Transparency Myanmar

transparency.myanmar@gmail.com

INTERNATIONAL MEDIA (2)
Document INTERNATIONAL MEDIA (2)

Snapshot of the item below:
INTERNATIONAL MEDIA (2)

နိုင်ငံတကာသတင်းများ (၂)

  1. မြန်မာနိုင်ငံအနေဖြင့် အာဆီယံသို့အပြည့်အဝ ဝင်ရောက်ရန် စကာင်္ပူမျှော်လင့်

(20 Mar 2013 ရက်စွဲပါ Channel News Asia မှ Anasuya Sanyal ရေးသားသော “Singapore looks forward to Myanmar’s full entry into ASEAN” ကိုဘာသာပြန်ဆိုသည်)

  1. နှစ်နိုင်ငံဆက်ဆံရေး မြှင့်ရန် မြန်မာနှင့် ဗီယက်နမ် ကတိပြု

(Xinhua News မှ 21 March 2013 ရက်စွဲပါ “Vietnam, Myanmar vow to boost bilateral ties” သတင်းကို ဘာသာပြန်ဆိုပါသည်)


မြန်မာနိုင်ငံအနေဖြင့် အာဆီယံသို့အပြည့်အဝ ဝင်ရောက်ရန် စကာင်္ပူမျှော်လင့်

(20 Mar 2013 ရက်စွဲပါ Channel News Asia မှ Anasuya Sanyal ရေးသားသော “Singapore looks forward to Myanmar’s full entry into ASEAN” ကိုဘာသာပြန်ဆိုသည်)

Photo Crdit: AFP

မြန်မာနိုင်ငံသည် ၂၀၁၄ တွင် အာဆီယံဥက္ကဋ္ဌဖြစ်တော့မည်ဖြစ်သောကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းလှုပ်ရှားမှု အားလုံးတွင် အပြည့်အဝဝင်ရောက်ရန် ရည်မှန်းကြောင်း စင်္ကာပူ ဒုဝန်ကြီးချုပ် Teo Chee Hean က ပြောကြားခဲ့ပါသည်။

Mr Teo ကပြောကြားရာတွင် စင်္ကာပူသည် မြန်မာနိုင်ငံ၏ စွမ်းရည်တည်ဆောက်ရေးတွင် အမြဲထောက်ခံ ပံ့ပိုးခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးကို ဤနည်းဖြင့်ပင် ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း ဆိုပါသည်။ ပြုပြင်ပြောင်းလဲရေးသည် ဒေသတွင်းတစ်ခုလုံးကိုပါ အကျိုးရှိစေကြောင်းပြောပါသည်။

Mr Teo ပြောကြားရာတွင် “ကျွန်တော်ငယ်စဉ်က မြန်မာနိုင်ငံကဆန်ဟာ အရှေ့တောင်အာရှသာမက ကမ္ဘာ့ ဈေးကွက်မှာပါ လူသိများပါတယ်”ဟု ဆိုပါသည်။

မြန်မာ့ဆန်ကဲ့သို့သော ကုန်ပစ္စည်းများသည် အရှေ့တောင်အာရှနှင့် ကမ္ဘာတစ်လွှားမှ လူများကျွေးမွေးရေးတွင် များစွာအထောက်အကူ ပြုသည်ဟုဆိုပါသည်။ “ဒါဟာ ကုန်ပစ္စည်းတစ်ခုတည်းကိုသာ ပြောနေတာ ဖြစ်ပါတယ်။ ကျွန်တော် ထင်တယ်။ မြန်မာနိုင်ငံဟာ ဒီ့ထက်ပိုတဲ့ ကုန်ပစ္စည်းတွေ ထွက်လာနိုင်ပါတယ်”ဟု ၎င်းကပြောပါသည်။

Mr Teo သည် ဘန်ကောက်တွင် ထိုင်းဒုဝန်ကြီးချုပ် Chalerm Ubumrung ၏ ဖိတ်ကြားချက်အရ ရောက်ရှိနေစဉ် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

၎င်းသည် မတ် ၁၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝပ်ထရာနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ခေါင်းဆောင်နှစ်ဦးသည် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံပိုမို အားကောင်းသောဆက်ဆံရေး အတွက် ပြန်လည် လုပ်ဆောင်ထားမှုများကို ဆွေးနွေးခဲ့ပါသည်။


နှစ်နိုင်ငံဆက်ဆံရေး မြှင့်ရန် မြန်မာနှင့် ဗီယက်နမ် ကတိပြု

(Xinhua News မှ 21 March 2013 ရက်စွဲပါ “Vietnam, Myanmar vow to boost bilateral ties” သတင်းကို ဘာသာပြန်ဆိုပါသည်)

ဗီယက်နမ်သမ္မတ ထရောင်တန်ဆိုင်နှင့် မြန်မာဒုတိယသမ္မတ ဦးဥာဏ်ထွန်းတို့သည် ဟနွိုင်းတွင် ဗုဒ္ဓဟူးနေ့က တွေ့ဆုံ ခဲ့ကြပြီး၊ နှစ်နိုင်ငံဆက်ဆံရေးကို နောက်တစ်ဆင့်တိုးကြရန် ခေါင်းဆောင်နှစ်ဦးက ကတိ ပြုလိုက်ကြပါသည်။

ဗုဒ္ဓဟူးနေ့ အစောပိုင်းက ဦးဥာဏ်ထွန်းနှင့် ဗီယက်နမ် ဒုတိယသမ္မတ ငုယင်သီဒုန်း တို့အကြား ဆွေးနွေးမှု ရလဒ်များကို ထရောင်တန်ဆိုင်က မှတ်ချက်ပေးရာတွင် ယခုရရှိသော နှစ်ဖက်သဘောတူညီမှုများကြောင့် နှစ်နိုင်ငံစလုံး၏ အစဉ်အလာချစ်ကြည်သော ဆက်ဆံရေးနှင့်ဘက်စုံပူးပေါင်း ဆောင်ရွက်ရေးတို့ကို တိုးတက်ဖြစ်ပေါ်စေလိမ့်မည်ဟု ပြောကြား သည်။

မြန်မာဒုတိယသမ္မတ ဦးဥာဏ်ထွန်းကလည်း “မြန်မာနိုင်ငံသည် အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အာရုံ စိုက်နေကြောင်း၊ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု၏အရေးပါမှုကို နားလည်သိရှိထားကြောင်း နှစ်နိုင်ငံခေါင်းဆောင်များ လက်မှတ်ထိုးထားသော သဘောတူညီချက်များ အကောင်အထည်ဖော်မှုကို အရှိန်မြှင့်သွားမည် ဖြစ်ကြောင်း” ပြန်လည် ပြောဆိုခဲ့သည်။

ထရောင်တန်ဆိုင်က “၂၀၁၄ တွင်မြန်မာနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ယူမည့် အစီအစဉ်ကို ဗီယက်နမ် နိုင်ငံက ထောက်ခံအားပေးသွားမည်” ဟု ဆက်လက်ပြောကြားသည်။

ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးဥာဏ်ထွန်းသည် ၂၀၁၂ သြဂုတ်တွင် ဒုတိယသမ္မတ ဖြစ်လာပြီးနောက်ပိုင်း ဗီယက်နမ် သို့ ပထမဆုံးအကြိမ်လာရောက် လည်ပတ်ခြင်းဖြစ်သည်။

၂၀၁၃ ဖေဖော်ဝါရီလအထိ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံပေါင်း ၃၀ ကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၀ ဘီလျံကျော်သည်ဟု သိရှိရသည်။ ဗီယက်နမ် နိုင်ငံသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏ၏ ၁ ရာခိုင်နှုန်းရှိသော ဒေါ်လာသန်း ၃၀၀ ဖြင့်အဆင့် ၉ နေရာတွင် ရပ်တည်နေသည်။

ဗီယက်နမ်-မြန်မာ နှစ်နိုင်ငံသည် ၂၀၁၅ တွင် အပြန်အလှန်ကုန်သွယ်မှုတန်ဖိုး ဒေါ်လာ သန်း ၅၀၀ သို့ရောက်ရှိရန် ရည်မှန်းထားကြသည်။

တပ်မတော်အစိုးရလက်ထက်က အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူရမည့်ကိစ္စကို ထောက်ခံပေးခဲ့ပြီး၊ ထိုစဉ်က မြန်မာအာဏာပိုင်များနှင့် စီးပွားရေးသဘောတူညီမှုများ ရရှိခဲ့ရာတွင် ကမ္ဘာအေးဘုရားလမ်း ဆီဒိုးနားဟိုတယ်အနီး စက်မှု ဝန်ကြီးဌာနပိုင် မြေဧရိယာပေါ်တွင် စီးပွားရေးလုပ်ငန်းများ အကောင်အထည်ဖော် ခွင့်လည်းပါဝင်သည်။



Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment