Transparency Myanmar
transparency.myanmar@gmail.com
တရုတ်နှင့်ရုရှား၏ဒေါ်လာသန်းထောင်ချီသည့်ကုန်သွယ်ရေးစာချုပ်များ
Source - CNN
Oct
      ရုရှားဝန်ကြီးချုပ် ဗလာဒီမာပူတင် (Valdimir Putin) နှင့် တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (Wen Jiabao) တို့သည် အင်္ဂါနေ့က ဘေဂျင်းတွင် ဆွေးနွေးပွဲများ ကျင်းပခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၄ ဘီလျံတန်ဘိုးရှိ နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွား ရေးစာချုပ်များကို သဘောတူချုပ်ဆိုခဲ့ကြောင်း တရုတ် အစိုးရသတင်းဌာနက ထုတ်ပြန်ခဲ့ သည်။
      ယခုနှစ်များအတွင်း ရုရှားနှင့်တရုတ်သည် စစ်မှန်သော၊ ကျယ်ပြန့်၍ မဟာဗျူဟာ မြောက်သော၊ ပူးပေါင်းဆောင်ရွက်နိုင်သော လုပ်ဖော်ကိုင်ဘက်များအဖြစ်သို့ ရောက်ရှိ လာကြောင်း ပူတင်၏ ပြောကြားချက်ကို Xinhua က ဖော်ပြထားသည်။
      လွန်ခဲ့သော နှစ် ၆၀ ကပင် သံတမန်ဆက်ဆံရေးခိုင်မာခဲ့ခြင်းနှင့် ရုရှား-တရုတ် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာမိတ်ဘက်များအဖြစ် ၁၉၉၆ က စတင်နိုင်ခဲ့ခြင်း ကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တည်ငြိမ်ရင့်ကျက်လာကြောင်း " Wen " က သတင်းထောက်များအား ပြောကြားသည်။
      သဘောတူချုပ်ဆိုမှုများအနက် ဒေါ်လာ ၅၀၀ မီလျံတန်ဘိုးရှိ ဘဏ်လုပ်ငန်းဆိုင်ရာ သဘောတူစာချုပ် ၂ ခုပါဝင်ပြီး၊ ရုရှား Vnesheconombank (VEB) နှင့် China Development Bank ချုပ်ဆိုမှု ဖြစ်သည်။ နောက်တစ်ခုမှာ ရုရှား VTB ဘဏ်နှင့် Agricultural Bank of China ချုပ်ဆိုမှုဖြစ်သည်ဟု ရုရှား ဒုတိယ၀န်ကြီးချုပ် Alexander Zhukov က ပြောကြားကြောင်း Aqence France Presse က ဖေါ်ပြခဲ့သည်။
      တရုတ်နှင့်ရုရှားညှိနှိုင်းရေးမှူးများသည် နှစ်နိုင်ငံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အပေါ် သုံးသပ်ချက်များ ဆွေးနွေးဖလှယ်ရန် အင်္ဂါနေ့ကတွေ့ဆုံခဲ့ကြသည်ဟု တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန သတင်းများအရသိရှိရသည်။
      ရေနံလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို ဧပြီလက လက်မှတ်ရေးထိုးခဲ့ပြီး၊ ဇွန်လတွင် သဘာဝဓါတ်ငွေ့ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် သဘာဝဓါတ်ငွေ့ကို ဈေးနှုန်းသတ်မှတ်ရေး ညှိနှိုင်းမှုများမှာ နောက်ဆုံးသဘောတူညီမှုမရမှီ အဓိက ဆွေးနွေး စရာအဖြစ် ရောက်ရှိနေဆဲဟု AFP သတင်းများကဆိုသည်။
      အင်္ဂါနေ့ကကျင်းပသော နှစ်နိုင်ငံစီးပွားရေးဖိုရမ်တွင် "Zhukov" နှင့်တွေ့ဆုံခဲ့သော တရုတ် ဒုတိယ၀န်ကြီးချုပ် Wang Qishan က တရုတ်-ရုရှား ရေနံဓါတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာ အဆင်ပြေ ချောမွေ့နေပြီး၊ တရုတ်က ရုရှားအား ကတိပေးထားသော ချေးငွေ ကိစ္စကိုလည်း ဆောင်ရွက်နိုင်ခဲ့သည် ဟု သတင်းထောက်များပြောကြားခဲ့ကြောင်း Xinhua ကဆိုသည်။
      ဆိုက်ဘေးရီးယားမှလာသော ရေနံပိုက်လိုင်း၏ တရုတ်နိုင်ငံအပိုင်းကို မေလကစတင် တည်ဆောက်ခဲ့ပြီး၊ ၄င်းပိုက်လိုင်းသည် ရုရှား Skovorodino နှင့် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း Daqing City ကို ဆက်သွယ်ထားပြီး၊ ၁၀၃၀ ကီလိုမီတာ ရှည်လျား ပါသည်။
      အဆိုပါ ပိုက်လိုင်းမှတဆင့် ရေနံတင်ပို့မှုကို ၂၀၁၀ နှစ် ကုန်ပိုင်းတွင် စတင်ရန် မျှော်လင့်ထားပြီး၊ ၂၀၁၁ မှ ၂၀၃၀ အတွင်း ရုရှားမှတရုတ်သို့ တနှစ်လျှင် ရေနံစိမ်း တန်ပေါင်း ၁၅သန်း ပို့လွှတ် နိုင်မည်ဟု Xinhua က ဆက်လက်ဖေါ်ပြထားပါသည်။
--~--~---------~--~----~------------~-------~--~----~
The information from this group yangonchronicle2010 were allowed to be reposted on the website named http://transparencymyanmar2010.blogspot.com/   upon their request.
-~----------~----~----~----~------~----~------~--~---
0 comments:
Post a Comment