Transparency Myanmar

transparency.myanmar@gmail.com

CURRENT NEWS
Document CURRENT NEWS

Snapshot of the item below:
CURRENT NEWS

ပြည်တွင်း နိုင်ငံရေး၊ စီးပွားရေး သတင်းစဉ်

  1.  လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တရားဝင်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာမှခွင့်ပြု
  2. မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများတွင် ကုန်သွယ်ရေးကိုယ်စားလှယ်များထားရှိ ခန့်အပ်မည်
  3. မိတ္ထီလာပဋိပက္ခ ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမည်
  4. စားနပ်ရိက္ခာဖူလုံရေးအတွက် FAO ပူးပေါင်းကူညီဆောင်ရွက်မည်

 လက်ပံတောင်းတောင်ကြေးနီစီမံကိန်း တရားဝင်ဆန္ဒထုတ်ဖော်ရန် သက်ဆိုင်ရာမှခွင့်ပြု

မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်း မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်နှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့မှ လုပ်ဆောင် လျက်ရှိသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်တန့်ရေးအတွက် ဒေသခံများမှ တုံရွာထိပ်မှ စတင်၍ ပုသိမ်မုံရွာ လမ်းဆံအထိ အင်အား(၅၀၀)ခန့်ဖြင့် တရားဝင် ဆန္ဒထုတ်ဖော်နိုင်ရန် ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးမှ မတ်လ ၂၁ ရက်နေ့ တွင် ခွင့်ပြုချက်ချပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်သိမ်းရေး၊ မီးလောင်ဗုံးများဖြင့် ဖြိုခွင်းသည့် တာဝန်ရှိသူအား ဖော်ထုတ်အရေးယူပေးရေးနှင့် ပုဒ်မ ၁၄၄ ရုတ်သိမ်းပေးရေး ကြွေးကြော်သဲများဖြင့် ဥပဒေနှင့်အညီ စီတန်း လှည့်လှည်ရန် ခွင့်ပြုခဲ့ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆက်လက်ဆောင်ရွက်ရာတွင် ကော်မရှင်၏ အကြံပြုချက် များ အတိုင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့်စာချုပ်သစ်ချုပ်ဆို၍ ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းမှ နိုင်ငံ အကျိုးဖြစ်ထွန်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံများအတွက် အလုပ်အကိုင် အခွင့်အလမ်းပိုမိုရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ ဝမ်ပေါင်ကုမ္ပဏီမှ သိမ်းယူခဲ့သော လယ်မြေများအတွက် ကာလတန်ဖိုးနှင့် ညီမျှသောလျော်ကြေးများ ပေးချေစေရန်နှင့် စီမံကိန်းကို နိုင်ငံတကာစံနှုန်းများအတိုင်း ဆက်လက်ဆောင်ရွက်သွားရန် တောင်းဆိုထားကြောင်း သိရသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အစီရင်ခံစာကို မတ်လ ၁၂ ရက်နေ့တွင် နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ဆန္ဒထုတ်ဖော်မှုများ ဆက်လက်ပြုလုပ်နေသည့် အတွက် ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ အဆိုပါဒေသသို့သွားရောက်၍ ညှိနှိုင်းမှုများပြုလုပ်ခဲ့သည့်အပြင် ဆန္ဒထုတ် ဖော်မှုများပြုလုပ်ပါကလည်း ဥပဒေနှင့်အညီ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ရန် ဒေသခံများအား တိုက်တွန်းခဲ့ကြောင်း သိရသည်။

YC


မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံများတွင် ကုန်သွယ်ရေးကိုယ်စားလှယ်များထားရှိ ခန့်အပ်မည်

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အကူပြုနိုင်စေရန်နှင့် ပြည်တွင်းသတင်း အချက်အလက် များကို ပြည်ပမှသိရှိ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပြုလုပ်နိုင်ရန်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်ရန် မြန်မာ နိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံ ၁၀ နိုင်ငံတွင် ကုန်သွယ်ရေးကိုယ်စားလှယ်(စီးပွားရေးသံမှူး)များကို ထားရှိခန့်အပ်တော့ မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဦးတင့်လွင်က ပြောကြားသည်။

ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်တိုင်းရုံးတွင် ပြုလုပ်ကျင်းပခဲ့သော အစိုးရပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရေးနှင့် အမျိုးသားပို့ကုန်မြှင့်တင်ရေးဆိုင်ရာ မပာာဗျူပာာဆိုင်ရာ တွေ့ဆုံရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးကိုယ်စားလှယ်များထားရှိမည့် ကုန်သွယ်မိတ်ဖက်နိုင်ငံများတွင် ဂျပန်၊ ကိုရီးယား၊ စင်္ကာပူ၊ ထိုင်းနိုင်ငံများပါရှိသကဲ့သို့ ဥရောပနိုင်ငံအချို့လည်းပါဝင်သည့်အပြင် ကုန်သွယ်ရေးကိုယ်စားလှယ်(စစ်သံမှူး)များအဖြစ် ခန့်အပ် ခံရများသည် တာဝန်ထမ်းဆောင်နိုင်ရန် မကြာမီကာလအတွင်း သက်ဆိုင်ရာနိုင်ငံအသီးသီးသို့ ထွက်ခွာတော့မည်ဖြစ် ကြောင်း သိရသည်။

မြန်မာနိုင်ငံ နယ်စပ်ကုန်သွယ်ရေးစခန်းလေးခုတွင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၁၃ ခုနှစ် မတ်လ ၁၂ ရက်နေ့ထိ ကုန်သွယ်မှုပမာဏ ကျပ်သန်း ၅၅၀ ကျော်ရှိကြောင်း သိရသည်။

YC


မိတ္ထီလာပဋိပက္ခ ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင်ဖြစ်ပွားလျှက်ရှိသော ပဋိပက္ခဖြစ်စဉ်များနှင့်ပတ်သတ်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ရန် နယ်စပ်ရေးရာဝန်ကြီးဦးဆောင်သော အဖွဲ့ဝင်လေးဦးပါ စုံစမ်းစစ် ဆေးရေးကော်မရှင်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ပေးအပ်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ မိတ္ထီလာမြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ မလှိုင်မြို့နယ်နှင့် သာစည်မြို့နယ်တို့အား အရေးပေါ်အခြေအနေ ကြေညာခဲ့သည့်အပြင် အဆိုပါဒေသများအား စနစ်တကျ ထိန်းသိမ်းဆောင်ရွက်နိုင်ရန် တပ်မတော်၏ အကူအညီကိုရယူဆောင်ရွက်သွားရန် အမိန့်ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

လက်ရှိ မိတ္ထီလာမြို့တွင်း ဖြစ်ပွားလျှက်ရှိသော ခိုက်ရန်ဖြစ်ပွားမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုများနှင့် လူမျိုးရေး ပဋိပက္ခများကြောင့် သေဆုံးသူ(၁၀)ဦး ဒဏ်ရာရရှိသူ(၄၅)ဦးရှိလာခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ ပဋိပက္ခများကြောင့် မိတ္ထီလာမြို့ရှိ ရပ်ကွက် ၁၄ ခုတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး မန္တလေးတိုင်းမှ လုံခြုံရေး ထိန်းသိမ်းရေးအဖွဲ့များလည်း မိတ္ထီလာမြို့ရောက်ရှိနေပြီဖြစ်ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ ရဲမှူးတစ်ဦးက ပြောကြားခဲ့ သည်။

မတ်လ ၂၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ၈၈ မျိုးဆက်ကျောင်းသားများ၊ သံဃာတော်အချို့တို့မှ မိတ္ထီလာမြို့သို့သွားရောက်၍ ပဋိပက္ခများပြေလည် ငြိမ်းချမ်းစေရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း စည်ပင်သာယာရေးကော်မတီ၏ အွန်လိုင်းစာမျက်နှာတွင် ထုတ်ပြန် ကြေညာထားကြောင်း သိရှိရသည်။

YC


စားနပ်ရိက္ခာဖူလုံရေးအတွက် FAO ပူးပေါင်းကူညီဆောင်ရွက်မည်

ကမ္ဘာ့နိုင်ငံအသီးသီးတွင် စားနပ်ရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးကဏ္ဍမှာ အဓိကအခန်းကဏ္ဍမှ စိန်ခေါ်မှုအမျိုးမျိုး နှင့် ကြုံတွေ့နေရပြီး မြန်မာနိုင်ငံတွင်လည်း ရာသီဥတုဖောက်ပြန်မှုများ၊ ဈေးကွက် အနေအထားအရ အခက်အခဲအတားအဆီး များ ဖြစ်ပေါ်လျက်ရှိနေသည့်အတွက် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ စားနပ်ရိက္ခာ အဖွဲ့ FAO တို့မှ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ကျော်လွှားသွားမည်ဖြစ်ကြောင်း FAO မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Bu Thi Lan က မတ် ၁၆ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ပနွတ်ကျေးရွာ၌ ပုလဲသွယ်နွေစပါးဧက ၂၃၀ စံကွက်ရိတ်သိမ်းပွဲ အခမ်းအနားတွင် ပြောကြားခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ ရိတ်သိမ်းချိန်လွန်ကာလ(Post Harvest) တွင် သီးနှံလေလွင့်ဆုံးရှုံးမှုများမှာ လယ်ယာစိုက်ပျိုး ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ၄၀ ရာခိုင်နှုန်းရှိကြောင်း သုံးသပ်ချက်ပြောကြားခဲ့မှုအပေါ် ယင်း ပမာဏမှာ မြန်မာ့လယ်ယာကဏ္ဍတွင် ဆုံးရှုံးမှုအလွန်များပြားနေ၍ တောင်သူများ အထွက်နှုန်းလျော့ကျခြင်း၊ ဝင်ငွေနည်း ပါးခြင်းတို့အတွက် အကြောင်းအချက် တစ်ခုဖြစ်နေကြောင်း သိရသည်။ ထို့ကြောင့် မိမိတို့ FAO အနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောကဏ္ဍများတွင် တောင်သူများအတွက် အကျိုးရှိမည့် စိုက်ပျိုးထုတ်လုပ် မှုများဆောင်ရွက် နိုင်ရန် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနား၌ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ လယ်ယာ ကဏ္ဍတွင် အဓိကအရေးပါသည့် ဆန်စပါးသီးနှံအတွက် ရိတ်သိမ်းချိန်လွန်ကာလတွင် အလေအလွင့် လျော့ချခြင်း၊ ခေတ်မမှီ တော့သော ဆန်အထွက်ညံ့သော ဆန်စက်များကို အဆင့်မြင့် ဆန်စက်များအစားထိုးကာ ပိုမိုထုတ်လုပ်နိုင်ရန် လယ်ယာစိုက်ပျိုး ရေးကို စိတ်ပါဝင်စားလျက်ရှိသော လုပ်ငန်းရှင်များနှင့်ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တောင်သူများအား ၎င်းက ကတိပေးပြောကြား ခဲ့သည်။

YC


 

 

 

 

 

 

        

 

 

 

   


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment