Transparency Myanmar

transparency.myanmar@gmail.com

Quote & Comment and News in brief
Document Quote & Comment and News in brief

Snapshot of the item below:
Quote & Comment and News in brief

သတင်းကောက်နှုတ်ချက်များ နှင့်သတင်းတို

“ဖြစ်လာဖို့များပါတယ်။ ရွေးကောက်ပွဲမှာ PR သုံးခဲ့ရင် ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် အခုစီစဉ်နေတဲ့ ပါတီသစ်က လက်နက်တစ်ခုလို အားကိုးရလာနိုင်ပါတယ်။”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၁၀၃) တွင်ပါရှိသော “လာမည့်ရွေးကောက်ပွဲတွင် PR စနစ်ကျင့်သုံးပါက တိုင်းရင်းသားပါတီများပေါင်း၍ ပါတီသစ်ထောင်ဖွယ်ရှိ” သတင်းမှ ရခိုင်တိုင်းရင်းသား တိုးတက်ရေးပါတီမှ ဦးဖေသန်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အခြေအနေကတော့ ကျွန်တော်တို့လုပ်နေဆဲပဲ။ လောလောဆယ်တော့ဒီမှာ ဖြစ်နေဆဲပဲ။ တိုင်းတပ်ဖွဲ့မှူးတို့၊ ဒုတိုင်း တပ်ဖွဲ့မှူးတို့၊ ခရိုင်တပ်ဖွဲ့မှူးတို့ အကုန်လုံးဒီမှာရှိနေပါတယ်။ ရဲမှူးကြီးဦးစီးတဲ့အင်အား ၁၉၀ ရောက်နေပါပြီ။ မန္တလေးက လည်း အင်အား ၅၀ ကျော်ရောက်နေပါပြီ။ ကျွန်တော်တို့ မိတ္ထီလာနယ်ခံ ၁၅၀ လောက်နဲ့ အားလုံးပေါင်း အင်အား သုံး၊ လေး ရာလောက်ရှိတာပဲ။ သူတို့ဖျက်စီးတာကို ကျွန်တော်တို့ လိုက်ထိန်းသိမ်းရမှာပေါ့။ အင်အားတွေကတော့ တော်တော် များများ ရောက်နေပါပြီ။ ရဲအင်အား လုံလောက်မှုရှိ ပါတယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် အမှတ် (၁၀၃) တွင်ပါရှိသော “ရွှေပြန်လည်ရောင်းချသူအား ရိုက်နှက်သည့် တိုင်းရင်းသားမဟုတ်သော လူ့အသိုင်းအဝိုင်းမှ လင်မယားနှစ်ဦးအား ပုဒ်မ ၄ ခုဖြင့်အမှုဖွင့် မိတ္ထီလာမြို့တွင် အပြန်အလှန် ဖျက်စီးမှုများနှင့် မီးရှို့မှုများ ဖြစ်ပွားလျက်ရှိ” သတင်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“အားလုံးကျေနပ်အောင်ဖြစ်ဖို့ကတော့ မလွယ်ပါဘူး။ ဘယ်သူတွေ ဘယ်လိုပြောပြော ကျွန်တော်တို့ ဘက်ကတော့ တွေ့ရှိချက်တွေအပေါ်အခြေခံပြီး နိုင်ငံနဲ့ပြည်သူ့အကျိုးအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် အကြံပြုချက်တွေကို တင်ပြထား တယ်။ အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်မယ့်နည်းလမ်းတွေပေါ့။ ဒါပေမယ့် ဒီအချက်တွေကို လက်တွေ့အကောင် အထည်ဖော်ဖို့ကတော့ အစိုးရနဲ့လူထုအဖွဲ့အစည်းတွေမှာ မူတည်ပါ တယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်းမ်  ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၃) တွင်ပါရှိသော “စာမျက်နှာ ၅၀ ပါဝင်မည့်ရခိုင်စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ မတ်လ ၃၁ ရက် သမ္မတထံ တင်မည်” သတင်းမှ ကော်မရှင်အတွင်းရေးမှူး ဒေါက်တာကျော်ရင်လှိုင်၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“သဘောအားဖြင့်တော့ သမ္မတကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ကော ပါတီဖွဲ့စည်းပုံစည်းမျဉ်းနဲ့မညီပဲ ဥက္ကဋ္ဌတာဝန်ကို ရယူခြင်း၊ ဆောင်ရွက်ခြင်း မပြုတော့ကြောင်း အတိအလင်းပြောကြားနိုင်ပါတယ်”

မတ်လ ၂၂ ရက်နေ့ထုတ် မြန်မာတိုင်းမ်  ဂျာနယ် အတွဲ (၃၁) အမှတ် (၆၁၃) တွင်ပါရှိသော “သူရဦးရွှေမန်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်” သတင်းမှ ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး (၃) ဖြစ်သူ သူရဦးအောင်ကို၏ ပြောကြားချက်အားကောက်နှုတ်ချက်။


“ကျွန်တော်တို့နိုင်ငံရေးရဲ့ အဓိကဟာကွက်ကြီးတွေက တစ်ခုကတော့ အင်စတီကျူးရှင်းတွေ အားနည်းတာ၊ စနစ်မကျတာပါ။ အဲဒါကို NLD အပါအဝင်ရှိပြီးသား အင်စတီကျူးရှင်းတွေက အားကောင်းအောင် စနစ်ကျ အောင်လုပ်ရမည်နည်းတူ ၈၈ လိုအဖွဲ့မျိုးကလည်း အင်စတီကျူးရှင်း ကျကျအလုပ်လုပ်လာဖို့ လိုပါတယ်။ အဲဒီလို မလုပ်နိုင်သရွေ့ ကျွန်တော်တို့နိုင်ငံရေးဟာ ဝေလေလေအဆင့်ကို ကျော်နိုင်ဦးမှာမဟုတ်ပါဘူး”

မတ်လ ၂၂ ရက်နေ့ထုတ် Bi Weekly Eleven Journal အတွဲ (၅) အမှတ် (၅၁) တွင်ပါရှိသော “၈၈ မျိုးဆက် ကျောင်းသားများ နိုင်ငံရေးပါတီထောင်မည်” သတင်းမှ နိုင်ငံရေးဆောင်ပါးများရေးသားသူ ဒေါက်တာ ရန်မျိုးသိမ်း၏ ပြောကြားချက်အားကောက်နှုတ်ချက်။


 NEWS IN BRIEF

 

  1. မထ္တီလာပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့

မိထ္တီလာပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မန္တလေးတိုင်းဒေသကြီး နယ်စပ်ရေးရာနှင့်လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုး အပါအဝင် ၄ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။

  1. ချင်းပြည်နယ်တွင်အခွန်လွတ်နယ်စပ် ကုန်သွယ်ရေးစခန်း မကြာမီဖွင့်လှစ်မည်

ချင်းပြည်နယ်၏သွားရေးလာရေးခက်ခဲသည့်ဒေသ အိန္ဒိယနယ်စပ်ဒေသများဖြစ်ကြသည့် မြန်မာပြည်နှင့် မီဇိုရမ် ပြည်နယ်အကြားရှိ ကျေးရွာများတွင် ဒေသတွင်းဖွံ့ဖြိုးရေးနှင့် ဒေသခံများအလုပ်အကိုင်ရရှိရေး တို့ကိုရည်ရွယ်၍ ပြည်နယ်၊ပြည်မမှ အခွန်ကောက်ယူမှုမရှိသော နယ်စပ်ကုန်သွယ်ရေးစခန်း ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ ယခုနယ်စပ် ကုန်သွယ်ရေးစခန်း ၅ ခုဖွင့်လှစ်လိုက်ပါက ချင်းပြည်နယ်တွင် နယ်စပ် ကုန်သွယ်ရေး စခန်း ပေါင်း ၆ ခုရှိလာမည်ဖြစ်ကြောင်း သိရသည်။ထိုနယ်စပ်ကုန်သွယ်ရေးစခန်း အားလုံးမှာလည်း တစ်ဖက် အိန္ဒိယနိုင်ငံ မီဇိုရမ်နှင့် အများဆုံးဆက်သွယ် ရောင်းဝယ်နိုင်မည်ဖြစ်သည်။

  1. အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းပေါင်း (၄၅၅) ဖွဲ့ဖွဲ့စည်းထားပြီဖြစ်

အလုပ်သမားအလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနအနေဖြင့် အလုပ်ရှင်နှင့်အလုပ်သမားအဖွဲ့ အစည်းများကို အသိအမှတ်ပြု ဖွဲ့စည်းပေးခဲ့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် အဖွဲ့အစည်းပေါင်း (၄၅၀) ကျော်ကို ဖွဲ့စည်းပေး နိုင်ခဲ့ကြောင်း ကို လူမှုဖူလုံရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်မှ သိရှိရသည်။ အခြေခံ အလုပ်ရှင် နှင့်အလုပ်သမားအဖွဲ့ အစည်းစတင် ဖွဲ့စည်းနိုင်မှုကို (၂၀၁၂) ခုနှစ် ဧပြီ (၂၅) တွင်စတင်ခွင့်ပြုပေးခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် (၄၄၇)ဖွဲ့ / မြို့နယ်အဆင့် အနေဖြင့် (၆) ဖွဲ့၊အဖွဲ့ချုပ် အနေဖြင့်နှစ်ဖွဲ့ ဖွဲ့စည်းပေးခဲ့ရာ စုစုပေါင်း (၄၅၅) ဖွဲ့ဖြစ်ကြောင်း သိရသည်။

  1. ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ နိုင်ငံရေးပါတီများနှင့်တွေးဆုံဆွေးနွေးရန်ဖိတ်ကြား

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများနှင့်မတ်လ နောက်ဆုံးပတ်အတွင်း တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံရေးပါတီများထံသို့ အစည်းအဝေးဖိတ်စာများ ပေးပို့ထားကြောင်း သိရသည်။ ထို ဖိတ်စာတွင် အစည်းအဝေး၌ တင်ပြလိုသည့်အကြောင်းအရာများကို ကြိုတင်ပြင်ဆင်ထားနိုင်ရန် အသိပေးခြင်း ဖြစ်ကြောင်းနှင့် ဆွေးနွေးမည့် အကြောင်းအရာကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

 


Google Drive: create, share, and keep all your stuff in one place. Logo for Google Drive

0 comments:

Post a Comment