Transparency Myanmar

transparency.myanmar@gmail.com

Source: http://eaglecentre.blogspot.com/

ကျိုင်းတုံကားလေလံ စိတ်ဝင်စားမှုကျဆင်း

လိုင်စင်မဲ့ မော်တော်ယာဉ်များ တင်သွင်း၍ လိုင်စင်ရှိမော်တော်ယာဉ်နှင့် လဲလှယ်သော လုံးချိန်းစနစ်ကို အဆင်ပြေပြေ ဖြစ်အောင် စီစဉ်ပေးထားသော လုပ်ငန်းစဉ်များကို နအဖမှ ခက်ခဲအောင် ပြုလုပ်လိုက်၍ လာမည့်အပတ် ကျိုင်းတုံတွင် ပြုလုပ်မည့် လေလံပွဲသည် စိတ်ဝင်စားစရာ မကောင်းတော့ကြောင်း ကားဝယ်ရောင်းများက ပြောဆိုသည်။

လိုင်းပေါ်ကကား ဟု ဝယ်ရောင်းများက ခေါ်ကြသည့် တိုယိုတာဗင် အပါအဝင် ကားများအစီး ၈၀၀ ကျော် လေလံတင်မည့် ကျိုင်းတုံလေလံသည် လိုင်စင်မဲ့ကားတင်သွင်းခွင့် လိုင်စင်ခက်ခဲခြင်း၊ ကညနလုပ်ငန်း ခက်ခဲခြင်းတို့ကြောင့် စိတ်ဝင်စားမှုလျော့သွားသည်ဟု ဆိုသည်။ ကညနသည် လုံးချိန်းကားများကို အလွယ်တကူ လိုင်စင်ထုတ်ပေးခဲ့သော်လည်း ယခုအခါ အမှတ်(၂) စက်မှုထုတ်သည်ဆိုသော စက်မှု(၂)က တင်သွင်းရောင်းချသည့် လိုင်စင်မဲ့ကားများကိုပင် လိုင်စင်ပေးရန် ငြင်းဆန်ခဲ့သဖြင့် စက်မှု(၂) ပါဂျရိုကို ဗိုလ်ချုပ်များထံမှ ဝယ်ယူထားသူများ၊ D4D ပစ်ကပ် ဝယ်ယူထားသူများ လိုင်စင်မရနိုင်တော့ကြောင်း သိရသည်။

အဓိက အခက်အခဲမှာ ကညနက အင်ဂျင်ပြောင်းနှင့် ဘော်ဒီပြောင်း ပြိုင်တူပြုလုပ်ခွင့်ကို ရပ်ဆိုင်းလိုက်၍ ဖြစ်သည်။ မြဝတီ ရန်ကုန် With-out တင်သွင်းသည့် လမ်းကြောင်းကိုလည်း ပိတ်ခဲ့သည်ဟု ဆို၏။

0 comments:

Post a Comment