါသည်။ ထို့ပြင် အာဂျင်တီးနား သမ္မတနှင့် မတ်လ ၁၈ ရက်နေ့တွင် တွေ့ဆုံခဲ့ရာ အာဂျင်တီးနားသမ္မတက ဖောက်ကလန်ကျွန်းစုရေးအား ကြားဝင်ဖြေရှင်း ပေးရန် ပုပ်ရဟန်းမင်းကြီးအား တောင်းဆိုခဲ့သည်။

ဆိုက်ပရပ်စ်အစိုးရသည် ပြည်တွင်းဘဏ်တွေရဲ့စုဆောင်းငွေအပေါ် အခွန်ကောက်ခံမယ်ဟူ၍ ကြေညာ ခဲ့သည်။ ကောက်ခံမည့်နှုန်းထားမှာ အပ်နှံထားသောငွေပမာဏ ယူရို ၁ သိန်းအောက်ရှိလျှင် အခွန် (၆.၇၅) ရာခိုင်နှုန်း ကောက်ခံ၍၊ ယူရို ၁ သိန်းအထက် အပ်နှံထားသူများအနေဖြင့် (၉.၉) ရာခိုင်နှုန်းပေးဆောင် ရမှာဖြစ်ပါတယ်။ ဆိုက်ပရပ်စ်အစိုးရသည် ယင်းကဲ့သို့လုပ်ဆောင်ရခြင်းမှာ ဆိုက်ပရပ်စ်နိုင်ငံ၏ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ဥရောပသမဂ္ဂ (EU) နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေ အဖွဲ့(IMF) တို့က ပေးမည့်ယူရို ၁၀ ဘီလီယံချေးငွေရရှိရန်အတွက် ဖြစ်ပါသည်။ ချေးငွေသဘောတူညီ ချက်အရ အစိုးရဟာ တိုင်းပြည်ဘဏ္ဍာငွေတိုးတက်လာရေးအတွက် ယခုကဲ့သို့ အခွန်အကောက် များရယူရခြင်း ဖြစ်ပါသည်။ ဆိုက်ပရပ်စ်ဘဏ်များ၏ အပ်ငွေတစ်ဝက်လောက်သည် ရုရှားလူမျိုးများဖြစ်ကြပြီး ရုရှား လူမျိုး များသည် ဆိုက်ပရပ်စ်တွင် အမြဲနေထိုင်သူများမဟုတ်ကြပေ။

အရှေ့အလယ်ပိုင်းဒေသများတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများ

              ဆီးရီးယားစစ်တပ်၏ တိုက်လေယာဉ်နှစ်စင်းသည် ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့က ဆီးရီးယား နယ်စပ်မှ လက်ဘနွန်ရှိ အာဆယ်မြို့အနီးသို့ ဒုံးကျည်သုံးစင်းပစ်လွှတ်ခဲ့သည်။ ယင်းကဲ့သို့ တိုက်လေယာဉ်များ သုံးကာ ဒုံးကျည် များဖြင့် ပစ်ခတ်ခဲ့ခြင်းသည် ဆီးရီးယားပဋိပက္ခ သိသိသာသာမြင့်တက်နေသည့်သဘောဖြစ် သည်။ ထို့ပြင် အာဆတ် အစိုးရ၏ ထိန်းချုပ်မှုအောက်မှကင်းလွတ်သော နယ်မြေများအား အုပ်ချုပ်ရန် ဆီးရီးယားအဓိက အတိုက်အခံ ညွန့်ပေါင်း က ယင်းအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် အမေရိကန်တွင် ဆယ်စုနှစ်များ စွာ နေထိုင်ခဲ့သော ဆက်သွယ်ရေးတာဝန်ခံ ဂါဆန် ဟစ်တို ကိုခန့်အပ်ခဲ့ပါသည်။ ဝန်ကြီးချုပ်အသစ်၏ တာဝန်မှာ ဆီးရီးယား ပြည်နယ် အတွင်း၌ အခြေစိုက်မည့် ကြားဖြတ် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းရန်ဖြစ်သည်။

              ၂၀၀၇ ခုနှစ်နောက်ပိုင်းမှစ၍ အီရတ်နိုင်ငံတွင် အဓိကရုဏ်းဖြစ်ပွားမှုများလျော့ပါးခဲ့သော်လည်း ဗုံးတိုက်ခွဲမှုများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုများမှာ ယခုတိုင်ရှိနေဆဲပင်ဖြစ်ပါသည်။ အီရတ်နိုင်ငံ၏ မြို့တော်ဖြစ်သည့် ဘဂ္ဂဒက် မြို့တွင် အစိုးရဝန်ကြီးဌာနရုံးများအား အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၁၈ ဦး သေဆုံးကာ လူ ၃၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ အစိုးရရုံးများအနက် တရားစီရင်ရေးဝန်ကြီး ဌာနကို အဓိက ပစ်မှတ် ထားခဲ့ကြပြီး ယင်းဒေသသည် ငြိမ်းချမ်းသော နယ်မြေအဖြစ် သတ်မှတ်ထားသောအီရတ် အစိုးရရုံးများနှင့် နိုင်ငံခြား သံရုံးများ တည်ရှိရာဒေသနှင့်လည်း နီးကပ်ပါသည်။

               အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ပါတီတစ်ခုဖြစ်သော လူကစ်အစ္စရေးပါတီသည် ယင်း၏ ပြိုင်ဘက် ယာ့အဒစ်ဟန်နူရာ၊ ဂျူးအမိမြေပါတီ တို့နှင့်ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရအဖွဲ့ကို မတ်လ ၁၅ ရက်နေ့က  ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။  နေတန်ယာဟု သည်ရွေးကောက်ပွဲအကြို စည်းရုံးရေးကာလတွင် အစ္စရေးအမျိုးသားရေးဝါဒကို အဓိကထား စည်းရုံးခဲ့သည်။ ၎င်းအနိုင်ရခဲ့ပါလျှင် ဂါဇာကမ်းမြှောင်ဒေသတွင် အစ္စရေးများ၏ အခြေချနေထိုင်မှုအား ဆက်လက် လုပ်ဆောင်စေမည်ဟု ကတိပြုခဲ့သည်။ သို့သော် နေတန်ယာဟု၏ အတိုက်အခံပါတီသစ်မှ ခေါင်းဆောင်များ သည် ပါလစတိုင်းနှင့် ငြိမ်းချမ်းရေးသို့ဦးတည်သော လုပ်ဆောင်မှုများ မပြုလုပ်ပါက ၎င်းနှင့် မပူးပေါင်းဟု ပြောကြားခဲ့ သော်လည်း ရက်သတ္တပတ် ၅ ပတ်အကြာ အကြိတ်အနယ်ဆွေးနွေးခဲ့ပြီးနောက်တွင် ညွန့်ပေါင်း အစိုးရဖွဲ့ စည်းနိုင်သည့် အခြေအနေသို့ရောက်ရှိခဲ့သော ကြောင့် နေတန်ယာဟုသည် ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။

              ယင်းကဲ့သို့ အစိုးရအသစ်ဖွဲ့စည်းနိုင်ခဲ့မှုအပေါ်တွင်လည်း အမေရိကန်သမ္မတဘားရက်အိုဘားမား က ဝမ်းမြောက်ကြောင်းပြောကြားခဲ့ပြီး စိန်ခေါ်မှုများအား အတူရင်ဆိုင်သွားရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ တွင်လည်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အာရုံစိုက်လျက်ရှိသည်ဟု ပြောကြားခဲ့သည်။ ယင်းကဲ့ သို့ပြော ကြားခဲ့ခြင်း သည် အမေရိကန်နိုင်ငံနှင့် အစ္စရေးနိုင်ငံ၏ ခိုင်မာသောဆက်ဆံရေးကို အမေရိကန်က အလေးထားကြောင်းလည်း ပါရှိပါသည်။

မြောက်ကိုရီးယားနိုင်ငံတွင်းရှိ ဆိုက်ဘာအရေးကိစ္စများနှင့် နိုင်ငံရေးပဋိပက္ခများ

              ယခင်အပတ်ကဖြစ်ပေါ်နေသော ဆိုက်ဘာပြဿနာရပ်များတွင် မြောက်ကိုရီးယားနိုင်ငံက အမေရိကန် နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ယင်းတို့၏ တရားဝင်ဝက်ဘ်ဆိုက် များအားလွန်ခဲ့သည့်ရက်များအတွင်း တွင်ကြိမ်ဖန်များ စွာဆိုက်ဘာတိုက်ခိုက်မှုများပြင်းထန်စွာ ပြုလုပ်နေသည်ဟု စွပ်စွဲခဲ့သည်။ ယင်းစွပ်စွဲမှုများကို တောင်ကိုရီးယားအစိုးရက ချက်ချင်းတုန့်ပြန်ပြောဆိုခြင်းမရှိခဲ့ပေ။ တောင်ကိုရီးယားနိုင်ငံကလည်း ၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်းနှင့် ၂၀၁၁ ခုနှစ်မတ်လအတွင်းက ယင်းတို့၏  အစိုးရအေဂျင်စီများနှင့် ဘဏ္ဍရေးဝက်ဘ်ဆိုက် များအား အကြီးအကျယ် တိုက်ခိုက်ခံ ရခြင်းတွင် မြောက်ကိုးရီးယားအား စွပ်စွဲပြောဆိုခဲ့ဘူးသည်။ နျူကလီးယား လက်နက်များ၏ အားကိုးဖြင့် မြောက်ကိုရီးယား သည် ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများနှင့် တောင်ကိုရီးယား တို့၏ ပူးတွဲစစ်ဆင်ရေး လုပ်ငန်းများအား စစ်ရေးဖြင့် တုန့်ပြန်သွားမည်ဟု ခြိမ်းခြောက်ခဲ့ပါသည်။

မြောက်ကိုရီးယားတွင် စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်ဖြင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအား စုံစမ်းမည့် ကော်မရှင် ဖွဲ့ရေးဆုံးဖြတ်ချက်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီတွင် ကြာသပတေးနေ့က တခဲနက်ထောက်ခံ အတည်ပြုခဲ့ ကြပါတယ်။ မြောက်ကိုရီးယားနိုင်ငံတွင် အချို့သောလူ့အခွင့်အရေးချိုးဖောက်မှု များသည် လူသားမျိုးနွယ်များ အပေါ်၌ ချိုးဖောက်သည့် ရာဇဝတ်မှုများပင်ဖြစ်နိုင်သည်ဟု ကုလသမဂ္ဂကပြောပြီး မြောက်ကိုရီးယား လူ့အခွင့်အရေး အခြေအနေ စုံစမ်းရေးကော်မရှင်တခုကို ဖွဲ့စည်းလိုက်ပါတယ်။

မြောက်ကိုရီးယားတွင် နိုင်ငံရေးအကျဉ်းသားများအား နှိပ်စက်ညှင်းပမ်းခြင်း၊ အလုပ်ကြမ်းစခန်းများသို့ပို့ခြင်း ကိုလည်း ပြစ်တင်ရှုံ့ချထားပါသည်။  အမေရိကန်၏ထောက်ခံမှု၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့၏ ဆုံးဖြတ်ချက် မူကြမ်းကို တင်သွင်းခဲ့ ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင် အဆိုးဆုံးဟု ယုံကြည်ရသော မြောက်ကိုရီးယားနိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖေါက်မှုများ ရပ်သွားစေရန် နိုင်ငံတကာမှ အားထုတ်ကြစေလိုသည်ဟုလည်း လူ့အခွင့် အရေးအဖွဲ့များ ကတောင်းဆိုကြသည်။ ဆယ်စုနှစ်ချီအောင် မြောက်ကိုရီးယားအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအား ကုလသမဂ္ဂ၏စုံစမ်းမှုက ကူညီဖော် ထုတ်နိုင်လိမ့်မည်ဟု Human Rights Watch လူ့အခွင့် အရေးအဖွဲ့က ပြောပါသည်။ လူ့အခွင့်အရေး ချိုးဖေါက်နေ သည်ဟူသော စွပ်စွဲမှုများအား မြောက်ကိုရီးယား အစိုးရနှင့် တာဝန်ရှိသူများက ငြင်းဆန်ခဲ့ပါသည်။

 

အာဖရိကတိုက်အတွင်းရှိ နိုင်ငံရေးအပြောင်းအလဲအချို့

မတ်လ ၁၉ ရက်နေ့တွင် ဇင်ဘာဘွေတွင်ကျင်းပခဲ့သော သမ္မတအာဏာကန့်သတ်ထားသော ဇင်ဘာဘွေ အခြေခံဥပဒေ သစ်ကို မဲပေးခွင့်ရှိသူ ခြောက်သန်းအထိရှိခဲ့ရာ ပြည်သူ ၉၅ ရာခိုင်နှုန်းနီးပါးက ထောက်ခံမဲများပေးခဲ့ကြပြီး လူနှစ်သိန်း ခန့်က ကန့်ကွက်ခဲ့ကြပါသည်။ ယင်းကဲ့သို့ အခြေခံဥပဒေသစ်ကို ပြည်သူများက ထောက်ခံခဲ့ခြင်းကြောင့် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲများ ကျင်းပနိုင်တော့မည် ဖြစ်သည်။


 

                                                                                       

              

              

              

              

 

              

              

              

              

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment