Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များနှင့် သတင်းတို

“မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းချုပ်က စီစဉ်ပေးတာပါ။ နည်းပညာဖွံ့ဖြိုးတိုးတက်ဖို့ အင်တာနက်နဲ့ ပတ်သက်ပြီး ဂူဂဲလ်က အရေးကြီးဆုံးနည်းပညာကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ သူလာတဲ့အခါဂူဂဲလ်က မြန်မာနိုင်ငံကို ပိတ်ဆို့ထားတဲ့ တချို့ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးနိုင်ဖို့နဲ့ မြန်မာစာကိစ္စတွေ အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၁) တွင်ပါရှိသော “ဂူဂဲလ် ဥက္ကဋ္ဌ လာမယ့်အပေါ် မြန်မာ အိုင်တီ ပြောင်းလဲဖို့ မျှော်မှန်း” သတင်းမှ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အတွင်းရေးမှူး ဦးသောင်း စုငြိမ်း ၏ ပြောကြားချက်။


“တစ်ချိန်က ဘတ်ဂျက်အခြေအနေအရ ဝန်ထမ်းခန့်ဖို့အခက်အခဲရှိတယ်။ ဝန်ထမ်းကို သုံးပုံနှစ်ပုံပဲ ခန့်ထားခွင့်ရှိတဲ့ သတ်မှတ် ချက်တွေရှိတယ်။ အခုက ဘတ်ဂျက်ပိုရလာတယ်။ ဝန်ထမ်းခန့်ဖို့သတ်မှတ်ချက်တွေ မရှိဘူး။ ဖျက်လိုက်ပြီ။ အရင်က ဆရာဝန် ၊ သူနာပြုတွေကို မွေးထုတ်လိုက်ပေမယ့် ခန့်အပ်တာမလုပ်နိုင်လို့ ပိုနေတယ် လို့ ထင်ရတယ်။ အခု ဝန်ထမ်းပိုမို ခေါ်ယူမှု တွေရှိလာတော့ တစ်ချိန်ကပိုလျှံနေတယ်လို့ ထင်နေတာက အခုလို အပ်လာတာတွေ့ရတယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မော်ဒန်ဂျာနယ် အမှတ် (၃၅၁) တွင်ပါရှိသော “ကျန်းမာရေးကဏ္ဍပြုပြင်ရေး အားလုံး ပါဝင်ပံ့ပိုးဖို့လို ” ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာဖေသက်ခင် ၏ ပြောကြားချက်။


“လုံခြုံရေးပိုင်းက ကြိုတင်စိုးမိုးနိုင်မှုရော၊ တာဝန်ယူဖြေရှင်းနိုင်မှုရော အားနည်းတာတွေ့ခဲ့ရတယ်။ ဒီအခြေအနေက မကောင်း ဘူး။ လုံခြုံရေးတပ်သားတွေ၊ ဘေးကပဲဖြတ်သွားဖြတ်လာလုပ်နေပြီး၊ ပြစ်မှုတွေ မြောက်နေတာ လုံခြုံရေးမပီပြင်လို့ လူ့ အသက် တွေဆုံးရှုံးရတယ်။ လုံခြုံရေးသာပီပီပြင်ပြင်လုပ်ရင် အဲဒီလောက် တောင်ဖြစ်စရာမလိုဘူး”

မတ်လ (၂၆) ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၀) တွင်ပါရှိသော “မိတ္ထီလာမြို့ ပဋိပက္ခ တွင် လုံခြုံရေးအားနည်းချက်ကြောင့် ထိခိုက်ဆုံးရှုံးမှုပိုများခဲ့ဟုဆို” သတင်းမှ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ကိုဇော်မင်း (ခ) ဘောင်းဘောင်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ထောင်ဂဏန်းလောက်ဈေးနဲ့ ချပေးသွားမယ်ဆိုရင်တော့ လူတိုင်းနီးပါးကိုင်နိုင်တော့မယ့် အခြေအနေပါ။ ဖုန်း လိုင်းကျပ်မှု ကတော့ ကြုံရမှာပဲ။ အနည်းဆုံး ၃၊၄ လလောက်လိုင်းကျပ်တဲ့ ဒုက္ခကြုံရဖို့ရှိတယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ တပြိုင် တည်း ဖုန်းခေါ်ကြတော့မှာလေ။ နောက်ပိုင်းကျတော့ အဆင်ပြေသွားမယ် ထင်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် အများပြည်သူ အသုံးပြုနိုင်တဲ့ဈေးနဲ့ ချပေးသွားမယ်ဆိုတဲ့အပေါ်တော့ ဒါကြိုဆိုရမှာပဲ”

မတ်လ (၂၆) ရက်နေ့ထုတ် News Watch Journal အတွဲ (၇) အမှတ် (၉၀) တွင်ပါရှိသော “ဖုန်းလိုင်းကျပ်မှု ပြဿနာများ ကြုံတွေ့နေရ တန်ဖိုးနည်းဖုန်းထွက်လာပါက ပို၍ဆိုးရွားလာဖွယ်ရှိဟုဆို” သတင်းမှ ဆက်သွယ် ရေးဆိုင်ရာ နည်းပညာ ကုမ္ပဏီတစ်ခုမှ ကိုမြတ်သူ၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာနဲ့ ပတ်သက်လို့ ကျွန်တော်တို့ဒေသခံတွေကို နေပူပူ၊ ဖုန်ထူထူကြားထဲမှာ ကိုယ်တိုင်လာရောက်ပြီး ရှင်းလင်းပြောပြတဲ့အထဲမှာ ဆန္ဒပြမယ်ဆိုရင် ဥပဒေဘောင်အတွင်းကပဲ ဆန္ဒဖော်ထုတ်ခွင့်ရှိတယ်။ ဥပဒေနဲ့ မညီရင်တော့ အရေးယူမှုတွေရှိမှာပဲဆိုတဲ့ စကားကိုလိုက်နာတဲ့အနေနဲ့ ကျွန်တော်တို့သပိတ်စခန်းတွေကို ဖျက်သိမ်းပစ်လိုက်တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်ဆွေးနွေးတဲ့ အခါတုန်းက လူထု ခေါင်းဆောင်ကို ရိုင်းပျစွာဆက်ဆံခဲ့တဲ့ လူတစ်ချို့ကြောင့် ကျွန်တော်တို့ တုံရွာ သမိုင်း မရိုင်းစေဖို့၊ တုံရွာသမိုင်း မပျက်စေဖို့ ကျွန်တော်တို့ တုံရွာသားတွေ လက်မခံတဲ့လူတစ်စုကပေါင်းပြီး အခုလိုမျိုး ဆန္ဒ ထုတ်ဖော်ပွဲကို ပြန်လည်ရှုတ်ချပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းပန်ထောက်ခံပွဲပြုလုပ်သွားဖို့ ကျွန်တော် တို့ သက်ဆိုင် ရာကို ပြုလုပ်ခွင့်တင်ပြထားပြီး ဖြစ်ပါတယ်။”

မတ်လ ၂၂ ရက်နေ့ထုတ် First Weekly Journal အတွဲ (၂) အမှတ် (၇၂) တွင်ပါရှိသော “လက်ပံတောင်းတောင်ကြေး နီစီမံကိန်း အစီရင်ခံစာနဲ့ပတ်သက်ပြီး ဒေသခံများနဲ့တွေ့ဆုံပြီး ရှင်းလင်းပြောပြတဲ့ ဒေါ်အောင်ဆန်း စုကြည်ကို ရိုင်းပျစွာ ဆက်ဆံခဲ့မှုများအား ပြင်းထန်စွာရှုတ်ချပြီး ကျေးရွာသမိုင်းမရိုင်းရအောင် ဒေါ်အောင်ဆန်း စုကြည်ကို တုံရွာသားများ တောင်းပန်ထောက်ခံပွဲပြုလုပ်သွားဖို့ စီစဉ်ပြီ” သတင်းမှ တုံရွာသားရပ်မိရပ်ဖ တစ်ဦး ၏ ပြောကြားချက်အား ကောက်နှုတ် ချက်။


 

 

 

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment